ဗဟုသုတ

အဟန့်အတား အဆိုးတွေ လွတ်မြောက်စေသည့် ဂါထာတော်

အဟန့်အတား အဆိုးတွေ လွတ်မြောက်စေသည့် ဂါထာတော်

အဌာ နမေတံဂါထာတော်

အဌာနမေတံ ဘိက္ခဝေ အနဝကာသော။

ယံပရူပက္ကေ မန တထာဂတံ ဇီဝိတာဝေါရောပေယျ။

အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ။

ဧတေန သစ္စဝဇ္ဖေန၊ ​သောတ္ထိ​မေ(တေ)ဟောတု သဗ္ဗဒါ။

ဂါထာတော်အနက်

ဘုရားရှင်တို့မည်သည် သူတပါးတို့၏လုံ့လ ပယောဂဖြင့်သေရိုးထုံးစံမရှိ။

အချိန်တန်မှသာ အလိုအလျှောက် ပရိနိ ဗ္ဗာန် စံတော်မူကြသည်။ ဒီအဌာနမေတံဂါထာက အဆိုးတွေကို ကင်းလွှတ်စေတယ်…

ဘုရားရှင်ရဲ့ နှုတ်ထွက်ဂါထာဖြစ်တယ်…ဂါထာကို တစ်ခေါက်ရွတ်တိုင်း ဘုရားရှင်ရဲ့ ဂုဏ်တော်ကိုပွားများပြီးရွတ်ဆိုပါ…

အထူးအရေးကြီးတဲ့ဘေးအန္တရာယ်နဲ့ကြုံတွေ့နေရင် အခက်အခဲပြသနာနဲ့ကြုံတွေ့နေရင် တနေ့ ၁၀၈ ခေါက်ရွတ်ဖတ်ပူဇော်…

ရွတ်ဖတ်ပူဇော်ပြီးရင် – အကျွနု်ပ်သည် အဌာနမေတံဂါထာကို ၁၀၈ ခေါက်ရွတ်ဖတ်ပွားများပြီးပါပြီ… ဤစကားသည်မှ န်ပါတယ်… ဤမှန်တဲ့သစ္စာစကားကြောင့်

ဤမှန်တဲ့သစ္စာရဲ့တန်ခိုးကြောင့်လည်းကောင်း အဌာနမေတံရဲ့ တန်ခိုးကြောင့်လည်းကောင်း အဌာနမေတံဂါထာကိုရွတ်ဖတ်ပွားများရတဲ့ ကုသိုလ်ကောင်းမှုကြောင့်

လည်းကောင်း အဌာနမေတံဂါထာကိုစောင့်ရှောက်နေကြတဲ့နတ်များရဲ့တန်ခိုးတော်ကြောင့်လည်းကောင်း အဌာနမေတံဂါထာကိုလာရောက်နာယူကြတဲ့နတ်များရဲ့တန်ခိုးတော်ကြောင့်လည်းကောင်း

ယနေ့ယခုပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုအစုစုတို့ရဲ့ တန်ခိုးတေဇောအာနုဘော်အရှိန်အဝါကြောင့်လည်းေ ကာင်း တပည့်တော်အခုလက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်း အနှောက်အယှက်အပိတ်အပင် အဟန့်အတား အန္တရာယ်ဆိုးတွေကနေ လွှတ်မြှောက်ပါစေ

ဘုရားတပည့်တော်ကြုံတွေ့နေရတဲ့ အဆိုးတွေကနေလွှတ်မြှောက်ပါစေ…

(ဆရာတော် အရှင်ဆန္ဒာဓိက)


အဌာ နမေတံဂါထာတော်





ဂါထာတော်အနက်





ရွတ်ဖတ်ပူဇော်ပြီးရင် – အကျွန်ုပ်သည် အဌာနမေတံဂါထာကို ၁၀၈ ခေါက်ရွတ်ဖတ်ပွားများပြီးပါပြီ… ဤစကားသည်မှ န်ပါတယ်… ဤမှန်တဲ့သစ္စာစကားကြောင့်




