ည၂နာရီအချိန်ဆရာတော်ဘုရားတပည့်တော်အမျိုးသမီးဘယ်လိုမှမီးဖွားလို့မရတော့လို့တပည့်တော်ကိုကူညီပေးပါဘုရားတဲ့သူလိုအဖေလည်းရှိနေသေးပါတယ်။ပြီးခဲ့တဲ့တစ်ပတ်ကည၂နာရီလောက်ဖုန်းဝင်လာတယ်။ကောက်ကိုင်လိုက်တယ်။
ဒီကဟဲလို…ဆိုတာနဲ့အမျိုးသားတစ်ယောက်အဝံ့မရဲတုန်တုန်ရီရီအသံနဲ့လျောက်ထားရှာတယ်။ဆရာတော်ဘုရားတပည့်တော်ကိုကူညီပါဦးဘုရား… တပည့်တော်အမျိုးသမီးလက်သည်နဲ့မီးဖွားတာဘယ်လိုမှမရတော့ဆေးရုံပို့ချင်လို့ပါဘုရား… အရေးပေါ်တပည့်တော်ကိုကူညီပေးပါဘုရားတဲ့။

သားသမီးဇောဇနီးဇောနဲ့သူ့ကိုယ်သူမနည်းကြိုးစားပြီးလျောက်ထားနေတယ်ဆိုတာသူ့အသံမှာပေါ်လွင်လှပါတယ်။ဒါနဲ့ဟုတ်ပြီဒကာလိပ်စာပြောပါ။လာခဲ့လိုက်မယ်။သိပ်မပူနဲ့အခုချက်ချင်းလာမယ်။
ဆေးရုံအတွက်လိုမယ်ထင်တာတွေပြင်ထားလို့ပြောပြီးလိပ်စာယူကာဖုန်းချလိုက်တယ်။ကျောင်းကနို့စို့ကလေးတာဝန်ခံဆရာတော်ဆီဖုန်းဆက်ပြီးကားသမားခေါ်ချက်ခြင်းထွက်သွားပြီးဆေးရုံပို့လိုအပ်တာအကုန်ဖြည့်ဆည်းပေးပြီးမနက်မိုးလင်းမှပြန်လာခဲ့ကြတယ်။
ဒီနေ့တော့မထင်မှတ်ဘဲအဲနေ့ကဖုန်းဆက်တဲ့ဒကာလေးပေါက်ချလာတယ်။ဘုန်းဘုန်းဘုရား…တပည့်တော်မိန်းမကကလေးပေးရမယ်ဆိုလို့တငိုငိုတရီရီဖြစ်နေပါတယ်ဘုရား။အခုကျောင်းဂိတ်ပေါက်မှာဘုန်းဘုန်းတွေကိုကြောက်လို့နေခဲ့ပါတယ်ဘုရား။
တပည့်တော်တို့ကလေးတပည့်တော်တို့ကိုမွေးခွင့်ပြုပါဘုရား။ဟိုနေ့ကမွေးစာရိတ်အားလုံးကိုတပည့်တော်လုပ်အားခလေးထဲကနေနည်းနည်းချင်းစီပြန်ဆပ်ပါ့မယ့်ဘုရားတဲ့မျက်နှာလေးအောက်ချကာလျောက်နေရှာတယ်။

သနားစရာ…ကျောင်းကသူတို့ကိုကူညီပေးတာနဲ့သူတို့ကလေးလေးကိုကျောင်းပေးရမယ်လို့ထင်နေကြရှာတာ။ဒါကြောင့်သူတို့ကိုပေးမွေးဖို့လာတောင်းပန်နေတာ။ဒါနဲ့သွားမိန်းမနဲ့ကလေးပါဒီခေါ်လာခဲ့လို့ခိုင်းလိုက်တယ်။
ရောက်လာတဲ့အခါငါတို့ကူညီတာဒီကလေးကိုယူဖို့မဟုတ်တဲ့အကြောင်း…ပြန်လည်းဆပ်ဖို့မလိုကြောင်းပြောလိုက်ပါတယ်။ငါတို့ကျောင်းမှာမွေးစားတယ်ဆိုတာမိဘမရှိတော့တဲ့ကလေးနဲ့မိဘရှိပေမယ့်ကလေးကိုလုံးဝမကျွေးမွေးနိုင်တဲ့ကလေးမျိုးတွေကိုသာသက်ဆိုင်ရာမိဘသို့မဟုတ်အုပ်ထိန်းသူကကြည်ဖြူစွာစာချုပ်မှာလက်မှတ်ထိုးလှူတဲ့ကလေးတွေကိုသာမွေးစားကြောင်း…
မိဘရှိပြီးမိဘကမွေးနိုင်သူကလေးတွေကိုမိဘအရိပ်မိဘရင်ခွင်မှာသာပြန်လည်မွေးစေကြကြောင်း…နှစ်ယေါက်လုံးနားလည်အောင်ရှင်းပြလိုက်ပါတယ်။
ပြီးမှကလေးကိုဂရုစိုက်မွေးဖို့စောင့်ရှောက်ဖို့မိဘတွေစွမ်းအားကြီးရင်သားသမီးတွေဘဝပိုမိုလှပကြောင်း… အဲဒီအတွက်ဇနီးမောင်နှံနှစ်ယောက်လုံးအရင်ကထက်နှစ်ဆပိုကြိုးစားဖို့လိုကြောင်း…အကယ်၍ဒကာလေးတို့ဘယ်လိုမှကိုမွေးဖို့အဆင်မပြေတော့ဘူးဆိုရင်တော့ကျောင်းကိုလာပေးနိုင်ကြောင်းစသည်ပြောကာ…ကလေးအတွက်လိုအပ်မယ့်အသုံးအဆောင်တွေပေးပြီးပြန်လွှတ်လိုက်ပါတယ်။
လောကထဲကိုအခုမှရောက်လာတဲ့ကလေးအတွက်အင်ပြည့်အားပြည့်ခြေလှမ်းတွေနဲ့ပြုံးရွှင်စွာပြန်သွားတဲ့နှစ်ဦးသားရဲ့ကျောပြင်ကိုကြည့်ပြီးဝမ်းသာဂုဏ်ယူစိတ်နဲ့ပြုံးရင်း….ဒီမိသားစုလေးအိုးမကွာအိမ်မကွာမေတ္တာတွေလွှမ်းခြုံကာနွေးထွေးတဲ့မိသားစုလေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။crd

ည၂နာရီအခ်ိန္ဆရာေတာ္ဘုရားတပည့္ေတာ္အမ်ိဳးသမီးဘယ္လိုမွမီးဖြားလို႔မရေတာ့လို႔တပည့္ေတာ္ကိုကူညီေပးပါဘုရားတဲ့သူလိုအေဖလည္းရွိေနေသးပါတယ္။ၿပီးခဲ့တဲ့တစ္ပတ္ကည၂နာရီေလာက္ဖုန္းဝင္လာတယ္။ေကာက္ကိုင္လိုက္တယ္။
ဒီကဟဲလို…ဆိုတာနဲ႔အမ်ိဳးသားတစ္ေယာက္အဝံ့မရဲတုန္တုန္ရီရီအသံနဲ႔ေလ်ာက္ထားရွာတယ္။ဆရာေတာ္ဘုရားတပည့္ေတာ္ကိုကူညီပါဦးဘုရား… တပည့္ေတာ္အမ်ိဳးသမီးလက္သည္နဲ႔မီးဖြားတာဘယ္လိုမွမရေတာ့ေဆး႐ုံပို႔ခ်င္လို႔ပါဘုရား… အေရးေပၚတပည့္ေတာ္ကိုကူညီေပးပါဘုရားတဲ့။
သားသမီးေဇာဇနီးေဇာနဲ႔သူ႔ကိုယ္သူမနည္းႀကိဳးစားၿပီးေလ်ာက္ထားေနတယ္ဆိုတာသူ႔အသံမွာေပၚလြင္လွပါတယ္။ဒါနဲ႔ဟုတ္ၿပီဒကာလိပ္စာေျပာပါ။လာခဲ့လိုက္မယ္။သိပ္မပူနဲ႔အခုခ်က္ခ်င္းလာမယ္။
ေဆး႐ုံအတြက္လိုမယ္ထင္တာေတြျပင္ထားလို႔ေျပာၿပီးလိပ္စာယူကာဖုန္းခ်လိုက္တယ္။ေက်ာင္းကႏို႔စို႔ကေလးတာဝန္ခံဆရာေတာ္ဆီဖုန္းဆက္ၿပီးကားသမားေခၚခ်က္ျခင္းထြက္သြားၿပီးေဆး႐ုံပို႔လိုအပ္တာအကုန္ျဖည့္ဆည္းေပးၿပီးမနက္မိုးလင္းမွျပန္လာခဲ့ၾကတယ္။
ဒီေန႔ေတာ့မထင္မွတ္ဘဲအဲေန႔ကဖုန္းဆက္တဲ့ဒကာေလးေပါက္ခ်လာတယ္။ဘုန္းဘုန္းဘုရား…တပည့္ေတာ္မိန္းမကကေလးေပးရမယ္ဆိုလို႔တငိုငိုတရီရီျဖစ္ေနပါတယ္ဘုရား။အခုေက်ာင္းဂိတ္ေပါက္မွာဘုန္းဘုန္းေတြကိုေၾကာက္လို႔ေနခဲ့ပါတယ္ဘုရား။
တပည့္ေတာ္တို႔ကေလးတပည့္ေတာ္တို႔ကိုေမြးခြင့္ျပဳပါဘုရား။ဟိုေန႔ကေမြးစာရိတ္အားလုံးကိုတပည့္ေတာ္လုပ္အားခေလးထဲကေနနည္းနည္းခ်င္းစီျပန္ဆပ္ပါ့မယ့္ဘုရားတဲ့မ်က္ႏွာေလးေအာက္ခ်ကာေလ်ာက္ေနရွာတယ္။

သနားစရာ…ေက်ာင္းကသူတို႔ကိုကူညီေပးတာနဲ႔သူတို႔ကေလးေလးကိုေက်ာင္းေပးရမယ္လို႔ထင္ေနၾကရွာတာ။ဒါေၾကာင့္သူတို႔ကိုေပးေမြးဖို႔လာေတာင္းပန္ေနတာ။ဒါနဲ႔သြားမိန္းမနဲ႔ကေလးပါဒီေခၚလာခဲ့လို႔ခိုင္းလိုက္တယ္။
ေရာက္လာတဲ့အခါငါတို႔ကူညီတာဒီကေလးကိုယူဖို႔မဟုတ္တဲ့အေၾကာင္း…ျပန္လည္းဆပ္ဖို႔မလိုေၾကာင္းေျပာလိုက္ပါတယ္။ငါတို႔ေက်ာင္းမွာေမြးစားတယ္ဆိုတာမိဘမရွိေတာ့တဲ့ကေလးနဲ႔မိဘရွိေပမယ့္ကေလးကိုလုံးဝမေကြၽးေမြးႏိုင္တဲ့ကေလးမ်ိဳးေတြကိုသာသက္ဆိုင္ရာမိဘသို႔မဟုတ္အုပ္ထိန္းသူကၾကည္ျဖဴစြာစာခ်ဳပ္မွာလက္မွတ္ထိုးလႉတဲ့ကေလးေတြကိုသာေမြးစားေၾကာင္း…
မိဘရွိၿပီးမိဘကေမြးႏိုင္သူကေလးေတြကိုမိဘအရိပ္မိဘရင္ခြင္မွာသာျပန္လည္ေမြးေစၾကေၾကာင္း…ႏွစ္ေယါက္လုံးနားလည္ေအာင္ရွင္းျပလိုက္ပါတယ္။
ၿပီးမွကေလးကိုဂ႐ုစိုက္ေမြးဖို႔ေစာင့္ေရွာက္ဖို႔မိဘေတြစြမ္းအားႀကီးရင္သားသမီးေတြဘဝပိုမိုလွပေၾကာင္း… အဲဒီအတြက္ဇနီးေမာင္ႏွံႏွစ္ေယာက္လုံးအရင္ကထက္ႏွစ္ဆပိုႀကိဳးစားဖို႔လိုေၾကာင္း…အကယ္၍ဒကာေလးတို႔ဘယ္လိုမွကိုေမြးဖို႔အဆင္မေျပေတာ့ဘူးဆိုရင္ေတာ့ေက်ာင္းကိုလာေပးႏိုင္ေၾကာင္းစသည္ေျပာကာ…ကေလးအတြက္လိုအပ္မယ့္အသုံးအေဆာင္ေတြေပးၿပီးျပန္လႊတ္လိုက္ပါတယ္။
ေလာကထဲကိုအခုမွေရာက္လာတဲ့ကေလးအတြက္အင္ျပည့္အားျပည့္ေျခလွမ္းေတြနဲ႔ၿပဳံး႐ႊင္စြာျပန္သြားတဲ့ႏွစ္ဦးသားရဲ႕ေက်ာျပင္ကိုၾကည့္ၿပီးဝမ္းသာဂုဏ္ယူစိတ္နဲ႔ၿပဳံးရင္း….ဒီမိသားစုေလးအိုးမကြာအိမ္မကြာေမတၱာေတြလႊမ္းၿခဳံကာေႏြးေထြးတဲ့မိသားစုေလးျဖစ္ပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။crd



