ေမာ္လၿမိဳင္၊ ႏိုဝင္ဘာ ၁၃
ေမာ္လၿမိဳင္ၿမိဳ႕၊ ၿမိဳင္သာယာရပ္ကြက္ (၉) လမ္းရွိ ေနအိမ္ (၁)လုံးတြင္ ဓါးခုတ္မႈျဖစ္ပြါးခဲ့ၿပီး ေနအိမ္ရွိသူ (၂) ဦး ေသဆုံးကာ က်န္ (၂) ဦးမွာ ဒဏ္ရာအျပင္းအထန္ရသြားေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔ည (၇) နာရီခြဲဝန္းက်င္တြင္ အခင္းျဖစ္ရ ေနအိမ္တြင္ ဓါးခုတ္ခံရသူမိသားစုက ထမင္းထိုင္စားေနစဥ္အတြင္း ယင္းတို႔တြင္ အလုပ္လုပ္ကိုင္ေနသူဟု ယူဆရသူက အိမ္ေပၚတက္ၿပီး ဓါးျဖင့္ ခုတ္သတ္ၿပီး ျပန္ထြက္သြားသည္ဟု အနီးဝန္းက်င္တြင္ ေနထိုင္သူတဦးက ေျပာသည္။
ဓါးခုတ္ခံရမႈေၾကာင့္ ဖခင္ႏွင့္ သားျဖစ္သူမွာ ေနရာတြင္ပင္ေသဆုံးၿပီး မိခင္ႏွင့္ သမီးျဖစ္သူမွာ ေဆး႐ုံသို႔ပို႔ထားရကာ အေရးေပၚအေျခအေနျဖစ္ေနသည္ဟု သိရသည္။လက္ရွိတြင္ သတ္သြားသူဟု ယူဆရသူကို ဖမ္းဆီးရမိျခင္းမရွိေသးဟုလည္း သိရသည္။
မည္သည့္အတြက္ေၾကာင့္ သတ္သည္ကို မသိရေသာ္လည္း ယင္းျဖစ္စဥ္ေၾကာင့္ ၿမိဳ႕သူ/သားမ်ားမွာ ထိတ္လန္႔မႈမ်ားရွိေနသည္။ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး သံလြင္တိုင္းမ္မွ ဆက္လက္စုံစမ္းေနပါသည္။
သတင္း – သံလြင္တိုင္းမ္ဓါတ္ပုံ – ဓါးခုတ္ခံရေသာ မိသားစုပုံCRDALLCOPYRIGHT
Unicode
မော်လမြိုင်၊ နိုဝင်ဘာ ၁၃
မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက် (၉) လမ်းရှိ နေအိမ် (၁)လုံးတွင် ဓါးခုတ်မှုဖြစ်ပွါးခဲ့ပြီး နေအိမ်ရှိသူ (၂) ဦး သေဆုံးကာ ကျန် (၂) ဦးမှာ ဒဏ်ရာအပြင်းအထန်ရသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ည (၇) နာရီခွဲဝန်းကျင်တွင် အခင်းဖြစ်ရ နေအိမ်တွင် ဓါးခုတ်ခံရသူမိသားစုက ထမင်းထိုင်စားနေစဉ်အတွင်း ယင်းတို့တွင် အလုပ်လုပ်ကိုင်နေသူဟု ယူဆရသူက အိမ်ပေါ်တက်ပြီး ဓါးဖြင့် ခုတ်သတ်ပြီး ပြန်ထွက်သွားသည်ဟု အနီးဝန်းကျင်တွင် နေထိုင်သူတဦးက ပြောသည်။
ဓါးခုတ်ခံရမှုကြောင့် ဖခင်နှင့် သားဖြစ်သူမှာ နေရာတွင်ပင်သေဆုံးပြီး မိခင်နှင့် သမီးဖြစ်သူမှာ ဆေးရုံသို့ပို့ထားရကာ အရေးပေါ်အခြေအနေဖြစ်နေသည်ဟု သိရသည်။လက်ရှိတွင် သတ်သွားသူဟု ယူဆရသူကို ဖမ်းဆီးရမိခြင်းမရှိသေးဟုလည်း သိရသည်။
မည်သည့်အတွက်ကြောင့် သတ်သည်ကို မသိရသော်လည်း ယင်းဖြစ်စဉ်ကြောင့် မြို့သူ/သားများမှာ ထိတ်လန့်မှုများရှိနေသည်။ဖြစ်စဉ်နှင့် ပတ်သက်ပြီး သံလွင်တိုင်းမ်မှ ဆက်လက်စုံစမ်းနေပါသည်။
သတင်း – သံလွင်တိုင်းမ်ဓါတ်ပုံ – ဓါးခုတ်ခံရသော မိသားစုပုံCRDALLCOPYRIGHT



