ၾကားသိရသမွ်

CNN သတင်းထောက်အဖွဲ့ မြန်မာပြည်မှထွက်ခွာစဉ် နုတ်ဆက်စကား










crd

CNN သတင်းထောက်အဖွဲ့ မြန်မာပြည်မှထွက်ခွာစဉ် နုတ်ဆက်စကား

မြန်မာပြည်သူများသို့”ကျမတို့ မြန်မာပြည်မှာ ရှိနေစဉ်ခင်ဗျားတို့နဲ့ အကုန်မတွေ့နိုင်ခဲ့ဘူး။

.သင်တို့ရဲ့အသံတွေ ကျမတို့ကြားတယ်သင်တို့နာကျင်မှုတွေ ကျမတို့အထင်းသား မြင်တွေ့ရတယ်၊

သင်တို့ရဲ့ ရဲစွမ်းသတ္တိတွေ သိရတယ်ဆိုတာ ကျေးဇူးပြုပြီး သိထားပေးကြပါ။.သင်တို့နိုင်ငံက ဖြစ်ရပ်တွေအရှိကိုအရှိအတိုင်း သမာသမတ်ရှိရှိနဲ့ကျမတို့အတတ်နိုင်ဆုံး လုပ်သွားမယ်”

ကလာရိစာဝဒ်CNN သတင်းထောက်ရဲ့ထွက်ခွာစဉ်နုတ်ဆက်စကား(6-4-2021)ကျေးဇူးတင်ပါတယ်Clarissaward (CNN) ကန့်သတ်ချုပ်ချယ်မှုနဲ့မလွတ်မလပ်အခြေအနေကြားကနေ ခက်ခက်ခဲခဲသတင်း

ရယူပြီး မြန်မာပြည်သူတွေရဲ့စစ်မှန်တဲ့ အသံကို ရအောင်ဖော်ထုတ်ရင်း သတင်းထောက် သတ္တိနဲ့ ရပ်တည်ချက်ကို ပြသွားခဲ့တယ်။

ဆုရသတင်းသမားပီသစွာမြေပြင်အခြေအနေကိုစနစ်တကျ ချဉ်းကပ်ပြီးအမှန်တရားများအား_ကမ္ဘာကြီးထံတင်ပြပေးတဲ့အတွက်_သင့်ကိုကျွန်ုပ်တို့ကအမှတ်ရ_ကျေးဇူးတင်နေမှာပါ ။

ပြည်သူတွေရဲ့ သတ္တိနဲ့ နာကျင်မှုတွေ၊ မျက်ရည်တွေအပေါ် သိမြင်ခံစားပေးတာကိုလည်း ကျေးဇူးတင်ပါတယ်။

မြန်မာပြည်သူတွေရဲ့ စိတ်နှလုံးမှာ Clarissa Ward CNN ဆိုတဲ့ နာမည်ဟာ ကဗ္ဗည်းတွင်သွားခဲ့ပါပြီ။

crd