စစ်တပ်ရဲ့ လက်ချက်ကြောင့် လက်တစ်ဖက်ပြတ်ခဲ့ရတဲ့ အသက် ၂၃ နှစ်အရွယ် အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်ကို စစ်ကောင်စီက ထောင်ဒဏ် သုံးနှစ် မတ်လ ၂၈ ရက် ဒီကနေ့ ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့က မကွေးမြို့ ဆန္ဒပြပွဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ဖြိုခွင်းချိန်မှာ ဆန္ဒပြ ဒိုင်းကာသမား ကိုလျှံဖြိုးအောင် လက်နဲ့ ခြေထောက်တွေမှာ သေနတ်ကျည် ထိမှန်ပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ကိုလျှံဖြိုးအောင်ရဲ့ ညာဘက်လက်ကောက်ဝတ် အထက်နားအထိ ဖြတ်လိုက်ရတဲ့အပြင်၊ ခြေထောက်ကျည်ထိမှန် ဒဏ်ရာနဲ့၊ ညာမျက်လုံး ခွဲစိတ်ရဖို့အထိ ဒဏ်ရာတွေရပြီး မကွေးဆေးရုံမှာ ဆေးကုသမှုခံခဲ့ရတာပါ။

၂ လလောက် ဆေးကုသခွင့်ပေးပြီးနောက် မကွေးထောင်ကို ပြောင်းရွေ့ခဲ့တာဖြစ်ပါတယ်။
သူ့ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ စစ်ကောင်စီက အမှုဖွင့်ခဲ့ပြီး တစ်နှစ်အကြာ ဒီကနေ့မှာ ထောင်ဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။
ကိုလျှံဖြိုးအောင်ရဲ့ မိသားစုဝင်တစ်ဦးကတော့ အယူခံ ဆက်မတက်တော့ဘူးလို့ ပြောပါတယ်။
စစ္တပ္ရဲ႕ လက္ခ်က္ေၾကာင့္ လက္တစ္ဖက္ျပတ္ခဲ့ရတဲ့ အသက္ ၂၃ ႏွစ္အ႐ြယ္ အင္ဂ်င္နီယာေက်ာင္းသား ကိုလွ်ံၿဖိဳးေအာင္ကို စစ္ေကာင္စီက ေထာင္ဒဏ္ သုံးႏွစ္ မတ္လ ၂၈ ရက္ ဒီကေန႔ ခ်မွတ္လိုက္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ မတ္လ ၂၇ ရက္ေန႔က မေကြးၿမိဳ႕ ဆႏၵျပပြဲကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြ ပစ္ခတ္ၿဖိဳခြင္းခ်ိန္မွာ ဆႏၵျပ ဒိုင္းကာသမား ကိုလွ်ံၿဖိဳးေအာင္ လက္နဲ႔ ေျခေထာက္ေတြမွာ ေသနတ္က်ည္ ထိမွန္ၿပီး ဖမ္းဆီးခံခဲ့ရတာျဖစ္ပါတယ္။
ကိုလွ်ံၿဖိဳးေအာင္ရဲ႕ ညာဘက္လက္ေကာက္ဝတ္ အထက္နားအထိ ျဖတ္လိုက္ရတဲ့အျပင္၊ ေျခေထာက္က်ည္ထိမွန္ ဒဏ္ရာနဲ႔၊ ညာမ်က္လုံး ခြဲစိတ္ရဖို႔အထိ ဒဏ္ရာေတြရၿပီး မေကြးေဆး႐ုံမွာ ေဆးကုသမႈခံခဲ့ရတာပါ။

၂ လေလာက္ ေဆးကုသခြင့္ေပးၿပီးေနာက္ မေကြးေထာင္ကို ေျပာင္းေ႐ြ႕ခဲ့တာျဖစ္ပါတယ္။
သူ႔ကို ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (က)နဲ႔ စစ္ေကာင္စီက အမႈဖြင့္ခဲ့ၿပီး တစ္ႏွစ္အၾကာ ဒီကေန႔မွာ ေထာင္ဒဏ္ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။
ကိုလွ်ံၿဖိဳးေအာင္ရဲ႕ မိသားစုဝင္တစ္ဦးကေတာ့ အယူခံ ဆက္မတက္ေတာ့ဘူးလို႔ ေျပာပါတယ္။



