(၁) ဆပ်ပြာခဲ
ဆပ်ပြာခဲကတော့ တစ်ခါသုံးပြီးရင် လူတစ်ယောက်ရဲ့ အရေပြားပေါ်က ပိုးမွှားတွေ ဆပ်ပြာပေါ်မှာ ကျန်နေတတ်ပါတယ်။ အထူးသဖြင့် စိုစွတ်နေတဲ့ ဆပ်ပြာခွက်ထဲမှာ ထားတဲ့ဆပ်ပြာတွေဆိုရင် အစိုဓာတ်ကြောင့် ပိုးမွှားနဲ့ မှိုတွေကို ပိုပေါက်ဖွားလာစေပါတယ်။ ဆပ်ပြားခဲတွေကို ရှဲသုံးတာက အိမ်တော်တော်များများမှာ လုပ်နေတဲ့အရာဖြစ်ပြီး အဲ့တာက ကောင်းတဲ့အလေ့အကျင့်တော့ မဟုတ်ပါဘူး။ ဆပ်ပြာရည်ကိုတော့ ရှဲသုံးတာ ဘာမှမဖြစ်ပါဘူး။ ဒါကြောင့် လူများတဲ့ နေအိမ် နဲ့ ဝန်ထမ်းများတဲ့ ရုံတွေမှာဆို ဆပ်ပြာရည်ကို သုံးတာ ပိုပြီး ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ်။
(၂) ရေသုတ်ပုဝါ
တချို့လူတွေအတွက် ရေသုတ်ပုဝါ ရှဲသုံးကြတာဟာ ပုံမှန်အရာလို့ ထင်နေတတ်ပါတယ်။ တကယ်တော့ ရေသုတ်ပုဝါဆိုတာက ကိုယ့်အတွက် သီးသန့်ထားသုံးသင့်ပါတယ်။ အထူးသဖြင့် စိုစွတ်နေတဲ့ ရေချိုခန်းထဲမှာ ထားထားတဲ့ ရေသုတ်ပုဝါတွေဟာ မှိုတွေ ပိုးမွှားတွေပေါက်ဖွားလို့ကောင်းတဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့် ညစ်ပေနေတဲ့ ရေသုတ်ပုဝါတွေက မျက်နှာအရေပြားကို ညစ်ပေစေပြီး ဝက်ခြံဖြစ်စေပါတယ်။ ဒါကြောင့် ရေသုတ်ပုဝါတွေကိုလည်း အသုံးပြုပြီးသွားရင် ခြေသွေအောင် လုပ်ဖို့တော့ လိုအပ်ပါတယ်။ သူများက ကိုယ့်ရေသုတ်ပုဝါကို ယူပြီးသုံးသွားရင်လည်း အဲ့ဒါကို သေချာလျော်ဖွတ်ပြီးမှာ သုံးတာ အကောင်းဆုံးပါ။
(၃) လက်သည်းခြေသည်းညှပ်
အခြားလူတစ်ယောက်ဆီမှာ ဘယ်လောက်ပဲ လက်သည်း ခြေသည်းတွေ သန့်ရှင်းနေပါစေ လက်သည်း၊ ခြေသည်း ကြားထဲမှာတော့ ပိုးမွှားတွေ အနည်းငယ်ရှိနေတတ်ပါတယ်။ ဒါကြောင့် တစ်ခါသုံးပြီးတိုင်း အရက်ပြန်နဲ့ ဆေးပေးသင့်ပါတယ်။ ဘယ်လောက်ပဲ ဆေးဆေး အခက်မသင့်ရင် သွေးနဲ့ ဆက်စက်တဲ့ရောဂါတွေ ကူးတတ်ပါတယ်။ လက်သည်းညှပ်ကတော့ တစ်ယောက်တည်းသုံးတာ အကောင်းဆုံးပါပဲ။
(၄) မုတ်ဆိတ်ရိတ်
မှုတ်ဆိတ်ရိတ်တဲ့အရာက သူများအရေပြားနဲ့ တိတွေ့နေတာကြောင့် အရေပြားပေါ်က ပိုးမွှားတွေအပြင် မတော်တဆ ဓာရှခဲ့ရင် သွေးနဲ့ပတ်သတ်တဲ့ ရောဂါတွေ ကူးစက်လာနိုင်ပါတယ်။ ဘယ်တော့မှ အခြားသူနဲ့ တူတူမသုံးတာ အကောင်းဆုံးပါပဲ။
(၅) လက်တို့လိမ်းရတဲ့ ခရင်
ဒါကတော့ မိန်းကလေးတွေအတွက် အဓိက ပြောချင်ပါတယ်။ လက်တို့လိမ်းတဲ့အခါမှာ အခြားသူရဲ့ လက်က ညစ်ပတ်နေတဲ့အခါကျရင် လက်က ပိုးမွှားတွေက ဘူးထဲမှာ ကျန်နေခဲ့ပြီး တစ်ဘူးလုံးကို ညစ်ပတ်သွားစေနိုင်ပါတယ်။ နောက်တစ်ယောက်ယူလိမ်းတဲ့အခါမှာတော့ နောက်တစ်ယောက်ရဲ့ မျက်နှာကို ကူးစက်သွားစေတတ်ပါတယ်။ နှုတ်ခမ်းနီတွေလည်း တူတူပါပဲ။ သူများပါးစပ်နဲ့ ထိပြီးသားကို ကိုယ့်ပါးစပ်ပေါ်ပြန်လိမ်းရင်တော့ သူများဆီက ဘတ်တီးရီးယားတွေကို ကိုယ့်ဆီကို ကူးလာစေနိုင်ပါတယ်။
(၆) ချိုင်းလိမ်း
ဒါကတော့ ပြောစရာ မလိုပါဘူး။ တစ်ခြားသူ ချိုင်းလိမ်းထားတဲ့ ဂျိုင်းလိမ်းကို ယူသုံးရတာလောက် ညစ်ပတ်တာမရှိပါဘူး။ ဂျိုင်း spray ကတော့ တူတူရှဲသုံးလို့ရပေမယ့် Roll-on ကတော့ မသုံးသင့်ပါဘူး။
(၇) သွားတိုက်တံ
သွားတိုက်တံလည်း လူတိုင်းသိပြီးသားဖြစ်မှာပါ။ လူတစ်ယောက်သုံးပြီရင် သွားတိုက်တံမှာ ကျန်ခဲ့တဲ့ ပိုးမွှားက တစ်ညအတွင်းမှာ ပိုမိုပေါက်ဖွားလာနိုင်ပါတယ်။ ကိုယ့်ရဲ့ ပိုးမွှားဆိုရင် ကိစ္စမရှိပေမယ့် သူများပိုးမွှားဆိုရင် အရမ်းအန္တရာယ်ရှိပါတယ်။ နောက်ပြီး သွေးနဲ့ ဆက်စပ်တဲ့ ရောဂါတွေလည်း ကူးစက်လာနိုင်ပါတယ်။ နောက်တစ်ချက်က သွားတိုက်တံလည်းပဲ ရေသုတ်ပုဝါလိုပဲ လေသလပ်ထားပြီး ခြောက်သွေ့အောင် ထားထားဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် အမြဲစိုစွပ်နေတဲ့ သွားတိုက်တံက ဘတ်တီးရီးယား ပေါက်ဖွားဖို့ ပိုပြီး လွယ်ကူစေပါတယ်။
(၈) သွားတိုက်ဆေး
သွားတိုက်ဆေးကို ရှဲသုံးတာကတော့ သွားတိုက်တံလောက် မဆိုးပေမယ့် သွားတိုက်ဆေး ရှဲသုံးတဲ့အခါမှာလည်း ရောဂါကူးစက်နိုင်ခြေ အနည်းငယ်ရှိပါတယ်။
ဘာလို့လဲဆိုတော့ သွားတိုက်တံနဲ့ သွားတိုက်ဆေးဘူးရဲ့ နုတ်ဖျားထိမိတဲ့အခါမှာ သွားတိုက်တံက ပိုးမွှားတွေ ဘူးထဲကို ကူးစက်လာနိုင်လို့ ပဲဖြစ်ပါတယ်။ အခြားသူတစ်ယောက်ကို တကယ်မဖြစ်မနေ ပေးသုံးရမယ်ဆိုရင်တော့ ဘူးနုတ်ဖျားနဲ့ သွားတိုက်တံမထိအောင် သတိထားဖို့တော့ လိုပါတယ်။
(၉) ခေါင်းဘီး
ခေါင်းဘီးဆိုတဲ့ အရာကလည်း သူများတွေနဲ့ အတူတူ လုံး၀ ရှဲမသုံးသင့်တဲ့ အရာတွေထဲပါဝင်ပါတယ်။ အခြားသူတစ်ယောက်က သင့်ရဲ့ ခေါင်းဘီကို ယူသုံးလိုက်တဲ့အခါကျရင် သူ့ဦးရေပြားပေါ်က အညစ်အကြေးတွေနဲ့ ဘတ်တီးရီးယားတွေက ခေါင်းဘီးပေါ်မှာ ကပ်ပါလာတတ်ပါတယ်။ နောက်ပြီး အခက်မသင့်ရင် ခေါင်းဘီ ယူသုံးလိုက်ရင်း ဦးရေပြားပေါက်သွားတဲ့အခါမျိုးမှာဆိုရင် အခြေအနေတွေက ပိုဆိုးလာတတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေက သူတို့ ခေါင်းတွေကို နေ့စဉ်လျှော်ဖွတ်တာမျိုး မလုပ်ကြတာကြောင့် အမျိုးသမီးအချင်းချင်း ခေါင်းဘီ တူတူရှဲသုံးတာကို တက်နိုင်သမျှ ရှောက်ကျဉ်သင့်ပါတယ်။
(၁၀) ကြက်ပေါင်ဖိနပ်
ကြက်ပေါင်ဖိနပ်တွေကိုလည်း ကိုယ်ပိုင်သုံးပစ္စည်းအနေနဲ့ ထားသင့်ပါတယ်။ ခြေဖဝါးက ပိုးမွှားတွေ မှိုတွေဟာ ကူးစက်တတ်ပါတယ်။ အဲ့ဒီ ပိုးမွှားတွေ မှိုတွေက ကြက်ပေါင်ဖိနပ်မှာ ကျန်နေဖို့ဆိုတာ အရမ်းလွယ်ကူပါတယ်။ ရေချိုးစီးဖိနပ် နဲ့ အိမ်သာသုံးဖိနပ် ဆိုရင် ပိုဆိုးပါတယ်။ ဘာလို့လဲဆိုတော့ ခဏခဏစိုစွတ်နေတဲ့ ဖိနပ်က ပိုးမွှားတွေ ပေါက်ဖွားဖို့ အတွက် နေရာကောင်းတစ်နေရာလိုပါပဲ။ မိုးရာသီဆိုရင်လည်း ကြက်ပေါင်ဖိနပ်ရှဲသုံးတာကို အထူးသတိထားသင့်ပါတယ်။
(၁၁) နားကြပ်
နားကြပ်ကတော့ လူတွေသိပ်သတိမထားမိတဲ့ အရာပဲ ဖြစ်ပါတယ်။ သင်တို့အနေနဲ့ အိမ်မှာ နားကြပ်မေ့ကျန်ခဲ့လို့ အလုပ်ရောက်တော့ သူများ နားကြပ်ယူသုံးဖူးကြမှာပါ။ အဲ့လိုလုပ်နေကြဆိုရင် ရပ်တန်းက ရပ်သင့်ပါပြီ။ လေ့လာတွေ့ရှိမှုတွေအရ နားထဲက ပိုးမွှားတွေဟာ နားကြပ်မှာကပ်နေပါတယ်။ အထူးသဖြင့် လေ့ကျင့်ခန်းလုပ်ရင်း သီးချင်းနားထောင်သူတွေရဲ့ နားကြပ်က ပိုညစ်ပတ်နေတတ်ပါတယ်။ မဖြစ်မနေ သူများနားကြပ်ယူသုံးရမယ်ဆိုရင် အရက်ပြန်စွတ်ထားတဲ့ ဂွမ်းနဲ့ နားကြပ်ကို သန့်စင်ပေးပြီးမှသုံးတာ အကောင်းဆုံးပါပဲ။
ပရိတ်သတ်တို့ အနေနဲ့ ဒီစာကို ဗဟုသုတရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ခုလို စိတ်ဝင်စားစရာ အကြောင်းအရာတွေကို ဖတ်ရှုချင်တယ်ဆိုရင်တော့ Shwe Nyan Shin page ကို Like လုပ်ထားကြပါနော်