အခ်စ္ေရး

စိတ္ခ်လို႔ရတဲ့ ရင္ခြင္ဆိုတာ

စိတ္ခ်လို႔ရတဲ့ ရင္ခြင္ဆိုတာ…

ကိုယ္သူ႕အေပၚ ေကာင္းေနတဲ့ အခ်ိန္မ်ိဳးမွာမွ ကိုယ့္ကို ခ်စ္တာမ်ိဳး မဟုတ္ပဲ ကိုယ့္ဘက္က လိုအပ္ခ်က္ေတြ ဆိုးတာေတြ ရွိေနခဲ့ရင္ေတာင္ သူ႕ဘက္အျခမ္းက မေျပာင္းမလဲပဲ ခ်စ္ေနတဲ့ ရင္ခြင္တစ္ခုေပါ့ …။

Sensitive ျဖစ္လြန္းတဲ့သူေတြ သာမာန္ အေျခအေနမွာေတာင္ over thinking ေတြနဲ႔ ကိုယ့္စိတ္ကို ႏွိပ္စက္တတ္တဲ့ သူေတြအနားမွာ တကယ္မခ်စ္ဘဲ ၾကာၾကာေနလို႔ မရပါဘူး …။

နာက်င္ခဲ့ရတဲ့ ဒဏ္ရာေတြ ရခဲ့ဖူးတဲ့ သင္ခန္းစာေတြေၾကာင့္ ကိုယ့္အေပၚ ဆယ္ခါေလာက္ ေကာင္းခဲ့ရင္ေတာင္

တစ္ခါတစ္ေလ အေျပာမွား အဆိုမွား အျပဳအမူတစ္ခုခု မွားသြား႐ုံနဲ႔ အခ်ိန္မေ႐ြး negative vibe ေတြ ဝင္လာတတ္တာပါပဲ …။

အဲဒီအခါ လမ္းခြဲမယ့္စကားေတြ ခနခနေျပာ ၊ အခုပဲ မခ်စ္တတ္ေတာ့သလို အခုပဲ အဲဒီလူမရွိဘဲ ေနႏိုင္သြားသလိုနဲ႔

တဖက္လူအေပၚ ခ်က္ခ်င္း ေအးစက္စက္ေတြ ဆက္ဆံတတ္ၾကျပန္ေရာ …။

တကယ္ေတာ့ သူမရွိဘဲ ေနႏိုင္တာလည္း မဟုတ္ပဲနဲ႔ အေတြးေတြလြန္ အေျပာေတြလြန္ၿပီး တဖက္လူကို စိတ္ထိခိုက္ေအာင္ လုပ္တတ္ၾကတာပဲ မဟုတ္လား …၊

စိတ္ခ်ရတဲ့ ရင္ခြင္ဆိုတာကေတာ့ ကိုယ့္ရဲ႕ စိတ္ခံစားမႈေတြကို အၿမဲတမ္း သိေနၿပီး ကိုယ့္ကို နားလည္ႏိုင္ဖို႔ပဲ အၿမဲႀကိဳးစားတတ္တာမ်ိဳးေပါ့ …။

ကိုယ္ေပ်ာ္ဖို႔ဆို လမ္းခြဲဖို႔ တစ္ခုက လြဲၿပီး က်န္တာအကုန္ လိုက္ေလ်ာေပးတာ …၊

သူ႔ကို ဘယ္ေလာက္ပဲ စိတ္ကုန္တယ္ ေျပာေျပာ ကိုယ့္ကို စကားေတြနဲ႔ ၿပိဳင္ၿပီး ေခ်ပတာမ်ိဳး မလုပ္ပဲ ကိုယ္စိတ္တိုင္းက်လာတဲ့အထိ သူ႔ကိုယ္သူ ျပဳျပင္ေပးတာ …၊

သူ႔ဘက္က မမွားမွန္း သိသိလ်က္နဲ႔ ရစ္ေန ျပႆနာရွာေနရင္ေတာင္ ကိုယ္စိတ္ခ်မ္းသာေစဖို႔ ေတာင္းပန္ စကားေတြ ေျပာၿပီး ေခ်ာ့တတ္တာ …၊

ကိုယ္ဘယ္ေလာက္ဆိုးပါေစ၊ ဘယ္လိုပဲ ျပတ္မယ္ ခနခန ေျပာပါေစ၊ ေနာက္တေန႔ မနက္မွာ ကိုယ့္ကို ခပ္ၿပဳံးၿပဳံး ၾကည့္ေနတဲ့ ခ်စ္သူတစ္ေယာက္အျဖစ္ ဆက္ရွိေနမွာပဲဆိုတဲ့ ယုံၾကည္ျခင္းေတြနဲ႔ ကိုယ့္ကို လုံၿခဳံစိတ္ခ်ေစတာ …၊

အဲဒီ ယုံၾကည္မႈေတြ ေပးစြမ္းႏိုင္ျခင္းက စိတ္ထိရွလြယ္တတ္တဲ့ လူေတြအတြက္ေတာ့ အားကိုးရာ လုံၿခဳံရာ တန္ဖိုးမျဖတ္ႏိုင္တဲ့ ခ်စ္ျခင္းေမတၱာေတြပါပဲ …။

စိတ္ခ်ရတဲ့ ရင္ခြင္ဆိုတာ ကိုယ္ဘယ္လိုပဲ ထြက္သြားမယ္ေျပာေျပာ အခ်ိန္တန္ရင္ ျပန္လာရတဲ့ အိမ္ေလးတစ္လုံးပါပဲေနာ္ …။ ။

sakura

Unicode

စိတ်ချလို့ရတဲ့ ရင်ခွင်ဆိုတာ…

ကိုယ်သူ့အပေါ် ကောင်းနေတဲ့ အချိန်မျိုးမှာမှ ကိုယ့်ကို ချစ်တာမျိုး မဟုတ်ပဲ ကိုယ့်ဘက်က လိုအပ်ချက်တွေ ဆိုးတာတွေ ရှိနေခဲ့ရင်တောင် သူ့ဘက်အခြမ်းက မပြောင်းမလဲပဲ ချစ်နေတဲ့ ရင်ခွင်တစ်ခုပေါ့ …။

Sensitive ဖြစ်လွန်းတဲ့သူတွေ သာမာန် အခြေအနေမှာတောင် over thinking တွေနဲ့ ကိုယ့်စိတ်ကို နှိပ်စက်တတ်တဲ့ သူတွေအနားမှာ တကယ်မချစ်ဘဲ ကြာကြာနေလို့ မရပါဘူး …။

နာကျင်ခဲ့ရတဲ့ ဒဏ်ရာတွေ ရခဲ့ဖူးတဲ့ သင်ခန်းစာတွေကြောင့် ကိုယ့်အပေါ် ဆယ်ခါလောက် ကောင်းခဲ့ရင်တောင်

တစ်ခါတစ်လေ အပြောမှား အဆိုမှား အပြုအမူတစ်ခုခု မှားသွားရုံနဲ့ အချိန်မရွေး negative vibe တွေ ဝင်လာတတ်တာပါပဲ …။

အဲဒီအခါ လမ်းခွဲမယ့်စကားတွေ ခနခနပြော ၊ အခုပဲ မချစ်တတ်တော့သလို အခုပဲ အဲဒီလူမရှိဘဲ နေနိုင်သွားသလိုနဲ့

တဖက်လူအပေါ် ချက်ချင်း အေးစက်စက်တွေ ဆက်ဆံတတ်ကြပြန်ရော …။

တကယ်တော့ သူမရှိဘဲ နေနိုင်တာလည်း မဟုတ်ပဲနဲ့ အတွေးတွေလွန် အပြောတွေလွန်ပြီး တဖက်လူကို စိတ်ထိခိုက်အောင် လုပ်တတ်ကြတာပဲ မဟုတ်လား …၊

စိတ်ချရတဲ့ ရင်ခွင်ဆိုတာကတော့ ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို အမြဲတမ်း သိနေပြီး ကိုယ့်ကို နားလည်နိုင်ဖို့ပဲ အမြဲကြိုးစားတတ်တာမျိုးပေါ့ …။

ကိုယ်ပျော်ဖို့ဆို လမ်းခွဲဖို့ တစ်ခုက လွဲပြီး ကျန်တာအကုန် လိုက်လျောပေးတာ …၊

သူ့ကို ဘယ်လောက်ပဲ စိတ်ကုန်တယ် ပြောပြော ကိုယ့်ကို စကားတွေနဲ့ ပြိုင်ပြီး ချေပတာမျိုး မလုပ်ပဲ ကိုယ်စိတ်တိုင်းကျလာတဲ့အထိ သူ့ကိုယ်သူ ပြုပြင်ပေးတာ …၊

သူ့ဘက်က မမှားမှန်း သိသိလျက်နဲ့ ရစ်နေ ပြဿနာရှာနေရင်တောင် ကိုယ်စိတ်ချမ်းသာစေဖို့ တောင်းပန် စကားတွေ ပြောပြီး ချော့တတ်တာ …၊

ကိုယ်ဘယ်လောက်ဆိုးပါစေ၊ ဘယ်လိုပဲ ပြတ်မယ် ခနခန ပြောပါစေ၊ နောက်တနေ့ မနက်မှာ ကိုယ့်ကို ခပ်ပြုံးပြုံး ကြည့်နေတဲ့ ချစ်သူတစ်ယောက်အဖြစ် ဆက်ရှိနေမှာပဲဆိုတဲ့ ယုံကြည်ခြင်းတွေနဲ့ ကိုယ့်ကို လုံခြုံစိတ်ချစေတာ …၊

 

အဲဒီ ယုံကြည်မှုတွေ ပေးစွမ်းနိုင်ခြင်းက စိတ်ထိရှလွယ်တတ်တဲ့ လူတွေအတွက်တော့ အားကိုးရာ လုံခြုံရာ တန်ဖိုးမဖြတ်နိုင်တဲ့ ချစ်ခြင်းမေတ္တာတွေပါပဲ …။

စိတ်ချရတဲ့ ရင်ခွင်ဆိုတာ ကိုယ်ဘယ်လိုပဲ ထွက်သွားမယ်ပြောပြော အချိန်တန်ရင် ပြန်လာရတဲ့ အိမ်လေးတစ်လုံးပါပဲနော် …။ ။

sakura