ၾကားသိရသမွ်

ေႏြဦးေတာ္လွန္ေရးမွာ က်ဆံုးသြားတဲ့သူရဲေကာင္းေတြရဲ႕ က်န္ရစ္သူမိသားစုေတြစီ အလႉေငြသြားေရာက္လႉဒါန္းခဲ့တဲ့ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္း

ပရိသတ္ႀကီးေရ.. သ႐ုပ္ေဆာင္မင္းသားေဝဠဳေက် ာ္ကေတာ့ ဇာတ္ကားေတြ မ်ားစြာ ရိုက္ကူးထားၿပီး ပရိသတ္ေတြရဲ့ အားေပးမႈေတြကို ရရွိထားသလို ပရဟိတအလုပ္ေတြမွာလည္း တစိုက္မတ္မတ္လုပ္ေဆာင္တာေတြေၾကာင့္ ပရိသတ္ေတြက ေလးစားခ်စ္ခင္ေနၾကတာပါ..။ အလႉေတြျပဳလုပ္ၿပီး ျပည္သူေတြ အတြက္ အျမဲရပ္တည္ေနတတ္တဲ့ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္း ကေတာ့ လက္ရွိအေျခအေနေတြမွာလည္း ျပည္သူေတြနဲ႔အတူ အင္တိုက္အားတိုက္အားျဖည့္ပါဝင္ေနတာ ေတြ႕ရပါတယ္..။ အဖက္ဖက္ကေန ျပည္သူေတြအတြက္ ပါဝင္ အားျဖည့္ေနတဲ့ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းကေတာ့ ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာက်ဆုံးသြားၾကတဲ့ သူရဲေကာင္းျပည္သူေတြအတြက္လည္း အလႉေငြေတြ ေဖးမကူညီ လႉဒါန္းခဲ့ျပန္ပါတယ္..။

မတ္လ(၁၄)ရက္ေန႔က က်ဆုံးသြားၾကတဲ့ ျပည္သူ႔သူရဲေကာင္းေတြရဲ့ က်န္ရစ္သူမိသားစုေတြဆီကို သြားေရာက္ကာ အလႉေငြေတြ ေပးအပ္လႉဒါန္းခဲ့ၾကတာျဖစ္ၿပီး အလႉပုံရိပ္ေတြကိုလည္း ေဖာင္ေဒးရွင္းရဲ့ ေဖ့စ္ဘြတ္စာမ်က္ႏွာကေန ေဝမၽွထားပါေသးတယ္..။ “မတ္ ၁၄ရက္ေန႔က သဃ္န္းကၽြန္းသပိတ္မွာ က်ဆုံးသြားသူ တူဝရီး ၂ေယာက္ပါ မိသားစု အတြက္ေတာ့ ေတာ္ေတာ္ ေသာကျဖစ္ရမွာပါ။

တစ္တိုက္ထဲေနပါတယ္ ေအာက္ထပ္နဲ႔ ၃လႊာမွာပါ။ ကိုေက်ာ္မင္းသူ ၃၂ႏွစ္ ေမာင္မ်ိဳးမင္းထြန္း ၂၀ ႏွစ္ က်မတို႔ ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္းမွလဲ တစ္သိန္းက်ပ္စီ လႉေပးခဲ့ပါတယ္။ လိပ္စာက ဆ /က ရပ္ကြက္ ၊ရတနာဒီပလမ္း၊ အမွတ္ ၉၇ပါ..” ဆိုၿပီးေတာ့လည္း အလႉရွင္ေတြ လႉဒါန္းနိုင္ဖို႔အတြက္ လိပ္စာကိုလည္း ေျပာျပထားပါေသးတယ္..။ က်န္ရစ္သူမိသားစုေတြကို သြားေရာက္လႉဒါန္းခဲ့ၿပီး ေဖးမကူညီခဲ့ၾကတဲ့ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းရဲ့ အလႉပုံရိပ္ေတြကိုလည္း ပရိသတ္ေတြက သာဓုေခၚဆုေတာင္းစကားေလးေတြ ေျပာထားၾကတာ ေတြ႕ရပါတယ္..။

Photo Credit – Wai Lu Kyaw Faundation’s Fb Page

Credit

ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသားဝေဠုကျေ ာ်ကတော့ ဇာတ်ကားတွေ များစွာ ရိုက်ကူးထားပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားသလို ပရဟိတအလုပ်တွေမှာလည်း တစိုက်မတ်မတ်လုပ်ဆောင်တာတွေကြောင့် ပရိသတ်တွေက လေးစားချစ်ခင်နေကြတာပါ..။ အလှူတွေပြုလုပ်ပြီး ပြည်သူတွေ အတွက် အမြဲရပ်တည်နေတတ်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း ကတော့ လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ အင်တိုက်အားတိုက်အားဖြည့်ပါဝင်နေတာ တွေ့ရပါတယ်..။ အဖက်ဖက်ကနေ ပြည်သူတွေအတွက် ပါဝင် အားဖြည့်နေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာကျဆုံးသွားကြတဲ့ သူရဲကောင်းပြည်သူတွေအတွက်လည်း အလှူငွေတွေ ဖေးမကူညီ လှူဒါန်းခဲ့ပြန်ပါတယ်..။

မတ်လ(၁၄)ရက်နေ့က ကျဆုံးသွားကြတဲ့ ပြည်သူ့သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုတွေဆီကို သွားရောက်ကာ အလှူငွေတွေ ပေးအပ်လှူဒါန်းခဲ့ကြတာဖြစ်ပြီး အလှူပုံရိပ်တွေကိုလည်း ဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ဝေမျှထားပါသေးတယ်..။ “မတ် ၁၄ရက်နေ့က သဃ်န်းကျွန်းသပိတ်မှာ ကျဆုံးသွားသူ တူဝရီး ၂ယောက်ပါ မိသားစု အတွက်တော့ တော်တော် သောကဖြစ်ရမှာပါ။

တစ်တိုက်ထဲနေပါတယ် အောက်ထပ်နဲ့ ၃လွှာမှာပါ။ ကိုကျော်မင်းသူ ၃၂နှစ် မောင်မျိုးမင်းထွန်း ၂၀ နှစ် ကျမတို့ ဝေဠုကျော် ဖောင်ဒေးရှင်းမှလဲ တစ်သိန်းကျပ်စီ လှူပေးခဲ့ပါတယ်။ လိပ်စာက ဆ /က ရပ်ကွက် ၊ရတနာဒီပလမ်း၊ အမှတ် ၉ရပါ..” ဆိုပြီးတော့လည်း အလှူရှင်တွေ လှူဒါန်းနိုင်ဖို့အတွက် လိပ်စာကိုလည်း ပြောပြထားပါသေးတယ်..။ ကျန်ရစ်သူမိသားစုတွေကို သွားရောက်လှူဒါန်းခဲ့ပြီး ဖေးမကူညီခဲ့ကြတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ အလှူပုံရိပ်တွေကိုလည်း ပရိသတ်တွေက သာဓုခေါ်ဆုတောင်းစကားလေးတွေ ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit – Wai Lu Kyaw Faundation’s Fb Page

Credit