ေဗဒင္

ေဗဒင္ေဟာစာတမ္း ၂၁.၃.၂၀၂၁ မွ ၂၇.၃.၂၀၂၁ အထိ

ဗေဒင်ဟောစာတမ်း (၂၁.၃.၂၀၂၁ မှ ၂၇.၃.၂၀၂၁ အထိ)

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် – နေရာအခွင့်ကောင်းတွေ ရလာတတ်တယ်။ ဝန်ထမ်းဆိုရင် အခွင့်အရေးနှစ်ခု တပြိုင်တည်း ရရှိ ခံစားရလိမ့်မယ်။ လူကြီးတွေက ကူညီပံ့ပိုးလာမယ်။ စီးပွားရေးသမားတွေလည်း အခြေအနေကောင်းတွေ ပြန်ပြီး ကြုံရမယ်။ ငွေကြေးကိစ္စမှာ စိတ်ပူပန်ရတာတွေ ဖြစ်တတ်တယ်။ ဒါပေမယ့် အချိန်တန်ရင် ပြေလည်သွားမယ်။

ကျန်းမာရေး – တစ်ပတ်လုံးမှာ ကျန်းမာရေး စိတ်ပူစရာ မရှိပါ။ ဘေးကင်းကျန်းမာဖို့ များပါတယ်။

လူမှုအိမ်ထောင် – အချစ်ရေး၊ အိမ်ထောင်ရေး ကံဇာတာ အားနည်းမယ့် ကာလ ဖြစ်တယ်။ အသေးအဖွဲလေးက စပြီး ပြဿနာက ကြီးသွားတတ်တယ်။ ခင်ပွန်းနဲ့ဇနီးသည်တွေ အချင်းချင်း ပြဿနာဟောင်းတွေ ပြန်ဖော်ကြပြီး စိတ်ဆင်းရဲရတတ်တယ်။ အိမ်အပူတွေ များလို့ အပြင်ပဲ ထွက်ချင်မယ်။ အကြီးအကဲ၊ မိတ်ဆွေတွေနဲ့ နေထိုင်ပါ။

ကံကောင်းစေတဲ့ အရောင် – အနီရဲရဲ ၊ ရွှေရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၁ ၊ ၅ ၊ ၂

ကံကောင်းစေတဲ့ အရပ် – အရှေ့

ကံကောင်းစေတဲ့ နေ့ရက် – တနင်္ဂနွေ ၊ ကြာသပတေး

ယတြာ – မွေးနေ့ (တနင်္ဂနွေ) ညပိုင်း ကြာသပတေးထောင့်မှာ အလင်းတိုင် ၅ တိုင် ပူဇော် ဆုတောင်းပါ။

တနင်္လာနေ့ဖွာ

အလုပ်အကိုင် – ဒီအပတ် လုပ်ငန်းစီးပွားနယ်ပယ်မှာ အခက်အခဲတွေ များလာနိုင်တယ်။ ဘာတစ်ခုမှ လွယ်ကူ ချောမွေ့တာ မရှိဘဲ ရုန်းကန်ရလိမ့်မယ်။ အပြိုင်အဆိုင်တွေ၊ အတိုက်အခိုက်တွေလည်း ပေါများမယ်။ ကိုယ့်ရဲ့ အောက်လူ၊ ဝန်ထမ်းကြောင့်လည်း စိတ်ညစ်ရတတ်တယ်။ ဝင်ငွေနဲ့ ပတ်သက်လို့တော့ ကံကောင်းတတ်တယ်။

ကျန်းမာရေး – ပုံမှန်ထက် ချူချာအားနည်းတတ်လို့ ဂရုစိုက်ရမယ်။ မတော်တဆလည်း ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် – မိတ်ရင်းဆွေရင်းတွေနဲ့ အဆင်မပြေ ဖြစ်တတ်တယ်။ နားလည်မှု လွဲတာက စလို့ အချင်းချင်း အမြင်စောင်းတာတွေ ဖြစ်လာတတ်တယ်။ နှလုံးသားရေးမှာတော့ စိတ်ပူပန်ရတာတွေ ဖြစ်မယ်။ ကြားလူတွေက ဝင်လာပြီး ဒုက္ခပေးတတ်တယ်။ ချစ်သူ၊ အိမ်ထောင်ဖက်တွေကြားမှာ စိတ်လိုက်မာန်ပါနဲ့ စကားများတတ်တယ်။

ကံကောင်းစေတဲ့ အရောင် – အဖြူ ၊ ပုလဲရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၂ ၊ ဝ

ကံကောင်းစေတဲ့ အရပ် – အနောက် ၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် – ကြာသပတေး၊ တနင်္လာ

ယတြာ – မွေးနေ့ (တနင်္လာ) မနက် အိမ်ကဘုရားမှာ အသက်လွတ် ကြာဆံကြော် ကပ်လှူ ဆုတောင်းပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် – အလောတကြီး စဉ်းစားဆုံးဖြတ်တာတွေကြောင့် အလုပ်မှာရော ကိုယ်ရေးကိုယ်တာကိစ္စမှာပါ ထိခိုက်နစ်နာရတတ်တယ်။ ဘယ်ကိစ္စမှာမဆို အတိုက်အခံတွေချည်း မကြာခဏ ကြုံရလိမ့်မယ်။ ခိုက်ရန်တွေနဲ့ ပြဿနာတွေလည်း ဖြစ်တတ်လို့ စိတ်ထိန်းဖို့ လိုမယ်။ ငွေကြေးကံဇာတာလည်း သိပ်မကောင်းဘဲ ဖြစ်နေမယ်။

ကျန်းမာရေး – မတော်တဆမှုတွေ၊ သွေးထွက်သံယိုတွေ ဖြစ်တတ်လို့ သတိထားရလိမ့်မယ်။

လူမှုအိမ်ထောင် – လူငယ်တွေ နှလုံးသားရေးမှာ ကံကောင်းတတ်တယ်။ ရည်ရွယ်သူနဲ့ အဆင်ပြေမှု ရလာမယ်။ ချစ်သူစုံတွဲတွေလည်း ဒီအပတ်မှာ နှစ်ကိုယ်တူ ရည်မှန်းချက်တွေ အကောင်အထည် ဖော်နိုင်မယ်။ စိတ်တိုလွယ် ဒေါသထွက်လွယ်တာကိုတော့ သတိပြုရမယ်။ မိတ်ဆွေအပေါင်းအသင်းတွေကြောင့် အနှောင့်အယှက် ရှိမယ်။

ကံကောင်းစေတဲ့ အရောင် – လိမ္မော်ရင့် ၊ ခရမ်းဖျော့

ကံစမ်းနိုင်တဲ့ ဂဏန်း – ၁ ၊ ၇

ကံကောင်းစေတဲ့ အရပ် – အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် – တနင်္လာ

ယတြာ – တစ်ပတ်အတွင်း အဆင်ပြေရာ ရက်မှာ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူကို စားစရာ လှူဒါန်းကူညီပါ။

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် – အလုပ်တွေ လည်ပတ်မှု ပုံမှန် ရှိပေမယ့် အာဏာပိုင်၊ အကြီးအကဲတွေနဲ့ပတ်သက်လို့ သတိပြု ဆောင်ရွက်ရမယ်။ ဘယ်လုပ်ငန်းမဆို စိတ်ပူပန်သောကမကင်းဘဲ လုပ်ကိုင်ရလိမ့်မယ်။ ငွေကြေးကိစ္စမှာလည်း ခေါင်းခဲစရာတွေ ဖြစ်မယ်။ အကုန်အကျတွေ သိပ်များတတ်တယ်။ ဘာလုပ်ရမှန်းမသိဘဲ စဉ်းစားရခက်နေမယ်။

ကျန်းမာရေး – နေထိုင်မကောင်းချင်သလို ဖြစ်တတ်တယ်။ အစားမှားဆေးမှားတွေ သတိထားရမယ်။

လူမှုအိမ်ထောင် – မိတ်ဆွေအပေါင်းအသင်းတွေရဲ့ ကူညီစောင့်ရှောက်မှု ရမယ်။ လူအများရဲ့ ဝိုင်းဝန်းပံ့ပိုးမှုတွေ ရလာမယ်။ မေတ္တာရေးမှာ စိတ်အလိုမကျစရာတွေ ဖြစ်တတ်ပေမယ့် ချစ်သူ၊ အိမ်ထောင်ဖက်ရဲ့ နားလည်စာနာ ကူညီမှုတွေ ရလာမယ်။ လက်တွဲဖော် ရှာနေသူတွေ ဒီအပတ်မှာ ကံကောင်းအဆင်ပြေမှုတွေ ရလာတတ်တယ်။

ကံကောင်းစေတဲ့ အရောင် – အဝါဖျော့ ၊ အနီ

ကံစမ်းနိုင်တဲ့ ဂဏန်း – ၁ ၊ ၅ ၊ ၄

ကံကောင်းစေတဲ့ အရပ် – အရှေ့မြောက် ၊ အနောက်

ကံကောင်းစေတဲ့ နေ့ရက် – တနင်္ဂနွေ ၊ စနေ

ယတြာ – မွေးနေ့ (ဗုဒ္ဓဟူး) မနက်ပိုင်း အိမ်ကဘုရားမှာ ပေါင်မုန့်အုန်းနို့ဆမ်း ၅ ချပ် ကပ်လှူပေးပါ။

ရာဟုဖွား

အလုပ်အကိုင် – အစုစပ်ရှယ်ယာတွေ၊ အကျိုးတူလုပ်ငန်းတွေ ပေါ်လာတတ်တယ်။ တစ်ဦးတစ်ယောက်ကောင်း လုပ်တာထက် အများနဲ့ တွဲလုပ်တာက ပိုအကျိုးပေး အောင်မြင်တတ်တယ်။ ဒါပေမယ့် အတွေးတွေ လွန်ကဲပြီး စဉ်းစားတာ များလို့ အခွင့်အရေးနဲ့ လွဲချော်တတ်တယ်။ ငွေကုန်ကြေးကျ များပြီး ငွေအတွက် စိတ်ညစ်ရမယ်။

ကျန်းမာရေး – ယာယီ ဖျားနာတာ၊ နေထိုင်မကောင်းတာဖြစ်တတ်ယ်။ ထိခိုက်ဒဏ်ရာလည်း ရတတ်တယ်။

လူမှုအိမ်ထောင် – ဆွေမျိုးသားချင်း၊ မိသားစုအသိုင်းအဝိုင်းရဲ့ အကူအညီတွေ ရလာတတ်တယ်။ ပတ်ဝန်းကျင် မိသားစုတွေနဲ့ အဆင်ပြေပြေ ဖြစ်နေမယ်။ နှလုံးသားရေးမှာတော့ ကတောက်ကဆလေးတွေ ဖြစ်တတ်တယ်။ ဒီအပတ်မှာ ခရီးအသွားအလာတွေ သတိပြုဆင်ခြင်ရမယ်။ ကိုယ်တိုင်က ဂဏှာမငြိမ်ဘဲ စိတ်များနေလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် – အနီဖျော့

ကံစမ်းနိုင်တဲ့ ဂဏန်း – ၉

ကံကောင်းစေတဲ့ အရပ် – အနောက်

ကံကောင်းစေတဲ့ နေ့ရက် – စနေ

ယတြာ – ဗုဒ္ဓဟူးနေ့ ညနေပိုင်း စေတီတစ်ဆူရဲ့ ရာဟုထောင့်က စပြီး ဂြိုဟ်ခွင်အားလုံးကို သန့်ရှင်းရေးလုပ်ပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် – ဒီအပတ်မှာ အလုပ်အကြံအစည်တွေ ခဏ ဆိုင်းငံ့ထားသင့်တယ်။ အလုပ်အကိုင် ၊စီးပွားရေးကံ အားနည်းချိန် ဖြစ်လို့ အရင်းအနှီး ထည့်တာ၊ အသစ် တိုးချဲ့တာမျိုး ရှောင်ရမယ်။ ရှိတာလေးနဲ့ ထိန်းလုပ်ရမယ်။ လုပ်ငန်းလည်ပတ်မှု ရပ်သွားတတ်တယ်။ စီးပွားရေး သိပ်မဟန်ပေမယ့် ငွေကြေးပိုင်းမှာတော့ ရှာဖွေလို့ ရမယ်။

ကျန်းမာရေး – ဘေးဥပဒ် မရှိနိုင်ဘဲ ကျန်းမာလန်းဖြာမယ့်ကာလ ဖြစ်တယ်။ စိတ်ကြည်လင်မှု ရှိနေမယ်။

လူမှုအိမ်ထောင် – အိမ်တွင်းရေး အပူတွေ များလာနိုင်တယ်။ မိသားစုထဲမှာ အချင်းချင်း သဘောထား ကွဲလွဲပြီး ရန်ဖြစ်တတ်တယ်။ လူငယ်တွေ နှလုံးသားရေးမှာလည်း အပြစ်မြင်တာတွေ၊ ရန်လိုတာတွေ ဖြစ်လာတတ်တယ်။ အိမ်ထောင်ရှင်တွေလည်း သာယာမှု နည်းလာနိုင်တယ်။ ဘာမဆို မိတ်ဆွေ၊ အကြီးအကဲတွေနဲ့ တိုင်ပင် လုပ်ပါ။

ကံကောင်းစေတဲ့ အရောင် – အဖြူဖျော့၊ အဝါ

ကံစမ်းနိုင်တဲ့ ဂဏန်း – ၂ ၊ ၉ ၊ ၅

ကံကောင်းစေတဲ့ အရပ် – အရှေ့

ကံကောင်းစေတဲ့ နေ့ရက် – ကြာသပတေး ၊ တနင်္ဂနွေ

ယတြာ – နေ့စဉ် မနက်တိုင်း အိမ်ကဘုရားမှာ ကြံသကာနဲ့ ဆွမ်းကပ်ပြီး ဆုတောင်းပေးပါ။

သောကြာနေ့ဖွာ

အလုပ်အကိုင် – အလုပ်တွေ များလာပြီး လူရောစိတ်ပါ ပင်ပန်းမှုတွေလည်း များလာနိုင်တယ်။ အလုပ်တွေ ပိုပြီး များလာပေမယ့် ကိုယ့်အတွက် အကျိုးအမြတ် သိပ်မရှိဘဲ ဖြစ်နေမယ်။ လုပ်မှားကိုင်မှားတွေလည်း ဖြစ်တတ်လို့ သတိပြုရမယ်။ အလုပ်ကိစ္စ ခရီးတွေ မအောင်မြင်ဘဲ ဖြစ်မယ်။ ငွေကြေးကိစ္စမှာလည်း တခါနဲ့မပြီးဘဲ ဖြစ်မယ်။

ကျန်းမာရေး – ဒီအပတ်မှာ ကျန်းမာရေး ချူချာတတ်တယ်။ ရောဂါအခံရှိသူတွေ ဂရုစိုက်ဖို့ လိုလာမယ်။

လူမှုအိမ်ထောင် – ကိုယ့်အနားက မိတ်ဆွေတွေနဲ့ ပဋိပက္ခ ဖြစ်တတ်တယ်။ လူမှုရေးရာပြဿနာတွေ ဖြစ်နိုင်လို့ ကိုယ့်ဘက်က မမှားအောင် ဂရုစိုက်ပါ။ လူငယ်တွေ နှလုံးသားရေးမှာ ယုံမှားသံသယတွေ ကြီးမားလာတတ်ပြီး အချင်းချင်း မသင်္ကာတွေ ဖြစ်တတ်တယ်။ ကြားလူလည်း ဝင်တတ်တယ်။ မိသားစုက ကူညီဖေးမပေးလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် – မီးခိုးရောင်၊ ခရမ်းပြာ

ကံစမ်းနိုင်တဲ့ ဂဏန်း – ၇ ၊ ဝ

ကံကောင်းစေတဲ့ အရပ် – အရှေ့မြောက် ၊ အနောက်

ကံကောင်းစေတဲ့ နေ့ရက် – ကြာသပတေး

ယတြာ – တစ်ပတ်အတွင်း အားလပ်ရက်မှာ စေတီတစ်ဆူကို သွားပြီး တံမျက်လှည်း သန့်ရှင်းရေးကုသိုလ်ယူပါ။

စနေနေ့ဖွား

အလုပ်အကိုင် – ဒီအပတ်မှာ အလုပ်တွေ များလာသလောက် ကိုယ့်အတွက်လည်း အကျိုးရှိလိမ့်မယ်။ လူကြီးနဲ့ အာဏာပိုင်တွေဆီက ကူညီပံ့ပိုးမှုတွေ ရမယ်။ အခွင့်အလမ်းကောင်းတွေလည်း ကိုယ့်ဆီကိုပဲ ရောက်လာမယ်။ ရာထူးတိုးတာ၊ လုပ်ပိုင်ခွင့် တိုးတာတွေ ဖြစ်မယ်။ ငွေကြေးလည်း ကံကောင်းတတ်ပြီး များများစားစား ရရှိမယ်။

ကျန်းမာရေး – အသွားအလာ ပင်ပန်းမှု များလို့ အနားယူသင့်တယ်။ ကျန်တာ ဘေးဥပဒ် မရှိပါ။

လူမှုအိမ်ထောင် – လူငယ်လူရွယ်တွေအဖို့ နှလုံးသားရေးမှာ ကံဇာတာတွေ တက်လာမယ်။ စိတ်ချမ်းသာစရာနဲ့ ကြည်နူးစရာတွေ ကြုံရတတ်တယ်။ စန်းပွင့်မျက်နှာပွင့် ဖြစ်တတ်တယ်။ ဒါပေမယ့် တစ်ဖက်မှာ ပြင်ပလူမှုရေး ခိုက်ရန်ပြဿနာတွေ ရှိလာနိုင်တယ်။ ကိုယ့်ကို ရန်လို တိုက်ခိုက်သူတွေ ရှိနေမယ်။ သတိထားသွားလာရမယ်။

ကံကောင်းစေတဲ့ အရောင် – အနီ၊ အဝါရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၇ ၊ ၀ ၊ ၁

ကံကောင်းစေတဲ့ အရပ် – အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် – ဗုဒ္ဓဟူး

ယတြာ – ဗုဒ္ဓဟူးနေ့ မနက်စောစော စေတီတစ်ဆူရဲ့ ဂြိုဟ်ခွင် ၈ ထောင့်မှာ အလင်းတိုင် ၁ တိုင်စီ ပူဇော်ပါ။

Zawgyi

ေဗဒင္ေဟာစာတမ္း (၂၁.၃.၂၀၂၁ မွ ၂၇.၃.၂၀၂၁ အထိ)

တနဂၤေႏြေန႔ဖြား

အလုပ္အကိုင္ – ေနရာအခြင့္ေကာင္းေတြ ရလာတတ္တယ္။ ဝန္ထမ္းဆိုရင္ အခြင့္အေရးႏွစ္ခု တၿပိဳင္တည္း ရရွိ ခံစားရလိမ့္မယ္။ လူႀကီးေတြက ကူညီပံ့ပိုးလာမယ္။ စီးပြားေရးသမားေတြလည္း အေျခအေနေကာင္းေတြ ျပန္ၿပီး ႀကဳံရမယ္။ ေငြေၾကးကိစၥမွာ စိတ္ပူပန္ရတာေတြ ျဖစ္တတ္တယ္။ ဒါေပမယ့္ အခ်ိန္တန္ရင္ ေျပလည္သြားမယ္။

က်န္းမာေရး – တစ္ပတ္လုံးမွာ က်န္းမာေရး စိတ္ပူစရာ မရွိပါ။ ေဘးကင္းက်န္းမာဖို႔ မ်ားပါတယ္။

လူမႈအိမ္ေထာင္ – အခ်စ္ေရး၊ အိမ္ေထာင္ေရး ကံဇာတာ အားနည္းမယ့္ ကာလ ျဖစ္တယ္။ အေသးအဖြဲေလးက စၿပီး ျပႆနာက ႀကီးသြားတတ္တယ္။ ခင္ပြန္းနဲ႔ဇနီးသည္ေတြ အခ်င္းခ်င္း ျပႆနာေဟာင္းေတြ ျပန္ေဖာ္ၾကၿပီး စိတ္ဆင္းရဲရတတ္တယ္။ အိမ္အပူေတြ မ်ားလို႔ အျပင္ပဲ ထြက္ခ်င္မယ္။ အႀကီးအကဲ၊ မိတ္ေဆြေတြနဲ႔ ေနထိုင္ပါ။

ကံေကာင္းေစတဲ့ အေရာင္ – အနီရဲရဲ ၊ ေ႐ႊေရာင္

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၁ ၊ ၅ ၊ ၂

ကံေကာင္းေစတဲ့ အရပ္ – အေရွ႕

ကံေကာင္းေစတဲ့ ေန႔ရက္ – တနဂၤေႏြ ၊ ၾကာသပေတး

ယၾတာ – ေမြးေန႔ (တနဂၤေႏြ) ညပိုင္း ၾကာသပေတးေထာင့္မွာ အလင္းတိုင္ ၅ တိုင္ ပူေဇာ္ ဆုေတာင္းပါ။

တနလၤာေန႔ဖြား

အလုပ္အကိုင္ – ဒီအပတ္ လုပ္ငန္းစီးပြားနယ္ပယ္မွာ အခက္အခဲေတြ မ်ားလာႏိုင္တယ္။ ဘာတစ္ခုမွ လြယ္ကူ ေခ်ာေမြ႕တာ မရွိဘဲ ႐ုန္းကန္ရလိမ့္မယ္။ အၿပိဳင္အဆိုင္ေတြ၊ အတိုက္အခိုက္ေတြလည္း ေပါမ်ားမယ္။ ကိုယ့္ရဲ႕ ေအာက္လူ၊ ဝန္ထမ္းေၾကာင့္လည္း စိတ္ညစ္ရတတ္တယ္။ ဝင္ေငြနဲ႔ ပတ္သက္လို႔ေတာ့ ကံေကာင္းတတ္တယ္။

က်န္းမာေရး – ပုံမွန္ထက္ ခ်ဴခ်ာအားနည္းတတ္လို႔ ဂ႐ုစိုက္ရမယ္။ မေတာ္တဆလည္း ျဖစ္တတ္တယ္။

လူမႈအိမ္ေထာင္ – မိတ္ရင္းေဆြရင္းေတြနဲ႔ အဆင္မေျပ ျဖစ္တတ္တယ္။ နားလည္မႈ လြဲတာက စလို႔ အခ်င္းခ်င္း အျမင္ေစာင္းတာေတြ ျဖစ္လာတတ္တယ္။ ႏွလုံးသားေရးမွာေတာ့ စိတ္ပူပန္ရတာေတြ ျဖစ္မယ္။ ၾကားလူေတြက ဝင္လာၿပီး ဒုကၡေပးတတ္တယ္။ ခ်စ္သူ၊ အိမ္ေထာင္ဖက္ေတြၾကားမွာ စိတ္လိုက္မာန္ပါနဲ႔ စကားမ်ားတတ္တယ္။

ကံေကာင္းေစတဲ့ အေရာင္ – အျဖဴ ၊ ပုလဲေရာင္

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၂ ၊ ဝ

ကံေကာင္းေစတဲ့ အရပ္ – အေနာက္ ၊ အေရွ႕

ကံေကာင္းေစတဲ့ ေန႔ရက္ – ၾကာသပေတး၊ တနလၤာ

ယၾတာ – ေမြးေန႔ (တနလၤာ) မနက္ အိမ္ကဘုရားမွာ အသက္လြတ္ ၾကာဆံေၾကာ္ ကပ္လႉ ဆုေတာင္းပါ။

အဂၤါေန႔ဖြား

အလုပ္အကိုင္ – အေလာတႀကီး စဥ္းစားဆုံးျဖတ္တာေတြေၾကာင့္ အလုပ္မွာေရာ ကိုယ္ေရးကိုယ္တာကိစၥမွာပါ ထိခိုက္နစ္နာရတတ္တယ္။ ဘယ္ကိစၥမွာမဆို အတိုက္အခံေတြခ်ည္း မၾကာခဏ ႀကဳံရလိမ့္မယ္။ ခိုက္ရန္ေတြနဲ႔ ျပႆနာေတြလည္း ျဖစ္တတ္လို႔ စိတ္ထိန္းဖို႔ လိုမယ္။ ေငြေၾကးကံဇာတာလည္း သိပ္မေကာင္းဘဲ ျဖစ္ေနမယ္။

က်န္းမာေရး – မေတာ္တဆမႈေတြ၊ ေသြးထြက္သံယိုေတြ ျဖစ္တတ္လို႔ သတိထားရလိမ့္မယ္။

လူမႈအိမ္ေထာင္ – လူငယ္ေတြ ႏွလုံးသားေရးမွာ ကံေကာင္းတတ္တယ္။ ရည္႐ြယ္သူနဲ႔ အဆင္ေျပမႈ ရလာမယ္။ ခ်စ္သူစုံတြဲေတြလည္း ဒီအပတ္မွာ ႏွစ္ကိုယ္တူ ရည္မွန္းခ်က္ေတြ အေကာင္အထည္ ေဖာ္ႏိုင္မယ္။ စိတ္တိုလြယ္ ေဒါသထြက္လြယ္တာကိုေတာ့ သတိျပဳရမယ္။ မိတ္ေဆြအေပါင္းအသင္းေတြေၾကာင့္ အေႏွာင့္အယွက္ ရွိမယ္။

ကံေကာင္းေစတဲ့ အေရာင္ – လိေမၼာ္ရင့္ ၊ ခရမ္းေဖ်ာ့

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၁ ၊ ၇

ကံေကာင္းေစတဲ့ အရပ္ – အေနာက္ေတာင္

ကံေကာင္းေစတဲ့ ေန႔ရက္ – တနလၤာ

ယၾတာ – တစ္ပတ္အတြင္း အဆင္ေျပရာ ရက္မွာ ကိုယ္လက္အဂၤါ မသန္စြမ္းသူကို စားစရာ လႉဒါန္းကူညီပါ။

ဗုဒၶဟူးေန႔ဖြား

အလုပ္အကိုင္ – အလုပ္ေတြ လည္ပတ္မႈ ပုံမွန္ ရွိေပမယ့္ အာဏာပိုင္၊ အႀကီးအကဲေတြနဲ႔ပတ္သက္လို႔ သတိျပဳ ေဆာင္႐ြက္ရမယ္။ ဘယ္လုပ္ငန္းမဆို စိတ္ပူပန္ေသာကမကင္းဘဲ လုပ္ကိုင္ရလိမ့္မယ္။ ေငြေၾကးကိစၥမွာလည္း ေခါင္းခဲစရာေတြ ျဖစ္မယ္။ အကုန္အက်ေတြ သိပ္မ်ားတတ္တယ္။ ဘာလုပ္ရမွန္းမသိဘဲ စဥ္းစားရခက္ေနမယ္။

က်န္းမာေရး – ေနထိုင္မေကာင္းခ်င္သလို ျဖစ္တတ္တယ္။ အစားမွားေဆးမွားေတြ သတိထားရမယ္။

လူမႈအိမ္ေထာင္ – မိတ္ေဆြအေပါင္းအသင္းေတြရဲ႕ ကူညီေစာင့္ေရွာက္မႈ ရမယ္။ လူအမ်ားရဲ႕ ဝိုင္းဝန္းပံ့ပိုးမႈေတြ ရလာမယ္။ ေမတၱာေရးမွာ စိတ္အလိုမက်စရာေတြ ျဖစ္တတ္ေပမယ့္ ခ်စ္သူ၊ အိမ္ေထာင္ဖက္ရဲ႕ နားလည္စာနာ ကူညီမႈေတြ ရလာမယ္။ လက္တြဲေဖာ္ ရွာေနသူေတြ ဒီအပတ္မွာ ကံေကာင္းအဆင္ေျပမႈေတြ ရလာတတ္တယ္။

ကံေကာင္းေစတဲ့ အေရာင္ – အဝါေဖ်ာ့ ၊ အနီ

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၁ ၊ ၅ ၊ ၄

ကံေကာင္းေစတဲ့ အရပ္ – အေရွ႕ေျမာက္ ၊ အေနာက္

ကံေကာင္းေစတဲ့ ေန႔ရက္ – တနဂၤေႏြ ၊ စေန

ယၾတာ – ေမြးေန႔ (ဗုဒၶဟူး) မနက္ပိုင္း အိမ္ကဘုရားမွာ ေပါင္မုန႔္အုန္းႏို႔ဆမ္း ၅ ခ်ပ္ ကပ္လႉေပးပါ။

ရာဟုဖြား

အလုပ္အကိုင္ – အစုစပ္ရွယ္ယာေတြ၊ အက်ိဳးတူလုပ္ငန္းေတြ ေပၚလာတတ္တယ္။ တစ္ဦးတစ္ေယာက္ေကာင္း လုပ္တာထက္ အမ်ားနဲ႔ တြဲလုပ္တာက ပိုအက်ိဳးေပး ေအာင္ျမင္တတ္တယ္။ ဒါေပမယ့္ အေတြးေတြ လြန္ကဲၿပီး စဥ္းစားတာ မ်ားလို႔ အခြင့္အေရးနဲ႔ လြဲေခ်ာ္တတ္တယ္။ ေငြကုန္ေၾကးက် မ်ားၿပီး ေငြအတြက္ စိတ္ညစ္ရမယ္။

က်န္းမာေရး – ယာယီ ဖ်ားနာတာ၊ ေနထိုင္မေကာင္းတာျဖစ္တတ္ယ္။ ထိခိုက္ဒဏ္ရာလည္း ရတတ္တယ္။

လူမႈအိမ္ေထာင္ – ေဆြမ်ိဳးသားခ်င္း၊ မိသားစုအသိုင္းအဝိုင္းရဲ႕ အကူအညီေတြ ရလာတတ္တယ္။ ပတ္ဝန္းက်င္ မိသားစုေတြနဲ႔ အဆင္ေျပေျပ ျဖစ္ေနမယ္။ ႏွလုံးသားေရးမွာေတာ့ ကေတာက္ကဆေလးေတြ ျဖစ္တတ္တယ္။ ဒီအပတ္မွာ ခရီးအသြားအလာေတြ သတိျပဳဆင္ျခင္ရမယ္။ ကိုယ္တိုင္က ဂဏွာမၿငိမ္ဘဲ စိတ္မ်ားေနလိမ့္မယ္။

ကံေကာင္းေစတဲ့ အေရာင္ – အနီေဖ်ာ့

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၉

ကံေကာင္းေစတဲ့ အရပ္ – အေနာက္

ကံေကာင္းေစတဲ့ ေန႔ရက္ – စေန

ယၾတာ – ဗုဒၶဟူးေန႔ ညေနပိုင္း ေစတီတစ္ဆူရဲ႕ ရာဟုေထာင့္က စၿပီး ၿဂိဳဟ္ခြင္အားလုံးကို သန႔္ရွင္းေရးလုပ္ပါ။

ၾကာသပေတးေန႔ဖြား

အလုပ္အကိုင္ – ဒီအပတ္မွာ အလုပ္အႀကံအစည္ေတြ ခဏ ဆိုင္းငံ့ထားသင့္တယ္။ အလုပ္အကိုင္ ၊စီးပြားေရးကံ အားနည္းခ်ိန္ ျဖစ္လို႔ အရင္းအႏွီး ထည့္တာ၊ အသစ္ တိုးခ်ဲ႕တာမ်ိဳး ေရွာင္ရမယ္။ ရွိတာေလးနဲ႔ ထိန္းလုပ္ရမယ္။ လုပ္ငန္းလည္ပတ္မႈ ရပ္သြားတတ္တယ္။ စီးပြားေရး သိပ္မဟန္ေပမယ့္ ေငြေၾကးပိုင္းမွာေတာ့ ရွာေဖြလို႔ ရမယ္။

က်န္းမာေရး – ေဘးဥပဒ္ မရွိႏိုင္ဘဲ က်န္းမာလန္းျဖာမယ့္ကာလ ျဖစ္တယ္။ စိတ္ၾကည္လင္မႈ ရွိေနမယ္။

လူမႈအိမ္ေထာင္ – အိမ္တြင္းေရး အပူေတြ မ်ားလာႏိုင္တယ္။ မိသားစုထဲမွာ အခ်င္းခ်င္း သေဘာထား ကြဲလြဲၿပီး ရန္ျဖစ္တတ္တယ္။ လူငယ္ေတြ ႏွလုံးသားေရးမွာလည္း အျပစ္ျမင္တာေတြ၊ ရန္လိုတာေတြ ျဖစ္လာတတ္တယ္။ အိမ္ေထာင္ရွင္ေတြလည္း သာယာမႈ နည္းလာႏိုင္တယ္။ ဘာမဆို မိတ္ေဆြ၊ အႀကီးအကဲေတြနဲ႔ တိုင္ပင္ လုပ္ပါ။

ကံေကာင္းေစတဲ့ အေရာင္ – အျဖဴေဖ်ာ့၊ အဝါ

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၂ ၊ ၉ ၊ ၅

ကံေကာင္းေစတဲ့ အရပ္ – အေရွ႕

ကံေကာင္းေစတဲ့ ေန႔ရက္ – ၾကာသပေတး ၊ တနဂၤေႏြ

ယၾတာ – ေန႔စဥ္ မနက္တိုင္း အိမ္ကဘုရားမွာ ႀကံသကာနဲ႔ ဆြမ္းကပ္ၿပီး ဆုေတာင္းေပးပါ။

ေသာၾကာေန႔ဖြား

အလုပ္အကိုင္ – အလုပ္ေတြ မ်ားလာၿပီး လူေရာစိတ္ပါ ပင္ပန္းမႈေတြလည္း မ်ားလာႏိုင္တယ္။ အလုပ္ေတြ ပိုၿပီး မ်ားလာေပမယ့္ ကိုယ့္အတြက္ အက်ိဳးအျမတ္ သိပ္မရွိဘဲ ျဖစ္ေနမယ္။ လုပ္မွားကိုင္မွားေတြလည္း ျဖစ္တတ္လို႔ သတိျပဳရမယ္။ အလုပ္ကိစၥ ခရီးေတြ မေအာင္ျမင္ဘဲ ျဖစ္မယ္။ ေငြေၾကးကိစၥမွာလည္း တခါနဲ႔မၿပီးဘဲ ျဖစ္မယ္။

က်န္းမာေရး – ဒီအပတ္မွာ က်န္းမာေရး ခ်ဴခ်ာတတ္တယ္။ ေရာဂါအခံရွိသူေတြ ဂ႐ုစိုက္ဖို႔ လိုလာမယ္။

လူမႈအိမ္ေထာင္ – ကိုယ့္အနားက မိတ္ေဆြေတြနဲ႔ ပဋိပကၡ ျဖစ္တတ္တယ္။ လူမႈေရးရာျပႆနာေတြ ျဖစ္ႏိုင္လို႔ ကိုယ့္ဘက္က မမွားေအာင္ ဂ႐ုစိုက္ပါ။ လူငယ္ေတြ ႏွလုံးသားေရးမွာ ယုံမွားသံသယေတြ ႀကီးမားလာတတ္ၿပီး အခ်င္းခ်င္း မသကၤာေတြ ျဖစ္တတ္တယ္။ ၾကားလူလည္း ဝင္တတ္တယ္။ မိသားစုက ကူညီေဖးမေပးလိမ့္မယ္။

ကံေကာင္းေစတဲ့ အေရာင္ – မီးခိုးေရာင္၊ ခရမ္းျပာ

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၇ ၊ ဝ

ကံေကာင္းေစတဲ့ အရပ္ – အေရွ႕ေျမာက္ ၊ အေနာက္

ကံေကာင္းေစတဲ့ ေန႔ရက္ – ၾကာသပေတး

ယၾတာ – တစ္ပတ္အတြင္း အားလပ္ရက္မွာ ေစတီတစ္ဆူကို သြားၿပီး တံမ်က္လွည္း သန႔္ရွင္းေရးကုသိုလ္ယူပါ။

စေနေန႔ဖြား

အလုပ္အကိုင္ – ဒီအပတ္မွာ အလုပ္ေတြ မ်ားလာသေလာက္ ကိုယ့္အတြက္လည္း အက်ိဳးရွိလိမ့္မယ္။ လူႀကီးနဲ႔ အာဏာပိုင္ေတြဆီက ကူညီပံ့ပိုးမႈေတြ ရမယ္။ အခြင့္အလမ္းေကာင္းေတြလည္း ကိုယ့္ဆီကိုပဲ ေရာက္လာမယ္။ ရာထူးတိုးတာ၊ လုပ္ပိုင္ခြင့္ တိုးတာေတြ ျဖစ္မယ္။ ေငြေၾကးလည္း ကံေကာင္းတတ္ၿပီး မ်ားမ်ားစားစား ရရွိမယ္။

က်န္းမာေရး – အသြားအလာ ပင္ပန္းမႈ မ်ားလို႔ အနားယူသင့္တယ္။ က်န္တာ ေဘးဥပဒ္ မရွိပါ။

လူမႈအိမ္ေထာင္ – လူငယ္လူ႐ြယ္ေတြအဖို႔ ႏွလုံးသားေရးမွာ ကံဇာတာေတြ တက္လာမယ္။ စိတ္ခ်မ္းသာစရာနဲ႔ ၾကည္ႏူးစရာေတြ ႀကဳံရတတ္တယ္။ စန္းပြင့္မ်က္ႏွာပြင့္ ျဖစ္တတ္တယ္။ ဒါေပမယ့္ တစ္ဖက္မွာ ျပင္ပလူမႈေရး ခိုက္ရန္ျပႆနာေတြ ရွိလာႏိုင္တယ္။ ကိုယ့္ကို ရန္လို တိုက္ခိုက္သူေတြ ရွိေနမယ္။ သတိထားသြားလာရမယ္။

ကံေကာင္းေစတဲ့ အေရာင္ – အနီ၊ အဝါရင့္

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၇ ၊ ၀ ၊ ၁

ကံေကာင္းေစတဲ့ အရပ္ – အေရွ႕ေျမာက္

ကံေကာင္းေစတဲ့ ေန႔ရက္ – ဗုဒၶဟူး

ယၾတာ – ဗုဒၶဟူးေန႔ မနက္ေစာေစာ ေစတီတစ္ဆူရဲ႕ ၿဂိဳဟ္ခြင္ ၈ ေထာင့္မွာ အလင္းတိုင္ ၁ တိုင္စီ ပူေဇာ္ပါ။