သင်ဟာ ၁၉၉၃ ခုနှစ်မှာ မွေးသူတစ်ဦးဆိုရင် ဒီနှစ်ထဲမှာ ၂၅ နှစ်ပြည့်မှာဖြစ်ပြီး ၉၃ အောက်မွေးသူတွေကတော့ ၂၅ ကျော်သွားပါပြီ။ဒီအရွယ်ဟာ လူငယ်လည်းမဟုတ်တော့သလို၊ လူကြီးလည်းမဟုတ်ပေမယ့် လူလတ်ပိုင်းအရွယ်အစ ဖြစ်တာမို့ နေထိုင်မှုပုံစံမှာ ပြုပြင်ပြောင်းလဲမှုလေး အနည်းငယ် လိုအပ်လာပါပြီ။
၁ – ဈေးပေါပေါအင်္ကျီတွေမဝယ်နဲ့တော့။
ဒီအရွယ်မှာ အများအားဖြင့် ဝင်ငွေရှာနိုင်တဲ့ အရွယ်အပိုင်းအခြား ဖြစ်နေပြီဖြစ်သလို ငယ်ငယ်တုန်းကလို ဈေးနည်းနည်းနဲ့ အထည်များများ ဝယ်တာမျိုး မလုပ်သင့်တော့ပါဘူး။
သင့်ရဲ့အလုပ်အကိုင်၊ အသက်အရွယ်၊ ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်ညီတဲ့ အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်သင့်သလို ခပ်ပေါပေါ အဝတ်အစားမျိုးထက် ဈေးနှုန်းသင့်တင့်ပြီး ဝတ်လိုက်တာနဲ့ အဆင့်အတန်းတစ်ခုရှိတဲ့ ပုံစံမျိုးကို ဝတ်ဆင်သင့်ပါတယ်။
၂ – ရည်းစားမရှုပ်နဲ့တော့။
ဘဝအတွက် အတည်တကျ ရွေးချယ်သင့်တဲ့ အရွယ်တစ်ခု ရောက်နေပြီမို့ ငယ်ငယ်တုန်းကလို အပျော်ရည်းစားထားတာမျိုးကို ဒီအချိန်မှာ ရှောင်ရှားသင့်ပါပြီ။သင်နဲ့ အမူအကျင့်ခြင်း လိုက်ဖက်ညီမယ့်၊ သင်ကိုချစ်တဲ့၊ သင်ကလည်းချစ်တဲ့ ဘဝလက်တွဲဖော်တစ်ဦးကို နှလုံးသားနဲ့ ဦးနှောက်တို့ ပူးပေါင်းပြီး ရွေးချယ်သင့်တဲ့အချိန်ပါ။
၃ – သူများတွေရဲ့ထင်မြင်ချက်တွေကို ဂရုမစိုက်နဲ့တော့။
ငယ်ငယ်တုန်းကတော့ မိဘကခွင့်မပြုလို့ မလုပ်ရဘူး။ ပတ်ဝန်းကျင်က ဒီလိုမြင်မှာဆိုးလို့ မလုပ်ဖြစ်ဘူး။ ဟိုလူတွေက ဟိုလိုများပြောမလား၊ ဒီလိုများပြောမလားဆိုပြီး သူများရဲ့ ဝေဖန်မှုတွေကို ဂရုမစိုက်ပါနဲ့တော့။သင့်မှာလည်း ထိုက်သင့်တဲ့ အသိဉာဏ်၊ အတွေးအခေါ်ရှိနေပြီမို့ သင့်ရဲ့လုပ်ကိုင်ပုံ ကောင်းခြင်း၊ ဆိုးခြင်းကို သင်ကိုယ်တိုင် အမှားအမှန်ခွဲခြားနေနိုင်ပါပြီ။
၄ – မိဘတွေကို အပြစ်မတင်နဲ့တော့။
ဟုတ်ပါတယ်။ ဘယ်သူမှတော့ အရာရာပြီးပြည့်စုံတယ်ရယ်လို့ မရှိပါဘူး။ ဆင်းဆင်းရဲရဲမွေးလာရတဲ့ သင့်အပြစ်မဟုတ်ပါဘူး။ ဆင်းဆင်းရဲရဲသေသွားရရင်သာ သင့်အပြစ်ပါ။
သင်မိဘတွေက သင့်အပေါ် မဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ အချို့သော ကိစ္စရပ်တွေအတွက် သူတို့ကို ဗွေမယူပါနဲ့။ သင့်သားသမီးတွေလက်ထက်မှာ သင်ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားပါ။
၅ – ငွေတွေမဖြုန်းနဲ့တော့။
လူငယ်ဘဝမှာတော့ ငွေတန်ဖိုးမသိသေးလို့ မလိုအပ်တဲ့ အပိုတွေကို သုံးဖြုန်းပစ်မိခဲ့ပေမယ့် ၂၄ ဆိုတဲ့ ဒီအရွယ်နောက်ပိုင်းမှာတော့ ငွေစုချိန်ရောက်ပြီ ဖြစ်ပါတယ်။
သင့်ဘဝတိုးတက်ရေးအတွက် ငွေကို မလိုအပ်ပဲ မဖြုန်းပစ်သင့်သလို စုနေယုံနဲ့လည်း မပြီးပဲ တိုးပွားအောင် ကြံဆောင်နိုင်ရမယ့် အရွယ်ပါ။ ပညာကိုရှာပြီးချိန်မို့ အချိန်တွေကို ဥစ္စာအတွက် ရင်းနှီးမြှုပ်နှံပါ။
၆ – အင်တာနက်မှာပဲ အချိန်တွေအကြာကြီး မဖြုန်းနဲ့တော့။
ယနေ့ခေတ်မှာ လူငယ်တွေဟာ အင်တာနက် လူမှုကွန်ယက်တွေကို ပိုမိုစွဲလမ်းလာကြပြီး အဲ့ဒီအပေါ်မှာပဲ အလကားအချိန်တွေ ကုန်နေတတ်ကြပါတယ်။
၂၄ နှစ်နောက်ပိုင်းမှာတော့ ဒီအပြုအမူတွေကို အတတ်နိုင်ဆုံး လျှော့ချထားလိုက်ပါ။ အင်တာနက်သုံးတယ်ဆိုရင်လည်း Facebook တစ်ခုထဲသာ အဓိကမထားပဲ သင့်ရဲ့ လူမှုရေး၊ အလုပ်အကိုင်၊ ပညာရေးဆိုင်ရာတွေအတွက် အချိန်အနည်းငယ်တော့ အသုံးချထားသင့်ပါတယ်။
၇ – လူတိုင်းအပေါ် အရမ်းမကောင်းနဲ့တော့။
စေတနာသည် လူတိုင်းနဲ့မတန်ဆိုတာ ဒီအရွယ်မှာ သဘောပေါက်သင့်သလောက် ပေါက်ပြီးသား ဖြစ်မှာပါ။
လူတိုင်းအပေါ် အရမ်းမကောင်းပါနဲ့။ ဒါဟာစိတ်ယုတ်မွေးဖို့ကို ဆိုလိုတာမဟုတ်ပဲ၊ လှိုက်လှိုက်လဲှလှဲ ပစ်ယုံလိုက်တာမျိုးကို ရှောင်ရှားတတ်ဖို့ ဆိုလိုတာပါ။ အားနာလို့ ခါးပါရတဲ့ ကိစ္စမျိုးကို ပရိယာယ်နဲ့ ရှောင်ပါ။
Credit : မူရင်း
zawgyi
သင္ဟာ ၁၉၉၃ ခုႏွစ္မွာ ေမြးသူတစ္ဦးဆိုရင္ ဒီႏွစ္ထဲမွာ ၂၅ ႏွစ္ျပည့္မွာျဖစ္ၿပီး ၉၃ ေအာက္ေမြးသူေတြကေတာ့ ၂၅ ေက်ာ္သြားပါၿပီ။ဒီအ႐ြယ္ဟာ လူငယ္လည္းမဟုတ္ေတာ့သလို၊ လူႀကီးလည္းမဟုတ္ေပမယ့္ လူလတ္ပိုင္းအ႐ြယ္အစ ျဖစ္တာမို႔ ေနထိုင္မႈပုံစံမွာ ျပဳျပင္ေျပာင္းလဲမႈေလး အနည္းငယ္ လိုအပ္လာပါၿပီ။
၁ – ေဈးေပါေပါအက်ႌေတြမဝယ္နဲ႔ေတာ့။
ဒီအ႐ြယ္မွာ အမ်ားအားျဖင့္ ဝင္ေငြရွာႏိုင္တဲ့ အ႐ြယ္အပိုင္းအျခား ျဖစ္ေနၿပီျဖစ္သလို ငယ္ငယ္တုန္းကလို ေဈးနည္းနည္းနဲ႔ အထည္မ်ားမ်ား ဝယ္တာမ်ိဳး မလုပ္သင့္ေတာ့ပါဘူး။
သင့္ရဲ႕အလုပ္အကိုင္၊ အသက္အ႐ြယ္၊ ခႏၶာကိုယ္အခ်ိဳးအစားနဲ႔ လိုက္ဖက္ညီတဲ့ အဝတ္အစားမ်ိဳးကို ေ႐ြးခ်ယ္ဝတ္ဆင္သင့္သလို ခပ္ေပါေပါ အဝတ္အစားမ်ိဳးထက္ ေဈးႏႈန္းသင့္တင့္ၿပီး ဝတ္လိုက္တာနဲ႔ အဆင့္အတန္းတစ္ခုရွိတဲ့ ပုံစံမ်ိဳးကို ဝတ္ဆင္သင့္ပါတယ္။
၂ – ရည္းစားမရႈပ္နဲ႔ေတာ့။
ဘဝအတြက္ အတည္တက် ေ႐ြးခ်ယ္သင့္တဲ့ အ႐ြယ္တစ္ခု ေရာက္ေနၿပီမို႔ ငယ္ငယ္တုန္းကလို အေပ်ာ္ရည္းစားထားတာမ်ိဳးကို ဒီအခ်ိန္မွာ ေရွာင္ရွားသင့္ပါၿပီ။သင္နဲ႔ အမူအက်င့္ျခင္း လိုက္ဖက္ညီမယ့္၊ သင္ကိုခ်စ္တဲ့၊ သင္ကလည္းခ်စ္တဲ့ ဘဝလက္တြဲေဖာ္တစ္ဦးကို ႏွလုံးသားနဲ႔ ဦးေႏွာက္တို႔ ပူးေပါင္းၿပီး ေ႐ြးခ်ယ္သင့္တဲ့အခ်ိန္ပါ။
၃ – သူမ်ားေတြရဲ႕ထင္ျမင္ခ်က္ေတြကို ဂ႐ုမစိုက္နဲ႔ေတာ့။
ငယ္ငယ္တုန္းကေတာ့ မိဘကခြင့္မျပဳလို႔ မလုပ္ရဘူး။ ပတ္ဝန္းက်င္က ဒီလိုျမင္မွာဆိုးလို႔ မလုပ္ျဖစ္ဘူး။ ဟိုလူေတြက ဟိုလိုမ်ားေျပာမလား၊ ဒီလိုမ်ားေျပာမလားဆိုၿပီး သူမ်ားရဲ႕ ေဝဖန္မႈေတြကို ဂ႐ုမစိုက္ပါနဲ႔ေတာ့။သင့္မွာလည္း ထိုက္သင့္တဲ့ အသိဉာဏ္၊ အေတြးအေခၚရွိေနၿပီမို႔ သင့္ရဲ႕လုပ္ကိုင္ပုံ ေကာင္းျခင္း၊ ဆိုးျခင္းကို သင္ကိုယ္တိုင္ အမွားအမွန္ခြဲျခားေနႏိုင္ပါၿပီ။
၄ – မိဘေတြကို အျပစ္မတင္နဲ႔ေတာ့။
ဟုတ္ပါတယ္။ ဘယ္သူမွေတာ့ အရာရာၿပီးျပည့္စုံတယ္ရယ္လို႔ မရွိပါဘူး။ ဆင္းဆင္းရဲရဲေမြးလာရတဲ့ သင့္အျပစ္မဟုတ္ပါဘူး။ ဆင္းဆင္းရဲရဲေသသြားရရင္သာ သင့္အျပစ္ပါ။
သင္မိဘေတြက သင့္အေပၚ မျဖည့္ဆည္းေပးႏိုင္ခဲ့တဲ့ အခ်ိဳ႕ေသာ ကိစၥရပ္ေတြအတြက္ သူတို႔ကို ေဗြမယူပါနဲ႔။ သင့္သားသမီးေတြလက္ထက္မွာ သင္ျဖည့္ဆည္းေပးႏိုင္ေအာင္ ႀကိဳးစားပါ။
၅ – ေငြေတြမျဖဳန္းနဲ႔ေတာ့။
လူငယ္ဘဝမွာေတာ့ ေငြတန္ဖိုးမသိေသးလို႔ မလိုအပ္တဲ့ အပိုေတြကို သုံးျဖဳန္းပစ္မိခဲ့ေပမယ့္ ၂၄ ဆိုတဲ့ ဒီအ႐ြယ္ေနာက္ပိုင္းမွာေတာ့ ေငြစုခ်ိန္ေရာက္ၿပီ ျဖစ္ပါတယ္။
သင့္ဘဝတိုးတက္ေရးအတြက္ ေငြကို မလိုအပ္ပဲ မျဖဳန္းပစ္သင့္သလို စုေနယုံနဲ႔လည္း မၿပီးပဲ တိုးပြားေအာင္ ႀကံေဆာင္ႏိုင္ရမယ့္ အ႐ြယ္ပါ။ ပညာကိုရွာၿပီးခ်ိန္မို႔ အခ်ိန္ေတြကို ဥစၥာအတြက္ ရင္းႏွီးျမႇဳပ္ႏွံပါ။
၆ – အင္တာနက္မွာပဲ အခ်ိန္ေတြအၾကာႀကီး မျဖဳန္းနဲ႔ေတာ့။
ယေန႔ေခတ္မွာ လူငယ္ေတြဟာ အင္တာနက္ လူမႈကြန္ယက္ေတြကို ပိုမိုစြဲလမ္းလာၾကၿပီး အဲ့ဒီအေပၚမွာပဲ အလကားအခ်ိန္ေတြ ကုန္ေနတတ္ၾကပါတယ္။
၂၄ ႏွစ္ေနာက္ပိုင္းမွာေတာ့ ဒီအျပဳအမူေတြကို အတတ္ႏိုင္ဆုံး ေလွ်ာ့ခ်ထားလိုက္ပါ။ အင္တာနက္သုံးတယ္ဆိုရင္လည္း Facebook တစ္ခုထဲသာ အဓိကမထားပဲ သင့္ရဲ႕ လူမႈေရး၊ အလုပ္အကိုင္၊ ပညာေရးဆိုင္ရာေတြအတြက္ အခ်ိန္အနည္းငယ္ေတာ့ အသုံးခ်ထားသင့္ပါတယ္။
၇ – လူတိုင္းအေပၚ အရမ္းမေကာင္းနဲ႔ေတာ့။
ေစတနာသည္ လူတိုင္းနဲ႔မတန္ဆိုတာ ဒီအ႐ြယ္မွာ သေဘာေပါက္သင့္သေလာက္ ေပါက္ၿပီးသား ျဖစ္မွာပါ။
လူတိုင္းအေပၚ အရမ္းမေကာင္းပါနဲ႔။ ဒါဟာစိတ္ယုတ္ေမြးဖို႔ကို ဆိုလိုတာမဟုတ္ပဲ၊ လႈိက္လႈိက္လဲွလွဲ ပစ္ယုံလိုက္တာမ်ိဳးကို ေရွာင္ရွားတတ္ဖို႔ ဆိုလိုတာပါ။ အားနာလို႔ ခါးပါရတဲ့ ကိစၥမ်ိဳးကို ပရိယာယ္နဲ႔ ေရွာင္ပါ။
Credit : မူရင္း