ေယာက္်ား္ေလးနဲ႔ မိန္းကေလးေတြဟာ ပင္ကိုယ္ဗီဇအရ မတူညီတဲ့သဘာဝကိုပိုင္ဆိုင္ထားၾကတာေၾကာင့္ အခ်စ္နဲ႔ ပတ္သက္ရင္လည္း တစ္ေယာက္နဲ႔တစ္ေယာက္ ထုတ္ေဖာ္ျပပံုခ်င္း မတူညီၾကပါဘူး။ မိန္းကေလးေတြဟာ သူတို႔ရဲ႕အခ်စ္ကို အေသးစိတ္ေဖာ္ျပတတ္ၾကေပမယ့္ ေယာက်္ားေလးေတြကေတာ့ ဒီလိုမဟုတ္ပါဘူး။ ေယာက်္ားေလးတစ္ေယာက္က မိန္းကေလးတစ္ေယာက္ကို အခ်စ္စစ္နဲ႔ ခ်စ္မိသြားတဲ့အခါမွာ သူ႔အခ်စ္ကို အမူအက်င့္အားျဖင့္ ထုတ္ျပတတ္ပါတယ္။ တကယ္လို႔ သင္ေ့ကာင္ေလးဟာ ခုေဖာ္ျပမယ့္ အခ်က္ေတြနဲ႔ကိုက္ညီေနရင္ သင္ဟာသူ႔ရဲ႕ အခ်စ္စစ္ျဖစ္ေနလို႔ပါ။
သင္ေျပာတာေတြကို ဂ႐ုတစိုက္နားေထာင္ေပးတယ္
ပံုမွန္အားျဖင့္ မိန္းကေလးေတြဟာ ေယာက်္ားေလးေတြထက္ ပိုၿပီး နားေထာင္ေပးတတ္ၾကပါတယ္။ အနညး္စုေသာ ေယာက်္ားေလးေတြကလည္း နားေထာင္ေပးႏိုင္ပါတယ္။ ဒါေပမယ့္ သင္သိဖို႔က ေယာက်္ားေလးေတြဟာ သူတို႔တကယ္ စိတ္ဝင္စားတဲ့ အေၾကာင္းအရာေတြကိုပဲ အာ႐ံုစိုက္ၿပီး နားေထာင္ေပးတာပါ။ တကယ္လို႔ သင့္ေကာင္ေလးဟာ သင္ေျပာတဲ့စကားေတြ၊ အေၾကာင္းအရာေတြကို ေသခ်ာအာ႐ံုစိုက္ၿပီး နားေထာင္ေပးတတ္တယ္ဆိုရင္ေတာ့ သင့္ကို အခ်စ္စစ္နဲ႔ ခ်စ္ေနတယ္ဆိုတာ သိလိုက္ပါ။
သူ႔ကုိယ္သူ စေတးႏိုင္တယ္
စေတးတယ္ဆိုတာ သင့္ကို အၿမဲတမး္ ဦးစားေပးေနတာမ်ိဳးကို ဆိုလိုတာပါ။ သူ႔ရဲ႕စိတ္ႀကိဳက္၊ သူ႔ရဲ႕ေပ်ာ္ရႊင္မႈေတြထက္ သင့္စိတ္ႀကိဳက္၊ သင့္ေပ်ာ္ရႊင္မႈေတြကို ပိုၿပီးဦးစားေပးတာမ်ိဳးပါ။ တစ္ခါတေလ သင္ေပ်ာ္ရႊင္ႏိုင္ဖို႔၊ သင့္ဆႏၵေတြ ျပည့္ႏိုင္ဖုိ႔အတြက္ သူ႔ရဲ႕ ဆႏၵေတြကို ခ်ိဳးႏွိမ္လိုက္တယ္။ သူသြားခ်င္တဲ့ေနရာေတြ၊ သူလုပ္ခ်င္တဲ့အရာေတြကို သင္မႀကိဳက္မွန္းသိလို႔ မလုပ္ေတာ့ဘဲ သင့္ရဲ႕အႀကိဳက္ကို ဦးစားေပးတယ္ဆိုရင္ေတာ့ သင့္ကို သူၿအခ်စ္စစ္နဲ႔ ခ်စ္လို႔ပါ။
သင့္ကိုတန္ဖိုးထားတယ္
ဒါဟာ အခ်စ္စစ္လားဆိုတာသိႏိုင္မယ့္ အေရးႀကီးဆံုးအခ်က္ျဖစ္ပါတယ္။ သင့္မွာ အားနညး္ခ်က္ေတြရွိတယ္၊ သင့္ရဲ႕အားနညး္ခ်က္ေတြကိုလည္း အားလံုးသိတယ္။ ဒါေပမယ့္ သင့္ကို ဘယ္ေတာ့မွအႏိုင္မယူဘဲ အၿမဲတမ္း တန္ဖိုးထားေနတာမ်ိဳးပါ။ သူအထင္ေသးေလာက္တဲ့အရာေတြ သင္လုပ္ခဲ့ရင္ေတာင္၊ သူ အႏိုင္ယူႏိုင္ေလာက္တဲ့ အားနည္းခ်ကေ္တြရွိေနရင္ေတာင္၊ ႏွစ္ေတြၾကာသြားတဲ့အထိ အၿမဲတမ္းတန္ဖိုးထားေနတယ္ဆိုရင္ သင့္ကို သူ အခ်စ္စစ္နဲ႔ ခ်စ္ေနမိလို႔ပါ။
သင့္ကို အၿမဲတမး္ဂုဏ္ယူေနတယ္
သင့္ခ်စ္သူဟာ သင့္ကိုရထားတဲ့အတြက္ အၿမဲတမ္းဂုဏ္ယူေနတတ္တဲ့ သူမ်ိဳးပါ။ သင့္အခ်စ္ကိုရထားတဲ့အတြက္ သူ႔ကိုသူ ကမၻာေပၚမွာ ကံအေကာင္းဆံုးလူသားတစ္ေယာက္လို႔ ထင္ေနတတ္တယ္။ ဒါကိုထုတ္ေျပာဖို႔လညး္ ဘယ္တုန္းကမွ ဝန္မေလးဘူး၊ သင့္ရဲ႕ု လုပ္ေဆာင္ခ်က္တစ္ခုစီကို ခ်ီးက်ဴးတယ္၊ အသိအမွတ္ျပဳတယ္၊ ဂုဏ္ယူတယ္ဆိုရင္ေတာ့ သင့္ကိုသူ အခ်စ္စစ္နဲ႔ ခ်စ္ေနတယ္ဆိုတာ သိထားလိုက္ပါ။
သင့္မိသားစုနဲ႔ သူငယ္ခ်င္းေတြကို ေလးစားစြာဆက္ဆံတယ္
သင့္ကို အခ်စ္စစ္နဲ႔ခ်စ္တဲ့သူဆိုတာ သင့္ကိုတင္မဟုတ္ဘဲ သင့္ရဲ႕ မိသားစု၊ သူငယ္ခ်င္းမိတ္ေဆြေတြကိုလည္း ေလးစားစြာဆက္ဆံမယ့္သူျဖစ္ပါတယ္။ သင့္ဘဝရဲ႕ အေရးႀကီးဆံုးလူေတြကို သူလည္း တန္ဖိုးထားပါတယ္။ တကယ္လို႔ သင့္ရဲ႕ မိတ္ေဆြ၊ မိသားစုဝင္ေတြထဲမွာ သူ သိပ္ၾကည့္လို႔မရတဲ့သူေတြ ရွိေနတယ္ဆိုရင္ေတာင္ အဲဒါေတြကို ပံုႀကီးလိုက္ခ်ဲ႕ေနမယ့္သူေတြ မဟုတ္ပါဘူး။ သူတို႔ဟာ သင့္အတြက္ အေရးပါတယ္ဆိုတာ သိလို႔၊ သူ႔ေၾကာင့္ သင္ စိတ္အေႏွာက္အယွက္ျဖစ္မွာကို မလုိလားလို႔ပါ။
Credit Aunty May
UNICODE
ယောက်ျာ်းလေးနဲ့ မိန်းကလေးတွေဟာ ပင်ကိုယ်ဗီဇအရ မတူညီတဲ့သဘာဝကိုပိုင်ဆိုင်ထားကြတာကြောင့် အချစ်နဲ့ ပတ်သက်ရင်လည်း တစ်ယောက်နဲ့တစ်ယောက် ထုတ်ဖော်ပြပုံချင်း မတူညီကြပါဘူး။ မိန်းကလေးတွေဟာ သူတို့ရဲ့အချစ်ကို အသေးစိတ်ဖော်ပြတတ်ကြပေမယ့် ယောကျ်ားလေးတွေကတော့ ဒီလိုမဟုတ်ပါဘူး။ ယောကျ်ားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို အချစ်စစ်နဲ့ ချစ်မိသွားတဲ့အခါမှာ သူ့အချစ်ကို အမူအကျင့်အားဖြင့် ထုတ်ပြတတ်ပါတယ်။ တကယ်လို့ သင်ေ့ကာင်လေးဟာ ခုဖော်ပြမယ့် အချက်တွေနဲ့ကိုက်ညီနေရင် သင်ဟာသူ့ရဲ့ အချစ်စစ်ဖြစ်နေလို့ပါ။
သင်ပြောတာတွေကို ဂရုတစိုက်နားထောင်ပေးတယ်
ပုံမှန်အားဖြင့် မိန်းကလေးတွေဟာ ယောကျ်ားလေးတွေထက် ပိုပြီး နားထောင်ပေးတတ်ကြပါတယ်။ အနည်းစုသော ယောကျ်ားလေးတွေကလည်း နားထောင်ပေးနိုင်ပါတယ်။ ဒါပေမယ့် သင်သိဖို့က ယောကျ်ားလေးတွေဟာ သူတို့တကယ် စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကိုပဲ အာရုံစိုက်ပြီး နားထောင်ပေးတာပါ။ တကယ်လို့ သင့်ကောင်လေးဟာ သင်ပြောတဲ့စကားတွေ၊ အကြောင်းအရာတွေကို သေချာအာရုံစိုက်ပြီး နားထောင်ပေးတတ်တယ်ဆိုရင်တော့ သင့်ကို အချစ်စစ်နဲ့ ချစ်နေတယ်ဆိုတာ သိလိုက်ပါ။
သူ့ကိုယ်သူ စတေးနိုင်တယ်
စတေးတယ်ဆိုတာ သင့်ကို အမြဲတမ်း ဦးစားပေးနေတာမျိုးကို ဆိုလိုတာပါ။ သူ့ရဲ့စိတ်ကြိုက်၊ သူ့ရဲ့ပျော်ရွှင်မှုတွေထက် သင့်စိတ်ကြိုက်၊ သင့်ပျော်ရွှင်မှုတွေကို ပိုပြီးဦးစားပေးတာမျိုးပါ။ တစ်ခါတလေ သင်ပျော်ရွှင်နိုင်ဖို့၊ သင့်ဆန္ဒတွေ ပြည့်နိုင်ဖို့အတွက် သူ့ရဲ့ ဆန္ဒတွေကို ချိုးနှိမ်လိုက်တယ်။ သူသွားချင်တဲ့နေရာတွေ၊ သူလုပ်ချင်တဲ့အရာတွေကို သင်မကြိုက်မှန်းသိလို့ မလုပ်တော့ဘဲ သင့်ရဲ့အကြိုက်ကို ဦးစားပေးတယ်ဆိုရင်တော့ သင့်ကို သူအြချစ်စစ်နဲ့ ချစ်လို့ပါ။
သင့်ကိုတန်ဖိုးထားတယ်
ဒါဟာ အချစ်စစ်လားဆိုတာသိနိုင်မယ့် အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ သင့်မှာ အားနည်းချက်တွေရှိတယ်၊ သင့်ရဲ့အားနည်းချက်တွေကိုလည်း အားလုံးသိတယ်။ ဒါပေမယ့် သင့်ကို ဘယ်တော့မှအနိုင်မယူဘဲ အမြဲတမ်း တန်ဖိုးထားနေတာမျိုးပါ။ သူအထင်သေးလောက်တဲ့အရာတွေ သင်လုပ်ခဲ့ရင်တောင်၊ သူ အနိုင်ယူနိုင်လောက်တဲ့ အားနည်းချကေ်တွရှိနေရင်တောင်၊ နှစ်တွေကြာသွားတဲ့အထိ အမြဲတမ်းတန်ဖိုးထားနေတယ်ဆိုရင် သင့်ကို သူ အချစ်စစ်နဲ့ ချစ်နေမိလို့ပါ။
သင့်ကို အမြဲတမ်းဂုဏ်ယူနေတယ်
သင့်ချစ်သူဟာ သင့်ကိုရထားတဲ့အတွက် အမြဲတမ်းဂုဏ်ယူနေတတ်တဲ့ သူမျိုးပါ။ သင့်အချစ်ကိုရထားတဲ့အတွက် သူ့ကိုသူ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူသားတစ်ယောက်လို့ ထင်နေတတ်တယ်။ ဒါကိုထုတ်ပြောဖို့လည်း ဘယ်တုန်းကမှ ဝန်မလေးဘူး၊ သင့်ရဲ့ု လုပ်ဆောင်ချက်တစ်ခုစီကို ချီးကျူးတယ်၊ အသိအမှတ်ပြုတယ်၊ ဂုဏ်ယူတယ်ဆိုရင်တော့ သင့်ကိုသူ အချစ်စစ်နဲ့ ချစ်နေတယ်ဆိုတာ သိထားလိုက်ပါ။
သင့်မိသားစုနဲ့ သူငယ်ချင်းတွေကို လေးစားစွာဆက်ဆံတယ်
သင့်ကို အချစ်စစ်နဲ့ချစ်တဲ့သူဆိုတာ သင့်ကိုတင်မဟုတ်ဘဲ သင့်ရဲ့ မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေကိုလည်း လေးစားစွာဆက်ဆံမယ့်သူဖြစ်ပါတယ်။ သင့်ဘဝရဲ့ အရေးကြီးဆုံးလူတွေကို သူလည်း တန်ဖိုးထားပါတယ်။ တကယ်လို့ သင့်ရဲ့ မိတ်ဆွေ၊ မိသားစုဝင်တွေထဲမှာ သူ သိပ်ကြည့်လို့မရတဲ့သူတွေ ရှိနေတယ်ဆိုရင်တောင် အဲဒါတွေကို ပုံကြီးလိုက်ချဲ့နေမယ့်သူတွေ မဟုတ်ပါဘူး။ သူတို့ဟာ သင့်အတွက် အရေးပါတယ်ဆိုတာ သိလို့၊ သူ့ကြောင့် သင် စိတ်အနှောက်အယှက်ဖြစ်မှာကို မလိုလားလို့ပါ။
Credit Aunty May