အခ်စ္ေရး

ကိုယ့် ချစ်သူ က အလတ်တစ်ယောက်ဖြစ်နေမယ်ဆို သင်ကံကောင်းပြီလေ…

သင့် ချစ်သူ က ဖောက်ပြန် နိုင်သူမဟုတ်ကြောင်း သိသာစေမယ့် အချက်အလက်များ

သမီးရည်းစားကိစ္စတွေမှာ ဖောက်ပြန် လို့ လမ်းခွဲခဲ့ရတာတွေ အများကြီးပါ ။ လူတစ်ယောက်မှာဖောက်ပြန်နိုင်ခြေနည်းကြောင်း သိသာစေမယ့် အချက်လေးတွေကို အပြုသဘောဆောင်ကာရေးသား ဖော်ပြပေးလိုက်ရပါတယ်။

၁။ မောင်နှမတွေထဲမှာ အလတ်

အကြီးဆုံး ၊ အငယ်ဆုံးတို့ထက် အလတ်တွေက သူတို့ချစ်သူအပေါ်မှာ ကောင်းမွန်တဲ့ အပြုအမူတွေနဲ့ အပေးအယူ မျှတစွာ ချစ်တတ်ကြပါတယ် ။ ကိုယ့်ချစ်သူက အလတ်တစ်ယောက်ဖြစ်နေမယ်ဆို သင်ကံကောင်းပြီလေ…

၂။ မောင်နှမတွေသိုက်သိုက်ဝန်းဝန်းရှိတယ်

လေ့လာတွေ့ရှိမှုအရ ဖောက်ပြန်တတ်သူတွေဟာ အများအားဖြင့် တစ်ဦးတည်းသော သားသမီးတွေ ဖြစ်လေ့ရှိကြပါတယ်။ ကိုယ့်ချစ်သူကို တွေ့တဲ့အခါမေးကြည့်ပါ ။ အစ်မတွေ ညီမတွေ ရှိလားလို့… 😉

၃။ Metal သီချင်းတွေနားထောင်တယ်

စစ်တမ်းအရ Heavy Metal သီချင်းတွေ နားထောင်လေ့ရှိတဲ့သူတွေဟာ ဖောက်ပြန်ဖို့ အလားအလာ နည်းပါတယ်။

၄။ဝင်ငွေထပ်တူနီးပါးကျတယ်

အမေရိကန် လူမူကွန်ယက်ဆိုင်ရာ သုတေသန ပြုလုပ်ချက်အရ သင့်ချစ်သူဟာ သင်နှင့် ဝင်ငွေလစာ ထပ်တူနီးပါးကျလျှင် လှည့်စားနိုင်ခြေ နည်းပါးသည်ဟု သိရသည် ။ သင့်ထက် ပိုက်ဆံပိုများလျှင် (သို့) ပိုနည်းလျှင် ဖောက်ပြန်ဖို့ရာ အလားအလာပိုများပါတယ်။

^_^

၅။ သူ့သူငယ်ချင်းတွေကလည်း သစ္စာရှိကြတယ်

စာရေးဆရာ M. Gary Newman ရဲ့အဆိုအရ တံငါးနားနီး တံငါဆိုသလို ပေါင်းသင်းတဲ့သူငယ်ချင်းတွေက ဖောက်ပြန်တတ်သူတွေဆိုလျှင် သူလည်း ဖောက်ပြန်နိုင်ချေများပါတယ်။ သူငယ်ချင်းအများစုက သစ္စာရှိတတ်တဲ့သူဆိုရင်တော့ သူ့မှလည်း သစ္စာရှိတတ်တဲ့ စိတ်တွေ ရှိနေနိုင်ပါတယ်တဲ့ ။

၆။ နှိုးရခက်သူ

စိတ်မကောင်းစရာ လေ့လာတွေ့ရှိမှုတစ်ခုပါပဲ ။ အိပ်ရာနှိုးရလွယ်တဲ့သူတွေက နိုှးရခက်သူတွေထက် ဖောက်ပြန်နိုင်ခြေ ပိုရှိပါတယ်တဲ့..။

၇။ပျော်ပျော်နေတတ်သူ

ပျော်ပျော်နေတတ်သူတွေဟာ တစ်စုံတစ်ဦးရဲ့ လွှမ်းမိုးမူကို ခံရဖို့ရာ နည်းပါးပါတယ်။ သင့်ချစ်သူဟာ ပျော်ပျော်နေတတ်သူတစ်ဦးဆိုလျှင် အမြဲတမ်း အပြင်ထွက်နေတတ်တယ်ဆိုရင်တောင် သင့်အနေနဲ့ စိတ်ချထားနိုင်ပါတယ်။

၈။ ဖောက်ပြန်မှုကိုမကြိုက်သူ

ဒါကတော့ ရှင်းရှင်းလေးပါပဲ ။ ဖောက်ပြန်မှုတွေ ၊ သစ္စာမရှိမှုတွေကို မုန်းတဲ့သူတစ်ယောက်ဟာ သူကိုယ်တိုင်လည်း ဘယ်တော့မှ ဒီလိုလုပ်မှာမဟုတ်ပါဘူး။

၉။အချစ်ကိုခံစားယုံကြည်တတ်သူ

အမျိုးသားအများစုဟာ လိင်ပိုင်းဆိုင်ရာကိစ္စတွေမှာ စိတ်ကျေနပ်မှုမရလို့ ဖောက်ပြန်တတ်ကြတယ်ဆိုတာ မှားပါတယ်။ အနည်းစုအတွက်သာ မှန်ပါလိမ့်မယ်။ အမှန်တကယ်အားဖြင့် စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှုမရရှိ၍သာ ဖောက်ပြန်ကျတာပါ။ သမီးရည်းစားဆက်ဆံရေး (သို့) လင်မယားဆက်ဆံရေးမှာ စိတ်ပျော်ရွှင်မှုမရှိတော့လျှင် ဖောက်ပြန်ဖို့ အခွင့်အရေး ပိုများသွားပါလိမ့်မယ်။ တစ်ယောက်နှင့်တစ်ယောက် နားလည်မှု ၊ သည်းခံမှု ၊ လေးစားမှုတွေနှင့် ချစ်သွားကြမယ်ဆို အချစ်ရေးက ခိုင်မြဲနေပါလိမ့်မယ်။

Credit: (ရွှေအင်းလေး)

Zawgyi

သင့္ ခ်စ္သူ က ေဖာက္ျပန္ နိုင္သူမဟုတ္ေၾကာင္း သိသာေစမယ့္ အခ်က္အလက္မ်ား

သမီးရည္းစားကိစၥေတြမွာ ေဖာက္ျပန္ လို႔ လမ္းခြဲခဲ့ရတာေတြ အမ်ားၾကီးပါ ။ လူတစ္ေယာက္မွာေဖာက္ျပန္နိုင္ေျခနည္းေၾကာင္း သိသာေစမယ့္ အခ်က္ေလးေတြကို အျပဳသေဘာေဆာင္ကာေရးသား ေဖာ္ျပေပးလိုက္ရပါတယ္။

၁။ ေမာင္နွမေတြထဲမွာ အလတ္

အၾကီးဆံုး ၊ အငယ္ဆံုးတို႔ထက္ အလတ္ေတြက သူတို႔ခ်စ္သူအေပၚမွာ ေကာင္းမြန္တဲ့ အျပဳအမူေတြနဲ႔ အေပးအယူ မွ်တစြာ ခ်စ္တတ္ၾကပါတယ္ ။ ကိုယ့္ခ်စ္သူက အလတ္တစ္ေယာက္ျဖစ္ေနမယ္ဆို သင္ကံေကာင္းျပီေလ…

၂။ ေမာင္နွမေတြသိုက္သိုက္ဝန္းဝန္းရွိတယ္

ေလ့လာေတြ႔ရွိမႈအရ ေဖာက္ျပန္တတ္သူေတြဟာ အမ်ားအားျဖင့္ တစ္ဦးတည္းေသာ သားသမီးေတြ ျဖစ္ေလ့ရွိၾကပါတယ္။ ကိုယ့္ခ်စ္သူကို ေတြ႔တဲ့အခါေမးၾကည့္ပါ ။ အစ္မေတြ ညီမေတြ ရွိလားလို႔… 😉

၃။ Metal သီခ်င္းေတြနားေထာင္တယ္

စစ္တမ္းအရ Heavy Metal သီခ်င္းေတြ နားေထာင္ေလ့ရွိတဲ့သူေတြဟာ ေဖာက္ျပန္ဖို႔ အလားအလာ နည္းပါတယ္။

၄။ဝင္ေငြထပ္တူနီးပါးက်တယ္

အေမရိကန္ လူမူကြန္ယက္ဆိုင္ရာ သုေတသန ျပဳလုပ္ခ်က္အရ သင့္ခ်စ္သူဟာ သင္နွင့္ ဝင္ေငြလစာ ထပ္တူနီးပါးက်လွ်င္ လွည့္စားနိုင္ေျခ နည္းပါးသည္ဟု သိရသည္ ။ သင့္ထက္ ပိုက္ဆံပိုမ်ားလွ်င္ (သို႔) ပိုနည္းလွ်င္ ေဖာက္ျပန္ဖို႔ရာ အလားအလာပိုမ်ားပါတယ္။^_^

၅။ သူ႔သူငယ္ခ်င္းေတြကလည္း သစၥာရွိၾကတယ္

စာေရးဆရာ M. Gary Newman ရဲ႔အဆိုအရ တံငါးနားနီး တံငါဆိုသလို ေပါင္းသင္းတဲ့သူငယ္ခ်င္းေတြက ေဖာက္ျပန္တတ္သူေတြဆိုလွ်င္ သူလည္း ေဖာက္ျပန္နိုင္ေခ်မ်ားပါတယ္။ သူငယ္ခ်င္းအမ်ားစုက သစၥာရွိတတ္တဲ့သူဆိုရင္ေတာ့ သူ႔မွလည္း သစၥာရွိတတ္တဲ့ စိတ္ေတြ ရိွေနနုိင္ပါတယ္တဲ့ ။

၆။ နွိုးရခက္သူ

စိတ္မေကာင္းစရာ ေလ့လာေတြ႔ရွိိမႈတစ္ခုပါပဲ ။ အိပ္ရာနွိဳးရလြယ္တဲ့သူေတြက နုိွးရခက္သူေတြထက္ ေဖာက္ျပန္နိုင္ေျခ ပိုရွိပါတယ္တဲ့..။

၇။ေပ်ာ္ေပ်ာ္ေနတတ္သူ

ေပ်ာ္ေပ်ာ္ေနတတ္သူေတြဟာ တစ္စံုတစ္ဦးရဲ႕ လႊမ္းမိုးမူကို ခံရဖို႔ရာ နည္းပါးပါတယ္။ သင့္ခ်စ္သူဟာ ေပ်ာ္ေပ်ာ္ေနတတ္သူတစ္ဦးဆိုလွ်င္ အျမဲတမ္း အျပင္ထြက္ေနတတ္တယ္ဆိုရင္ေတာင္ သင့္အေနနဲ႕ စိတ္ခ်ထားနိုင္ပါတယ္။

၈။ ေဖာက္ျပန္မႈကုိမၾကိဳက္သူ

ဒါကေတာ့ ရွင္းရွင္းေလးပါပဲ ။ ေဖာက္ျပန္မႈေတြ ၊ သစၥာမရွိမႈေတြကို မုန္းတဲ့သူတစ္ေယာက္ဟာ သူကိုယ္တိုင္လည္း ဘယ္ေတာ့မွ ဒီလိုလုပ္မွာမဟုတ္ပါဘူး။

၉။အခ်စ္ကိုခံစားယံုၾကည္တတ္သူ

အမ်ိဳးသားအမ်ားစုဟာ လိင္ပိုင္းဆိုင္ရာကိစၥေတြမွာ စိတ္ေက်နပ္မႈမရလို႔ ေဖာက္ျပန္တတ္ၾကတယ္ဆိုတာ မွားပါတယ္။ အနည္းစုအတြက္သာ မွန္ပါလိမ့္မယ္။ အမွန္တကယ္အားျဖင့္ စိတ္ပိုင္းဆိုင္ရာ ေက်နပ္မႈမရရွိ၍သာ ေဖာက္ျပန္က်တာပါ။ သမီးရည္းစားဆက္ဆံေရး (သို႔) လင္မယားဆက္ဆံေရးမွာ စိတ္ေပ်ာ္ရႊင္မႈမရွိေတာ့လွ်င္ ေဖာက္ျပန္ဖို႔ အခြင့္အေရး ပိုမ်ားသြားပါလိမ့္မယ္။ တစ္ေယာက္နွင့္တစ္ေယာက္ နားလည္မႈ ၊ သည္းခံမႈ ၊ ေလးစားမႈေတြနွင့္ ခ်စ္သြားၾကမယ္ဆို အခ်စ္ေရးက ခိုင္ၿမဲေနပါလိမ့္မယ္။

Credit: (ေရႊအင္းေလး)