ကား ဒက်ဘုတ်ပေါ်မှာ ဆင်းတု၊ အရုပ်၊ ရေမွှေးပုလင်း ဘာတခုမှ မတင်သင့်တဲ့ အကြောင်းအရင်း
ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ အရုပ်တွေတင်တာ ၊ ဘုရားဆင်းတုတော်တွေ တင်ကိုးကွယ်တာ ၊ အမွှေးနံ. ပုလင်းတွေ တင်တာ ၊ ဖုန်းတင်တဲ့ စင်တွေတင်တာ ၊ ပန်းအိုးလေးတွေတင်တာ ၊ ဖန်စီပစ္စည်းအလှအပတွေ ဆင်တာ ၊ အပေါ်ကနေ အခြားအစွပ် အအုပ်တွေအုပ်တာ တွေ တော်တော်လေးတွေ.လာရပါတယ် ၊ ဟိုးတလောလေးကဆို နတ်ရုပ်တွေ ပန်းတွေ ၊ ဘုရားဆင်းတုတော်တွေ ကို ကားဒက်ဘုတ်အပြည့် တင်ပြီး ကိုးကွယ်ထားတာတွေများလာပါတယ်။
ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ ပစ္စည်းတွေ လုံးဝ (လုံးဝ)ကို တင်မထားသင့်ပါဘူး ၊ ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ ပစ္စည်းတွေတင်တယ်ဆိုတာ အရမ်းအန္တရာယ်များပါတယ်။ ဘာကြောင့် ကား ဒက်ဘုတ် (Dashboard) ပေါ်ပစ္စည်းတွေ မတင်သင့်လဲဆိုရင်တော့ ကားမှာပါဝင်တဲ့ SRS Air Bag (Supplemental Restraint System) ဆိုတဲ့ အသက်ကယ်လေအိတ်တွေကြောင့်ပါပဲ။ အခုနောက်ပိုင်းပေါ် မော်ဒယ်မြင့် ကားတွေမှာ Airbag (လေအိတ်) တွေက အနည်းဆုံး ၂ လုံးကနေ ၄ လုံး ၆ လုံး ၈ လုံးအစရှိသဖြင့် ပါဝင်ပါတယ် ။
အခုခေတ် ဘယ်ကားမှာမဆို ကားရှေ့မှာ ထိုင်နေတဲ့ Driver နဲ့ Passenger အတွက် ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ Airbag ၂ ခုတော့ အနည်းဆုံး တပ်ဆင်ထားပါတယ် ။ Airbag System ဘယ်လို အလုပ်လုပ်သလဲ.. Airbag System တခုဘယ်လိုအလုပ်လုပ်သလဲဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ ပစ္စည်း အစိတ်အပိုင်းတွေ အကုန် စုပေါင်းအလုပ်လုပ်ပါတယ် ၊ ပထမဆုံး Crash Sensor က ယာဉ်တိုက်မှုဖြစ်တဲ့အခါ တိုက်မှုဖြစ်သွားတဲ့ အရှိန်နဲ့ပြင်းထန်မှုတွေကို တွက်ဆပြီး Airbag Control Unit ကို သတင်းပို့ပါတယ် ၊
အဲ့ကနေမှတဆင့် Airbag အတွင်းပိုင်းက Chemical ပစ္စည်းတွေကို Reaction တခု သက်ရောက်စေပြီး လေအိတ်တွေကို ဖောင်းကားပွင့်ထွက်စေပါတယ်။ ပုံမှန်အားဖြင့် Crash Sensor တွေကို Mass-Type Sensor နဲ့ Roller-Type Sensor တွေကို အသုံးများကြပြီး ကားရဲ့ အရှေ့ဘန်ဘာတန်းနဲ့ ကားအင်ဂျင်တွေရဲ့ ကြားထဲမှာ တပ်ဆင်ထားလေ့ရှိပါတယ်။
ဒီလောက်ဆိုရင် ကား Airbag System တခု ဘယ်လို အလုပ်လုပ်သလဲဆိုတာ အကြမ်းမျဉ်နားလည်သွားမယ်ထင်ပါတယ် ၊ ဒီလိုနားလည်သွားမယ်ဆိုရင် ကားဒက်ဘုတ်ပေါ်မှာ ဘာကြောင့် ပစ္စည်းတွေ မတင်သင့်လဲဆိုတာ အလိုလိုနားလည်သွားလောက်ပါပြီ။

ကားလေအိတ်တွေ ပွင့်ထွက်လာတယ်ဆိုတာ အများထင်သလို လေအိတ်ထဲ လေတွေအေးအေးဆေးဆေးဝင်လာတာမျိုး မဟုတ်ပါဘူး ၊ အန္တရာယ်ဖြစ်တဲ့ အချိန် အကာအကွယ်ရဖို့အတွက် လေအိတ်ရဲ့အတွင်းပိုင်းမှာ အရမ်းကို လျှင်မြန်တဲ့ အရှိန်နဲ့ ဓာတုဗေဒပေါက်ကွဲမှုဖြစ်စဉ်တွေ ဖြစ်ပြီး လေအိတ်ဖောင်းကားပွင့်ထွက်လာတာမို့ ကားဒက်ဘုတ်ပေါ်မှာ တင်ထားတဲ့ပစ္စည်းတွေဟာ လေအိတ်နဲ့အတူ လွင့်စင်ထွက်ပြီး ကားအတွင်းပိုင်းမှာရှိတဲ့ လူတွေကို အသက်အန္တရာယ်ထိခိုက်သည်အထိ အန္တရာယ်ပေးနိုင်ပါတယ်။
ဒီပစ္စည်းတွေက လူတွေကို မထိခိုက်မိဘူးဆိုရင်တောင် လေအိတ်ပွင့်တဲ့ ဖြစ်စဉ်ကို အနှောက်အယှက်ပေးနိုင်တာမို့ ယာဉ်တိုက်မှုဖြစ်စဉ်မှာ ကားအတွင်းပိုင်းက လူတွေအတွက် အကာအကွယ်တွေ လျော့နည်းသွားနိုင်ပါတယ် ။ ဒါကြောင့် ကားဒက်ဘုတ်ပေါ်မှာ အမျိုးမျိုးသော ပစ္စည်းတွေတင်အသုံးပြုတာဟာ အလွန်မှားယွင်းပြီး အန္တရာယ်များလှတဲ့ အပြုအမူတခုပါ။

နောက်တချက် အထူးသတိပေးမှုအနေနဲ့ ပြောချင်တာက ကား Seat Belt ဆိုတဲ့ ထိုင်ခုံခါးပတ်ပါ ၊ ယာဉ်တိုက်မှုဖြစ်စဉ်မှာ အဓိက အကာကွယ်ပေးတာက ထိုင်ခုံခါးပတ်ဖြစ်ပါတယ် ၊ ကားမှာပါတဲ့ လေအိတ်မဟုတ်ပါဘူး ၊ ကျနော်အပေါ်မှာလည်း ရှင်းပြထားသလို Airbag System ကို SRS airbag လို့ခေါ်ရတဲ့ အကြောင်းကလည်း အဲ့ဒါပါပဲ ၊ အသက်ကယ် အစီအစဉ်ရဲ့ အဓိက တာဝန်ကို ထမ်းဆောင်တာ Airbag မဟုတ်ပါဘူး ၊ ဒီကောင်ကအရံအနေနဲ့ တာဝန်ထမ်းဆောင်တာပါ ။
ကားထိုင်ခုံ ခါးပတ်မပတ်ဘဲ ၊ ကားတိုက်မှုဖြစ်လို့ လေအိတ်တွေပွင့်တယ်ဆိုရင် ကားရဲ့ရွေ့လျားနေတဲ့ အရှိန်နဲ့ လိုက်ပါနေတဲ့ လူကို ရုတ်တရက် ဖမ်းထိန်းချုပ်ထားမယ့် ခါးပတ်မရှိတဲ့ အတွက် အရှိန်ထိန်းမထားနိုင်ဘဲပြင်းထန်စွာ ပွင့်ထွက်လာတဲ့ လေအိတ်တွေနဲ့ စောင့်မိပြီး ဇက်ကျိုးတာ ၊ နံရိုးတွေကျိုးတာတွေ ဖြစ်နိုင်ပါတယ် ။
ကျနော့် အသိမိတ်ဆွေ တယောက် ဆိုရင်လည်း အမြန်လမ်းမှာ ကားမှောက်တာ လေအိတ်တွေပွင့်ပါလျှက် ထိုင်ခုံခါးပတ် မပတ်မိလို့ သူ့ကား ယာဉ်မောင်းရော ၊ သူကိုယ်တိုင်ပါ အသက်ဆုံးရှုံးမှု ဖြစ်ခဲ့ဖူးပါတယ်။ ဒါကြောင့် စာဖတ်သူမိတ်ဆွေတွေအနေနဲ့ ကားမောင်းမယ် ၊ ကားစီးမယ်ဆိုရင်.. ၁။ ထိုင်ခုံခါးပတ်ပတ်ကြပါ။ ၂။ ကားဒက်ဘုတ်ပေါ်မှာ ပစ္စည်းတွေတင်တဲ့ အကျင့်ကို စွန့်လွှတ်ကြပါ။ ၃။ အရှိန်တင် အလွန်အကျွံ မောင်းနှင်တာမျိုး မလုပ်ဘဲ သတိနဲ့မောင်းနှင်ကြပါ။
Aung Myo
Zawgyi
ကား ဒက္ဘုတ္ေပၚမွာ ဆင္းတု၊ အ႐ုပ္၊ ေရေမႊးပုလင္း ဘာတခုမွ မတင္သင့္တဲ့ အေၾကာင္းအရင္း
ကား ဒက္ဘုတ္ (Dashboard) ေပၚမွာ အ႐ုပ္ေတြတင္တာ ၊ ဘုရားဆင္းတုေတာ္ေတြ တင္ကိုးကြယ္တာ ၊ အေမႊးနံ. ပုလင္းေတြ တင္တာ ၊ ဖုန္းတင္တဲ့ စင္ေတြတင္တာ ၊ ပန္းအိုးေလးေတြတင္တာ ၊ ဖန္စီပစၥည္းအလွအပေတြ ဆင္တာ ၊ အေပၚကေန အျခားအစြပ္ အအုပ္ေတြအုပ္တာ ေတြ ေတာ္ေတာ္ေလးေတြ.လာရပါတယ္ ၊ ဟိုးတေလာေလးကဆို နတ္႐ုပ္ေတြ ပန္းေတြ ၊ ဘုရားဆင္းတုေတာ္ေတြ ကို ကားဒက္ဘုတ္အျပည့္ တင္ၿပီး ကိုးကြယ္ထားတာေတြမ်ားလာပါတယ္။
ကား ဒက္ဘုတ္ (Dashboard) ေပၚမွာ ပစၥည္းေတြ လုံးဝ (လုံးဝ)ကို တင္မထားသင့္ပါဘူး ၊ ကား ဒက္ဘုတ္ (Dashboard) ေပၚမွာ ပစၥည္းေတြတင္တယ္ဆိုတာ အရမ္းအႏၲရာယ္မ်ားပါတယ္။ ဘာေၾကာင့္ ကား ဒက္ဘုတ္ (Dashboard) ေပၚပစၥည္းေတြ မတင္သင့္လဲဆိုရင္ေတာ့ ကားမွာပါဝင္တဲ့ SRS Air Bag (Supplemental Restraint System) ဆိုတဲ့ အသက္ကယ္ေလအိတ္ေတြေၾကာင့္ပါပဲ။ အခုေနာက္ပိုင္းေပၚ ေမာ္ဒယ္ျမင့္ ကားေတြမွာ Airbag (ေလအိတ္) ေတြက အနည္းဆုံး ၂ လုံးကေန ၄ လုံး ၆ လုံး ၈ လုံးအစရွိသျဖင့္ ပါဝင္ပါတယ္ ။
အခုေခတ္ ဘယ္ကားမွာမဆို ကားေရွ႕မွာ ထိုင္ေနတဲ့ Driver နဲ႔ Passenger အတြက္ ကား ဒက္ဘုတ္ (Dashboard) ေပၚမွာ Airbag ၂ ခုေတာ့ အနည္းဆုံး တပ္ဆင္ထားပါတယ္ ။ Airbag System ဘယ္လို အလုပ္လုပ္သလဲ.. Airbag System တခုဘယ္လိုအလုပ္လုပ္သလဲဆိုရင္ အေပၚမွာ ေျပာခဲ့တဲ့ ပစၥည္း အစိတ္အပိုင္းေတြ အကုန္ စုေပါင္းအလုပ္လုပ္ပါတယ္ ၊ ပထမဆုံး Crash Sensor က ယာဥ္တိုက္မႈျဖစ္တဲ့အခါ တိုက္မႈျဖစ္သြားတဲ့ အရွိန္နဲ႔ျပင္းထန္မႈေတြကို တြက္ဆၿပီး Airbag Control Unit ကို သတင္းပို႔ပါတယ္ ၊
အဲ့ကေနမွတဆင့္ Airbag အတြင္းပိုင္းက Chemical ပစၥည္းေတြကို Reaction တခု သက္ေရာက္ေစၿပီး ေလအိတ္ေတြကို ေဖာင္းကားပြင့္ထြက္ေစပါတယ္။ ပုံမွန္အားျဖင့္ Crash Sensor ေတြကို Mass-Type Sensor နဲ႔ Roller-Type Sensor ေတြကို အသုံးမ်ားၾကၿပီး ကားရဲ့ အေရွ႕ဘန္ဘာတန္းနဲ႔ ကားအင္ဂ်င္ေတြရဲ့ ၾကားထဲမွာ တပ္ဆင္ထားေလ့ရွိပါတယ္။
ဒီေလာက္ဆိုရင္ ကား Airbag System တခု ဘယ္လို အလုပ္လုပ္သလဲဆိုတာ အၾကမ္းမ်ဥ္နားလည္သြားမယ္ထင္ပါတယ္ ၊ ဒီလိုနားလည္သြားမယ္ဆိုရင္ ကားဒက္ဘုတ္ေပၚမွာ ဘာေၾကာင့္ ပစၥည္းေတြ မတင္သင့္လဲဆိုတာ အလိုလိုနားလည္သြားေလာက္ပါၿပီ။
ကားေလအိတ္ေတြ ပြင့္ထြက္လာတယ္ဆိုတာ အမ်ားထင္သလို ေလအိတ္ထဲ ေလေတြေအးေအးေဆးေဆးဝင္လာတာမ်ိဳး မဟုတ္ပါဘူး ၊ အႏၲရာယ္ျဖစ္တဲ့ အခ်ိန္ အကာအကြယ္ရဖို႔အတြက္ ေလအိတ္ရဲ့အတြင္းပိုင္းမွာ အရမ္းကို လၽွင္ျမန္တဲ့ အရွိန္နဲ႔ ဓာတုေဗဒေပါက္ကြဲမႈျဖစ္စဥ္ေတြ ျဖစ္ၿပီး ေလအိတ္ေဖာင္းကားပြင့္ထြက္လာတာမို႔ ကားဒက္ဘုတ္ေပၚမွာ တင္ထားတဲ့ပစၥည္းေတြဟာ ေလအိတ္နဲ႔အတူ လြင့္စင္ထြက္ၿပီး ကားအတြင္းပိုင္းမွာရွိတဲ့ လူေတြကို အသက္အႏၲရာယ္ထိခိုက္သည္အထိ အႏၲရာယ္ေပးနိုင္ပါတယ္။
ဒီပစၥည္းေတြက လူေတြကို မထိခိုက္မိဘူးဆိုရင္ေတာင္ ေလအိတ္ပြင့္တဲ့ ျဖစ္စဥ္ကို အေႏွာက္အယွက္ေပးနိုင္တာမို႔ ယာဥ္တိုက္မႈျဖစ္စဥ္မွာ ကားအတြင္းပိုင္းက လူေတြအတြက္ အကာအကြယ္ေတြ ေလ်ာ့နည္းသြားနိုင္ပါတယ္ ။ ဒါေၾကာင့္ ကားဒက္ဘုတ္ေပၚမွာ အမ်ိဳးမ်ိဳးေသာ ပစၥည္းေတြတင္အသုံးျပဳတာဟာ အလြန္မွားယြင္းၿပီး အႏၲရာယ္မ်ားလွတဲ့ အျပဳအမူတခုပါ။
ေနာက္တခ်က္ အထူးသတိေပးမႈအေနနဲ႔ ေျပာခ်င္တာက ကား Seat Belt ဆိုတဲ့ ထိုင္ခုံခါးပတ္ပါ ၊ ယာဥ္တိုက္မႈျဖစ္စဥ္မွာ အဓိက အကာကြယ္ေပးတာက ထိုင္ခုံခါးပတ္ျဖစ္ပါတယ္ ၊ ကားမွာပါတဲ့ ေလအိတ္မဟုတ္ပါဘူး ၊ က်ေနာ္အေပၚမွာလည္း ရွင္းျပထားသလို Airbag System ကို SRS airbag လို႔ေခၚရတဲ့ အေၾကာင္းကလည္း အဲ့ဒါပါပဲ ၊ အသက္ကယ္ အစီအစဥ္ရဲ့ အဓိက တာဝန္ကို ထမ္းေဆာင္တာ Airbag မဟုတ္ပါဘူး ၊ ဒီေကာင္ကအရံအေနနဲ႔ တာဝန္ထမ္းေဆာင္တာပါ ။
ကားထိုင္ခုံ ခါးပတ္မပတ္ဘဲ ၊ ကားတိုက္မႈျဖစ္လို႔ ေလအိတ္ေတြပြင့္တယ္ဆိုရင္ ကားရဲ့ေရြ႕လ်ားေနတဲ့ အရွိန္နဲ႔ လိုက္ပါေနတဲ့ လူကို ႐ုတ္တရက္ ဖမ္းထိန္းခ်ဳပ္ထားမယ့္ ခါးပတ္မရွိတဲ့ အတြက္ အရွိန္ထိန္းမထားနိုင္ဘဲျပင္းထန္စြာ ပြင့္ထြက္လာတဲ့ ေလအိတ္ေတြနဲ႔ ေစာင့္မိၿပီး ဇက္က်ိဳးတာ ၊ နံရိုးေတြက်ိဳးတာေတြ ျဖစ္နိုင္ပါတယ္ ။
က်ေနာ့္ အသိမိတ္ေဆြ တေယာက္ ဆိုရင္လည္း အျမန္လမ္းမွာ ကားေမွာက္တာ ေလအိတ္ေတြပြင့္ပါလၽွက္ ထိုင္ခုံခါးပတ္ မပတ္မိလို႔ သူ႔ကား ယာဥ္ေမာင္းေရာ ၊ သူကိုယ္တိုင္ပါ အသက္ဆုံးရႈံးမႈ ျဖစ္ခဲ့ဖူးပါတယ္။ ဒါေၾကာင့္ စာဖတ္သူမိတ္ေဆြေတြအေနနဲ႔ ကားေမာင္းမယ္ ၊ ကားစီးမယ္ဆိုရင္.. ၁။ ထိုင္ခုံခါးပတ္ပတ္ၾကပါ။ ၂။ ကားဒက္ဘုတ္ေပၚမွာ ပစၥည္းေတြတင္တဲ့ အက်င့္ကို စြန္႔လႊတ္ၾကပါ။ ၃။ အရွိန္တင္ အလြန္အကၽြံ ေမာင္းႏွင္တာမ်ိဳး မလုပ္ဘဲ သတိနဲ႔ေမာင္းႏွင္ၾကပါ။
Aung Myo



