ဗဟုသုတ

လက်ပြတ်အကြောင်း သိကောင်းစရာ

လက်ပြတ်အကြောင်း သိကောင်းစရာ

အချို့သော လူများမှာ ဦးခေါင်း လမ်းကြောင်းနှင့် နှလုံးလမ်း တို့သည် ထပ်သွားပြီး တကြောင်းတည်း အနေနဲ့ ရှိနေကြသည်။ အဲဒါကို မြန်မာလို “လက်ပြတ်” အင်္ဂလိပ်လို ” Simian Line, Simian Crease or Single Transverse Palmar Crease” ဟု ခေါ်တွင်သည်။

လေ့လာချက် တွေအရ 10% သော လူတို့တွင်သာ ထိုကဲ့သို့သော လက္ခဏာ လက်တဖက်တွင် ပါရှိပြီး ၃% သော လူတို့တွင် လက်နှစ်ဖက် စလုံးတွင် ပါရှိသည်။ ဆေးပညာအရ 80% နီးပါးသော လက်ပြတ်တို့သည် “မျိုးရိုးဗီဇ” ကြောင့်ဖြစ်သည်။

ယေဘုယျအားဖြင့် အမျိုးသားတို့အတွက် ဤလက္ခဏာသည် ချမ်းသာခြင်းကို ဖန်တီးနိုင်သော စွမ်းရည်အား ကိုယ်စားပြုသည်။ လက်တွေ့မှာလည်း ကြီးပွားအောင်မြင်နေသော အမျိုးသား အများစုတွင် ဤလက်ပြတ် လက္ခဏာ ရှိကြသည်။

အမျိုးသမီးများ အတွက်ကတော့ ထိုလက္ခဏာ ရှိခြင်းသည် ခက်ခဲသော ဘဝ ၊ ချစ်သူအတွက် ကံဆိုးရခြင်းနှင့် ကွာရှင်းပြတ်စဲမှု ဖြစ်တန်စွမ်း များခြင်း တို့ ဖြစ်တတ်သည်။

ဇေယျတု သဗ္ဗမင်္ဂလံ မေတ္တာမွန်ဖြင့်

ပုညကလျာဏီ

for zawgyi







ပုညကလျာဏီ