Unicode Version
ပြီးခဲ့တဲ့ရက်ပိုင်းကနေကြတ်ခဲ့တဲ့အတွက်နက္ခတ်ဗေဒပညာအရ အနာဂတ်မှာမြန်မာနိုင်ငံရဲ့ကံကြမ္မာပိုမိုကောင်းမွန်လာမယ်လို့ မြန်မာနိုင်ငံနက္ခတ်ပညာသင်တန်းကျောင်း၊ကျောင်းအုပ်ဆရာမကြီး
ဒေါ်ကြည်ကြည်စိန်ကပြောပါတယ်…ဇွန်လ(၂၁)ရက် (၁၃)နာရီ (၄၅) မိနစ်မှာ နေကြတ်ခဲ့တာဖြစ်ပြီး နေကြတ်ချိန်ကို နက္ခတ်ဗေဒပညာနဲ့ တွက်ချက်ကြည့်ရာမှာအနာဂတ်မှာ မြန်မာပြည်ရဲ့
ရေကြောင်းလေကြောင်းလိုင်းတွေပိုမိုကောင်းမွန်လာမှာဖြစ်တယ်လို့ပြောပါတယ်…နေကြတ်လိုက်တဲ့အချိန် ကကန်လဂ်။ကန်လဂ်ဆိုတော ့လေကြောင်း၊ရေကြောင်းနဲ့ဆိုင်တဲ့ဂြိုဟ်ကြီးကမြင့်မြတ်တဲ့အနေနဲ့ကြီးသွားတယ်။
ကြီးသွားတဲ့ အတွက်ကြောင့်မို့ နိုင်ငံတကာလို ကိုယ်ပိုင်လေကြောင်းတွေ လေယာဉ်ကြီးတွေဝယ်ပြီးတော့ ကိုယ်ပိုင်တွေဖြစ်လာလိမ့်မယ် ကန်လဂ်မှာနေကြတ်သွားတာတော့ ရှိတဲ့ဂြိုဟ်တွေက အနေအထားအရ
အကုန်ကောင်းတယ်။ ဆရာမတို့ဆိုးနေတဲ့ အခုစစ်ပွဲတွေဖြစ်တယ်။အခက်အခဲအကြပ်အတည်းတွေဖြစ်တယ်။ နောက်လုပ်ဖော်ကိုင်ဘက်အချင်းချင်း အတိုက်အခံတွေများတယ်။
အဲဒီ့ကိစ္စတွေကလည်းဂြိုဟ်အမြင်ပြန်မြင်ပြီးတော့ကောင်းတဲ့ဂြိုဟ်တွေမှာပြန်မြင်တာဖြစ်တဲ့အတွက် တိုင်းပြည်မှာပြန်ကောင်းမှာဖြစ်ပါတယ် လို့
ဒေါ်ကြည်ကြည်စိန်ကဆိုပါတယ်ဒီ့အပြင်မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးဇာတာအရ ၂၀၂ဝခုနှစ်စက်တင်ဘာလ၂၄ရက်ကနေစပြီးတော့ရောဂါတွေပျောက်ကင်းတာ၊
ခေတ်မီဆေးဝါးတွေထောက်ပံ့ကူညီမယ့်သူတွေပေါ်ပေါက်တာတွေကြုံတွေ့ရမှာဖြစ်ပြီးစီးပွားရေးတွေလည်းပြန်ပွင့်လမ်းလာလိမ့်မယ်လို့ဆရာမကြီးဒေါ်ကြည်ကြည်စိန်ကဟောကိန်းထုတ်ထားပါတယ်။
လေးစားမှုဖြင့် Credit One News Myanmar