၃ရောင်ချယ်ဆွမ်းမွှေးအုန်းနို့ကျောက်ကျောပြုလုပ်နည်း
ပါဝင်ပစ္စည်းများ
တယ်လီဖုန်းကျောက်ကျော…၂၅ဂရမ်အသေးတစ်ထုပ်
သကြား……၂၅ကျပ်သား
အုန်းနို့….400ml..(ရယ်ဒီမိတ်ဗူးကြီးတစ်ဗူး)
ဆား..လက်ဖက်ဇွန်း..၂ဇွန်း..
ရေသန့်…1200ml ၊Food Colour..အရောင်..၃မျိုး
ပြုလုပ်ပုံအဆင့်ဆင့်
ပထမဦစွာအိုးတလုံးထဲရေသန့် အုန်းနို့..သကြား..ဆား..ကျောက်ကျောမှုန့်တို့ထည့်၍သမအောင်ဇွန်းဖြင့်မွှေပေးပါ..
သကြားများပျော်ပါက…ရောစပ်ထားသော ကျောက်ကျောအရည်များကို၃အိုးခွဲ၍ အရောင်များစပ်ပေးပါ။၃လွှာအတွက်လုပ်မှာမို့၃ခါကျိုပေးရပါမယ်ရှင်။
ပထမဦစွာအပြာရောင်ကို…..မီးဖိုပေါ်တင်၍ဆူပွက်သည်ထိကျိုပါဆူပွက်ပါက၂မီနစ်ခန့်ထားပြီးလောင်းထည့်မည့်ဗန်းထဲသို့..လောင်းထည့်အအေးခံပါ..
ပြီးပါကဒုတိယအိုးကိုလိမ္မော်ရောင်ထည့်၍ ဆူပွက်သည် ထိကျိူကာ၂မီနစ်ခန့်ထား ပထမအအေးခံပြီးထားထားသောအပြာရောင်ပထမအလွှာတအားမခဲသေးခင်ထပ်လောင်းပြီး အအေးခံပါ။
နောက်ဆုံးတတိယအလွှာအတွက်ခရမ်းရောင်လေးထည့်ပြီးဆူပွက်အောင်ကျိုပါ ။ပွက်လာပါက ၂မီနစ်ခန့်ထားပြီး ဒုတိယအအေးခံသော အလွှာပေါ်သို့ထပ်လောင်းကာအာလုံးခဲသည်ထိ တနာရီခန့်အအေးခံပြီးလှီးဖြတ်သုံးဆောင်နိုင်ပါပြီးရှင်။
Thida Lay Lay
ပါဝင်ပစ္စည်းများ
သကြား……၂၅ကျပ်သား
ပြုလုပ်ပုံအဆင့်ဆင့်
ပြီးပါကဒုတိယအိုးကိုလိမ္မော်ရောင်ထည့်၍ ဆူပွက်သည် ထိကျိုကာ၂မီနစ်ခန့်ထား ပထမအအေးခံပြီးထားထားသောအပြာရောင်ပထမအလွှာတအားမခဲသေးခင်ထပ်လောင်းပြီး အအေးခံပါ။
Thida Lay Lay



