မိမိအိမ်မှာ ထမင်း၊ ဟင်းတွေကျန်တဲ့အခါ ပြန်နွှေးစားတတ်ရင် ဒီပိုစ့်ကို ဖတ်ပေးပါ
အစားအသောက် ချစ်သူတွေဟာ အစားအစာတွေ မကုန်တဲ့ အခါ လွှင့်မပစ်တတ်ကြပါဘူး။ ပြန်နွှေးစားတတ်သလို အအေးခံထားပြီး နောက်နေ့ ပြန်စားတတ်ကြပါတယ်။
မီးဖိုချောင် အလေအလွှင့် နည်းစေတဲ့ နည်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အစားအစာတိုင်းကို ပြန်နွှေးပြီးစားတဲ့အခါ ဆိုးကျိုးရှိတတ်တဲ့ အစားအစာ အချို့ ရှိနေပါတယ်။
ခေတ်မှီလာတဲ့ အခါ မိုက်ကရိုဝေ့တွေကို တွင်ကျယ်စွာ သုံးလာကြပြီး ပြန်နွှေးစားဖို့ ပိုပြီး လွယ်ကူလာပါတယ်။ Food Standards Agency ရဲ့ အစားအစာတွေကို
စိတ်ချစွာ စားရဖို့ အတွက် အချက် ၄ချက်လိုကြောင်း ပြောထားပါတယ်။ ချက်ပြုတ်ခြင်း၊ သန့်ရှင်းခြင်း၊ အဆိပ်အတောက် ကိုရှောင်ရှားခြင်းနဲ့ အေးစက်ခြင်းတို့ ဖြစ်ပါတယ်။
အစားအစာတွေကို ချက်ပြုတ်ရာမှာ ပါဝင်တဲ့ ဘတ်တီးရီးယားတွေကို သတ်ဖို့အတွက်က အရေးအကြီးဆုံး အချက်ပါ။ အချို့အစားအစာတွေဟာ ပြန်နွှေးလိုက်ကာမှ ပိုးမွှားတွေအဖြစ် ပြောင်းသွားတာတွေ ရှိပါတယ်။ ပြန်နွှေး မစားသင့်တဲ့ အစားအစာတွေထဲမှာ မှားယွင်းပြီး မကြာခဏ ပြုလုပ်တတ်တဲ့ အစားအစာ ၃မျိုး ရှိပါတယ်။
ထမင်း
ထမင်းတွေ ကျန်တဲ့ အခါ ပြန်နွှေးညပီး စားခြင်းဟာ တကယ့် အန္တရာယ်ပါလို့ ပြောထားပါတယ်။မချက်ရသေးတဲ့ ဆန်မှာ ဘတ်တီးရီးယားတွေ ပါဝင်နိုင်ပေမယ့် ချက်ပြုတ်လိုက်တဲ့ အခါ မရှိကြတော့ပါဘူး။
ဒါပေမယ့် ထမင်းကျန်တွေကို မှန်ကန်တဲ့ အပူချိန်မှာ မသိမ်းတဲ့ အတွက် ပိုးမွှား တွေဟာ ပြန်ပြီး ရောက်လာတတ်ပါတယ်။ စားမိလိုက်တဲ့ အခါမှာ အစာမကြေခြင်းနဲ့ ပျို့အန်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
ပြန်နွှေးပြီး စားမယ် ဆိုရင်လည်း အလုပ်မဖြစ်ပါဘူး။ ပြန်နွှေးတဲ့ အပူချိန်မှာတောင် ရှိရင်းစွဲ ပိုးတွေဟာ မသေစေနိုင်တော့ပါဘူး။ ဒါကြောင့် ထမင်းကို ချက်ပြီး အကုန် စားတာဟာ အကောင်းဆုံးပါပဲ။
ချက်တဲ့ အခါမှာတင် တစ်ခါတည်း ကုန်နိုင်မယ့် ပမာဏကို ချိန်ပြီး ချက်သင့်ပါတယ်။ တကယ်လို့ ထမင်းတွေ ကျန်နေမယ်ဆိုရင်တော့ အခန်း အပူချိန်မှာ တစ်နာရီထက် ပိုပြီး မထားသင့်ပါဘူး။ ရေခဲသေတ္တာထဲကို ထည့်ထားပါ။ အကောင်းဆုံး ကတော့ ထမင်းကျန်တွေဟာ လူကို မကောင်းတဲ့ဖက် ဦးတည်နေတာမို့ ရှောင်သင့်ပါတယ်။
ဟင်းရွက်ဆီ
ဟင်းရွက်ဆီနဲ့ ချက်ပြုတ်ထားတဲ့ အစားအစာတွေကို ပြန်နွှေးတဲ့ အခါမှာလည်း သတိထားသင့်ပါတယ်။ ဒါဟာ နှလုံးရောဂါနဲ့ ကင်ဆာတွေကို ဖြစ်ပွားနိုင်တဲ့ ဆိုးကျိုးတွေ အထိ ရှိနေလို့ပါ။ လေ့လာတွေ့ရှိချက် အသစ်ရဲ့
ဖော်ပြချက်အရ ဟင်းရွက်ဆီတွေဟာ တစ်ခါထက်ပိုပြီး အပူပေးတဲ့ အခါ ပါဝင်တဲ့ဓာတ်တွေဟာ အက်ဆစ်အနေနဲ့ ပြောင်းသွားပြီး အဆိပ်ကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဟင်းရွက်ဆီနဲ့ ချက်တဲ့ဟင်းတွေ ကျန်တဲ့ အခါ ပြန်နွှေးမစားသင့်ပါဘူး။
ဟင်းသီးဟင်းရွက်
အသီးအရွက်တွေ ကြော်ထား၊ ချက်ထားတာကို စားခါနီး ပြန်နွှေးစားတာတို့ အကျန်ကို ပြန်နွှေးစားတာတို့ဟာ သတိထားရမယ့် အချက်တွေပါ။ ဟင်းရွက်တွေကို အပူပြန်ထပ်ပေးခြင်းဟာ အဆိပ်တွေ အဖြစ်ပြောင်းလဲဖို့ ဖိတ်ခေါ်သလို ဖြစ်သွားပါတယ်။
အသီးအရွက် ဟင်းကျန်တွေကို သိမ်းမယ်ဆိုရင်တောင် အပူချိန် 4’C ရဲ့ အောက်မှာပဲ သိမ်းသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ အစိမ်းရောင်း အသီးအရွက်တွေမှာပါတဲံ Nitrate ဓာတ်ပေါင်းဟာ အခန်းအပူချိန်မှာတင် ပိုးတွေကို ပြန်ပြီး ဖြစ်စေနိုင်တာကြောင့်ပါ။
ဒါကြောင့် ဒီ အစားအစာ ၃မျိုး ကျန်နေတဲ့ အခါ စားဖို့ အတတ်နိုင်ဆုံး ရှောင်ပေးပါ။ အကောင်းဆုံးကတော့ ချင့်ချိန်ပြီး ချက်ပြုတ်တာ အကောင်းဆုံးပါပဲ။ နောက်ထပ် ပြန်နွှေး မစားသင့်တဲ့ အစားအစာတွေ အကြောင်းကိုလည်း မျှဝေပေးပါဦးမယ်။
အားလုံးပဲ ကျန်းမာပြီး အလှတိုးနိုင်ကြပါစေ။
မိမိအိမ္မွာ ထမင္း၊ ဟင္းေတြက်န္တဲ့အခါ ျပန္ေႏႊးစားတတ္ရင္ ဒီပိုစ့္ကို ဖတ္ေပးပါ
အစားအေသာက္ ခ်စ္သူေတြဟာ အစားအစာေတြ မကုန္တဲ့ အခါ လႊင့္မပစ္တတ္ၾကပါဘူး။ ျပန္ေႏႊးစားတတ္သလို အေအးခံထားၿပီး ေနာက္ေန႔ ျပန္စားတတ္ၾကပါတယ္။
မီးဖိုေခ်ာင္ အေလအလႊင့္ နည္းေစတဲ့ နည္းလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ အစားအစာတိုင္းကို ျပန္ေႏႊးၿပီးစားတဲ့အခါ ဆိုးက်ိဳးရွိတတ္တဲ့ အစားအစာ အခ်ိဳ႕ ရွိေနပါတယ္။
ေခတ္မွီလာတဲ့ အခါ မိုက္ကရိုေဝ့ေတြကို တြင္က်ယ္စြာ သုံးလာၾကၿပီး ျပန္ေႏႊးစားဖို႔ ပိုၿပီး လြယ္ကူလာပါတယ္။ Food Standards Agency ရဲ့ အစားအစာေတြကို
စိတ္ခ်စြာ စားရဖို႔ အတြက္ အခ်က္ ၄ခ်က္လိုေၾကာင္း ေျပာထားပါတယ္။ ခ်က္ျပဳတ္ျခင္း၊ သန႔္ရွင္းျခင္း၊ အဆိပ္အေတာက္ ကိုေရွာင္ရွားျခင္းနဲ႔ ေအးစက္ျခင္းတို႔ ျဖစ္ပါတယ္။
အစားအစာေတြကို ခ်က္ျပဳတ္ရာမွာ ပါဝင္တဲ့ ဘတ္တီးရီးယားေတြကို သတ္ဖို႔အတြက္က အေရးအႀကီးဆုံး အခ်က္ပါ။ အခ်ိဳ႕အစားအစာေတြဟာ ျပန္ေႏႊးလိုက္ကာမွ ပိုးမႊားေတြအျဖစ္ ေျပာင္းသြားတာေတြ ရွိပါတယ္။ ျပန္ေႏႊး မစားသင့္တဲ့ အစားအစာေတြထဲမွာ မွားယြင္းၿပီး မၾကာခဏ ျပဳလုပ္တတ္တဲ့ အစားအစာ ၃မ်ိဳး ရွိပါတယ္။
ထမင္း
ထမင္းေတြ က်န္တဲ့ အခါ ျပန္ေႏႊးညပီး စားျခင္းဟာ တကယ့္ အႏၲရာယ္ပါလို႔ ေျပာထားပါတယ္။မခ်က္ရေသးတဲ့ ဆန္မွာ ဘတ္တီးရီးယားေတြ ပါဝင္နိုင္ေပမယ့္ ခ်က္ျပဳတ္လိုက္တဲ့ အခါ မရွိၾကေတာ့ပါဘူး။
ဒါေပမယ့္ ထမင္းက်န္ေတြကို မွန္ကန္တဲ့ အပူခ်ိန္မွာ မသိမ္းတဲ့ အတြက္ ပိုးမႊား ေတြဟာ ျပန္ၿပီး ေရာက္လာတတ္ပါတယ္။ စားမိလိုက္တဲ့ အခါမွာ အစာမေၾကျခင္းနဲ႔ ပ်ိဳ႕အန္ျခင္းတို႔ကို ျဖစ္ေစနိုင္ပါတယ္။
ျပန္ေႏႊးၿပီး စားမယ္ ဆိုရင္လည္း အလုပ္မျဖစ္ပါဘူး။ ျပန္ေႏႊးတဲ့ အပူခ်ိန္မွာေတာင္ ရွိရင္းစြဲ ပိုးေတြဟာ မေသေစနိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ ထမင္းကို ခ်က္ၿပီး အကုန္ စားတာဟာ အေကာင္းဆုံးပါပဲ။
ခ်က္တဲ့ အခါမွာတင္ တစ္ခါတည္း ကုန္နိုင္မယ့္ ပမာဏကို ခ်ိန္ၿပီး ခ်က္သင့္ပါတယ္။ တကယ္လို႔ ထမင္းေတြ က်န္ေနမယ္ဆိုရင္ေတာ့ အခန္း အပူခ်ိန္မွာ တစ္နာရီထက္ ပိုၿပီး မထားသင့္ပါဘူး။ ေရခဲေသတၱာထဲကို ထည့္ထားပါ။ အေကာင္းဆုံး ကေတာ့ ထမင္းက်န္ေတြဟာ လူကို မေကာင္းတဲ့ဖက္ ဦးတည္ေနတာမို႔ ေရွာင္သင့္ပါတယ္။
ဟင္းရြက္ဆီ
ဟင္းရြက္ဆီနဲ႔ ခ်က္ျပဳတ္ထားတဲ့ အစားအစာေတြကို ျပန္ေႏႊးတဲ့ အခါမွာလည္း သတိထားသင့္ပါတယ္။ ဒါဟာ ႏွလုံးေရာဂါနဲ႔ ကင္ဆာေတြကို ျဖစ္ပြားနိုင္တဲ့ ဆိုးက်ိဳးေတြ အထိ ရွိေနလို႔ပါ။ ေလ့လာေတြ႕ရွိခ်က္ အသစ္ရဲ့
ေဖာ္ျပခ်က္အရ ဟင္းရြက္ဆီေတြဟာ တစ္ခါထက္ပိုၿပီး အပူေပးတဲ့ အခါ ပါဝင္တဲ့ဓာတ္ေတြဟာ အက္ဆစ္အေနနဲ႔ ေျပာင္းသြားၿပီး အဆိပ္ကို ျဖစ္ေစတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ဟင္းရြက္ဆီနဲ႔ ခ်က္တဲ့ဟင္းေတြ က်န္တဲ့ အခါ ျပန္ေႏႊးမစားသင့္ပါဘူး။
ဟင္းသီးဟင္းရြက္
အသီးအရြက္ေတြ ေၾကာ္ထား၊ ခ်က္ထားတာကို စားခါနီး ျပန္ေႏႊးစားတာတို႔ အက်န္ကို ျပန္ေႏႊးစားတာတို႔ဟာ သတိထားရမယ့္ အခ်က္ေတြပါ။ ဟင္းရြက္ေတြကို အပူျပန္ထပ္ေပးျခင္းဟာ အဆိပ္ေတြ အျဖစ္ေျပာင္းလဲဖို႔ ဖိတ္ေခၚသလို ျဖစ္သြားပါတယ္။
အသီးအရြက္ ဟင္းက်န္ေတြကို သိမ္းမယ္ဆိုရင္ေတာင္ အပူခ်ိန္ 4’C ရဲ့ ေအာက္မွာပဲ သိမ္းသင့္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ေတာ့ အစိမ္းေရာင္း အသီးအရြက္ေတြမွာပါတဲံ Nitrate ဓာတ္ေပါင္းဟာ အခန္းအပူခ်ိန္မွာတင္ ပိုးေတြကို ျပန္ၿပီး ျဖစ္ေစနိုင္တာေၾကာင့္ပါ။
ဒါေၾကာင့္ ဒီ အစားအစာ ၃မ်ိဳး က်န္ေနတဲ့ အခါ စားဖို႔ အတတ္နိုင္ဆုံး ေရွာင္ေပးပါ။ အေကာင္းဆုံးကေတာ့ ခ်င့္ခ်ိန္ၿပီး ခ်က္ျပဳတ္တာ အေကာင္းဆုံးပါပဲ။ ေနာက္ထပ္ ျပန္ေႏႊး မစားသင့္တဲ့ အစားအစာေတြ အေၾကာင္းကိုလည္း မၽွေဝေပးပါဦးမယ္။
အားလုံးပဲ က်န္းမာၿပီး အလွတိုးနိုင္ၾကပါေစ။