ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ပရဟိတမင်းသမီးချော ခိုင်နှင်းဝေကတော့ မကြာသေးခင်က လူရင်းတစ်ယောက်ရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်မှုကြောင့် ပရဟိတတွေ ပြုလုပ်ရာမှာ အသုံးပြုတဲ့သူရဲ့ ကားတစ်စီး လိမ်လည်ခံခဲ့ရတာ ပရိသတ်တွေလည်း ကြားသိတွေ့ကြမယ်ထင်ပါတယ်နော်။
ဒီနေ့မှာတော့ ခိုင်နှင်းဝေက “အယုံလွယ်မှုပဲလား။ဝဠ်ကြွေးကြောင့်ပဲလား။ဘဏ်မှာ ရှိနေတဲ့ သိန်း (၃၂၀) ကို (ကျမရဲ့ ချွေးနဲစာ စစ်စစ်များ (ဇာတ်လမ်းတွဲများ လက်ခံ ရိုက်ကူးပြီး) ) အကျေဆပ်လို့ ကားစာအုပ်လေးရွေးခဲ့ပါပြီရှင်။ဒဏ်ကြေးများ လျော့ပေါ့ပေးပါသော Bank ကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်။ ကလေးတွေ ဂေဟာ အတွက် လက်ရှိကားထက် ပိုကြီးသော ကားလေးကို အရစ်ကျဝယ်ဘို့ ဘဏ်နဲ့ ချိတ်ပြီး ကူညီပေးမှုကြောင့် ကြားခံလူ(လူရင်း လူရင်းကြီးကို ) ယုံကြည်စွာ ကားစာအုပ်ရောပေးပြီး လက်မှတ်ပါ ထိုးပေးခဲ့မိလို့ ကျွန်မ အပါအဝင် ကားပေါင်းများစွာကို လိမ်လည်မှုများထဲမှာ ကံဆိုးစွာ ပါဝင်ခဲ့ပါတယ်။
စိတ်မကောင်းဖြစ်မိတဲ့ အကြောင်းလေးကို ပြောပြရင်း ကျွန်မ အနုပညာအလုပ်လေးများ ပြန်လည် လုပ်ကိုင်ရတဲ့ အကြောင်းလေးကို အသိပေး ရင်ဖွင့်ဖြစ်ပါတယ်ရှင်.”ဆိုပြီး ပရဟိတအလုပ်တွေလုပ်ကိုင်နေရာကနေ အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်ခဲ့ရတဲ့ အကြောင်းရင်းကို အသိပေးရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။
Source – Khine Hnin Wai
Chilli – CeleZone
-Zawgyi Font ဖြင့် ဖတ်ရန်-
သူမရဲ႕စိတ္မေကာင္းစရာအျဖစ္ေတြကို ရင္ဖြင့္လာတဲ့ ခိုင္ႏွင္းေဝ
ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ ပရဟိတမင္းသမီးေခ်ာ ခိုင္ႏွင္းေဝကေတာ့ မၾကာေသးခင္က လူရင္းတစ္ေယာက္ရဲ႕ ယုံၾကည္မႈကို အလြဲသုံးစားလုပ္မႈေၾကာင့္ ပရဟိတေတြ ျပဳလုပ္ရာမွာ အသုံးျပဳတဲ့သူရဲ႕ ကားတစ္စီး လိမ္လည္ခံခဲ့ရတာ ပရိသတ္ေတြလည္း ၾကားသိေတြ႕ၾကမယ္ထင္ပါတယ္ေနာ္။
ဒီေန႔မွာေတာ့ ခိုင္ႏွင္းေဝက “အယုံလြယ္မႈပဲလား။ဝဠ္ေႂကြးေၾကာင့္ပဲလား။ဘဏ္မွာ ရွိေနတဲ့ သိန္း (၃၂၀) ကို (က်မရဲ႕ ေခြၽးနဲစာ စစ္စစ္မ်ား (ဇာတ္လမ္းတြဲမ်ား လက္ခံ ႐ိုက္ကူးၿပီး) ) အေက်ဆပ္လို႔ ကားစာအုပ္ေလးေ႐ြးခဲ့ပါၿပီရွင္။ဒဏ္ေၾကးမ်ား ေလ်ာ့ေပါ့ေပးပါေသာ Bank ကိုလဲ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ကေလးေတြ ေဂဟာ အတြက္ လက္ရွိကားထက္ ပိုႀကီးေသာ ကားေလးကို အရစ္က်ဝယ္ဘို႔ ဘဏ္နဲ႔ ခ်ိတ္ၿပီး ကူညီေပးမႈေၾကာင့္ ၾကားခံလူ(လူရင္း လူရင္းႀကီးကို ) ယုံၾကည္စြာ ကားစာအုပ္ေရာေပးၿပီး လက္မွတ္ပါ ထိုးေပးခဲ့မိလို႔ ကြၽန္မ အပါအဝင္ ကားေပါင္းမ်ားစြာကို လိမ္လည္မႈမ်ားထဲမွာ ကံဆိုးစြာ ပါဝင္ခဲ့ပါတယ္။
စိတ္မေကာင္းျဖစ္မိတဲ့ အေၾကာင္းေလးကို ေျပာျပရင္း က်ြန္မ အႏုပညာအလုပ္ေလးမ်ား ျပန္လည္ လုပ္ကိုင္ရတဲ့ အေၾကာင္းေလးကို အသိေပး ရင္ဖြင့္ျဖစ္ပါတယ္ရွင္.”ဆိုျပီး ပရဟိတအလုပ္ေတြလုပ္ကိုင္ေနရာကေန အနုပညာအလုပ္ေတြျပန္လည္လုပ္ကိုင္ခဲ့ရတဲ့ အေၾကာင္းရင္းကို အသိေပးရင္ဖြင့္လာခဲ့တာပဲျဖစ္ပါတယ္။
Source – Khine Hnin Wai
Chilli – CeleZone