ၾကားသိရသမွ်

အဆိုေတာ္ ကုိမေနာ အေနနဲ႔ ရတနာပုံတကၠသိုလ္ကို (၇)ရက္အတြင္း လာေရာက္ေတာင္းပန္ဖို႔ အသိေပးထားတဲ့ (႐ုပ္/သံ)

အဆိုေတာ္မေနာအေနနဲ႔ ရတနာပုံတကၠသိုလ္ကို (၇)ရက္အတြင္း လာေရာက္ေတာင္းပန္ဖို႔ အသိေပး

ေတးသံရွင္အဆိုေတာ္ မေနာရဲ့ လြန္ခဲ့တဲ့ရက္ပိုင္းကထြက္ရွိထားတဲ့ ကိုလူပ်ိဳသီခ်င္းရိုက္ကူးရာမွာ ရတနာပုံတကၠသိုလ္ရဲ့ ‌ဂုဏ္သိကၡာကို ထိခိုက္ေစတဲ့႐ုပ္သံမ်ား ပါရွိတဲ့အတြက္

ရတနာပုံတကၠသိုလ္ေက်ာင္းသား/သူေတြဟာ ဒီကေန႔မနက္ပိုင္းက ရွင္းလင္းမႈျပဳလုပ္ခဲ့ပါတယ္။

အဲ့ဒီမွာရိုက္ကူးထားတဲ့ ႐ုပ္သံေတြဟာ ရတနာပုံတကၠသိုလ္ရဲ့ ဂုဏ္သိကၡာ၊ ေက်ာင္းသား/သူေတြရဲ့ ဂုဏ္သိကၡာကို ညႇိးႏြမ္းေစၿပီး အဲ့ဒီ MTV ရိုက္ကူးခ်ိန္က ေက်ာင္းအုပ္ခ်ဳပ္ေရးေတြရဲ့ ခြင့္ျပဳခ်က္မရွိဘဲနဲ႔

သူတို႔သေဘာအတိုင္း သူတို႔ရိုက္ကူးခဲ့တာျဖစ္တယ္လို႔ ရွင္းလင္းပြဲျပဳလုပ္တဲ့ေက်ာင္းသားေတြကေျပာပါတယ္။

” အာ့ေတြနဲ႔ပတ္သက္ၿပီး ကိုမေနာ နဲ႔ အဲ့ဒီထဲမွာပါဝင္သ႐ုပ္ေဆာင္ထားသူေတြက ရတနာပုံတကၠသိုလ္ေက်ာင္းသား/သူေတြ၊ ေက်ာင္းအုပ္ခ်ဳပ္ေရး ဆရာ/ဆရာမေတြကို

တစ္ပတ္အတြင္းျပန္လည္ေတာင္းပန္ဖို႔ ရွင္းလင္းပြဲလုပ္ရတာျဖစ္ပါတယ္”လို႔ ရတနာပုံတကၠသိုလ္ေက်ာင္းသား ကိုမ်ိဳးခ်စ္ေဇာ္ကေျပာပါတယ္။

အခုလိုျဖစ္ခဲ့တာနဲ႔ပတ္သက္ၿပီး အဆိုေတာ္မေနာရဲ့ လက္ကိုင္ဖုန္းကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ ဖုန္းဝင္ေပမယ့္ ဖုန္းကိုင္ေျဖၾကားတာမရွိပါဘူး။

အဲ့ဒီသီခ်င္းဟာ အခုအခ်ိန္ လူမူကြန္ယက္စာမ်က္ႏွာမွာ ပ်ံ႕ႏွံ့ေနၿပီျဖစ္တဲ့အတြက္ ရတနာပုံတကၠသိုလ္ေက်ာင္းသားေတြကိုလည္း လူသိရွင္ၾကား တရားဝင္လာေရာက္ေတာင္းပန္ဖို႔

ရွင္းလင္းပြဲျပဳလုပ္သူေတြက ရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

#voiceofmyanmar #VOM #မႏၲေလး

Unicode version

အဆိုတော်မနောအနေနဲ့ ရတနာပုံတက္ကသိုလ်ကို (၇)ရက်အတွင်း လာရောက်တောင်းပန်ဖို့ အသိပေး

တေးသံရှင်အဆိုတော် မနောရဲ့ လွန်ခဲ့တဲ့ရက်ပိုင်းကထွက်ရှိထားတဲ့ ကိုလူပျိုသီချင်းရိုက်ကူးရာမှာ ရတနာပုံတက္ကသိုလ်ရဲ့ ‌ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ရုပ်သံများ ပါရှိတဲ့အတွက်

ရတနာပုံတက္ကသိုလ်ကျောင်းသား/သူတွေဟာ ဒီကနေ့မနက်ပိုင်းက ရှင်းလင်းမှုပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီမှာရိုက်ကူးထားတဲ့ ရုပ်သံတွေဟာ ရတနာပုံတက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာ၊ ကျောင်းသား/သူတွေရဲ့ ဂုဏ်သိက္ခာကို ညှိးနွမ်းစေပြီး အဲ့ဒီ MTV ရိုက်ကူးချိန်က ကျောင်းအုပ်ချုပ်ရေးတွေရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့

သူတို့သဘောအတိုင်း သူတို့ရိုက်ကူးခဲ့တာဖြစ်တယ်လို့ ရှင်းလင်းပွဲပြုလုပ်တဲ့ကျောင်းသားတွေကပြောပါတယ်။

” အာ့တွေနဲ့ပတ်သက်ပြီး ကိုမနော နဲ့ အဲ့ဒီထဲမှာပါဝင်သရုပ်ဆောင်ထားသူတွေက ရတနာပုံတက္ကသိုလ်ကျောင်းသား/သူတွေ၊ ကျောင်းအုပ်ချုပ်ရေး ဆရာ/ဆရာမတွေကို

တစ်ပတ်အတွင်းပြန်လည်တောင်းပန်ဖို့ ရှင်းလင်းပွဲလုပ်ရတာဖြစ်ပါတယ်”လို့ ရတနာပုံတက္ကသိုလ်ကျောင်းသား ကိုမျိုးချစ်ဇော်ကပြောပါတယ်။

အခုလိုဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး အဆိုတော်မနောရဲ့ လက်ကိုင်ဖုန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းဝင်ပေမယ့် ဖုန်းကိုင်ဖြေကြားတာမရှိပါဘူး။

အဲ့ဒီသီချင်းဟာ အခုအချိန် လူမူကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေပြီဖြစ်တဲ့အတွက် ရတနာပုံတက္ကသိုလ်ကျောင်းသားတွေကိုလည်း လူသိရှင်ကြား တရားဝင်လာရောက်တောင်းပန်ဖို့

ရှင်းလင်းပွဲပြုလုပ်သူတွေက ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

#voiceofmyanmar #VOM #မန္တလေး