ဗဟုသုတ

အိပ်ပျော်ဖို့ ခက်ခဲနေသူတွေကို ကူညီပေးနိုင်တဲ့ မဂ္ဂနီဆီယမ်ဓာတ်

အိပ်ပျော်ဖို့ ခက်ခဲနေသူတွေကို ကူညီပေးနိုင်တဲ့ မဂ္ဂနီဆီယမ်ဓာတ်

အခုလို ကိုဗစ် ကာလမှာ လူတော်တော်များများဟာ လတ်တလော ဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် စိတ်ဖိစီးမှုတွေအပြင် Quarantine လုပ်ရင်း နေထိုင်နေရတာ ဖြစ်တဲ့အတွက် သာမန် အချိန်တွေထက် အိပ်စက်ဖို့ ခက်ခဲနေကြပါတယ်

အခု ဖော်ပြပေးမယ့် အကြောင်းအရာကတော့အိပ်ပျော်ဖို့ ခက်ခဲနေသူတွေအတွက် အိပ်မောကျစေမယ့် သဘာဝ သတ္တုဒြပ်စင် တမျိုးအကြောင်းပဲ ဖြစ်ပါတယ် မဂ္ဂနီဆီယမ်ဟာ ခန္ဓာကိုယ်မှာ မရှိမဖြစ် လိုအပ်တဲ့ သတ္တုဒြပ်စင်တမျိုးဖြစ်ပြီး ချွေးထွက်များတဲ့ အချိန်တွေနဲ့ စိတ်ဖိစီးမှုတွေ များပြားတဲ့အချိန်တွေမှာ ဆုံးရှုံးလေ့ ရှိပါတယ်

 

မဂ္ဂနီဆီယမ်ကို အိပ်ပျော်ဖို့ ခက်ခဲနေသူတွေအတွက် အဓိကကူညီပေးနိုင်မယ့် သတ္တုဒြပ်စင်အဖြစ်သိပ္ပံပညာရှင်တွေက လက်ခံထားကြပြီး ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကယ်လ်ဆီယမ်နဲ့ ပိုတက်ဆီယမ် ဓာတ်တွေကို ထောက်ပံ့ပေးနိုင်တာကြောင့် ကြွက်သားတွေကို သက်သောင့်သက်သာ ရှိစေပါတယ်

ကြွက်သားများ ပြေလျော့နေခြင်းဟာ အိပ်စက်ခြင်းကို အကောင်းဆုံး အထောက်ကူပြုနိုင်တဲ့အပြင်ဦးနှောက်အတွက် လိုအပ်တဲ့ Serotonin နဲ့ Dopamine အခြေအနေကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ် မဂ္ဂနီဆီယမ်ဟာ ဦးနှောက်ထဲမှာ ရှိတဲ့ အာရုံကြောတွေကို အိပ်စက်ခြင်းအတွက်အလျင်အမြန် ကူညီပေးနိုင်သလို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်တဲ့ အစွမ်းအာနိသင်ကို ပေးစွမ်းနိုင်ပါတယ်

မဂ္ဂနီဆီယမ် သောက်သုံးဖို့အတွက် အသင့်တော်ဆုံး ဆေးဝါးကတော့ Magnesium+ ပဲဖြစ်ပြီး ရိုးရှင်းတဲ့ ဖွဲ့စည်းပုံနဲ့ ထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက်အစာအိမ် ထိခိုက်မှာ စိုးရိမ်စရာ မရှိတဲ့အပြင် အိပ်ရာနိုးတဲ့အခါမှာလည်း ကြည်ကြည်လင်လင် ဖြစ်စေတာကြောင့် အိပ်စက်ဖို့ ခက်ခဲနေသူတွေအတွက် Dr Heather Moday က ပြန်လည် မျှဝေပေးခဲ့တာ ဖြစ်ပါတယ်

အိပ္ေပ်ာ္ဖို႔ ခက္ခဲေနသူေတြကို ကူညီေပးနိုင္တဲ့ မဂၢနီဆီယမ္ဓာတ္

အခုလို ကိုဗစ္ ကာလမွာ လူေတာ္ေတာ္မ်ားမ်ားဟာ လတ္တေလာ ျဖစ္ပ်က္ေနတဲ့ အေျခအေနေတြေၾကာင့္ စိတ္ဖိစီးမႈေတြအျပင္ Quarantine လုပ္ရင္း ေနထိုင္ေနရတာ ျဖစ္တဲ့အတြက္ သာမန္ အခ်ိန္ေတြထက္ အိပ္စက္ဖို႔ ခက္ခဲေနၾကပါတယ္

အခု ေဖာ္ျပေပးမယ့္ အေၾကာင္းအရာကေတာ့အိပ္ေပ်ာ္ဖို႔ ခက္ခဲေနသူေတြအတြက္ အိပ္ေမာက်ေစမယ့္ သဘာဝ သတၱဳျဒပ္စင္ တမ်ိဳးအေၾကာင္းပဲ ျဖစ္ပါတယ္ မဂၢနီဆီယမ္ဟာ ခႏၶာကိုယ္မွာ မရွိမျဖစ္ လိုအပ္တဲ့ သတၱဳျဒပ္စင္တမ်ိဳးျဖစ္ၿပီး ေခၽြးထြက္မ်ားတဲ့ အခ်ိန္ေတြနဲ႔ စိတ္ဖိစီးမႈေတြ မ်ားျပားတဲ့အခ်ိန္ေတြမွာ ဆုံးရႈံးေလ့ ရွိပါတယ္

မဂၢနီဆီယမ္ကို အိပ္ေပ်ာ္ဖို႔ ခက္ခဲေနသူေတြအတြက္ အဓိကကူညီေပးနိုင္မယ့္ သတၱဳျဒပ္စင္အျဖစ္သိပၸံပညာရွင္ေတြက လက္ခံထားၾကၿပီး ခႏၶာကိုယ္တြင္းမွာရွိတဲ့ ကယ္လ္ဆီယမ္နဲ႔ ပိုတက္ဆီယမ္ ဓာတ္ေတြကို ေထာက္ပံ့ေပးနိုင္တာေၾကာင့္ ႂကြက္သားေတြကို သက္ေသာင့္သက္သာ ရွိေစပါတယ္

ႂကြက္သားမ်ား ေျပေလ်ာ့ေနျခင္းဟာ အိပ္စက္ျခင္းကို အေကာင္းဆုံး အေထာက္ကူျပဳနိုင္တဲ့အျပင္ဦးေႏွာက္အတြက္ လိုအပ္တဲ့ Serotonin နဲ႔ Dopamine အေျခအေနကို အေကာင္းဆုံး ထိန္းညႇိေပးနိုင္ပါတယ္ မဂၢနီဆီယမ္ဟာ ဦးေႏွာက္ထဲမွာ ရွိတဲ့ အာ႐ုံေၾကာေတြကို အိပ္စက္ျခင္းအတြက္အလ်င္အျမန္ ကူညီေပးနိုင္သလို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစနိုင္တဲ့ အစြမ္းအာနိသင္ကို ေပးစြမ္းနိုင္ပါတယ္

မဂၢနီဆီယမ္ ေသာက္သုံးဖို႔အတြက္ အသင့္ေတာ္ဆုံး ေဆးဝါးကေတာ့ Magnesium+ ပဲျဖစ္ၿပီး ရိုးရွင္းတဲ့ ဖြဲ႕စည္းပုံနဲ႔ ထုတ္လုပ္ထားတာ ျဖစ္တဲ့အတြက္အစာအိမ္ ထိခိုက္မွာ စိုးရိမ္စရာ မရွိတဲ့အျပင္ အိပ္ရာနိုးတဲ့အခါမွာလည္း ၾကည္ၾကည္လင္လင္ ျဖစ္ေစတာေၾကာင့္ အိပ္စက္ဖို႔ ခက္ခဲေနသူေတြအတြက္ Dr Heather Moday က ျပန္လည္ မၽွေဝေပးခဲ့တာ ျဖစ္ပါတယ္