အခ်စ္ေရး

ေကာင္ေလးတစ္ေယာက္ ကိုယ့္ကိုစိတ္ဝင္စားလာဖို႔ ၾကဴနည္းမ်ား

ေကာင္ေလးတစ္ေယာက္ ကိုယ့္ကိုစိတ္ဝင္စားလာဖို႔ ၾကဴနည္းမ်ား

သင္က သူနဲ႔ အီစီကလီ စကားေလးေတြ ေျပာခ်င္ေပမယ့္ ဘယ္လို ေျပာရမွန္း မသိ၊ ဘယ္လိုၾကဴရမလဲ မသိဘူး ဆိုရင္ေတာ့ တျခားသူေတြဆီက အႀကံဉာဏ္ေတြ ကို လိုအပ္လာပါၿပီ။

သင္လိုအပ္တဲ့ အႀကံဉာဏ္ေတြကို အခု ေျပာျပထားတဲ့ အေၾကာင္းအရာေတြကေန ရယူႏိုင္ပါတယ္။

ေအာက္ေဖာ္ျပပါ နည္းလမ္းေတြအတိုင္း ၾကဴမယ္ဆိုရင္ေတာ့ သင္လိုခ်င္တဲ့ အာ႐ုံစိုက္မႈကို သူ႔ဆီက ရပါလိမ့္မယ္။

ဒီေတာ့ ၾကည့္လိုက္ရေအာင္ေနာ္-

၁။ သူနဲ႔ စကားေျပာတဲ့အခ်ိန္

သူနဲ႔ စကားမ်ားမ်ား ေျပာျဖစ္တဲ့ ရက္ေတြဆိုရင္ အၾကာႀကီး စာမျပန္ဘဲ ေခ်ထားတာမ်ိဳး မလုပ္သင့္ပါဘူး။

ဒီလို ေခ်ေနတာေၾကာင့္ ၾကဴရတဲ့ အဓိက လိုရင္းကို မေရာက္ေတာ့ပါဘူး။

Message ကို အၾကာႀကီး Seen မျပဘဲ Deliver အေျခအေနနဲ႔ ထားမယ္ ဆိုရင္ေတာင္ အမ်ားဆုံး ၁၀ မိနစ္ပဲ ထားသင့္ပါတယ္။

၂။ ညဘက္မွာ ေျပာပါ

ေယာက်ာ္းေလးေတြက မိန္းကေလးတစ္ေယာက္နဲ႔ ညဘက္မွာ Chat ရတာကို သေဘာက်ၾကပါတယ္။

သူတို႔က ညဘက္မွာ စိတ္ပိုေအးေဆးၿပီး သေဘာေကာင္းတတ္ၾကပါတယ္။ သင္က သူ႔စိတ္ဝင္စားမႈ လိုခ်င္ရင္ ညဘက္မွာ စကားမ်ားမ်ား ေျပာသင့္ပါတယ္။

၃။ သူ႔ဓာတ္ပုံ သင့္ဆီ ပို႔လာခဲ့ရင္

သင့္ကို သူ႔ဓာတ္ပုံ ပို႔ေပးလာခဲ့ရင္ သူၾကည့္ေကာင္းတယ္၊ သူေခ်ာတယ္လို႔ ေျပာေပးပါ။

သူ႔ဘက္က ဒီလိုေျပာလိုက္တဲ့အခ်ိန္ ဘယ္လိုျပန္ေျပာမလဲ ေစာင့္ၾကည့္ပါ။ သင့္ကိုလည္း ေခ်ာတယ္လို႔ ျပန္ေျပာမလား ဒါမွမဟုတ္ စကားလမ္းေၾကာင္း လႊဲမလား ၾကည့္သင့္ပါတယ္။

၄။ သင္ ဝတ္မယ့္ ဝတ္စုံ

သင့္အဝတ္အစားေတြကို သူ႔ေရွ႕ ေရာက္ရင္ ဒါမွမဟုတ္ သင္သူ႔ကိုျမင္ႏိုင္တဲ့ အေျခအေနတိုင္းမွာ အနက္ေရာင္နဲ႔ အနီေရာင္ကို ေ႐ြးခ်ယ္သင့္ပါတယ္။

၅။ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈ ရွိပါ

သူနဲ႔ စကားေျပာတဲ့အခ်ိန္တိုင္း သင္က ကိုယ့္ကိုကိုယ္ ယုံၾကည္မႈ ရွိသူျဖစ္ေၾကာင္း ထင္ဟပ္ေနေစမယ့္ စကားလုံးေတြကို ေ႐ြးသင့္ပါတယ္။

ဒီလိုစကားလုံးေတြက သူ႔အာ႐ုံစိုက္မႈကို ပိုရေစပါတယ္။

၆။ ကိုယ့္အထာနဲ႔ ကိုယ္ေနပါ

သူႀကိဳက္ေအာင္ ဆိုၿပီး သူ႔အႀကိဳက္လိုက္ၿပီး စကားေျပာတဲ့အခ်ိန္ ေအာက္က်ခံေျပာတာမ်ိဳး၊ သူႀကိဳက္ေအာင္ လိုက္ေျပာေပးတာမ်ိဳး မလုပ္သင့္ပါဘူး။

ကိုယ့္ရပ္တည္ခ်က္နဲ႔ ကိုယ္ေနသင့္ပါတယ္။ သူ စကားျပန္ေျပာေအာင္ ကိုယ္က ခခယယ စကားလမ္းေၾကာင္း ေပးတာမ်ိဳး မလုပ္သင့္ပါဘူး။

၇။ ဓာတ္ပုံ

သင္ ဓာတ္ပုံ႐ိုက္တဲ့အခ်ိန္ မ်က္ႏွာအျပည့္ ပါေအာင္ ဓာတ္ပုံ႐ိုက္တာမ်ိဳး ဒါမွမဟုတ္ Mirror Selfie ပုံစံမ်ိဳး ဓာတ္ပုံ႐ိုက္သင့္ပါတယ္။

ေယာက်ာ္းေလးေတြက မ်က္ႏွာအျပည့္ပါတဲ့ ဓာတ္ပုံ၊ Mirror Selfie ပုံေတြကို သေဘာက်ၾကပါတယ္။

credit

unicode

ကောင်လေးတစ်ယောက် ကိုယ့်ကိုစိတ်ဝင်စားလာဖို့ ကြူနည်းများ

သင်က သူနဲ့ အီစီကလီ စကားလေးတွေ ပြောချင်ပေမယ့် ဘယ်လို ပြောရမှန်း မသိ၊ ဘယ်လိုကြူရမလဲ မသိဘူး ဆိုရင်တော့ တခြားသူတွေဆီက အကြံဉာဏ်တွေ ကို လိုအပ်လာပါပြီ။

သင်လိုအပ်တဲ့ အကြံဉာဏ်တွေကို အခု ပြောပြထားတဲ့ အကြောင်းအရာတွေကနေ ရယူနိုင်ပါတယ်။

အောက်ဖော်ပြပါ နည်းလမ်းတွေအတိုင်း ကြူမယ်ဆိုရင်တော့ သင်လိုချင်တဲ့ အာရုံစိုက်မှုကို သူ့ဆီက ရပါလိမ့်မယ်။

ဒီတော့ ကြည့်လိုက်ရအောင်နော်-

၁။ သူနဲ့ စကားပြောတဲ့အချိန်

သူနဲ့ စကားများများ ပြောဖြစ်တဲ့ ရက်တွေဆိုရင် အကြာကြီး စာမပြန်ဘဲ ချေထားတာမျိုး မလုပ်သင့်ပါဘူး။

ဒီလို ချေနေတာကြောင့် ကြူရတဲ့ အဓိက လိုရင်းကို မရောက်တော့ပါဘူး။

Message ကို အကြာကြီး Seen မပြဘဲ Deliver အခြေအနေနဲ့ ထားမယ် ဆိုရင်တောင် အများဆုံး ၁၀ မိနစ်ပဲ ထားသင့်ပါတယ်။

၂။ ညဘက်မှာ ပြောပါ

ယောကျာ်းလေးတွေက မိန်းကလေးတစ်ယောက်နဲ့ ညဘက်မှာ Chat ရတာကို သဘောကျကြပါတယ်။

သူတို့က ညဘက်မှာ စိတ်ပိုအေးဆေးပြီး သဘောကောင်းတတ်ကြပါတယ်။ သင်က သူ့စိတ်ဝင်စားမှု လိုချင်ရင် ညဘက်မှာ စကားများများ ပြောသင့်ပါတယ်။

၃။ သူ့ဓာတ်ပုံ သင့်ဆီ ပို့လာခဲ့ရင်

သင့်ကို သူ့ဓာတ်ပုံ ပို့ပေးလာခဲ့ရင် သူကြည့်ကောင်းတယ်၊ သူချောတယ်လို့ ပြောပေးပါ။

သူ့ဘက်က ဒီလိုပြောလိုက်တဲ့အချိန် ဘယ်လိုပြန်ပြောမလဲ စောင့်ကြည့်ပါ။ သင့်ကိုလည်း ချောတယ်လို့ ပြန်ပြောမလား ဒါမှမဟုတ် စကားလမ်းကြောင်း လွှဲမလား ကြည့်သင့်ပါတယ်။

၄။ သင် ဝတ်မယ့် ဝတ်စုံ

သင့်အဝတ်အစားတွေကို သူ့ရှေ့ ရောက်ရင် ဒါမှမဟုတ် သင်သူ့ကိုမြင်နိုင်တဲ့ အခြေအနေတိုင်းမှာ အနက်ရောင်နဲ့ အနီရောင်ကို ရွေးချယ်သင့်ပါတယ်။

၅။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိပါ

သူနဲ့ စကားပြောတဲ့အချိန်တိုင်း သင်က ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိသူဖြစ်ကြောင်း ထင်ဟပ်နေစေမယ့် စကားလုံးတွေကို ရွေးသင့်ပါတယ်။

ဒီလိုစကားလုံးတွေက သူ့အာရုံစိုက်မှုကို ပိုရစေပါတယ်။

၆။ ကိုယ့်အထာနဲ့ ကိုယ်နေပါ

သူကြိုက်အောင် ဆိုပြီး သူ့အကြိုက်လိုက်ပြီး စကားပြောတဲ့အချိန် အောက်ကျခံပြောတာမျိုး၊ သူကြိုက်အောင် လိုက်ပြောပေးတာမျိုး မလုပ်သင့်ပါဘူး။

ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ်နေသင့်ပါတယ်။ သူ စကားပြန်ပြောအောင် ကိုယ်က ခခယယ စကားလမ်းကြောင်း ပေးတာမျိုး မလုပ်သင့်ပါဘူး။

၇။ ဓာတ်ပုံ

သင် ဓာတ်ပုံရိုက်တဲ့အချိန် မျက်နှာအပြည့် ပါအောင် ဓာတ်ပုံရိုက်တာမျိုး ဒါမှမဟုတ် Mirror Selfie ပုံစံမျိုး ဓာတ်ပုံရိုက်သင့်ပါတယ်။

ယောကျာ်းလေးတွေက မျက်နှာအပြည့်ပါတဲ့ ဓာတ်ပုံ၊ Mirror Selfie ပုံတွေကို သဘောကျကြပါတယ်။

credit