ဗဟုသုတ

မြစ်ရေတက်ရင် တွင်းကြီးထဲရေကျ… မြစ်ရေကျရင် တွင်းကြီးထဲရေပြည့်တဲ့… မြန်မာနိုင်ငံက တွင်းကြီးတစ်တွင်း

ျမစ္ေရတက္ရင္ တြင္းႀကီးထဲေရက်… ျမစ္ေရက်ရင္ တြင္းႀကီးထဲေရျပည့္တဲ့… ျမန္မာႏိုင္ငံက တြင္းႀကီးတစ္တြင္း

စစ္ကိုင္းတိုင္း ဘုတလင္ၿမိဳ႕နယ္မွာရွိတဲ့ အက်ယ္အဝန္း ၄မိုင္ခန႔္ရွိေသာ မီးေတာင္ေဟာင္းတစ္ခုျဖစ္တဲ့ တြင္းေတာင္ႀကီးပါပဲ…

က်ေနာ္ သြားမယ္ဟု ရည္႐ြယ္စာရင္းထဲက ေနရာေလးတစ္ခု.. အရင္ႏွစ္ေတြတုန္းက က်ေနာ္အလုပ္ လုပ္ေသာ ႏိုင္ငံျခားသား ဇိမ္ခံသေဘာ္ႀကီးျဖင့္ မိုးတြင္းဆို

ခ်င္းတြင္းျမစ္တစ္ေလွ်ာက္ အဆုန္အဆန္ သြားကာ နာမည္ႀကီး မုံ႐ြာအထက္ အင္မတန္လွေသာ ျမစ္က်ဥ္းက ေ႐ႊစာေရးဝဲႀကီးနား ျဖတ္ရင္ျဖင့္…

“ေအာ္… ဒါ တြင္းေတာင္ႀကီနားေလးပဲေလလို႔..” ဆိုကာ ခဏခဏေတြးမိေသာ္လဲ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မေရာက္ႏိုင္ခဲ့…။ ခုေတာ့ မေအာင့္ႏိုင္ေတာ့ပဲ ဖတ္ထားသမွ်ေလး ျပဳတုစု ကိုးကားကာ ခ်ေရးမိတာပါ။

မုံ႐ြာေျမာက္သြားရင္ ဘုတလင္ၿမိဳ႕ေရာက္… အဲဒီကမွ အေနာက္ဖက္ ၃မိုင္ခန႔္အကြာမွာ တြင္း႐ြာဆိုတာ ရွိၿပီး ႐ြာကေလးဟာ ယာလုပ္ငန္း၊ ကြမ္းစိုက္ပ်ိဳးျခင္း၊ တြင္းပိုးဖမ္းျခင္း လုပ္ငန္းျဖင့္အသက္ေမြး ဝမ္းေၾကာင္းျပဳၾကပါတယ္၊ တြင္း႐ြာမွ အေနာက္ကို ၂ ဖာလုံေက်ာ္ေက်ာ္ကေလး ဆက္သြားလွ်င္ တြင္းေတာင္ကို ေရာက္ႏိုင္ပါတယ္ဗ်။

တြင္းေတာင္၏ အက်ယ္အဝန္းသည္ ပါတ္လည္ ၄မိုင္ ႏွင့္ ေရပါတ္လည္ အက်ယ္မွာ ၃မိုင္ခန႔္ပုံမွန္ရွိတယ္။ ကန္ဟာ ၁၆၈ ေပထိ နက္တယ္လို႔ သိရတယ္။ အျပင္လွမ္းလွမ္းမွ ၾကည့္လွ်င္ ေတာင္ႀကီး တစ္လုံးပုံျဖစ္ပါတယ္၊

အေပၚေရာက္ရင္ ဒယ္အိုးပုံကဲ့သို႔ ခ်ိဳင့္ဝွမ္းႀကီး ျဖစ္ေနတာေတြ႕ရတယ္။ တြင္း အေျခဆင္းတဲ့လမ္းသည္ မတ္ေစာက္လွၿပီး တြင္းေတာင္ထဲတြင္ စိမ္းျပာျပာ က်ိခြၽဲခြၽဲ ႏွင့္ ေရေတြရွိ။ ထိုေရမွ အဖိုးတန္ စိမ္းျပာေရညႇိ(ေခၚ) က်ေနာ္တို႔ သိၾကတဲ့

စပီ႐ူလိုင္းနား ေတြထုတ္လုပ္ၾကတယ္…တြင္းေတာင္ထဲမွ ေရသည္ – ခ်င္းတြင္းျမစ္ေရ တက္ေနခ်ိန္မွာ တြင္းထဲက ေရမ်ားသည္ က်၍၊ ခ်င္းတြင္းျမစ္ေရ က်ခ်ိန္ ေႏြအခါမွာ တြင္းေရက တက္လာသည္။

အျခားေရကန္မ်ားႏွင့္ မတူေပ… ညိဳညစ္တယ္၊ နီစပ္တယ္၊ ေရညႇိအေရာင္ႏွင့္ ၾကည္လင္ျခင္းမရွိပဲ ခြၽဲပ်စ္ပ်စ္ျဖစ္ေနတယ္။ေရကငန္ေနၿပီး ကန္အတြင္းေရဆင္းခ်ိဳးရင္ ဆပ္ျပာတိုက္ရန္မလိုပဲ

တိုက္ၿပီးသကဲ့သို႔ ျဖစ္ေနတယ္ဟုသိရတယ္။ လက္ႏွီးစုတ္တစ္ခု ခ်ၾကည့္လွ်င္ ဆပ္ျပာတိုက္ေလွ်ာ္ၿပီးသကဲ့သို႔ ေဖြးျဖဴသြားတတ္သည္ဟု ေျပာၾကတယ္၊

ဤကန္ထဲမွာ ငါး ဖား လိပ္ ပုဇြန္ မေနႏိုင္ပဲ ပိုးေလာက္လန္းနဲ႔တူတဲ့ တြင္းပိုး ႏွင့္ ျဖဳတ္လို ပိုးေကာင္ငယ္ေလး၂မ်ိဳးသာ ေနႏိုင္ပါတယ္။ တြင္းေတာင္ တစ္ေလွ်ာင္ဟာ ေရခ်ိဳတြင္းေတြတူးၾကၿပီး

ကြမ္းစိုက္ေတာ့ တြင္းကြမ္းဆိုၿပီး နာမည္အင္မတန္ႀကီးတယ္။ တြင္းပိုး ႏွင့္ တြင္းကြမ္းဟာ အလြန္နာမည္ႀကီးတဲ့ ေဒထြက္ကုန္ေတြေပါ့။

တြင္းပိုး
ေဒသခံေတြေျပာတဲ့ ထူးဆန္းတာက တြင္းပိုးေတြဟာ ဥပုသ္ေန႔မွာသာ ေပၚတယ္တဲ့။ တစ္ႏွစ္မွာ တစ္လသာ ေကာင္းေကာင္းရႏိုင္တယ္ေျပာၾကတယ္.. ။ မိုးအုံ႔ၿပီဆိုရင္ တြင္းပိုးေတြ ကမ္းစပ္ကို ေပၚလာတတ္ၾကတယ္။

အဲလိုအခ်ိန္ဆို လက္ပိုက္ သို႔ ဆန္ကာနဲ႔ ဆယ္ကာ တြင္းပိုးကို ေရေႏြးေျဖာ အခ်ဥ္ထည့္ၾကတယ္၊ အစိုတိုင္းလဲစားႏိုင္တယ္။ ေနလွမ္းအေျခာက္ခံေၾကာ္စားတာေတာ့ ခုေခတ္ေပၚျပဴလာျဖစ္လာတာေပါ့။ လိုင္းေပၚမွာ ေရာင္းေနၾကတယ္။

တြင္းပိုး၏ပုံသဏၭာန္မွာ လက္မ လက္သဲခြံပမာ ဝိုင္းျပားျပား ပုံစံ ရွိၾကတယ္။ တြင္းပိုးအမ်ိဳးအစားမွာ အျခားသတၱဝါမ်ားကဲ့သို႔ အဖိုႏွင့္ အမရွိ။ အဖိုမွာ ေလာက္လန္းသဖြယ္ျဖစ္ၿပီး၊ အမမွာ လုံးဝိုင္းေသာ ပုံရွိပါတယ္တဲ့။

တြင္းပိုးတို႔သည္ ေရစပ္ ေက်ာက္တုံးမ်ားမွာ ဥ ပုံမွန္ခ်ၾကတယ္။ မိုး႐ြာကာနီးအခ်ိန္မွာဆို တြင္းပိုးေပါက္မ်ား ထြက္လာေလ့ရွိပါတယ္။ ေလာက္လန္း ပုံစံေလးေတြပါ၊ညအခါ ေရစပ္မွာ မီးခြက္ထြန္းထားလိုက္ရင္

မီးရွိရာကို ကူးခတ္လာတတ္ေတာ့ ဆန္ကာခုံးႏွင့္ စစ္ခပ္ကာဖမ္းယူၾကတယ္လို႔ သိရတယ္။ေဒသခံေတြဟာ အေကာင္ႀကီးတဲ့ အဖို အမမ်ားကို ဖမ္းမိရင္ မ်ိဳးမတုန္းေစရန္ အတြက္ ျပန္လႊတ္ေပးေလ့ရွိၾကၿပီး

ရလာေသာ တြင္းပိုးအေကာင္ ကေလးမ်ားကို ေနရိပ္တြင္ အေျခာက္လွမ္း၍ ေျခာက္လွ်င္ သည္အတိုင္း စားလို႔ရတယ္ေျပာပါတယ္၊ အေပၚကေျပာသလိုေၾကာ္စားလဲရပါတယ္တဲ့၊

လက္ဖက္သုပ္ထဲ ထည့္စားလွ်င္ ဆိမ့္ေသာ အရသာရွိ၍ စားလို႔ ေကာင္းၿပီး တြင္းပိုးေၾကာ္ ႏွစ္ဇြန္းႏွင့္ ႏြားႏို႔ တစ္ခြက္ေသာက္လိုက္ပါက ကုန္ခမ္းသြားေသာ အားအင္မ်ား ခ်က္ခ်င္း ျပန္လည္ျပည့္ၿဖိဳး လာသည္ဟု ဝီကီမွာ မွတ္သားရပါတယ္။

ေနာက္တစ္ခုက တစ္လက္စထဲ ဗဟုသုတအေနနဲ႔ … စိမ္းျပာေရညႇိ(ေခၚ) စပီ႐ူလိုင္းနာ
တြင္းေတာင္ထဲမွ ေရမ်ားသည္ စိမ္းျပာေရညႇိ(ေခၚ) စပီ႐ူလိုင္းနား အားေဆးမ်ား(ပ႐ိုဗီမင္အားေဆး၊ အာဗာမင္အားေဆး၊ စိမ္းျပာေရညႇိအဆီ)ကို ထုတ္ယူႏိုင္တယ္၊ ထိုအရာဟာ လူႀကီးမ်ားအတြက္သာမက လူငယ္မ်ားအတြက္ပါ အားအင္ျပည့္ၿဖိဳးေစတာ လူတိုင္းသိထားၾကပါတယ္၊

စပီ႐ူလိုင္းနား ေခၚ စိမ္းျပာေရညႇိဟာ အပူပိုင္းေဒသ မီးေတာင္ေဟာင္းမ်ားတြင္ ရွင္သန္ေပါက္ပြားေလ့ရွိၿပီး ကမာၻေပၚတြင္ သဘာဝစပီ႐ူလိုင္းနား ထြက္ရွိေသာႏိုင္ငံ (၆)ႏိုင္ငံရွိသည္။

(၁) မကၠဆီကိုႏိုင္ငံ, တက္ကိုကိုကန္(Lake Texcoco)

(၂) ခ်က္ရီပါ့ဘလစ္, ခ်က္ေရကန္ (Lake Chad) ႏွင့္ ဘိုဒူေရကန္ (Lake Bodou)၊ ေရာင္ဘူေရကန္

(၃) ကင္ညာႏိုင္ငံ, နာကူ႐ူးေရကန္ (Lake Nakuru)ႏွင့္ အယ္လီမန္တီရွားေရကန္ (Lake Elementeitia)

(၄) အီသီယိုးပီးယားႏိုင္ငံ, အရာဂြတ္ဒီေရကန္(Lake Arangudiadi)ႏွင့္ ကီလိုတီးစ္ေရကန္ (Lake Kilotes)

(၅) တ႐ုတ္ႏိုင္ငံ, ခ်န္ကိုင္းေရကန္ (Chenghai Lake)

(၆) ျမန္မာႏိုင္ငံမွာေတာ့ ဘုတလင္ၿမိဳ႕နယ္ တြင္းေတာင္၊ ကနီၿမိဳ႕နယ္ ေတာင္ေပ်ာက္အင္း, တြင္းမအင္း၊ စစ္ကိုင္းရွိ ေရခါးအင္း တို႔မွာ စပိ႐ူးလိုင္းနား ထုတ္ယူႏိုင္ၾကတယ္ဟု မွတ္သားရပါတယ္။

မွတ္ရန္။ ။ ေနရာအခ်ိဳ႕ယခု ေရညႇိမထုတ္လုပ္ႏိုင္ေတာ့ပါ။

တြင္းေတာင္ေရဟာ ဓာတ္၁၆မ်ိဳး ပါဝင္ေနတယ္လို႔ နယ္သာလန္ နဲ႔ ဂ်ပန္သုေတသီေတြက ဆိုၾကတယ္.. ထိုေနရာမွ ထြက္တဲ့ ေရညႇိဟာ အျခား ပ႐ိုတင္းဓါတ္ပါေသာ အသားငါး အသီးအ႐ြက္ေတြထက္

အရည္ေသြးပိုေကာင္းၿပီး ပ႐ိုတင္း၈၀% ႂကြယ္ဝတယ္ဟုသိရတယ္၊ အျခားႏိုင္ငံက ေရညႇိေတြထက္ ၃၀% သာလြန္ အက်ိဳးျပဳတယ္လို႔လို ဖတ္ရပါတယ္၊ တြင္းေတာင္တြင္ ေရညႇိကို ေဖဖဝါရီ၊ မတ္၊ ဧၿပီမွာ အဓိကရၾကေလ့ရွိေသာ္လဲ

၂၀၁၅ မွစ၍ သိသာစြာ ေရညႇိထုတ္လုပ္ႏိုင္မႈ က်ဆင္းၿပီး ယခု ရပ္ဆိုင္းလိုက္ရသလို ျဖစ္ေနပါတယ္၊ အေၾကာင္းကေတာ့ ေဂဟစနစ္ပ်က္ယြင္းလာတာပါ။ အဓိက ၂ခ်က္ကေတာ့ ….

တြင္းေတာင္နဲ႔ ၅မိုင္ပါတ္လည္မွာရွိတဲ့ စစ္ကိုင္းတိုင္းရဲ႕ ေရဘုတလင္ လို႔ေခၚတဲ့ အႀကီးဆုံး ျမစ္ေရတင္စီမံကိန္းမွ ေရေပးတဲ့ ေျမသာတူးေျမာင္းေတြက ေျမေအာက္ထဲ ေရခ်ိဳစိမ့္ဝင္မႈေၾကာင့္ တြင္းေတာင္ ေရညႇိရွင္သန္ႏိုင္တဲ့ ေရ PH level အယ္ကာရီပါဝင္ႏႈန္း က်လာရတာ အဓိကပါ…

ဒါ့ေၾကာင့္ တြင္းေတာင္ ၅မိုင္ပါတ္လည္ဟာ ေျခာက္ေသြ႕ဇုံျဖစ္ကို႔ျဖစ္ရပါ့မယ္လို႔ research လုပ္သူေတြဟာ ေထာက္ျပၾကပါတယ္…ေဒသခံေတြကေတာ့ စိုက္ပ်ိဳးေရးဟာျမစ္ေရတင္ကို မွီခိုရေတာ့

ထိုျမစ္ေရတင္ရပ္တန႔္မွာကို စိုးရိမ္ေသာ္လဲ alternative idea ျဖစ္တဲ့ ၅ မိုင္ဝန္းက်င္ကို ေျမေအာင္ေရခ်ိဳမစိမ့္ေစရန္ သံပိုက္လုံးျဖင့္ အသုံးျပဳေရတင္ေပးဖို႔ အဆိုတင္သြင္းခဲ့ၾကဖူးပါတယ္…

ေနာက္တစ္ခုက ေရညႇိရွင္သန္ေရးဆိုၿပီး ယူရီးယားေခၚတဲ့ ဓါတ္ေျမဩဇာ အလြန္ႄကြံသုံးစြဲမႈေၾကာင့္ Dominic acid ထြက္လာၿပီး အဲဒီ့ အဆိပ္က ေရညႇိရွင္သန္ေပါက္ဖြားမႈကို က်ဆင္းေစတာလို႔ ပညာရွင္ေတြ ေထာက္ျပၾကတယ္ (သူ႔ဖက္ ကိုယ့္ဖက္ မဟုတ္ဘူးလဲ ျငင္းဆိုၾကပါေသးတယ္)

ဒါဟာ အစိုးရ ကေန ပုဂၢလိကကုမၼဏီအကူးေျပာင္းမွာ ျဖစ္တဲ့ ျပသနာလို႔လဲ ေဒသခံေတြေျပာခဲ့ၾကပါတယ္။ လြန္ခဲ့တဲ့ ႏွစ္အနဲငယ္ကေတာ့ ပညာရွင္ေတြဟာ ေဂဟစနစ္ တစ္ခုခု ႁခြတ္႐ႊင္းတာျဖစ္လို႔ ေသခ်ာ ေလ့လာ ေဂဟကို ျပန္ထိန္းႏိုင္ရင္ တြင္းေတာင္သဘာဝ ျပန္ရႏိုင္တယ္လို႔ ေျပာခဲ့ၾကေပမယ့္

ထိန္းႏိုင္လား မထိန္းႏိုင္လားဆိုတာေတာ့ စာရွည္မယ္ဆိုးလို႔ ေနာက္တစ္ေခါက္မွ ဆက္ၾကတာေပါ့ဗ်ာ။ က်ေနာ့ သူငယ္ခ်င္းက ေျပာတယ္ စာရွည္ရင္ ဟုန္တယ္ မေကာင္းဘူးတဲ့… က်ေနာ္ကလဲ မနဲ ဘရိတ္အုပ္မွ တန္ကာပါဗ်ာ …. အမွားပါျဖည့္၊ စားလုံးေပါင္းသည္းခံေပးပါဗ်။

ျပန္လည္ျပဳစုတင္ျပေရးသူ credit – ကိုစိုးေက်ာ္သူ(ဧည့္လမ္းၫႊန္-ပုဂံ)

ကိုးကား- အျငင္းပြား အမွတ္လြဲ အသိနည္း ျမန္မာ့ျဖစ္ရပ္ ၁၀၀ (ေမာင္ၾကည္သန႔္) ၊ ျမန္မာ့စြယ္စုံက်မ္း၊ ျမန္မာတိုင္း ေအာင္ေဖၾကည္စိုး စာတမ္း။ photo-googleမွ #တြင္းေတာင္ #သုတပူရ

Unicode

မြစ်ရေတက်ရင် တွင်းကြီးထဲရေကျ… မြစ်ရေကျရင် တွင်းကြီးထဲရေပြည့်တဲ့… မြန်မာနိုင်ငံက တွင်းကြီးတစ်တွင်း
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာရှိတဲ့ အကျယ်အဝန်း ၄မိုင်ခန့်ရှိသော မီးတောင်ဟောင်းတစ်ခုဖြစ်တဲ့ တွင်းတောင်ကြီးပါပဲ…

ကျနော် သွားမယ်ဟု ရည်ရွယ်စာရင်းထဲက နေရာလေးတစ်ခု.. အရင်နှစ်တွေတုန်းက ကျနော်အလုပ် လုပ်သော နိုင်ငံခြားသား ဇိမ်ခံသဘော်ကြီးဖြင့် မိုးတွင်းဆို

ချင်းတွင်းမြစ်တစ်လျှောက် အဆုန်အဆန် သွားကာ နာမည်ကြီး မုံရွာအထက် အင်မတန်လှသော မြစ်ကျဉ်းက ရွှေစာရေးဝဲကြီးနား ဖြတ်ရင်ဖြင့်…

“အော်… ဒါ တွင်းတောင်ကြီနားလေးပဲလေလို့..” ဆိုကာ ခဏခဏတွေးမိသော်လဲ အကြောင်းအမျိုးမျိုးကြောင့် မရောက်နိုင်ခဲ့…။ ခုတော့ မအောင့်နိုင်တော့ပဲ ဖတ်ထားသမျှလေး ပြုတုစု ကိုးကားကာ ချရေးမိတာပါ။

မုံရွာမြောက်သွားရင် ဘုတလင်မြို့ရောက်… အဲဒီကမှ အနောက်ဖက် ၃မိုင်ခန့်အကွာမှာ တွင်းရွာဆိုတာ ရှိပြီး ရွာကလေးဟာ ယာလုပ်ငန်း၊ ကွမ်းစိုက်ပျိုးခြင်း၊ တွင်းပိုးဖမ်းခြင်း လုပ်ငန်းဖြင့်

အသက်မွေး ဝမ်းကြောင်းပြုကြပါတယ်၊ တွင်းရွာမှ အနောက်ကို ၂ ဖာလုံကျော်ကျော်ကလေး ဆက်သွားလျှင် တွင်းတောင်ကို ရောက်နိုင်ပါတယ်ဗျ။

တွင်းတောင်၏ အကျယ်အဝန်းသည် ပါတ်လည် ၄မိုင် နှင့် ရေပါတ်လည် အကျယ်မှာ ၃မိုင်ခန့်ပုံမှန်ရှိတယ်။ ကန်ဟာ ၁၆၈ ပေထိ နက်တယ်လို့ သိရတယ်။ အပြင်လှမ်းလှမ်းမှ ကြည့်လျှင် တောင်ကြီး တစ်လုံးပုံဖြစ်ပါတယ်၊

အပေါ်ရောက်ရင် ဒယ်အိုးပုံကဲ့သို့ ချိုင့်ဝှမ်းကြီး ဖြစ်နေတာတွေ့ရတယ်။ တွင်း အခြေဆင်းတဲ့လမ်းသည် မတ်စောက်လှပြီး တွင်းတောင်ထဲတွင် စိမ်းပြာပြာ ကျိချွဲချွဲ နှင့် ရေတွေရှိ။ ထိုရေမှ အဖိုးတန် စိမ်းပြာရေညှိ(ခေါ်) ကျနော်တို့ သိကြတဲ့

စပီရူလိုင်းနား တွေထုတ်လုပ်ကြတယ်…တွင်းတောင်ထဲမှ ရေသည် – ချင်းတွင်းမြစ်ရေ တက်နေချိန်မှာ တွင်းထဲက ရေများသည် ကျ၍၊ ချင်းတွင်းမြစ်ရေ ကျချိန် နွေအခါမှာ တွင်းရေက တက်လာသည်။

အခြားရေကန်များနှင့် မတူပေ… ညိုညစ်တယ်၊ နီစပ်တယ်၊ ရေညှိအရောင်နှင့် ကြည်လင်ခြင်းမရှိပဲ ချွဲပျစ်ပျစ်ဖြစ်နေတယ်။ရေကငန်နေပြီး ကန်အတွင်းရေဆင်းချိုးရင် ဆပ်ပြာတိုက်ရန်မလိုပဲ

တိုက်ပြီးသကဲ့သို့ ဖြစ်နေတယ်ဟုသိရတယ်။ လက်နှီးစုတ်တစ်ခု ချကြည့်လျှင် ဆပ်ပြာတိုက်လျှော်ပြီးသကဲ့သို့ ဖွေးဖြူသွားတတ်သည်ဟု ပြောကြတယ်၊

ဤကန်ထဲမှာ ငါး ဖား လိပ် ပုဇွန် မနေနိုင်ပဲ ပိုးလောက်လန်းနဲ့တူတဲ့ တွင်းပိုး နှင့် ဖြုတ်လို ပိုးကောင်ငယ်လေး၂မျိုးသာ နေနိုင်ပါတယ်။ တွင်းတောင် တစ်လျှောင်ဟာ ရေချိုတွင်းတွေတူးကြပြီး

ကွမ်းစိုက်တော့ တွင်းကွမ်းဆိုပြီး နာမည်အင်မတန်ကြီးတယ်။ တွင်းပိုး နှင့် တွင်းကွမ်းဟာ အလွန်နာမည်ကြီးတဲ့ ဒေထွက်ကုန်တွေပေါ့။

တွင်းပိုး
ဒေသခံတွေပြောတဲ့ ထူးဆန်းတာက တွင်းပိုးတွေဟာ ဥပုသ်နေ့မှာသာ ပေါ်တယ်တဲ့။ တစ်နှစ်မှာ တစ်လသာ ကောင်းကောင်းရနိုင်တယ်ပြောကြတယ်.. ။ မိုးအုံ့ပြီဆိုရင် တွင်းပိုးတွေ ကမ်းစပ်ကို ပေါ်လာတတ်ကြတယ်။

အဲလိုအချိန်ဆို လက်ပိုက် သို့ ဆန်ကာနဲ့ ဆယ်ကာ တွင်းပိုးကို ရေနွေးဖြော အချဉ်ထည့်ကြတယ်၊ အစိုတိုင်းလဲစားနိုင်တယ်။ နေလှမ်းအခြောက်ခံကြော်စားတာတော့ ခုခေတ်ပေါ်ပြူလာဖြစ်လာတာပေါ့။ လိုင်းပေါ်မှာ ရောင်းနေကြတယ်။

တွင်းပိုး၏ပုံသဏ္ဌာန်မှာ လက်မ လက်သဲခွံပမာ ဝိုင်းပြားပြား ပုံစံ ရှိကြတယ်။ တွင်းပိုးအမျိုးအစားမှာ အခြားသတ္တဝါများကဲ့သို့ အဖိုနှင့် အမရှိ။ အဖိုမှာ လောက်လန်းသဖွယ်ဖြစ်ပြီး၊ အမမှာ လုံးဝိုင်းသော ပုံရှိပါတယ်တဲ့။

တွင်းပိုးတို့သည် ရေစပ် ကျောက်တုံးများမှာ ဥ ပုံမှန်ချကြတယ်။ မိုးရွာကာနီးအချိန်မှာဆို တွင်းပိုးပေါက်များ ထွက်လာလေ့ရှိပါတယ်။ လောက်လန်း ပုံစံလေးတွေပါ၊ညအခါ ရေစပ်မှာ မီးခွက်ထွန်းထားလိုက်ရင်

မီးရှိရာကို ကူးခတ်လာတတ်တော့ ဆန်ကာခုံးနှင့် စစ်ခပ်ကာဖမ်းယူကြတယ်လို့ သိရတယ်။ဒေသခံတွေဟာ အကောင်ကြီးတဲ့ အဖို အမများကို ဖမ်းမိရင် မျိုးမတုန်းစေရန် အတွက် ပြန်လွှတ်ပေးလေ့ရှိကြပြီး

ရလာသော တွင်းပိုးအကောင် ကလေးများကို နေရိပ်တွင် အခြောက်လှမ်း၍ ခြောက်လျှင် သည်အတိုင်း စားလို့ရတယ်ပြောပါတယ်၊ အပေါ်ကပြောသလိုကြော်စားလဲရပါတယ်တဲ့၊

လက်ဖက်သုပ်ထဲ ထည့်စားလျှင် ဆိမ့်သော အရသာရှိ၍ စားလို့ ကောင်းပြီး တွင်းပိုးကြော် နှစ်ဇွန်းနှင့် နွားနို့ တစ်ခွက်သောက်လိုက်ပါက ကုန်ခမ်းသွားသော အားအင်များ ချက်ချင်း ပြန်လည်ပြည့်ဖြိုး လာသည်ဟု ဝီကီမှာ မှတ်သားရပါတယ်။

နောက်တစ်ခုက တစ်လက်စထဲ ဗဟုသုတအနေနဲ့ … စိမ်းပြာရေညှိ(ခေါ်) စပီရူလိုင်းနာ
တွင်းတောင်ထဲမှ ရေများသည် စိမ်းပြာရေညှိ(ခေါ်) စပီရူလိုင်းနား အားဆေးများ(ပရိုဗီမင်အားဆေး၊ အာဗာမင်အားဆေး၊ စိမ်းပြာရေညှိအဆီ)ကို ထုတ်ယူနိုင်တယ်၊ ထိုအရာဟာ လူကြီးများအတွက်သာမက လူငယ်များအတွက်ပါ အားအင်ပြည့်ဖြိုးစေတာ လူတိုင်းသိထားကြပါတယ်၊

စပီရူလိုင်းနား ခေါ် စိမ်းပြာရေညှိဟာ အပူပိုင်းဒေသ မီးတောင်ဟောင်းများတွင် ရှင်သန်ပေါက်ပွားလေ့ရှိပြီး ကမ္ဘာပေါ်တွင် သဘာဝစပီရူလိုင်းနား ထွက်ရှိသောနိုင်ငံ (၆)နိုင်ငံရှိသည်။

(၁) မက္ကဆီကိုနိုင်ငံ, တက်ကိုကိုကန်(Lake Texcoco)

(၂) ချက်ရီပါ့ဘလစ်, ချက်ရေကန် (Lake Chad) နှင့် ဘိုဒူရေကန် (Lake Bodou)၊ ရောင်ဘူရေကန်

(၃) ကင်ညာနိုင်ငံ, နာကူရူးရေကန် (Lake Nakuru)နှင့် အယ်လီမန်တီရှားရေကန် (Lake Elementeitia)

(၄) အီသီယိုးပီးယားနိုင်ငံ, အရာဂွတ်ဒီရေကန်(Lake Arangudiadi)နှင့် ကီလိုတီးစ်ရေကန် (Lake Kilotes)

(၅) တရုတ်နိုင်ငံ, ချန်ကိုင်းရေကန် (Chenghai Lake)

(၆) မြန်မာနိုင်ငံမှာတော့ ဘုတလင်မြို့နယ် တွင်းတောင်၊ ကနီမြို့နယ် တောင်ပျောက်အင်း, တွင်းမအင်း၊ စစ်ကိုင်းရှိ ရေခါးအင်း တို့မှာ စပိရူးလိုင်းနား ထုတ်ယူနိုင်ကြတယ်ဟု မှတ်သားရပါတယ်။

မှတ်ရန်။ ။ နေရာအချို့ယခု ရေညှိမထုတ်လုပ်နိုင်တော့ပါ။

တွင်းတောင်ရေဟာ ဓာတ်၁၆မျိုး ပါဝင်နေတယ်လို့ နယ်သာလန် နဲ့ ဂျပန်သုတေသီတွေက ဆိုကြတယ်.. ထိုနေရာမှ ထွက်တဲ့ ရေညှိဟာ အခြား ပရိုတင်းဓါတ်ပါသော အသားငါး အသီးအရွက်တွေထက်

အရည်သွေးပိုကောင်းပြီး ပရိုတင်း၈၀% ကြွယ်ဝတယ်ဟုသိရတယ်၊ အခြားနိုင်ငံက ရေညှိတွေထက် ၃၀% သာလွန် အကျိုးပြုတယ်လို့လို ဖတ်ရပါတယ်၊ တွင်းတောင်တွင် ရေညှိကို ဖေဖဝါရီ၊ မတ်၊ ဧပြီမှာ အဓိကရကြလေ့ရှိသော်လဲ

၂၀၁၅ မှစ၍ သိသာစွာ ရေညှိထုတ်လုပ်နိုင်မှု ကျဆင်းပြီး ယခု ရပ်ဆိုင်းလိုက်ရသလို ဖြစ်နေပါတယ်၊ အကြောင်းကတော့ ဂေဟစနစ်ပျက်ယွင်းလာတာပါ။ အဓိက ၂ချက်ကတော့ ….

တွင်းတောင်နဲ့ ၅မိုင်ပါတ်လည်မှာရှိတဲ့ စစ်ကိုင်းတိုင်းရဲ့ ရေဘုတလင် လို့ခေါ်တဲ့ အကြီးဆုံး မြစ်ရေတင်စီမံကိန်းမှ ရေပေးတဲ့ မြေသာတူးမြောင်းတွေက မြေအောက်ထဲ ရေချိုစိမ့်ဝင်မှုကြောင့် တွင်းတောင် ရေညှိရှင်သန်နိုင်တဲ့ ရေ PH level အယ်ကာရီပါဝင်နှုန်း ကျလာရတာ အဓိကပါ…

ဒါ့ကြောင့် တွင်းတောင် ၅မိုင်ပါတ်လည်ဟာ ခြောက်သွေ့ဇုံဖြစ်ကို့ဖြစ်ရပါ့မယ်လို့ research လုပ်သူတွေဟာ ထောက်ပြကြပါတယ်…ဒေသခံတွေကတော့ စိုက်ပျိုးရေးဟာမြစ်ရေတင်ကို မှီခိုရတော့

ထိုမြစ်ရေတင်ရပ်တန့်မှာကို စိုးရိမ်သော်လဲ alternative idea ဖြစ်တဲ့ ၅ မိုင်ဝန်းကျင်ကို မြေအောင်ရေချိုမစိမ့်စေရန် သံပိုက်လုံးဖြင့် အသုံးပြုရေတင်ပေးဖို့ အဆိုတင်သွင်းခဲ့ကြဖူးပါတယ်…

နောက်တစ်ခုက ရေညှိရှင်သန်ရေးဆိုပြီး ယူရီးယားခေါ်တဲ့ ဓါတ်မြေဩဇာ အလွန်ကြွံသုံးစွဲမှုကြောင့် Dominic acid ထွက်လာပြီး အဲဒီ့ အဆိပ်က ရေညှိရှင်သန်ပေါက်ဖွားမှုကို ကျဆင်းစေတာလို့ ပညာရှင်တွေ ထောက်ပြကြတယ် (သူ့ဖက် ကိုယ့်ဖက် မဟုတ်ဘူးလဲ ငြင်းဆိုကြပါသေးတယ်)

ဒါဟာ အစိုးရ ကနေ ပုဂ္ဂလိကကုမ္မဏီအကူးပြောင်းမှာ ဖြစ်တဲ့ ပြသနာလို့လဲ ဒေသခံတွေပြောခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်အနဲငယ်ကတော့ ပညာရှင်တွေဟာ ဂေဟစနစ် တစ်ခုခု ခြွတ်ရွှင်းတာဖြစ်လို့ သေချာ လေ့လာ ဂေဟကို ပြန်ထိန်းနိုင်ရင် တွင်းတောင်သဘာဝ ပြန်ရနိုင်တယ်လို့ ပြောခဲ့ကြပေမယ့်

ထိန်းနိုင်လား မထိန်းနိုင်လားဆိုတာတော့ စာရှည်မယ်ဆိုးလို့ နောက်တစ်ခေါက်မှ ဆက်ကြတာပေါ့ဗျာ။ ကျနော့ သူငယ်ချင်းက ပြောတယ် စာရှည်ရင် ဟုန်တယ် မကောင်းဘူးတဲ့… ကျနော်ကလဲ မနဲ ဘရိတ်အုပ်မှ တန်ကာပါဗျာ …. အမှားပါဖြည့်၊ စားလုံးပေါင်းသည်းခံပေးပါဗျ။

ပြန်လည်ပြုစုတင်ပြရေးသူ credit – ကိုစိုးကျော်သူ(ဧည့်လမ်းညွှန်-ပုဂံ)

ကိုးကား- အငြင်းပွား အမှတ်လွဲ အသိနည်း မြန်မာ့ဖြစ်ရပ် ၁၀၀ (မောင်ကြည်သန့်) ၊ မြန်မာ့စွယ်စုံကျမ်း၊ မြန်မာတိုင်း အောင်ဖေကြည်စိုး စာတမ်း။ photo-googleမှ #တွင်းတောင် #သုတပူရ