လူထုခေါင်းဆောင် အမေ ၏ အခြေအနေအား နိမိတ်ဖတ်ယူရမယ်ဆိုလျှင်
အေးချမ်း ကျန်းမာသောအခြေအနေမှာပဲ ရှိနေတာကို တွေ့ မြင်ရပါသည်။ သူမသည် သူမအခြေအနေထက် ပြင်ပ အပြင်ပြည်သူများများ၏ အခြေအနေကိုပဲ ပူပန်နေသော နိမိတ်လက္ခဏာမျိုးကို တွေ့ မြင်ရချေသည်
မည်သည့်အချိန်တွင် ထိန်းသိမ်းခံရသော အခြေအနေများမှ ပြန်လွှတ်ပေးမလဲဆိုတာကတော့ စစ်အစိုးရသည် နေရာအသီးသီး နယ်ပယ်အသီးသီးအား ရာထူးဆိုင်ရာ အကုန်ပြောင်းလဲပြီးသည့်အချိန်မှာ ပြန်လွှတ်ပေးနိုင်ပါသည်။ဒါပေမယ့် လက်ရှိအနေအထားအရ ရက်သတ္တပတ်ခန့်အထိ ကြာရှည်နိုင်ပေလိမ့်အုန်းမည်။
အခုအခြေအနေအရ အခြားသူများကို လွှတ်ပေးနိုင်သော်လည်း အရေးကြီးသောပုဂ္ဂိုလ်များကို ထိန်းသိမ်းထားမယ်ဆိုတဲ့ အမိန့်တစ်ခုက တည်မြဲနေကြောင်းကိုလည်း သိရပါသေးသည်။ထိုးစစ်တစ်ခု အစပြုလာမည်ဆိုရင်တော့ တင်းမာမှုတစ်ခုအခြေအနေမျိုးကြောင့် နိုင်ငံတော်အပြောင်းအလဲသည် ပြင်းထန်သောအပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ပါသည်။
ယခုလုပ်ပေးနိုင်သောအရာမှာ သူမအား ဝိုင်းဝန်းမေတ္တာပို့ပေးပါ။ အချို့သောအရာတွေကို သူမပဲ လုပ်နိုင်စွမ်းရှိတာမို့ သူမကို လုံးဝဥဿုံ ယုံကြည်ထားဖို့ လိုအပ်ပါလိမ့်မည်။ သွေးကြောင်းစီးမည့်အဖြစ်အပျက်များကို သူမသည် လုံးဝမလိုချင်ပါ။
လင်းညို့တာရာ – (မှတ်ချက်။ ။ ပြောနိုင်သည့်အခြေအနေများအား ပြောပေးတာဖြစ်ပါတယ်။ မပြောနိုင်သည့်အခြေအနေများအား ခြယ်လှယ်ထားရပါသည်။ သူမအား အကြီးအကျယ်နာမ်နှိမ်နေပြီလည်းဖြစ်သည်။ )
Zawgyi