ဗဟုသုတ

ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေနဲ့ဆင်တူတဲ့အပြင် ကျန်းမာအောင် ပြုလုပ်ပေးနိုင်တဲ့အသီးအနှံ (၇) မျိုး

အချို့သောအသီးအနှံတွေရဲ့ပုံစံတွေက ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ဆင်တူပါတယ်။ ဆင်တူတဲ့အပြင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း အကျိုးပြုပါသေးတယ်။ အဲဒါကြောင့် ဘယ်အသီးအနှံတွေက ခန္ဓာကိုယ်က ဘယ်အစိတ်အပိုင်းတွေက ဆင်တူပြီး ဘယ်လိုကောင်းကျိုးတွေ ပေးလဲဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ခရမ်းချဉ်သီး

နှလုံးက အခန်းလေးခန်းရှိပြီး အနီရောင်ရှိပါတယ်။ ခရမ်းချဉ်သီးကလည်း အခန်းလေးခန်းပါဝင်ပြီး အနီရောင်အသီးပါပဲ။ ခရမ်းချဉ်သီးမှာ lycopene ပါဝင်ပါတယ်။ Lycopene က အစွမ်းထက်တဲ့ အင်တီအောက်ဆီးဒင့်ဖြစ်ပြီးတော့ နှလုံးကျန်းမာရေးအတွက် အများကြီး အကျိုးပြုပါတယ်။ နေလောင်ဒဏ်တွေကိုလည်း ခရမ်းချဉ်သီးက သက်သာစေပါတယ်။

၂။ မုန်လာဥနီ

မုန်လာဥကို အကွင်းလေးတွေလှီးလိုက်ရင် မျက်လုံးနဲ့ တူပါတယ်။ မုန်လာဥနီမှာ ပါဝင်တဲ့ alpha နဲ့ beta-carotene ဟာ ဗီတာမင် A၊ ဗီတာမင် K၊ ဗီတာမင် B6 တို့ရဲ့ရင်းမြစ်တွေပါပဲ။ အဲဒါကြောင့် အမြင်အာရုံကောင်းစေဖို့ မုန်လာဥနီက တကယ်ကို ကူညီပေးနိုင်ပါတယ်။

၃။ စပျစ်သီး

 

စပျစ်သီးလေးအတွဲလေးတွေက အဆုတ်က စပျစ်ခိုင်လေပြွန်နဲ့ ဆင်တူပါတယ်။ စပျစ်ခိုင်လေပြွန်က အောက်ဆီဂျင်တွေကို အဆုတ်ကနေတစ်ဆင့် သွေးကြောတွေထဲ ဖြတ်သွားဖို့ ခွင့်ပြုပေးပါတယ်။

စပျစ်သီးက အဆုပ်က စပျစ်ခိုင်လေပြွန်နဲ့ တူတဲ့အပြင် အဆုတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ အနီရောင် စပျစ်သီးမှာ ရှိတဲ့ anthocyanins ဟာ အဆုတ်ရဲ့လုပ်ငန်းတွေ ကောင်းမွန်စေဖို့ အထောက်အကူပြုပါတယ်။

၄။ ပဲစေ့

ပဲစေ့လေးက လူသားရဲ့ကျောက်ကပ်နဲ့ ပုံစံချင်းဆင်တူပါတယ်။ ပဲစေ့မှာ သတ္ထုဓာတ်တွေ၊ ဗီတာမင်တွေ၊ အမျှင်ဓာတ်တွေ ပါတာကြောင့် ကျောက်ကပ်ရောဂါ‌တွေအတွက် သင့်တော်ပါတယ်။ ပဲကို စားတဲ့အခါမှာတော့ အကန့်အသတ်နဲ့ စားသင့်ပါတယ်။

ဘာလို့လဲဆိုတော့ သူ့မှာ ပိုတက်ဆီယမ်နဲ့ ဆိုဒီယမ်ပါဝင်မှုများလို့ပါ။ ပဲစေ့အစိမ်း သို့မဟုတ် နည်းလမ်းမမှန်ဘဲ ပြုလုပ်ထားတဲ့ပဲက ကျောက်ကပ်ကို အဆိပ်ဖြစ်စေပါတယ်။ ချက်ထားတဲ့ပဲစေ့ကသာ အန္တရာယ်ကင်းတာပါ။

၅။ ပန်းမုံလာ

ပန်းမုံလာက ဦးနှောက်နဲ့ဆင်ဆင်တူပါတယ်။ ပန်းမုံလာမှာ choline အများကြီး ပါဝင်ပါတယ်။ အဲဒါကတော့ ဦးနှောက်ရဲ့ရှေ့ပိုင်းကို ကျန်းမာအောင် ပြုလုပ်ပေးနိုင်ပါတယ်။ Choline အနည်းကတော့ ဦးနှောက်အတွက် ဆိုးကျိုးဖြစ်စေပါတယ်။

၆။ မှို

မှိုကို ထက်ခြမ်းခွဲထားတဲ့ပုံက နားရွက်နဲ့ ပုံစံချင်းဆင်ပါတယ်။ မှိုမှာ ဗီတာမင်ဒီပါဝင်ပါတယ်။ ဗီတာမင်ဒီချို့တဲ့ရင် အကြားအာရုံချွတ်ယွင်းလာပါတယ။ မှိုက နားထဲမှာရှိတဲ့ အရိုးသေးလေး ၃ ရိုးကို ကျန်းမာအောင် ပြုလုပ်ပေးပါတယ်။

၇။ ကန်စွန်းဥ

မုန့်ချိုအိတ်က စားလိုက်တဲ့အစားအစာတွေကို ချေဖျက်ဖို့အတွက် ဟော်မုန်းတွေကို ထုတ်လွှတ်ပေးတဲ့အပြင် ခန္ဓာကိုယ်ထဲက သကြားဓာတ်ကို ညီမျှအောင် အင်ဆူလင်ကိုလည်း ထုတ်လွှတ်ပေးပါသေးတယ်။ ကန်စွန်းဥမှာ ပါရှိတဲ့ adiponectin က ဇီဝကမ္မဖြစ်စဉ်နဲ့ မုန့်ချိုအိတ်ရဲ့ အဓိကလုပ်ငန်းကို တိုးတက်စေပါတယ်။

Zombie (lovemedia)

အခ်ိဳ႕ေသာအသီးအႏွံေတြရဲ့ပုံစံေတြက ခႏၶာကိုယ္အစိတ္အပိုင္းေတြနဲ႔ ဆင္တူပါတယ္။ ဆင္တူတဲ့အျပင္ ခႏၶာကိုယ္အစိတ္အပိုင္းေတြကိုလည္း အက်ိဳးျပဳပါေသးတယ္။ အဲဒါေၾကာင့္ ဘယ္အသီးအႏွံေတြက ခႏၶာကိုယ္က ဘယ္အစိတ္အပိုင္းေတြက ဆင္တူၿပီး ဘယ္လိုေကာင္းက်ိဳးေတြ ေပးလဲဆိုတာကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ခရမ္းခ်ဥ္သီး

ႏွလုံးက အခန္းေလးခန္းရွိၿပီး အနီေရာင္ရွိပါတယ္။ ခရမ္းခ်ဥ္သီးကလည္း အခန္းေလးခန္းပါဝင္ၿပီး အနီေရာင္အသီးပါပဲ။ ခရမ္းခ်ဥ္သီးမွာ lycopene ပါဝင္ပါတယ္။ Lycopene က အစြမ္းထက္တဲ့ အင္တီေအာက္ဆီးဒင့္ျဖစ္ၿပီးေတာ့ ႏွလုံးက်န္းမာေရးအတြက္ အမ်ားႀကီး အက်ိဳးျပဳပါတယ္။ ေနေလာင္ဒဏ္ေတြကိုလည္း ခရမ္းခ်ဥ္သီးက သက္သာေစပါတယ္။

၂။ မုန္လာဥနီ

မုန္လာဥကို အကြင္းေလးေတြလွီးလိုက္ရင္ မ်က္လုံးနဲ႔ တူပါတယ္။ မုန္လာဥနီမွာ ပါဝင္တဲ့ alpha နဲ႔ beta-carotene ဟာ ဗီတာမင္ A၊ ဗီတာမင္ K၊ ဗီတာမင္ B6 တို႔ရဲ့ရင္းျမစ္ေတြပါပဲ။ အဲဒါေၾကာင့္ အျမင္အာ႐ုံေကာင္းေစဖို႔ မုန္လာဥနီက တကယ္ကို ကူညီေပးနိုင္ပါတယ္။

၃။ စပ်စ္သီး

စပ်စ္သီးေလးအတြဲေလးေတြက အဆုတ္က စပ်စ္ခိုင္ေလႁပြန္နဲ႔ ဆင္တူပါတယ္။ စပ်စ္ခိုင္ေလႁပြန္က ေအာက္ဆီဂ်င္ေတြကို အဆုတ္ကေနတစ္ဆင့္ ေသြးေၾကာေတြထဲ ျဖတ္သြားဖို႔ ခြင့္ျပဳေပးပါတယ္။

စပ်စ္သီးက အဆုပ္က စပ်စ္ခိုင္ေလႁပြန္နဲ႔ တူတဲ့အျပင္ အဆုတ္က်န္းမာေရးကိုလည္း ေကာင္းမြန္ေစပါတယ္။ အနီေရာင္ စပ်စ္သီးမွာ ရွိတဲ့ anthocyanins ဟာ အဆုတ္ရဲ့လုပ္ငန္းေတြ ေကာင္းမြန္ေစဖို႔ အေထာက္အကူျပဳပါတယ္။

၄။ ပဲေစ့

ပဲေစ့ေလးက လူသားရဲ့ေက်ာက္ကပ္နဲ႔ ပုံစံခ်င္းဆင္တူပါတယ္။ ပဲေစ့မွာ သတၳဳဓာတ္ေတြ၊ ဗီတာမင္ေတြ၊ အမၽွင္ဓာတ္ေတြ ပါတာေၾကာင့္ ေက်ာက္ကပ္ေရာဂါ‌ေတြအတြက္ သင့္ေတာ္ပါတယ္။ ပဲကို စားတဲ့အခါမွာေတာ့ အကန႔္အသတ္နဲ႔ စားသင့္ပါတယ္။

ဘာလို႔လဲဆိုေတာ့ သူ႔မွာ ပိုတက္ဆီယမ္နဲ႔ ဆိုဒီယမ္ပါဝင္မႈမ်ားလို႔ပါ။ ပဲေစ့အစိမ္း သို႔မဟုတ္ နည္းလမ္းမမွန္ဘဲ ျပဳလုပ္ထားတဲ့ပဲက ေက်ာက္ကပ္ကို အဆိပ္ျဖစ္ေစပါတယ္။ ခ်က္ထားတဲ့ပဲေစ့ကသာ အႏၲရာယ္ကင္းတာပါ။

၅။ ပန္းမုံလာ

ပန္းမုံလာက ဦးေႏွာက္နဲ႔ဆင္ဆင္တူပါတယ္။ ပန္းမုံလာမွာ choline အမ်ားႀကီး ပါဝင္ပါတယ္။ အဲဒါကေတာ့ ဦးေႏွာက္ရဲ့ေရွ႕ပိုင္းကို က်န္းမာေအာင္ ျပဳလုပ္ေပးနိုင္ပါတယ္။ Choline အနည္းကေတာ့ ဦးေႏွာက္အတြက္ ဆိုးက်ိဳးျဖစ္ေစပါတယ္။

၆။ မွို

မွိုကို ထက္ျခမ္းခြဲထားတဲ့ပုံက နားရြက္နဲ႔ ပုံစံခ်င္းဆင္ပါတယ္။ မွိုမွာ ဗီတာမင္ဒီပါဝင္ပါတယ္။ ဗီတာမင္ဒီခ်ိဳ႕တဲ့ရင္ အၾကားအာ႐ုံခၽြတ္ယြင္းလာပါတယ။ မွိုက နားထဲမွာရွိတဲ့ အရိုးေသးေလး ၃ ရိုးကို က်န္းမာေအာင္ ျပဳလုပ္ေပးပါတယ္။

၇။ ကန္စြန္းဥ

မုန႔္ခ်ိဳအိတ္က စားလိုက္တဲ့အစားအစာေတြကို ေခ်ဖ်က္ဖို႔အတြက္ ေဟာ္မုန္းေတြကို ထုတ္လႊတ္ေပးတဲ့အျပင္ ခႏၶာကိုယ္ထဲက သၾကားဓာတ္ကို ညီမၽွေအာင္ အင္ဆူလင္ကိုလည္း ထုတ္လႊတ္ေပးပါေသးတယ္။ ကန္စြန္းဥမွာ ပါရွိတဲ့ adiponectin က ဇီဝကမၼျဖစ္စဥ္နဲ႔ မုန႔္ခ်ိဳအိတ္ရဲ့ အဓိကလုပ္ငန္းကို တိုးတက္ေစပါတယ္။

Zombie (lovemedia)