“အေရးေပၚ အႀကံျပဳခ်က္”အင္တာနက္လိုင္းမ်ား အပိတ္ခံရလွ်င္ မိမိတို႔ ဖုန္းမ်ားအား အသုံးျပဳ၍ Mesh Network မ်ားျဖင့္ တစ္ဦးႏွင့္ တစ္ဦး (သို႔) တစ္စုႏွင့္ တစ္စု ဆက္သြယ္ရန္ အသုံးျပဳႏိုင္ၾကပါတယ္။
အသုံးျပဳႏိုင္တဲ့ Mesh Network App မ်ားကို ေဖာ္ျပေပးအပ္ပါတယ္။ “FireChat” for Android & Apple iOS”The Serval Mesh” for Android”Signal Offline Messenger” for Android”Vojer” for Apple iOS”Bridgefy” for Android & Apple iOS”Briar” for Android တို႔ ျဖစ္ပါတယ္။
အဆိုပါ app မ်ားထဲမွ တစ္ခုကို နမူနာအေနနဲ႔ ေအာက္ပါအတိုင္း ေဖာ္ျပေပးလိုပါတယ္။ “အင္တာနက္မ်ား ႐ုတ္တရက္ပိတ္က်သြားလွ်င္ “Bridgefy” app ကို အသုံးျပဳရန္”ဒီ apk က ေဟာင္ေကာင္ဆႏၵျပပြဲေတြမွာ ျပည္သူ႔ဘက္သား ေတာ္လွန္ေရးသမားေတြ အသုံးျပဳခဲ့တဲ့ apk ျဖစ္ပါတယ္။
သူ႔အားသာခ်က္က အင္တာနက္မလိုပဲ bluetoothနဲ႔ ဖုန္းခ်င္းမက္ေဆ့ပို႔ဆက္သြယ္ႏိုင္တာျဖစ္လို႔ အင္မတန္ အသုံးဝင္တယ္။ေဟာင္ေကာင္လူထုတိုက္ပြဲမ်ား အတြင္းမွာတုန္းက တ႐ုတ္အစိုးရရဲ႕ အင္မတန္ျမင့္မားတဲ့နည္းပညာကေတာင္ ဒီ apk နဲ႔အသုံးျပဳဆက္သြယ္ျခင္းကို မဟန႔္တားႏိုင္ခဲ့ပါဘူး။
ဒီ apk ကိုအသုံးျပဳၿပီး ဖုန္းတစ္လုံးနဲ႔တစ္လုံး မီတာ ၁၀၀ (ေပ ၃၃၀ခန႔္) အကြာအေဝးအထိ ဆက္သြယ္ႏိုင္တယ္။မီတာ ၁၀၀ တိုင္း ၾကားမွာ ဖုန္းတစ္လုံးဆီ ရွိၿပီး ဆက္သြယ္သြားျခင္းျဖင့္အင္မတန္ေဝးကြာလွမ္းတဲ့ေနရာေတြအထိလည္း ကြန္ယက္သဖြယ္အခ်င္းခ်င္းခ်ိတ္ဆက္သြားႏိုင္ပါတယ္။
ဒီapkကိုအသုံးျပဳကာ ႏွစ္ဦးခ်င္း messageေတြပို႔လို႔ရသလိုBroadcast ဆိုတဲ့ ဖန္ရွင္နဲ႔ ကိုယ္ပို႔တဲ့ မက္ေဆ့ကို အနီးအနားရွိသူအားလုံး ဖမ္းယူသိရွိႏိုင္ေအာင္ ျဖန႔္ေဝလို႔လည္း ရတယ္။Iphoneမွာေရာ Androidမွာပါ အသုံးျပဳႏိုင္ပါတယ္။
စစ ဝင္ျခင္းမွာ အင္တာနက္ ေကာ္နက္ရွင္ တစ္ႀကိမ္ေတာ့ လိုအပ္တာမို႔ ေဒါင္းလုပ္ဆြဲကာ ဝင္ထားၾကည့္ၾကဖို႔ တိုက္တြန္းပါတယ္။Play Store မွာေရာ၊ App Store မွာေရာ “Bridgefy” လို႔ ႐ိုက္ရွာကာ လြယ္လင့္တကူ ေဒါင္းလုပ္ဆြဲထားႏိုင္ၾကပါေၾကာင္း … ။
(မွတ္ခ်က္ – မိမိတို႔အင္တာနက္မ်ားရေနခိုက္ စတင္အသုံးျပဳထားေစခ်င္ပါတယ္)။
Unicode
အင်တာနက်လိုင်းများ အပိတ်ခံရလျှင်ဖုန်းအချင်းချင်းဆက်သွယ်နိုင်မည့်နည်းလမ်းများ
“အရေးပေါ် အကြံပြုချက်”အင်တာနက်လိုင်းများ အပိတ်ခံရလျှင် မိမိတို့ ဖုန်းများအား အသုံးပြု၍ Mesh Network များဖြင့် တစ်ဦးနှင့် တစ်ဦး (သို့) တစ်စုနှင့် တစ်စု ဆက်သွယ်ရန် အသုံးပြုနိုင်ကြပါတယ်။
အသုံးပြုနိုင်တဲ့ Mesh Network App များကို ဖော်ပြပေးအပ်ပါတယ်။ “FireChat” for Android & Apple iOS”The Serval Mesh” for Android”Signal Offline Messenger” for Android”Vojer” for Apple iOS”Bridgefy” for Android & Apple iOS”Briar” for Android တို့ ဖြစ်ပါတယ်။
အဆိုပါ app များထဲမှ တစ်ခုကို နမူနာအနေနဲ့ အောက်ပါအတိုင်း ဖော်ပြပေးလိုပါတယ်။ “အင်တာနက်များ ရုတ်တရက်ပိတ်ကျသွားလျှင် “Bridgefy” app ကို အသုံးပြုရန်”ဒီ apk က ဟောင်ကောင်ဆန္ဒပြပွဲတွေမှာ ပြည်သူ့ဘက်သား တော်လှန်ရေးသမားတွေ အသုံးပြုခဲ့တဲ့ apk ဖြစ်ပါတယ်။
သူ့အားသာချက်က အင်တာနက်မလိုပဲ bluetoothနဲ့ ဖုန်းချင်းမက်ဆေ့ပို့ဆက်သွယ်နိုင်တာဖြစ်လို့ အင်မတန် အသုံးဝင်တယ်။ဟောင်ကောင်လူထုတိုက်ပွဲများ အတွင်းမှာတုန်းက တရုတ်အစိုးရရဲ့ အင်မတန်မြင့်မားတဲ့နည်းပညာကတောင် ဒီ apk နဲ့အသုံးပြုဆက်သွယ်ခြင်းကို မဟန့်တားနိုင်ခဲ့ပါဘူး။
ဒီ apk ကိုအသုံးပြုပြီး ဖုန်းတစ်လုံးနဲ့တစ်လုံး မီတာ ၁၀၀ (ပေ ၃၃၀ခန့်) အကွာအဝေးအထိ ဆက်သွယ်နိုင်တယ်။မီတာ ၁၀၀ တိုင်း ကြားမှာ ဖုန်းတစ်လုံးဆီ ရှိပြီး ဆက်သွယ်သွားခြင်းဖြင့်အင်မတန်ဝေးကွာလှမ်းတဲ့နေရာတွေအထိလည်း ကွန်ယက်သဖွယ်အချင်းချင်းချိတ်ဆက်သွားနိုင်ပါတယ်။
ဒီapkကိုအသုံးပြုကာ နှစ်ဦးချင်း messageတွေပို့လို့ရသလိုBroadcast ဆိုတဲ့ ဖန်ရှင်နဲ့ ကိုယ်ပို့တဲ့ မက်ဆေ့ကို အနီးအနားရှိသူအားလုံး ဖမ်းယူသိရှိနိုင်အောင် ဖြန့်ဝေလို့လည်း ရတယ်။Iphoneမှာရော Androidမှာပါ အသုံးပြုနိုင်ပါတယ်။
စစ ဝင်ခြင်းမှာ အင်တာနက် ကော်နက်ရှင် တစ်ကြိမ်တော့ လိုအပ်တာမို့ ဒေါင်းလုပ်ဆွဲကာ ဝင်ထားကြည့်ကြဖို့ တိုက်တွန်းပါတယ်။Play Store မှာရော၊ App Store မှာရော “Bridgefy” လို့ ရိုက်ရှာကာ လွယ်လင့်တကူ ဒေါင်းလုပ်ဆွဲထားနိုင်ကြပါကြောင်း … ။
(မှတ်ချက် – မိမိတို့အင်တာနက်များရနေခိုက် စတင်အသုံးပြုထားစေချင်ပါတယ်)။



