ဗဟုသုတ

လူတွေအကြောင်းကို လူတွေကပဲ သင်ပေးသွားတာပါ

လူတွေအကြောင်းကို လူတွေကပဲ သင်ပေးသွားတာပါ

လူရယ်လို့ ဖြစ်လာရင်..သင့်ကို အားကျတဲ့လူ ရှိသလို၊ အမြင်ကပ်တဲ့လူလည်းရှိမယ်

သင့်ကိုမနာလိုတဲ့ လူရှိသလို၊ အထင်သေးတဲ့လူလည်းရှိမယ်ဒါ ဖြစ်လေ့ဖြစ်ထ သဘာဝပါ

သင်ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ်သင်ဘယ်လောက်ပဲ အနှစ်နာခံ ကျိုးစားကျိုးစား..လူတိုင်းကို ကျေနပ်အောင်တော့ သင်မစွမ်းဆောင်နိုင်ပါဘူးဒါကြောင့်မို့လို့ သူများအကြိုက်ကိုဆောင်ဖို့သင့်ရဲ့ပင်ကိုယ်တန်ဖိုးကို အထိခိုက်မခံပါနဲ့

သင့်ခံယူချက်အပေါ် သင်ကာကွယ်သင့်ပါတယ်သိထားဖို့ကသူများပါးစပ်ဖျားပေါ်က သင် ဟာကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေသင်အစစ်အမှန် မဟုတ်ပါဘူး

လူဆိုတာ.မျက်စိချင်းတူသော်ငြားလည်း အမြင်ချင်း မတူပါဘူးနားပေါက်ချင်းတူသော်ငြားလည်း ကြားပုံချင်းမတူပါဘူးပါးစပ်ချင်းတူသော်ငြားလည်း ပြောဆိုပုံချင်း မတူပါဘူးဦးနောက်ချင်းတူသော်ငြားလည်း အယူအဆချင်းမတူနိုင်ပါဘူးလူချင်းတူသော်ငြားလည်း အသက်ရှင်နေထိုင်ပုံချင်း မတူပါဘူး၊ဒီအတွက်ကြောင့်.သင်ဘယ်လောက်ပဲ ထူးချွန်ထူးချွန် နားလည်တဲ့လူနဲ့ တွေ့ဦးမှ

သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ် ကျေးဇူးတင်တတ်တဲ့လူနဲ့ တိုးဦးမွ..သင်ဘယ်လောက်ပဲ ရိုးသားရိုးသား သံသယ နည်းတဲ့လူနဲ့ ဆုံဦးမွ..သင်ဘယ်လောက်ပဲ နှိမ့်ချ နှိမ့်ချ တန်ဖိုးထားတတ်တဲ့လူနဲ့ ကြုံဦးမှနောက်ဆုံးတော့သိတာလည်း အားလုံးမပြောနဲ့မြင်တာလည်း အားလုံးမယုံနဲ့.သင်ဘယ်သူ့ကို ဘယ်လောက်ချစ်တယ်ခင်တယ်ပဲ ဆိုဆိုကိုယ့်အတွက် အသက်ရှင်ဖို့ လည်းမမေ့ပါနဲ့.

Credit








Credit