မယားရှိ… ယောက်င်္ကျားတွေလင်ရှိတဲ့ …မယားတွေအသေချာ ဖတ်ကြည့်သွားကြပါ
လင်ရှိတဲ့ မယားတွေမယားရှိတဲ့ဖွန်ရူးတွေ သေချာဖတ်ပါဒူးနဲ့မျက်ရည်သုတ်ရတဲ့ဘဝမရောက်ခင်ပြင်သင့်တာကိုပြင်ပါ
သက္ခာ အကြောက်တရား မရှိရင်ဆက်လုပ်ချင်ရာလုပ်ကြပါသူတော်စဉ်ယောင်ယောင် လူကြီးလူကောင်ယောင်ယောင်နဲ့ကြောင် သူတော်ကြွက် သခိုးမလုပ်ကြပါနဲ့
Onlineသုံးပြီးအရွံဆုံးကလင်ရှာမယားရှာလင်ရူးဖွန်ရူးတွေပဲအိမ်ကညီမအမနဲ့ဇနီမယားကိုလူများတွေကြည့်မှာကိုကြောက်တဲ့လူသဝန်တိုတတ်တဲ့လူလူများသားမယားကိုကြတော့ဘာလို့အချောင်နှိက်ချင်နေကြတာလဲ …?
တိုက်ဆိုင်လို့ စိတ်ဆိုးရင် တစ်ခါတည်းBlock သွားပါ အမှန်တရားက အမှန်တရားပါပဲ
“အိမ်ထောင်ရှင်နှင့်” On Line ” အန္တရာယ်”
ခေတ် ကာလ ပြောင်းလာသည်နှင့်အမျှ(ပြစ်မူ့)ကျူးလွန်မှု့များသည် ပို၍ပို၍ လွယ်ကူလှသည်။
ရှေးယခင်ချစ်သူရည်းစားထားဖို့ခက်ခဲကောင်း.ခက်ခဲပါလိမ့်မယ်ယခုခေတ် ကာလတွင် ” Online Chatting”ပြုခြင်းစသည်များပေါများလာသည်။ဖုံးနှင့်လက်ညိုးထိရုံဖြင့် ရည်းစားဖြစ်သွားကြသည်။
အိမ်တွင်းပုန်းများသိက္ခာရှင်အမျိုးသမီးများယောက်ျားတယောက်နှင့်ပြင်ပ၌စကားပြောဖို့ကြောက်ရွံ့သူများပင် အမျိုးသားများစွာဖြင့်” chat box” မှာ သာယာနေကြသည်။
” Facebook,Bee-Talk,WeChat “စသည့်နေရာများ၌ အပျိုအအို အိမ်ထောင်သည်လူငယ်လူကြီးများစွာဖြင့်ပြည့်နှက်နေကြသည်။
အပျိုလူပျိုကဏ္ဍထက် အိမ်ထောင်သည်ယောက်ျားမိန်းမများသည်လည်း ” online”မိတ်ဆွေများထားရှိကြသည်။
အချို့အချို့လည်းစည်းရှိကြတယ်မိမိအ သုံးပြုခြင်းသည့်ဘာသာရေး၊လူမှုရေး၊ သတင်းဆိုင်ရာဗဟုသုတများအတွက် ဖြစ်သည်။
သို့သော်အချို့အိမ်ထောင်သည်အမျိုးသမီးများသည်ခင်ပွန်းသည်အိမ်မှာမရှိခိုက်”online” ပေါ်မှယောက်ျားကလေးများဖြင့်ပြောဆိုရင်းနှီးကျွမ်းဝင်ကြသည်။
မိမိပုံ” ph number” စသည့်ကိုယ်ရေးအချက်များပင်ပေးပို့၍ပျော်ရွှင်နေတတ်သည်။
အချို့ယောက်ျားများသည် ဘာလာလာ “down “မည်ဆိုသလို လင်မရှိမယားမှန်းသိသိရဲ့”သူတောင်ရောသေးတာဘဲ ကိုယ်လဲ” Q “မှာပေါ့”စသည့်တဆင့်တဆင့်ရှေ့သို့တိုးလာသည်။
ဤကဲ့သို့ပင် အချို့အိမ်ထောင်ရှင်ယောက်ျားများသည်လည်း ” online” ပေါ်မှမိန်းကလေးများအားအပြင်၌ချိန်းဆိုခြင်း ချစ်ကြိုက်ပါသည်ဟုပြောဆိုခြင်းစည်းသစ္စာဖောက်မှု့များကျူးလွန်လာကြသည်။
အချို့မိန်းကလေးများသည် ချစ်မိသည့်အခါ အိမ်ထောင်သည်ဖြစ်နေပါစေ ရယူလိုကြသည်။
အိမ်ထောင်ရှိအမျိုးသားသည် လူပျိုယောက်ျားလေးထက် အမျိုးသမီးအပေါ်သာယာမှု့ပိုပေးတတ်သောကြောင့် နောက်ဆုံးလွန်ကြူးမိကြသည့် အခါကြီးမားသောပြဿ နာရပ်များပေါ်ပေါက်ကြရသည်။
ဘာမှမဟုတ်ပါဘူး!ဒီလောက်လည်းမဆိုးရွားလောက်ပါ!အပျော်ဘဲဆိုသည့်” Hi” တလုံးမှစတင်ကာ အိမ်ထောင်ကွဲမှု့များအထိဖြစ်လာတတ်သည်။
စာတကြောင်း ” call ” လေးတခုကြောင့် သွားလာဟူသည်များဖြစ်လာတတ်သည်။
ကာမပိုင်ဇနီးခင်ပွန်းမဆိုနှင့် ချစ်သူရည်းစားများသည်ပင် မိမိချစ်သူသူစိမ်းသူနှင့် ပြောဆိုဆက်ဆံနေသည်ကို”နှလုံးသားရှိသူ အဘယ်သူလိုလားအံ့နည်း”
ဤကဲ့သို့ ကိစ္စရပ်များ ပြသနာများဝမ်းနည်းဖွယ်ဖြစ်ရပ် များသည် တစစနှင့်အင်မတန်များပြားလာလျက်ရှိသည်။
ထိန်းသိမ်းကြပါ အိမ်ထောင်သည်များသည်မိမိခင်ပွန်း/ဇနီး အပေါ်သစ္စာရှိပါ။ ” Online” အသုံးပြုသူများအနေနှင့် သူစိမ်းအမျိုးသား/သမီး များနှင့် အရေးတစုံတရာမှလွဲ၍ ပြောဆိုဆက်ဆံမှု့မှ ရှောင်ပါ။”မိမိ”စိတ်ကိုထိန်းသိမ်းပါ
်
ဤကဲ့သို့ပင် လူပျိုအပျိုများသည်လည်း စည်းထားပါ။ကိုယ်ချင်းစာကျပါ”ငါသာ ထိုယောက်ျား/မိန်းမ၏ အမျိုးသား/အမျိုးသမီး ဖြစ်လျှင် ဘယ်လိုနေမလဲ……?
# မိမိကြောင့် သူတပါး မိသားစုတခု မပြိုကွဲပါစေနှင့်
# မိမိပျော်ရွှင်မှု့ အတွက်အခြားသူတွေမျက်ရည်မကျပါစေနှင့်
# မိမိနှလုံးသားရေးရာအတွက်အခြားသူနှလုံးသားနှင့်ဘဝများစွာ အပျက်မခံပါနှင့်
💝 ပျော်ရွှင်သာယာသောအိမ်ထောင်ရေးများပိုင်ဆိုင်နိုင်ကြပါစေ။
မေတ္တာဖြင့်—မူရင်းရေးသားသူအားလေးစားစွာဖြင့် — ပေသီး