ပြည်သူလူထုကတော့ တစ်လကျော်ကြာသွားပြီဖြစ်တဲ့ ဒီအခြေအနေကို ရဲစွမ်းသတ္တိအပြည့်နဲ့ ဆက်လက်ရင်ဆိုင်နေကြဆဲပဲဖြစ်ပါတယ်။လူငယ်တွေကလည်း ရှေ့ဆုံးကနေ တက်တက်ကြွကြွပါဝင်ပြီး နောက်တန်းကပြည်သူတွေရဲ့လုံခြုံရေးကို ကာကွယ်ပေးနေကြတာဖြစ်ပါတယ်။
ပြည်သူတွေ အချင်းချင်းကတော့ ကိုယ့်ရဲ့မိသားစုဝင်လိုမျိုးသတ်မှတ်ထားကြပြီး ကာကွယ်စောင့်ရှောက် ပေးနေကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း မြန်မာပြည်သူ၊ပြည်သားတွေရဲ့ ရိုင်းပင်းကူညီချင်စိတ်က လေးစားဖို့ကောင်းပါတယ်။
လူထုလှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ပြည်သူတွေ အဟာရပြည့်ဖို့အတွက် အလှူရှင်တချို့ကလည်း စားစရာတွေကိုအလျှံပယ်လှူဒါန်းကြတာဖြစ်ပါတယ်။အခုရက်ပိုင်းထိလည်း တချို့နေရာလေးတွေမှာ စားစရာတွေလှူကြပေမယ့်အရမ်းဖြိုခွင်းတဲ့နေရာတွေမှာတော့ ဘာမှလှူလို့မရတဲ့အခြေအနေဖြစ်ပါတယ်။
လူငယ်တချို့ကတော့ မိမိတို့အိမ်ကနေ ထမင်းချိုင့်ထုတ်လာပြီး လူထုလှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက် ပါဝင်လှုပ်ရှားကြတာ ဖြစ်ပါတယ်။အခုဆိုရင်လည်း လူငယ်လေးတချို့က လမ်းပေါ်မှာပဲ ထမင်းချိုင့်လေးကိုဖွင့်ပြီး စားသောက်နေကြတာ ဖြစ်ပါတယ်။
နေ့လည်ခင်း ခဏနားကြတဲ့အချိန်မှာ လမ်းဘေးမှာပဲ သူငယ်ချင်းတွေအကုန်လုံး ဝိုင်းဖွဲ့စားသောက်နေကြတဲ့မြင်ကွင်းလေးက ရင်ထဲကိုထိမှန်စေပါတယ်။လူငယ်တွေရဲ့ စိတ်အားထက်သန်မှုတွေကလည်း တစ်နေ့ထက်တစ်နေ့ပိုမို အားကောင်းလာပြီး ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက်ပါ ကြိုးစားပေးနေကြတာ ဖြစ်ပါတယ်။
လူငယ်တွေက သူတို့ရဲ့ဇွဲ၊လုံ့လ၊ဝီရိယတွေနဲ့ အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ကြပြီး ဖြစ်သလိုနေ၊ဖြစ်သလိုစားနေကြတဲ့ပုံရိပ်လေးတွေက မျက်ရည်ကျရလောက်တဲ့အထိကို ဝမ်းသာပီတိဖြစ်မိလို့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Video Credit: Original Uploder
Zawgyi
ျပည္သူလူထုကေတာ့ တစ္လေက်ာ္ၾကာသြားၿပီျဖစ္တဲ့ ဒီအေျခအေနကို ရဲစြမ္းသတၱိအျပည့္နဲ႔ ဆက္လက္ရင္ဆိုင္ေနၾကဆဲပဲျဖစ္ပါတယ္။လူငယ္ေတြကလည္း ေရွ႕ဆုံးကေန တက္တက္ႂကြႂကြပါဝင္ၿပီး ေနာက္တန္းကျပည္သူေတြရဲ႕လုံၿခဳံေရးကို ကာကြယ္ေပးေနၾကတာျဖစ္ပါတယ္။
ျပည္သူေတြ အခ်င္းခ်င္းကေတာ့ ကိုယ့္ရဲ႕မိသားစုဝင္လိုမ်ိဳးသတ္မွတ္ထားၾကၿပီး ကာကြယ္ေစာင့္ေရွာက္ ေပးေနၾကတာျဖစ္ပါတယ္။ဒါ့ေၾကာင့္လည္း ျမန္မာျပည္သူ၊ျပည္သားေတြရဲ႕ ႐ိုင္းပင္းကူညီခ်င္စိတ္က ေလးစားဖို႔ေကာင္းပါတယ္။
လူထုလႈပ္ရွားမႈမွာ ပါဝင္ၾကတဲ့ျပည္သူေတြ အဟာရျပည့္ဖို႔အတြက္ အလႉရွင္တခ်ိဳ႕ကလည္း စားစရာေတြကိုအလွ်ံပယ္လႉဒါန္းၾကတာျဖစ္ပါတယ္။အခုရက္ပိုင္းထိလည္း တခ်ိဳ႕ေနရာေလးေတြမွာ စားစရာေတြလႉၾကေပမယ့္အရမ္းၿဖိဳခြင္းတဲ့ေနရာေတြမွာေတာ့ ဘာမွလႉလို႔မရတဲ့အေျခအေနျဖစ္ပါတယ္။
လူငယ္တခ်ိဳ႕ကေတာ့ မိမိတို႔အိမ္ကေန ထမင္းခ်ိဳင့္ထုတ္လာၿပီး လူထုလႈပ္ရွားမႈေတြမွာ အင္တိုက္အားတိုက္ ပါဝင္လႈပ္ရွားၾကတာ ျဖစ္ပါတယ္။အခုဆိုရင္လည္း လူငယ္ေလးတခ်ိဳ႕က လမ္းေပၚမွာပဲ ထမင္းခ်ိဳင့္ေလးကိုဖြင့္ၿပီး စားေသာက္ေနၾကတာ ျဖစ္ပါတယ္။
ေန႔လည္ခင္း ခဏနားၾကတဲ့အခ်ိန္မွာ လမ္းေဘးမွာပဲ သူငယ္ခ်င္းေတြအကုန္လုံး ဝိုင္းဖြဲ႕စားေသာက္ေနၾကတဲ့ျမင္ကြင္းေလးက ရင္ထဲကိုထိမွန္ေစပါတယ္။လူငယ္ေတြရဲ႕ စိတ္အားထက္သန္မႈေတြကလည္း တစ္ေန႔ထက္တစ္ေန႔ပိုမို အားေကာင္းလာၿပီး က်ဆုံးသြားတဲ့သူရဲေကာင္းေတြအတြက္ပါ ႀကိဳးစားေပးေနၾကတာ ျဖစ္ပါတယ္။
လူငယ္ေတြက သူတို႔ရဲ႕ဇြဲ၊လုံ႔လ၊ဝီရိယေတြနဲ႔ အခက္အခဲေပါင္းစုံကို ေက်ာ္ျဖတ္ၾကၿပီး ျဖစ္သလိုေန၊ျဖစ္သလိုစားေနၾကတဲ့ပုံရိပ္ေလးေတြက မ်က္ရည္က်ရေလာက္တဲ့အထိကို ဝမ္းသာပီတိျဖစ္မိလို႔ ဗီဒီယိုဖိုင္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။
Source&Video Credit: Original Uploder