စုံတွဲလေးတို့ရေ ကိုယ့်ချစ်သူ ကိုယ့်ကို လက်ထပ်မလားဆိုတာ သိနိုင်မယ့် အချက်(၅) ချက်ကို ဖော်ပြလိုက်ပါတယ်။ ဒါမှ ကြိုတင်မှန်းဆနိုင်မယ်နော်။
စုံတွဲလေးတို့ရေ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ချစ်ချစ် လက်ထပ်ဖြစ်ကြဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ နှစ်တွေ ဘယ်လောက်ကြာအောင် တွဲတွဲ ကိုယ်နဲ့ တွဲနေတဲ့သူက ကိုယ့်ကို လက်တွဲချင်စိတ် ရှိဖို့ပါ။ ဒီတေ့ာ ကိုယ်အခု တွဲနေတဲ့ ကိုယ့်ချစ်သူက ကိုယ့်ကို လက်ထပ်ချင်စိတ် ရှိလားဆိုတာ မှန်းကြည့်လို့ ရမယ့် အချက် (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။
သူ့မိဘတွေနဲ့ မိတ်ဆက်ပေးထားတယ်
သူ့မိဘ ဘယ်သူဆိုတာ ပြောပြတယ်၊ မိသားစုဝင်တွေအကြောင်းလည်း သေချာ ပြောပြထားတာမျိုး ရှိရမယ်။ နောက်ပြီး သူ့ရဲ့ မိသားစုဝင် ကိစ္စတွေကိုလည်း တိုင်ပင်ဆွေးနွေးတာမျိုး ရှိပြီး သူ့မိဘတွေကလည်း ကိုယ့်ကို သိနေတာမျိုး ဖြစ်နေတယ်ဆိုရင်တော့ ဒါဟာ လက်ထပ်ဖို့ ရည်ရွယ်ထားတာ ဖြစ်နိုင်ပါတယ်။
နောင်ရေးအတွက် ဆွေးနွေးထားတယ်
ချစ်သူဘဝမှာတင် လက်ထပ်ပြီးရင် ဆိုတဲ့ အတွေးလေးတွေ ရှိနေတယ်။ အတူတူ နေတဲ့အခါ အဆင်ပြေဖို့နဲ့ စီးပွားရေး လုပ်ငန်းလေး တခုခု ရှိဖို့ ပြောနေတယ်ဆိုရင်တော့ ဒါဟာ ကိုယ့်ကို လက်ထပ်မယ်ဆိုတဲ့ အခြေအနေမှာ ရှိပါတယ်။
ကြိုးစားနေတယ်
ကိုယ်နဲ့ လက်ထပ်ဖို့အတွက် အပြောနဲ့တင် မဟုတ်ဘဲ တကယ်ပဲ ကြိုးစားပြီး ပိုက်ဆံစုနေတာမျိုး၊ အလုပ်တွေ သေချာ လုပ်နေတာမျိုးက တကယ့်ကို လက်ထပ်မယ့် အခြေအနေတစ်ခုပါပဲ။ အလုပ်နဲ့ သက်သေပြနေတဲ့သူဆိုရင်တော့ တကယ်လက်မလွှတ်သင့်ပါဘူးနော်။
ကိုယ့်ကို လက်ထပ်ချင်ကြောင်း ပြောမယ်
ကိုယ့်ကို လက်ထပ်မယ်ဆိုတဲ့ စိတ်ကူးရှိတဲ့သူကတော့ ကိုယ့်ကို လက်ထပ်ချင်ကြောင်း ပြောကို ပြောမှာပါ။ မနက်ခင်းဆို အတူတူ အိပ်ယာနိုးချင်တာမျိုး၊ ထမင်းဟင်း အတူတူ ချက်ချင်တာမျိုးလေးတွေ ပြောနေမယ်ဆိုရင်တော့ သူ့ရင်ထဲမှာ ကိုယ်က အပြည့်အဝရှိပါတယ်။
ကိုယ့်မိသားစုအကြောင်း
သူ့မိသားစုဝင်တွေနဲ့ မိတ်ဆက်ပေးထားရုံတင်မကဘဲ ကိုယ့်ရဲ့ မိသားစုဝင်တွေ အကြောင်းကိုပါ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒါဟာ တကယ့်ကို အလေးအနက်ထားတာပါ။ ဒီလိုအချက်တွေဟာ တကယ်လက်တွဲမယ်ဆိုပြီး ရည်ရွယ်ထားတဲ့သူတွေမှာပဲ ရှိတာပါ။ ကိုယ့်မိသားစုရဲ့အကြောင်းတွေကို ကူညီဖြေရှင်းပေးတယ်ဆိုရင်တော့ လက်ထပ်မှာပါ။
စုံတွဲလေးတို့ရေ ကိုယ့်ချစ်သူ ကိုယ့်ကို လက်ထပ်မလားဆိုတာ သိနိုင်မယ့် အချက်(၅) ချက်ကို ဖော်ပြလိုက်ပါတယ်။ ဒါမှ ကြိုတင်မှန်းဆနိုင်မယ်နော်။
Zawgyi
စုံတြဲေလးတို႔ေရ ကိုယ့္ခ်စ္သူ ကိုယ့္ကို လက္ထပ္မလားဆိုတာ သိႏိုင္မယ့္ အခ်က္(၅) ခ်က္ကို ေဖာ္ျပလိုက္ပါတယ္။ ဒါမွ ႀကိဳတင္မွန္းဆႏိုင္မယ္ေနာ္။
စုံတြဲေလးတို႔ေရ တစ္ေယာက္နဲ႔ တစ္ေယာက္ ဘယ္ေလာက္ခ်စ္ခ်စ္ လက္ထပ္ျဖစ္ၾကဖို႔ဆိုတာ ထင္သေလာက္ မလြယ္ပါဘူး။ ႏွစ္ေတြ ဘယ္ေလာက္ၾကာေအာင္ တြဲတြဲ ကိုယ္နဲ႔ တြဲေနတဲ့သူက ကိုယ့္ကို လက္တြဲခ်င္စိတ္ ရွိဖို႔ပါ။ ဒီေတ့ာ ကိုယ္အခု တြဲေနတဲ့ ကိုယ့္ခ်စ္သူက ကိုယ့္ကို လက္ထပ္ခ်င္စိတ္ ရွိလားဆိုတာ မွန္းၾကည့္လို႔ ရမယ့္ အခ်က္ (၅) ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
သူ႔မိဘေတြနဲ႔ မိတ္ဆက္ေပးထားတယ္
သူ႔မိဘ ဘယ္သူဆိုတာ ေျပာျပတယ္၊ မိသားစုဝင္ေတြအေၾကာင္းလည္း ေသခ်ာ ေျပာျပထားတာမ်ိဳး ရွိရမယ္။ ေနာက္ၿပီး သူ႔ရဲ႕ မိသားစုဝင္ ကိစၥေတြကိုလည္း တိုင္ပင္ေဆြးေႏြးတာမ်ိဳး ရွိၿပီး သူ႔မိဘေတြကလည္း ကိုယ့္ကို သိေနတာမ်ိဳး ျဖစ္ေနတယ္ဆိုရင္ေတာ့ ဒါဟာ လက္ထပ္ဖို႔ ရည္႐ြယ္ထားတာ ျဖစ္ႏိုင္ပါတယ္။
ေနာင္ေရးအတြက္ ေဆြးေႏြးထားတယ္
ခ်စ္သူဘဝမွာတင္ လက္ထပ္ၿပီးရင္ ဆိုတဲ့ အေတြးေလးေတြ ရွိေနတယ္။ အတူတူ ေနတဲ့အခါ အဆင္ေျပဖို႔နဲ႔ စီးပြားေရး လုပ္ငန္းေလး တခုခု ရွိဖို႔ ေျပာေနတယ္ဆိုရင္ေတာ့ ဒါဟာ ကိုယ့္ကို လက္ထပ္မယ္ဆိုတဲ့ အေျခအေနမွာ ရွိပါတယ္။
ႀကိဳးစားေနတယ္
ကိုယ္နဲ႔ လက္ထပ္ဖို႔အတြက္ အေျပာနဲ႔တင္ မဟုတ္ဘဲ တကယ္ပဲ ႀကိဳးစားၿပီး ပိုက္ဆံစုေနတာမ်ိဳး၊ အလုပ္ေတြ ေသခ်ာ လုပ္ေနတာမ်ိဳးက တကယ့္ကို လက္ထပ္မယ့္ အေျခအေနတစ္ခုပါပဲ။ အလုပ္နဲ႔ သက္ေသျပေနတဲ့သူဆိုရင္ေတာ့ တကယ္လက္မလႊတ္သင့္ပါဘူးေနာ္။
ကိုယ့္ကို လက္ထပ္ခ်င္ေၾကာင္း ေျပာမယ္
ကိုယ့္ကို လက္ထပ္မယ္ဆိုတဲ့ စိတ္ကူးရွိတဲ့သူကေတာ့ ကိုယ့္ကို လက္ထပ္ခ်င္ေၾကာင္း ေျပာကို ေျပာမွာပါ။ မနက္ခင္းဆို အတူတူ အိပ္ယာႏိုးခ်င္တာမ်ိဳး၊ ထမင္းဟင္း အတူတူ ခ်က္ခ်င္တာမ်ိဳးေလးေတြ ေျပာေနမယ္ဆိုရင္ေတာ့ သူ႔ရင္ထဲမွာ ကိုယ္က အျပည့္အဝရွိပါတယ္။
ကိုယ့္မိသားစုအေၾကာင္း
သူ႔မိသားစုဝင္ေတြနဲ႔ မိတ္ဆက္ေပးထား႐ုံတင္မကဘဲ ကိုယ့္ရဲ႕ မိသားစုဝင္ေတြ အေၾကာင္းကိုပါ စိတ္ဝင္စားတယ္ဆိုရင္ေတာ့ ဒါဟာ တကယ့္ကို အေလးအနက္ထားတာပါ။ ဒီလိုအခ်က္ေတြဟာ တကယ္လက္တြဲမယ္ဆိုၿပီး ရည္႐ြယ္ထားတဲ့သူေတြမွာပဲ ရွိတာပါ။ ကိုယ့္မိသားစုရဲ႕အေၾကာင္းေတြကို ကူညီေျဖရွင္းေပးတယ္ဆိုရင္ေတာ့ လက္ထပ္မွာပါ။
စုံတြဲေလးတို႔ေရ ကိုယ့္ခ်စ္သူ ကိုယ့္ကို လက္ထပ္မလားဆိုတာ သိႏိုင္မယ့္ အခ်က္(၅) ခ်က္ကို ေဖာ္ျပလိုက္ပါတယ္။ ဒါမွ ႀကိဳတင္မွန္းဆႏိုင္မယ္ေနာ္။
Credit