သင်နေတဲ့အိမ်သို့အခန်းမှာဒီအချက်(၄)ချက်ရှိနေရင်အမြန်ဆုံးပြင်လိုက်ပါအရာရာတိုင်းပစ္စည်းတိုင်းမှာစွမ်းအင်တွေရှိနေပါတယ်သင့်အိမ်မှာရှိတဲ့ပစ္စည်းတွေထဲမှာသင့်အိမ်ကိုလာဘ်တိတ်စေသလိုသင့်ကိုလည်းဘုန်းကံနိမ့်စေတဲ့
ပစ္စည်းတွေရှိပါတယ်ဘာတွေလဲဆိုတာကိုတော့ကြည့်လိုက်ပါနော်(၁)ရှုပ်ပွနေခြင်းသင့်အိမ်ကိုရှုပ်ပွညစ်ပတ်နေအောင်ထားတာအမှိုက်တွေ၊ဖုန်တွေမရှင်းတာ၊ပင့်ကူမျှင်တွေမရှင်းတာပန်းကန်တွေမဆေးပဲပုံထားတာမျိုးအဝတ်အစား
EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com
တွေလည်းသေချာမခေါက်ပဲပြန့်ကျဲရှုပ်ပွနေတာမျိုးတွေပစ္စည်းတွေကသူ့နေရာနဲ့သူရှိမနေပဲရှုပ်ပွညစ်ပတ်နေတာမျိုးတွေကသင့်အိမ်ကိုလာဘ်တိတ်စေသလို၊ဘုန်းကံနိမ့်စေပါတယ်(၂)အနံ့အသက်ဆိုးခြင်းသင့်အိမ်ကလေထုကလည်း
သင့်အပေါ်ကိုအများကြီးသက်ရောက်နိုင်ပါတယ်သင့်အိမ်မှာအနံ့အသက်တွေမကောင်းတာ၊အဝတ်အစားမှိုစော်တွေနံနေတာဒါမှမဟုတ်အမှိုက်နံ့တွေနဲ့တခြားမကောင်းတဲ့အနံ့တွေအားလုံးဟာသင့်အိမ်ကိုလာဘ်တိတ်စေပြီးဘုန်းကံနိမ့်
စေတာကြောင့်သင့်အိမ်ပြတင်းပေါက်တွေကိုဖွင့်ပြီးလေကောင်းလေသန့်ရအောင်လုပ်တာ၊အမွှေးနံ့တွေဖြန်းပေးတာမျိုးတွေကိုအမြဲတမ်းလုပ်ပေးသင့်ပါတယ်(၃)ပစ္စည်းအပျက်တွေထားခြင်းသင့်အိမ်မှာအက်နေတဲ့မှန်တွေကျိုးနေတဲ့
ချိတ်တွေ၊အင်္ကျီအပြဲတွေကအစမထားသင့်ပါဘူးဒီလိုမကောင်းတော့တဲ့အရာတွေကိုဆက်လက်သိမ်းထားတာဟာအိမ်ကိုလာဘ်တိတ်စေတဲ့အပြင်ဘုန်းကံကိုလည်းနိမ့်စေနိုင်လို့ပါ(၄)ဘုရားတရားမလုပ်ခြင်းသင့်အိမ်မှာသင်ကိုးကွယ်ရာ
ဘာသာတရားကိုလေးနက်စွာပြုလုပ်သင့်ပါတယ်ကျမ်းစာ၊ဘုရားစာတွေကိုအသံထွက်ပြီးရွတ်ဖတ်တာ၊ဆုတောင်းဝတ်ပြုတာတွေ၊အိမ်ကိုကောင်းချီးမင်္ဂလာပေးခြင်းတွေကို နေ့စဉ်မပျက်မကွက်ပြုလုပ်ရပါမယ်ဒီလိုမှမဟုတ်ရင်တော့
EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com
သင့်အိမ်ကိုမကောင်းတဲ့ဝိညာဉ်ဆိုးတွေအပြင်တခြားသောကံနိမ့်မှုတွေ၊လာဘ်တိတ်မှုတွေကတံခါးမရှိ၊ဓားမရှိဝင်လာနိုင်ပြီးသင့်ရဲ့ဘုန်းကံတွေကိုနိမ့်စေနိုင်လို့ပါပဲ