၁၉၄၄ ခုႏွစ္မတ္လ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ့မိန႔္ခြန္းေကာက္ႏုတ္ခ်က္။ လက္ရွိစစ္တပ္ကိုရည္ရြယ္ၿပီးေျပာခဲ့သလိုပဲ။
ဒီတပ္မေတာ္ဟာလူတစ္ဦးတစ္ေယာက္အတြက္တည္ေထာင္ထားတာမဟုတ္။ တစ္နိုင္ငံလုံး တမ်ိဳးသားလုံးအတြက္ျဖစ္တယ္။ ဒီတပ္မေတာ္ဟာတစ္ဖြဲ႕တစ္ပါတီလူတစ္စုအတြက္တည္ေထာင္ထားတာမဟုတ္။ တစ္နိုင္ငံလုံးတမ်ိဳးသားလုံးအတြက္ ျဖစ္တယ္။ဒီေတာ့ ရဲေဘာ္တို႔ ေမးစရာ စကားတစ္ခြန္း ရွိတယ္။ တကယ္လို႔ဒီအႀကီးအမႈးေတြထဲက #ဘယ္သူျဖစ္ျဖစ္ကိုယ္ႀကိဳးငဲ့ၿပီးနိုင္ငံနဲ႔အမ်ိဳးကိုသစၥာမဲ့ၿပီးလုပ္ရင္ဘယ့္ႏွယ့္လုပ္မလဲ။
ဒီလို ကိုယ္က်ိဳးငဲ့ၿပီး လူမ်ိဳးရဲ့အက်ိဳးနဲ႔ နိုင္ငံကို ဆန္႔က်င္တဲ့ အႀကီးအမႈးေတြ ဟာ ၾကာၾကာ မေနနိုင္ပါဘူး။ အခ်ိန္တန္တဲ့အခါ ျပဳတ္က်မွာပဲ။ ရာဇဝင္မွာ ၾကည့္လို႔ရွိရင္ ဘယ္ေလာက္ ႀကီးတဲ့လူ ျဖစ္ျဖစ္ မတရားလုပ္တဲ့အခါ ျပဳတ္က်တာခ်ည္းပဲ။ ဒီလိုမတရားတဲ့ အႀကီးအမႈးေတြ ရွိရင္ ရဲေဘာ္ တို႔ရဲ့အေပၚမွာလည္းမူတည္တယ္။ငါတို႔စစ္တပ္ဟာနိုင္ငံသူနိုင္ငံသားေတြကိုညႇဥ္းဘို႔မဟုတ္။ လက္နက္အားကိုးတန္ခိုးျပဘို႔မဟုတ္။ စစ္တပ္ဟာနိုင္ငံရဲ့အေစခံျဖစ္ရမယ္။ နိုင္ငံဟာစစ္တပ္ရဲ့အေစခံမျဖစ္ရဘူး။ ဒါက စကားရိုင္းရိုင္းနဲ႔ နားလည္ေအာင္ေျပာျပတာဘဲ။
စစ္သားမွစစ္သား ဆိုတဲ့စိတ္ကို ေဖ်ာက္ၾက …ေနာက္ဆုံးတစ္ခု မွာခ်င္တာက ငါတို႔သာ နိုင္ငံခ်စ္တယ္ဆိုတဲ့ စိတ္ဓါတ္မထားၾကဘို႔ပဲ။ ဒီနိုင္ငံမွာ ျဖစ္ျဖစ္ ဒီ့ျပင္နိုင္ငံမွာျဖစ္ျဖစ္ #စစ္သားေတြခ်ည္းနိုင္ငံခ်စ္တဲ့လူေတြရွိၾကတာမဟုတ္ဘူး။ တျခားစစ္သားမဟုတ္ေပမယ့္ #နိုင္ငံအတြက္အမ်ိဳးမ်ိဳးအနစ္နာခံအမ်ိဳးမ်ိဳးစြန္႔စားလုပ္ၾကတဲ့လူေတြလဲရွိတာဘဲ။ အဲဒါေၾကာင့္ စစ္သားမွစစ္သားဆိုတဲ့ စိတ္သေဘာထားကို ေျပာင္းၾကရမယ္။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ့မိန႔္ခြန္းအျပည့္အစုံကို ေအာက္မွာဖတ္ပါ။
၁၉၄၄ ခုႏွစ္ မတ္လ ၁၃ ရက္ေန႔ နံနက္အခ်ိန္တြင္ မဂၤလာဒုံ ဗိုလ္သင္တန္းေက်ာင္းဆင္းပြဲ ၌ ဗမာ့ကာကြယ္ေရးတပ္မေတာ္ စစ္ေသနာပတိ ႏွင့္ စစ္ဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေျပာၾကားေသာ မိန္႔ခြန္း။
ရဲေဘာ္တို႔ …ယေန႔ ရဲေဘာ္တို႔ အစုအခ်ိဳ႕ဟာ စစ္ဗိုလ္ေလာင္းကေလးမ်ားအျဖစ္ ဘြဲ႕အဆင့္အတန္းကို ခံယူ ၾကရေတာ့မယ္။ယေန႔အထိရဲေဘာ္တို႔ဟာ ေက်ာင္းသားမ်ားျဖစ္ၿပီးတာဝန္ရယ္လို႔မိမိတို႔အေပၚမွာ မရွိၾကေသးဘူး။ယေန႔ေက်ာင္းကထြက္ၿပီး ဗမာ့တပ္မေတာ္ အသီသီး ႒ာနအသီးသီးမွာ ရာထူးအလုပ္ဝတၱရားမ်ားရတာနဲ႔ တၿပိဳင္နက္ရဲေဘာ္တို႔ အသီးသီးမွာ ကိုယ့္တာဝန္ႏွင့္ ကိုယ့္ဝတၱရားႏွင့္ ျဖစ္သြားၿပီ။ဒီလို ကိုယ့္တာဝန္ ကိုယ့္ဝတၱရားႏွင့္ ဗမာနိုင္ငံေတာ္နဲ႔ ဗမာ့တပ္မေတာ္ရဲ့ အမႈကို ထမ္းၾကတဲ့အခါ ရဲေဘာ္တို႔ကိုမွာသင့္မွာရာအခ်က္ေတြကိုငါတို႔မွာၾကားလိုတယ္။
ပထမဆုံး ရဲေဘာ္တို႔ကို မွာခ်င္တာက ငါတို႔ အခုဗမာနိုင္ငံဟာ ကိုယ့္မင္းကိုယ့္ခ်င္းနိုင္ငံျဖစ္တယ္။ ဒို႔တပ္မေတာ္ဟာ တနိုင္ငံလုံးတမ်ိဳးသားလုံးရဲ့ အက်ိဳးအတြက္ျဖစ္တယ္။ ဒါေၾကာင့္ ဒီနိုင္ငံ ဒီအက်ိဳးကိုကာကြယ္ရမယ့္ ဗမာ့တပ္မေတာ္ဟာလည္း ဗမာတစ္နိုင္ငံလုံး တစ္မ်ိဳးသားလုံးအတြက္ ျဖစ္တယ္ဆိုတာ နားလည္ရမယ္။ဒီတပ္မေတာ္ဟာလူတစ္ဦးတစ္ေယာက္အတြက္တည္ေထာင္ထားတာမဟုတ္။ တစ္နိုင္ငံလုံး တမ်ိဳးသားလုံးအတြက္ျဖစ္တယ္။ ဒီတပ္မေတာ္ဟာတစ္ဖြဲ႕တစ္ပါတီလူတစ္စုအတြက္တည္ေထာင္ထားတာမဟုတ္။ တစ္နိုင္ငံလုံးတမ်ိဳးသားလုံးအတြက္ ျဖစ္တယ္။တကယ့္သစၥာျဖစ္ရမယ္….ဒီတပ္မေတာ္ဟာ ေရွးအဂၤလိပ္ လက္ထက္ကလို ေၾကးစားတပ္ မဟုတ္။ နိုင္ငံနဲ႔ အမ်ိဳးကို ကာကြယ္ ေစာင့္ေရွာင့္ဖို႔ နိုင္ငံႏွင့္ အမ်ိဳးကို ‘မ’ တင္ေပးဖို႔ ျဖစ္တယ္။
ဒါေၾကာင့္ ဒီတပ္မေတာ္ဟာ နိုင္ငံနဲ႔အမ်ိဳး၏ သစၥာကို အျမဲေစာင့္ရမယ္။ ေရွးကတုန္းကလို တျခားနိုင္ငံ တျခားအမ်ိဳးကို သစၥာေစာင့္တာမဟုတ္။ အဲဒီလိုေစာင့္တဲ့ သစၥာ ဟာ ဝတ္ေၾကတမ္းေၾကေစာင့္တဲ့ သစၥာျဖစ္တယ္။ အခု ငါတို႔ဟာ ငါတို႔အမ်ိဳး ငါတို႔နိုင္ငံကို သစၥာ ေစာင့္ရမယ္။ ဒါေၾကာင့္ ငါတို႔ေစာင့္တဲ့သစၥာဟာတကယ့္သစၥာျဖစ္ရမယ္။ အေပၚယံသာျဖစ္တဲ့ သစၥာမျဖစ္ ရဘူး။ ဘယ္လိုေစာင့္ရမလဲ။ ယခုအခါ ရဲေဘာ္တို႔ေပၚမွာ နည္းလမ္းအတိုင္း အဆင့္ဆင့္ခန္႔အပ္ထားတဲ့ အႀကီးအမႈး အားလုံးေတြဟာ ဒီနိုင္ငံ ဒီအမ်ိဳးရဲ့ ကိုယ္စားေတြပဲ။ အဲဒီ ကိုယ္စား နိုင္ငံနဲ႔ အက်ိဳးကို သစၥာ ေစာင့္ျခင္းဟာ ကိုယ့္နိုင္ငံနဲ႔ ကိုယ့္အမ်ိဳးကို သစၥာေစာင့္တာပဲ။ ဒီေတာ့ ရဲေဘာ္တို႔ ေမးစရာ စကားတစ္ခြန္း ရွိတယ္။ တကယ္လို႔ဒီအႀကီးအမႈးေတြထဲက ဘယ္သူျဖစ္ျဖစ္ကိုယ္ႀကိဳးငဲ့ၿပီးနိုင္ငံနဲ႔အမ်ိဳးကိုသစၥာမဲ့ၿပီးလုပ္ရင္ဘယ့္ႏွယ့္လုပ္မလဲ။
ဒီလို ကိုယ္က်ိဳးငဲ့ၿပီး လူမ်ိဳးရဲ့အက်ိဳးနဲ႔ နိုင္ငံကို ဆန္႔က်င္တဲ့ အႀကီးအမႈးေတြ ဟာ ၾကာၾကာ မေနနိုင္ပါဘူး။ အခ်ိန္တန္တဲ့အခါ ျပဳတ္က်မွာပဲ။ ရာဇဝင္မွာ ၾကည့္လို႔ရွိရင္ ဘယ္ေလာက္ ႀကီးတဲ့လူ ျဖစ္ျဖစ္ မတရားလုပ္တဲ့အခါ ျပဳတ္က်တာခ်ည္းပဲ။ ဒီလိုမတရားတဲ့ အႀကီးအမႈးေတြ ရွိရင္ ရဲေဘာ္ တို႔ရဲ့အေပၚမွာလည္းမူတည္တယ္။ဥပမာ…မတရားတဲ့ အႀကီးအမႈးတစ္ေယာက္က ဝတၱရားနဲ႔ မဆိုင္တဲ့ နိုင္ငံႏႈင့္ အမ်ားအက်ိဳးနဲ႔ မပတ္သတ္တဲ့ အမိန႔္မ်ိဳးေပးတဲ့အခါ အမိန္႔ဟာ နည္းက်မက် တရား မတရား နိုင္ငံနဲ႔ အမ်ိဳးမွာ အက်ိဳးရွိမရွိ ၾကည့္ရမယ္။ အဲ့သလိုၾကည့္တဲ့အခါ ကိုယ့္စိတ္ထဲမွာ မရွင္းရင္ သူ႔ထက္ႀကီး တဲ့အႀကီး အမႈး တစ္ေယာက္ကို ျဖစ္ျဖစ္ အျခားအႀကီးအမႈးတစ္ေယာက္ ကိုျဖစ္ျဖစ္ သြားေမးရမယ္။ ဒီအခါမွာ ရဲေဘာ္တို႔ဟာ ဘယ္ဒင္း မွန္တယ္ မွားတယ္ သိနိုင္ရမယ္။
ေတာ္ေအာင္ႀကိဳးစားၾကပါ…
က်ဳပ္အဖို႔ေျပာရရင္ ရဲေဘာ္တို႔ထဲကျဖစ္ျဖစ္ အခုတပ္ထဲမွာ ရွိတဲ့ စစ္သားကေလးက စၿပီး အားလုံး ရဲေဘာ္ေတြထဲက ျဖစ္ျဖစ္ က်ဳပ္ထက္ အရည္အခ်င္း အက်င့္စာရိတၱ အလုပ္အကိုင္ နိုင္ငံခ်စ္စိတ္ အေျမာ္အျမင္ ရွိတယ္လို႔ ေတြ႕တာနဲ႔တၿပိဳင္နက္ က်ဳပ္ဟာ အဲဒီလိုေတာ္တဲ့လူကို ထိုးတင္ၿပီး ေနာက္လိုက္လုပ္ဖို႔ အသင့္ရွိတယ္။ ဒါေၾကာင့္ ရဲေဘာ္တို႔ အားလုံး ႀကိဳးစားၾကပါ။ ေတာ္ေအာင္ ႀကိဳးစားၾကပါ။
ရာထူးအဆင့္အတန္း….ကေန႔ ရဲေဘာ္တို႔အားလုံးကို စ္ိတ္ထဲမွာ ႐ွိသည္႕အတိုင္းေျပာျပမယ္။ ယခုအခါ ငါတို႔အထဲမွာ နိုင္ငံအတြက္ အၿမိဳးၿမိဳး အနစ်နာခံဘူးတဲ့ လူတွေရွိတယ်။ ငါတို႔ သိတာလည္း ရွိတယ္။ မသိတာလည္းရွိတယ္။ သို႔ေသာ္လည္း ေရွးကသာ ဒီလို အနစ္နာခံၿပီး အခုအလုပ္မလုပ္ရင္ ဘယ္သူမွ မတိုးတက္နိုင္ဘူး။ အကယ္၍ အခုလည္း အလုပ္လုပ္ လုပ္တယ္။ ေရွးကလည္း အနစ္နာ ခံဘူးတယ္ ဆိုရင္ ဒီလိုလူမ်ိဳးဟာ လူမ်ားတကာထက္ တိုးတတ္မွာ အမွန္ပဲ။ကေန႔ ဆိုင်ရာလူကြီးေတွ မသိေသးလို႔ မတိုးတတ်ေသးရင် ေနာက် တစ်ေန႔ တိုးတတ်မွာပဲ။ တကယ်ေတာ်တဲ့သူတွေဟာ ဘယ်သူမွ ႏွိမ်ထားလို႔ မရပါဘူး။ ကိုယ်႕ကိုယ်ကိုလည်း သိဒ္ဓိတင်နေစရာမလိုဘူး။ လူကြီးတွေကိုလည်း မၾက်ႏွာလုပ်စရာမလိုဘူး။ ဒါပေမယ်႕ နီပွန်က ပြန်လာလို႔ စစ်ေၾကာင်းက ဆင်းလို႔ ေရွးက အနစ်နာ ခံဘူးလို႔ဆိုပြီး ယခုအခါ အလုပ်ေကာင်းေကာင်း မလုပ်ရင် ဘယ်သူမွတက်မွာ မဟုတ်ဘူး။
ဒီ့ျပင္လူေတြအတြက္ က်ဳပ္မေျပာနိုင္ေပမယ့္ ဗမာ့တပ္မေတာ္မွာ က်ဳပ္အခုေနရာမွာ တာဝန္ယူေနသမၽွ အခု က်ဳပ္ေျပာခဲ့တဲ့ စနစ္က တစ္ဆံျခည္မွ ခြာမသြားဘူး။ ေရြ႕မသြားဘူးဆိုတာ အားလုံး သိေစခ်င္တယ္။ ဒါက ရာထူး အဆင့္အတန္း တိုးတတ္တာနဲ႔ ပတ္သတ္ၿပီးရဲေဘာ္တို႔ကို သိဘို႔ေျပာျပျခင္းပဲ။တန္ခိုးျပဘို႔မဟုတ္….တျခား မွာၾကားလိုတဲ့ အခ်က္ကေတာ့ ေျပာေနၾကစကားပဲ။ ဒါေပမယ့္ ထပ္ၿပီး အဓိပၸာယ္ ေလးနက္ေအာင္ ေျပာလိုက္ဦးမယ္။ ငါတို႔စစ္တပ္ဟာ နိုင္ငံသူ နိုင္ငံသားေတြကို ညႇဥ္းဘို႔မဟုတ္။ လက္နက္အားကိုးတန္ခိုးျပဘို႔ မဟုတ္။ စစ္တပ္ဟာ နိုင္ငံရဲ့ အေစခံျဖစ္ရမယ္။ နိုင္ငံဟာ စစ္တပ္ ရဲ့ အေစခံ မျဖစ္ရဘူး။ ဒါက စကားရိုင္းရိုင္းနဲ႔ နားလည္ေအာင္ေျပာျပတာဘဲ။ဒီစကားကို က်ဳပ္ေျပာတာက စစ္တပ္ကို က်ဳပ္ျပန္ႏွိမ္ခ်င္တဲ့ သေဘာနဲ႔ေျပာတာ မဟုတ္ဘူး။ ငါတို႔ဟာ လက္နက္ကိုင္လူေတြျဖစ္ၾကေသာ္လည္း မတရား မလုပ္၊
နိုင္ငံရဲ့ ရန္သူေတြမဟုတ္။ နိုင္ငံရဲ့မိတ္ေဆြေတြဆိုတာအားလုံးသေဘာေပါက္ေအာင္ ေျပာျပျခင္းပဲ။ အမွန္ေျပာရရင္ လူေတြဟာပုထုဇဥ္ေတြဘဲ အားရွိတဲ့အခါ အားနည္းတဲ့လူေတြကို ညႇင္းျခင္ တဲ့စိတ္ရွိတယ္။ အားနည္းတဲ့သူေတြကလည္း အားနည္းတဲ့အခါတုန္းကေတာ့ အားႀကီးေနတဲ့လူကို လက္နက္ အားကိုး အာဏာအားကိုး လုပ္ခ်င္တယ္ေျပာၾကတာပဲ။ မိမိတို႔ကိုယ္တိုင္ အားႀကီးတဲ့ေနရာ အာဏာရွိတဲ့ေနရာ ေရာက္တဲ့အခါက်ေတာ့ အရင္တုန္းကေျပာတာေတြေမ့ၿပီး တမ်ိဳးလုပ္ၾကတာပဲ။ ဒါထုံးစံဘဲ။ ငါတို႔က ဒီလိုမဟုတ္ အားနည္းတဲ့အခါလည္း အားႀကီးတဲ့လူကို မတရားရင္ မေၾကာက္။ အားႀကီးတဲ့အခါလည္း အားငယ္တဲ့လူကို မတရားမလုပ္ ဆိုတဲ့အတိုင္း လုပ္ခ်င္တယ္။ ျပခ်င္တယ္။
အဲဒါေၾကာင့္ စစ္တပ္ဟာ နိုင္ငံရဲ့ အေစခံျဖစ္တယ္လို႔ ေျပာတာဘဲ။ နိုင္ငံဟာ ဘာလဲ။ နိုင္ငံဟာ အမ်ိဳးဘဲ။ အမ်ိဳးဟာ ဘာလဲ။ အမ်ိဳးဟာ တစ္နိုင္ငံ လုံးမွာ ရွိတဲ့ နိုင္ငံရဲ့အက်ိဳးကို လုပ္ၿပီး နိုင္ငံရဲ့အမႈကို ဘယ္ခါမဆို ထမ္းမယ္ဆိုတဲ့လူ အားလုံးဘဲ။ ဒီေနရာမွာ လူမ်ိဳးေရးတရားအစစ္ကို ေျပာျပခ်င္တယ္။မွန္ကန္ေသာ လူမ်ိဳးေရးတရား…..လူမ်ိဳးေရးတရားဆိုတာ ဘာလဲ။ ကိုယ့္အမ်ိဳးသာ ခ်စ္ၿပီး ဒီ့ျပင္ လူမ်ိဳးေတြကို မုန္းထားတာ လူမ်ိဳးေရး တရားဘဲလား။ မဟုတ္ဘူး။ ကိုယ့္အမ်ိဳးခ်စ္ယုံနဲ႔ ဒီ့ျပင္လူမ်ိဳးကိုလည္း မုန္းဘို႔မလိုဘူး။ သို႔္ေသာ္လည္း ကိုယ့္ အမ်ိဳးအက်ိဳးကို လာထိတဲ့လူေတြကိုေတာ့ အတြင္းကလူ ျဖစ္ျဖစ္ အျပင္ကလူ ျဖစ္ျဖစ္ တိုက္ခိုက္ႏွိမ္နင္းရ မွာေပါ့။ ဒါက ငါတို႔အမ်ိဳးရဲ့ ရန္သူ အျဖစ္သာ ႏွိမ္နင္းျခင္းျဖစ္တယ္။ ဘယ္လူမ်ိဳး ဘယ္သူ ဘယ္ဝါဆိုၿပီး ႏွိမ္နင္းတာမဟုတ္ဘူး။ ရာဇဝင္ ကိုၾကည့္ရင္ ကမၻာ့လူမ်ိဳးေတြဟာ အခ်င္းခ်င္းတိုက္တဲ့အခါ တိုက္ၾကတာ ေတြ႕ရမွာဘဲ။ မတည့္သည့္အခါ တိုက္ၾကတဲ့အခါ တိုက္ၾကရမွာေပါ့။ ဒါေပမယ့္ တျခားလူမ်ိဳးေတြကို မုန္းတာဟာ လူမ်ိဳးေရးလို႔ ထင္တာ တစ္ထစ္ခ်မွားတယ္။
က်ဳပ္တို႔ဟာမဆိုင္တဲ့တျခားလူမ်ိဳးေတြကို မုန္းဘို႔မလိုဘူး။ က်ဳပ္တို႔ နိုင္ငံအတြင္းမွာလည္း တိုင္းရင္းသားအခ်င္းခ်င္း ဗမာဘဲ ရွမ္းဘဲ ကရင္ဘဲ ခ်င္းဘဲ စသျဖင့္ ခြဲစရာ မလိုဘူး။ငါတို႔တေတြဟာ မွားၿပီးတာေတြကို ထပ္မမွားၾကရဘူး။ ငါတို႔ဟာ အမွန္နဲ႔အတု ဟုတ္တာနဲ႔ မဟုတ္တာ ခြဲျခားသိရမယ္။ လူမ်ိဳးေရးတရားျဖစ္ျဖစ္ ဘာျဖစ္ျဖစ္ အမွန္တရားကို ယူတတ္ရမယ္။ ဒါက လူမ်ိဳးေရး တရားနဲ႔ပါတ္သတ္ၿပီး က်ဳပ္မွာခ်င္တာဘဲ။ဇာတိမာန္ ေကာင္းေကာင္းထားတတ္ေအာင္ လုပ္ၾကပါ။ ကိုယ့္နိုင္ငံကို ခ်စ္ပါ။ ဗမာေတြက လူဖ်င္းေတြ လူပ်င္းေတြ လူေၾကာက္ေတြ လူပိုေတြ လူရိုင္းေတြ လူ႔ဂြစာေတြ လူ႔မတရားတာေတြလို႔ ကမၻာမွာ အထင္ခံရေအာင္ မလုပ္ပါနဲ႔။ ဗမာေတြဟာ ဒီလိုမဟုတ္ဘူးဆိုတာ အလုပ္လုပ္ၿပီး ဂုဏ္ယူၾကပါ။ အဲဒါ က်ဳပ္ လူမ်ိဳးေရးတရားနဲ႔ပတ္သတ္ၿပီး မွာခ်င္တာဘဲ။လူႀကီးဆိုတာ ဘာလဲ …..
ေနာက္ မွာခ်င္တာက ေရွ႕ကို ရဲေဘာ္တို႔ဟာ လူႀကီးျဖစ္ေနၿပီ။ လူႀကီးဆိုတာ ဘာလဲ။ အသက္ႀကီးတာ ကို ဆိုလိုတာလား။ မဟုတ္ဘူး။ အသက္မႀကီးေပမယ့္ လုပ္တဲ့အလုပ္ႀကီးရင္ လူႀကီးဘဲ။ အခု ငါတို႔ ရဲေဘာ္တို႔ရဲ့ အလုပ္ဟာ ငါတို႔နိုင္ငံရဲ့ အခ်ဳပ္အျခာ အာဏာ ဒါေတြကို ငါတို႔ ရင္ေျမကတုတ္လုပ္ၿပီး ကာကြယ္ဘို႔ပဲ။ ဒီ့ထက္ႀကီးတဲ့အလုပ္ ရွိနိုင္ပါဦးမလား။ မရွိနိုင္ဘူး ဒါေၾကာင့္ ငါတို႔ဟာ လူႀကီးစိတ္ေပါက္ရ မယ္။ အစစ အရာရာ ဆင္ျခင္တတ္ရမယ္။ ေကာင္းသည္ မေကာင္းသည္ ေတာ္သည္ မေတာ္သည္ ဟုတ္သည္ မဟုတ္သည္ကို ဆင္ျခင္တိုင္းထြာနိုင္ရမယ္။ အခု ငါတို႔ အခ်ိဳ႕အလုပ္ေတြက သက္ေသျပေနတယ္။ေဘးက လူေတြ ေျပာတိုင္း အရမ္းမယုံၾကနဲ႔။ စူးစမ္းဆင္ျခင္ၿပီးမွ ယုံၾကရမယ္။ ငါတို႔ဝတၱရားနဲ႔မဆိုင္တဲ့ အက်ယ္အက်ယ္ ျဖစ္မယ့္ကိစၥဆိုရင္ ငါတို႔ေရွာင္ရမယ္။ ဘယ္လို ေဘးကလူက ဗိုလ္ႀကီးရဲ့— ဘာႀကီးရဲ့— နဲ႔လာေျမာက္ေပးေပး ငါတို႔မပါရဘူး။ ဝတၱရားနဲ႔ ငါတို႔ေတာ့မဆိုင္ဘူး။ ဒါေပမယ့္ ေကာင္းတဲ့ကိစၥ တရားတဲ့ ကိစၥ လူအမ်ား ေက်းဇူးတင္မယ့္ ကိစၥဆိုရင္ ကိုယ္နဲ႔မဆိုင္ဘူးဆိုၿပီး လ်စ္လၽွဴမရႈ႔ပါနဲ႔။ ကူညီေပးၾကပါ။ ေဆြမ်ိဳးကိစၥ မိတ္ေဆြကိစၥေတြဟာ ကိုယ္တာဝန္လုပ္တဲ့အေရးမွာ မေႏွာက္ယွက္ပါေစနဲ႔။
ဘယ္ေတာ့မွ သစၥာမေဖာက္…..ေနာက္ၿပီး မွာခ်င္တာက ေျပာခဲ့တဲ့အတိုင္း ကိုယ့္ကိုယ္ကို အထင္မႀကီးပါနဲ႔။ ဒီမွာသင္လိုက္တာေတြ ဟာ ပညာကုန္ၿပီ မယူဆၾကနဲ႔။ ပညာဟာ ဘယ္ေတာ့မွ ကုန္တယ္မရွိဘူး။လူမ်ိဳးျဖစ္ျဖစ္ နိုင္ငံျဖစ္ျဖစ္ လူတစ္ဦး တည္းျဖစ္ျဖစ္ တိုးတတ္မႈဟာ လက္ရွိအေျခအေနနဲ႔ အားမရဘဲ တင္းမတိမ္ဘဲ ေရွ႕ဆက္လက္ ႀကိဳးစားမွသာ တိုးတတ္မႈျဖစ္နိုင္တယ္ဆိုတာရာဇဝင္သမိုင္းေတြကေကာင္းေကာင္းျပထားတယ္။ ကိုယ္ပိုင္ဥာဏ္နဲ႔ စဥ္းစားၾကည့္လည္း သိနိုင္တာပဲ။ ဒါေၾကာင့္ ဘယ္ဟာကိုမွ ေလွနံဓါးထစ္ မယူပါနဲ႔။ အထင္မႀကီးပါနဲ႔။ ဒီ့ထက္တိုးတက္ေအာင္ လုပ္ၾကပါ။ အခု ငါတို႔နိုင္ငံဟာ လြတ္လပ္တယ္ ဆိုေပမယ့္ ဟန္မက် တာေတြ အမ်ားႀကီးပဲ။ က်ဳပ္မွာလည္း ခၽြတ္ယြင္းခ်က္ေတြ႕ရွိတာဘဲ။ ကိုယ့္ခ်ိဳ႕ယြင္းခ်က္ ကို ကိုယ္ျပင္ၾကရမယ္။သို႔ေပမယ့္ က်ဳပ္ ရဲေဘာ္တို႔ကို ကတိတစ္ခု ျပဳမယ္။ နိုင္ငံနဲ႔အမ်ားအက်ိဳးရဲ့သစၥာကို က်ဳပ္ ဘယ္ေတာ့မွ မေဖာက္။ ရဲေဘာ္တို႔ထဲက ျဖစ္ျဖစ္ ဒီ့ျပင္ထဲက ျဖစ္ျဖစ္ က်ဳပ္ထက္ေတာ္တဲ့လူ ထြက္ၿပ နိုင္ပါေစ။ က်ဳပ္ဖယ္ေပးဘို႔ အသင့္ဘဲ။
စစ္သားမွစစ္သား ဆိုတဲ့စိတ္ကို ေဖ်ာက္ၾက …ေနာက္ဆုံးတစ္ခု မွာခ်င္တာက ငါတို႔သာ နိုင္ငံခ်စ္တယ္ဆိုတဲ့ စိတ္ဓါတ္မထားၾကဘို႔ပဲ။ ဒီနိုင္ငံမွာ ျဖစ္ျဖစ္ ဒီ့ျပင္နိုင္ငံမွာ ျဖစ္ျဖစ္ စစ္သားေတြခ်ည္း နိုင္ငံခ်စ္တဲ့ လူေတြရွိၾကတာမဟုတ္ဘူး။ တျခား စစ္သားမဟုတ္ေပမယ့္ နိုင္ငံအတြက္ အမ်ိဳးမ်ိဳး အနစ္နာခံ အမ်ိဳးမ်ိဳးစြန္႔စား လုပ္ၾကတဲ့ လူေတြလဲရွိတာဘဲ။ အဲဒါေၾကာင့္ စစ္သားမွစစ္သားဆိုတဲ့ စိတ္သေဘာထားကို ေျပာင္းၾကရမယ္။ သို႔ေပမယ့္ တစ္ခုနားလည္ေစခ်င္ တယ္။ က်ဳပ္ဟာ စစ္တပ္ကို မတရားႏွိမ္မယ္။ လူလည္လုပ္မယ္။ စစ္တပ္ရဲ့ အခြင့္အေရးမ်ားကို မတရားခ်ိဳးဖ်က္မယ္ဆိုရင္ က်ဳပ္ အစြမ္းကုန္ႀကိဳးစား တိုက္ဖ်က္မယ္ဆိုတာ ရဲေဘာ္တို႔သိေစခ်င္ပါတယ္။ကေန႔ ဒီမွာေျပာတာေတြကို အားလုံးစစ္သားေတြ သိပါေစ။ သိေအာင္ေျပာျပၾကပါ။ အဲဒါ ေနာက္ဆုံး မွာၾကားျခင္းဘဲ။ ။
Unicode
၁၉၄၄ ခုနှစ်မတ်လ ဗိုလ်ချုပ်အောင်ဆန်းရဲ့မိန့်ခွန်းကောက်နုတ်ချက်။ လက်ရှိစစ်တပ်ကိုရည်ရွယ်ပြီးပြောခဲ့သလိုပဲ။
ဒီတပ်မတော်ဟာလူတစ်ဦးတစ်ယောက်အတွက်တည်ထောင်ထားတာမဟုတ်။ တစ်နိုင်ငံလုံး တမျိုးသားလုံးအတွက်ဖြစ်တယ်။ ဒီတပ်မတော်ဟာတစ်ဖွဲ့တစ်ပါတီလူတစ်စုအတွက်တည်ထောင်ထားတာမဟုတ်။ တစ်နိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။ဒီတော့ ရဲဘော်တို့ မေးစရာ စကားတစ်ခွန်း ရှိတယ်။ တကယ်လို့ဒီအကြီးအမှုးတွေထဲက #ဘယ်သူဖြစ်ဖြစ်ကိုယ်ကြိုးငဲ့ပြီးနိုင်ငံနဲ့အမျိုးကိုသစ္စာမဲ့ပြီးလုပ်ရင်ဘယ့်နှယ့်လုပ်မလဲ။
ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့အပေါ်မှာလည်းမူတည်တယ်။ငါတို့စစ်တပ်ဟာနိုင်ငံသူနိုင်ငံသားတွေကိုညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့မဟုတ်။ စစ်တပ်ဟာနိုင်ငံရဲ့အစေခံဖြစ်ရမယ်။ နိုင်ငံဟာစစ်တပ်ရဲ့အစေခံမဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာဘဲ။
စစ်သားမှစစ်သား ဆိုတဲ့စိတ်ကို ဖျောက်ကြ …နောက်ဆုံးတစ်ခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာဖြစ်ဖြစ် #စစ်သားတွေချည်းနိုင်ငံချစ်တဲ့လူတွေရှိကြတာမဟုတ်ဘူး။ တခြားစစ်သားမဟုတ်ပေမယ့် #နိုင်ငံအတွက်အမျိုးမျိုးအနစ်နာခံအမျိုးမျိုးစွန့်စားလုပ်ကြတဲ့လူတွေလဲရှိတာဘဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့မိန့်ခွန်းအပြည့်အစုံကို အောက်မှာဖတ်ပါ။
၁၉၄၄ ခုနှစ် မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းပွဲ ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိ နှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်း။
ရဲဘော်တို့ …ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူ ကြရတော့မယ်။ယနေ့အထိရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီးတာဝန်ရယ်လို့မိမိတို့အပေါ်မှာ မရှိကြသေးဘူး။ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော် အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက်ရဲဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံတော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကို ထမ်းကြတဲ့အခါ ရဲဘော်တို့ကိုမှာသင့်မှာရာအချက်တွေကိုငါတို့မှာကြားလိုတယ်။
ပထမဆုံး ရဲဘော်တို့ကို မှာချင်တာက ငါတို့ အခုဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကိုကာကွယ်ရမယ့် ဗမာ့တပ်မတော်ဟာလည်း ဗမာတစ်နိုင်ငံလုံး တစ်မျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။ဒီတပ်မတော်ဟာလူတစ်ဦးတစ်ယောက်အတွက်တည်ထောင်ထားတာမဟုတ်။ တစ်နိုင်ငံလုံး တမျိုးသားလုံးအတွက်ဖြစ်တယ်။ ဒီတပ်မတော်ဟာတစ်ဖွဲ့တစ်ပါတီလူတစ်စုအတွက်တည်ထောင်ထားတာမဟုတ်။ တစ်နိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။တကယ့်သစ္စာဖြစ်ရမယ်….ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ် စောင့်ရှောင့်ဖို့ နိုင်ငံနှင့် အမျိုးကို ‘မ’ တင်ပေးဖို့ ဖြစ်တယ်။
ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးကတုန်းကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာမဟုတ်။ အဲဒီလိုစောင့်တဲ့ သစ္စာ ဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာ စောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာတကယ့်သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအတိုင်း အဆင့်ဆင့်ခန့်အပ်ထားတဲ့ အကြီးအမှုး အားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာ စောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာ စကားတစ်ခွန်း ရှိတယ်။ တကယ်လို့ဒီအကြီးအမှုးတွေထဲက ဘယ်သူဖြစ်ဖြစ်ကိုယ်ကြိုးငဲ့ပြီးနိုင်ငံနဲ့အမျိုးကိုသစ္စာမဲ့ပြီးလုပ်ရင်ဘယ့်နှယ့်လုပ်မလဲ။
ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့အပေါ်မှာလည်းမူတည်တယ်။ဥပမာ…မတရားတဲ့ အကြီးအမှုးတစ်ယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲ့သလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှုး တစ်ယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတစ်ယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။
တော်အောင်ကြိုးစားကြပါ…
ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲက ဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော်အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင်နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုးစားကြပါ။ တော်အောင် ကြိုးစားကြပါ။
ရာထူးအဆင့်အတန်း….ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အမြိုးမြိုး အနဈနာခံဘူးတဲ့ လူတှရှေိတယျ။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အနစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတက်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ် လုပ်တယ်။ ရှေးကလည်း အနစ်နာ ခံဘူးတယ် ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတတ်မှာ အမှန်ပဲ။ကနေ့ ဆိုငျရာလူကွီးတှေ မသိသေးလို့ မတိုးတတျသေးရငျ နောကျ တဈနေ့ တိုးတတျမှာပဲ။ တကယျတောျတဲ့သူတှဟော ဘယျသူမှ နှိမျထားလို့ မရပါဘူး။ ကိုယျ့ကိုယျကိုလညျး သိဒ်ဓိတငျနစေရာမလိုဘူး။ လူကွီးတှကေိုလညျး မကြျနှာလုပျစရာမလိုဘူး။ ဒါပမေယျ့ နီပှနျက ပွနျလာလို့ စဈကြောငျးက ဆငျးလို့ ရှေးက အနဈနာ ခံဘူးလို့ဆိုပွီး ယခုအခါ အလုပျကောငျးကောငျး မလုပျရငျ ဘယျသူမှတကျမှာ မဟုတျဘူး။
ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့် ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တစ်ဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံး သိစေချင်တယ်။ ဒါက ရာထူး အဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။တန်ခိုးပြဘို့မဟုတ်….တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက်ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာဘဲ။ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင်လူတွေဖြစ်ကြသော်လည်း မတရား မလုပ်၊
နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့မိတ်ဆွေတွေဆိုတာအားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှင်းခြင် တဲ့စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်။ ပြချင်တယ်။
အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အမျိုးဘဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တစ်နိုင်ငံ လုံးမှာ ရှိတဲ့ နိုင်ငံရဲ့အကျိုးကို လုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ်ဆိုတဲ့လူ အားလုံးဘဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။မှန်ကန်သော လူမျိုးရေးတရား…..လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့် အမျိုးအကျိုးကို လာထိတဲ့လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရ မှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ်သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။ ရာဇဝင် ကိုကြည့်ရင် ကမ္ဘာ့လူမျိုးတွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာဘဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးရေးလို့ ထင်တာ တစ်ထစ်ချမှားတယ်။
ကျုပ်တို့ဟာမဆိုင်တဲ့တခြားလူမျိုးတွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာဘဲ ရှမ်းဘဲ ကရင်ဘဲ ချင်းဘဲ စသဖြင့် ခွဲစရာ မလိုဘူး။ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင်တာဘဲ။ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေလို့ ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာတွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာဘဲ။လူကြီးဆိုတာ ဘာလဲ …..
နောက် မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာ ကို ဆိုလိုတာလား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခု ငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ ငါတို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမလား။ မရှိနိုင်ဘူး ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ မယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ အခု ငါတို့ အချို့အလုပ်တွေက သက်သေပြနေတယ်။ဘေးက လူတွေ ပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ်အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့— ဘာကြီးရဲ့— နဲ့လာမြောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့တော့မဆိုင်ဘူး။ ဒါပေမယ့် ကောင်းတဲ့ကိစ္စ တရားတဲ့ ကိစ္စ လူအများ ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျှူမရှု့ပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ မိတ်ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ မနှောက်ယှက်ပါစေနဲ့။
ဘယ်တော့မှ သစ္စာမဖောက်…..နောက်ပြီး မှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေ ဟာ ပညာကုန်ပြီ မယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတစ်ဦး တည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစားမှသာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာရာဇဝင်သမိုင်းတွေကကောင်းကောင်းပြထားတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက်တိုးတက်အောင် လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျ တာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ့ရှိတာဘဲ။ ကိုယ့်ချို့ယွင်းချက် ကို ကိုယ်ပြင်ကြရမယ်။သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတစ်ခု ပြုမယ်။ နိုင်ငံနဲ့အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မဖောက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေးဘို့ အသင့်ဘဲ။
စစ်သားမှစစ်သား ဆိုတဲ့စိတ်ကို ဖျောက်ကြ …နောက်ဆုံးတစ်ခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။ တခြား စစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာဘဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တစ်ခုနားလည်စေချင် တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ်တပ်ရဲ့ အခွင့်အရေးများကို မတရားချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့သိစေချင်ပါတယ်။ကနေ့ ဒီမှာပြောတာတွေကို အားလုံးစစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံး မှာကြားခြင်းဘဲ။ ။