ဆရာလေး ဒေါ်နန္ဒမာလာ တစ်ဖြစ်လဲ တေးသံရှင် သရုပ်ဆောင် တင့်တင့်ထွန်း ကွယ်လွန်တဲ့သတင်းဟာ သတင်းမှားသာဖြစ်




credit

UNICODE

တေးသံရှင် သရုပ်ဆောင် တင့်တင့်ထွန်း ကွယ်လွန်တယ်လို့ အွန်လိုင်းသတင်းမီဒီယာတွေမှာ အခုပျံ့နှံ့နေသောသတင်းတွေဟာ သတင်းမှားတွေသာဖြစ်တယ်လို့ နာရေးကူညီမှုအသင်းရဲ့တာဝန်ရှိသူတစ်ဦးက အသိပေးလိုက်ပါတယ်။

ဘုတလင်မြို့မှာ သီလရှင်ဝတ်နေတဲ့ ဆရာလေး ဒေါ်နန္ဒမာလာတစ်ဖြစ်လဲ သရုပ်ဆောင် တေးသံရှင် တင့်တင့်ထွန်း ကွယ်လွန်တဲ့သတင်းတွေဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ မျိုးမြင့်မြင့်အမည်ရတဲ့ Facebook Account ပိုင်ရှင်ကနေပြီး ဆရာလေး ဒေါ်နန္ဒမာလာ အမည်ရ တေးသံရှင်တင့်တင့်ထွန်း

ကွယ်လွန်တဲ့သတင်းတွေဟာ မှန်ကန်ခြင်း မရှိကြောင်း ရေးသားဖော်ပြလာခဲ့အပြီးမှာ ဒီကိစ္စကို အတည်ပြုနိုင်ဖို့အတွက် နာရေးကူညီမှုအသင်းရဲ့တာဝန်ရှိသူတစ်ဦးဆီကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းလိုက်ရာမှာတော့ တင့်တင့်ထွန်း ကွယ်လွန်တယ်ဆိုတာ မဟုတ်မှန်ကြောင်း၊ ထွက်ပေါ်နေတဲ့သတင်းတွေက သတင်းမှားတွေသာဖြစ်ကြောင်း အတည်ပြုပြောကြားပေးသွားခဲ့ပါတယ်။