ခေတ်အဆက်ဆက်က တိုင်းရေးပြည်ရေးကိစ္စတွေမှာ မုချမှန်ကန်ခဲ့တဲ့ အတိတ်နိမိတ်တဘောင်က အခုတစ်ခေါက်ရော ဘယ်လိုလာမလဲ
(၁)ဟင်္သာမင်း အင်းကိုဆင်းမည်။ (၂)ထိုဟင်္သာကို မုဆိုး ေ.လးနဲ့ခွင်းမည်။ (၃)မုဆိုးကို ထီးရိုးရို.က်လိမ့်မည်။ (၄)ထီးရိုးကို မိုးကြိုးပ.စ်လိမ့်မည်။ (၅)သံခမောက်ဆောင်း လေးယောက် ပေါ်လိမ့်မည်။
(၆)ဧရာဝတီ ခန်းလိမ့်မည်။ (၇)လက်ပံလည်း ရှားလိမ့်မည်။ (၈)ကြက်မ တွန်လို့ မိုးလင်းမည်။ (၉)ဗုဒ္ဓရာဇာကိန်းနဲ့အညီ နန်းသိမ်းလိမ့်။ (၁၀)ဗုဒ္ဓရာဇာသာသနာပြု မင်းကောင်းမင်းမြတ် ပေါ်လာပြီးနောက်ပိုင်း တိုင်းပြည်ကြီး စည်ကားသာယာ ဝပြောလိမ့်မည်။
၁။ ဟင်္သာမင်း အင်းကိုဆင်းမည်။ဟံသာဝတီမွန်တို့ အင်းဝကို သိမ်းပိုက်လိမ့်မည်။ ဟင်္သာမှာ ဟံသာဝတီမွန်တို့၏ အမှတ်အသားဖြစ်ပြီး အင်းဆိုသည်မှာ အင်းဝကိုဆိုလိုသည်။ အင်းတို့၏အဝမှာရှိလို့ အင်းဝ(In Wa)၊ မြစ်တို့အင်းတို့၏ဆုံရာအဝမှာရှိလို့ အဝ(AVA)၊ အင်းကိုးအင်း အလယ်မှာရှိလို့ အင်းနဝ(Innwa)စသဖြင့် ခေါ်ဆိုခဲ့ကြပါသည်။
၂။ ထိုဟင်္သာကို မုဆိုး ေ.လးနဲ့ခွင်းမည်။ ထိုဟံသာဝတီအင်အားစုကို မုဆိုးဘို (ရွှေဘို)အင်အားစုက အနိုင်ယူလိမ့်မည်။ ကုန်းဘောင်မင်းဆက်ကို အချို့က မုဆိုးမင်းဆက်ဟုလည်း ခေါ်ကြသည်။
၃။ မုဆိုးကို ထီးရိုးရိုက်လိမ့်မည်။ ထိုကုန်းဘောင်မင်းဆက်ခေါ် မုဆိုးမင်းဆက်ကို စနေနံတိုင်းတပါးမင်းက အနိုင်ယူ ဖြုတ်ချလိမ့်မည်။
၅။ သံခမောက်ဆောင်း လေးယောက်ပေါ်လိမ့်မည်။ တပ်မတော်မှာ အမြင့်ဆုံးခေါင်းဆောင် ဖြစ်ခဲ့သူများထဲမှ လေးယောက်မှာ နိုင်ငံ၏အမြင့်ဆုံးခေါင်းဆောင်ဖြစ်မည်။ ဗိုလ်ချုပ်အောင်ဆန်း၊ဗိုလ်ချုပ်ကြီးနေဝင်း၊ဗိုလ်ချုပ်မှူးကြီးစောမောင်၊ဗိုလ်ချုပ်မှူးကြီးသန်းရွှေ။
၆။ ဧရာဝတီ ခန်းလိမ့်မည်။ ယခုပင် နွေရာသီဆို ဧရာဝတီမှာ မော်တော်၊ သင်္ဘောတွေ ဝါးလုံးထောက် စမ်းပြီးသွားနေရပြီ။ မြစ်ဆုံစီမံကိန်းသာ အကောင်အထည်ဖော်လို့ကတော့ သွားပြီ။
၇။ လက်ပံလည်း ရှားလိမ့်မည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ယခုအတောအတွင်း တရုတ်နဲ့ ကမ္ဘာ့ဈေးကွက်က ကျွန်းသစ်ထက်တောင်ကြိုက်လို့ အများဆုံးခို.းထုတ်ခံနေရသော တမလန်းသစ်မှာ လက်ပံမျိုးနွယ်ဟု သိရသည်။
၈။ ကြက်မတွန်လို့ မိုးလင်းမည်။အမျိုးသမီးခေါင်းဆောင်တစ်ယောက်က မြန်မာပြည်ကို ပြည်သူ့အာဏာပိုင်စိုးသော ဒီမိုကရေစီအလင်းခေတ်သို့ ရောက်စေလိမ့်မည်။
၉။ ဗုဒ္ဓရာဇာကိန်းနဲ့အညီ နန်းသိမ်းလိမ့်မည်။သို့သော် ထိုအမျိုးသမီးခေါင်းဆောင်ပြီးနောက် အမျိုးဘာသာသာသနာကို စောင့်ရှောက်အလေးထားသော မင်းအစိုးရ တက်လာပြီး သာသနာတော်ကို ပြန်လည်ထွန်းလင်းစေလိမ့်မည်။ (ဗုဒ္ဓရာဇာ=ဗုဒ္ဓသာသနာပြုမင်း)
၁၀။ ဗုဒ္ဓရာဇာသာသနာပြု မင်းကောင်းမင်းမြတ် ပေါ်လာပြီးနောက်ပိုင်း တိုင်းပြည်ကြီး စည်ကားသာယာ ဝပြောလိမ့်မည်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi
ေခတ္အဆက္ဆက္က တိုင္းေရးျပည္ေရးကိစၥေတြမွာ မုခ်မွန္ကန္ခဲ့တဲ့ အတိတ္နိမိတ္တေဘာင္က အခုတစ္ေခါက္ေရာ ဘယ္လိုလာမလဲ
(၁)ဟသၤာမင္း အင္းကိုဆင္းမည္။ (၂)ထိုဟသၤာကို မုဆိုး ေ.လးနဲ႔ခြင္းမည္။ (၃)မုဆိုးကို ထီး႐ိုး႐ို.က္လိမ့္မည္။ (၄)ထီး႐ိုးကို မိုးႀကိဳးပ.စ္လိမ့္မည္။ (၅)သံခေမာက္ေဆာင္း ေလးေယာက္ ေပၚလိမ့္မည္။
(၆)ဧရာဝတီ ခန္းလိမ့္မည္။ (၇)လက္ပံလည္း ရွားလိမ့္မည္။ (၈)ၾကက္မ တြန္လို႔ မိုးလင္းမည္။ (၉)ဗုဒၶရာဇာကိန္းနဲ႔အညီ နန္းသိမ္းလိမ့္။ (၁၀)ဗုဒၶရာဇာသာသနာျပဳ မင္းေကာင္းမင္းျမတ္ ေပၚလာၿပီးေနာက္ပိုင္း တိုင္းျပည္ႀကီး စည္ကားသာယာ ဝေျပာလိမ့္မည္။
၁။ ဟသၤာမင္း အင္းကိုဆင္းမည္။ဟံသာဝတီမြန္တို႔ အင္းဝကို သိမ္းပိုက္လိမ့္မည္။ ဟသၤာမွာ ဟံသာဝတီမြန္တို႔၏ အမွတ္အသားျဖစ္ၿပီး အင္းဆိုသည္မွာ အင္းဝကိုဆိုလိုသည္။ အင္းတို႔၏အဝမွာရွိလို႔ အင္းဝ(In Wa)၊ ျမစ္တို႔အင္းတို႔၏ဆုံရာအဝမွာရွိလို႔ အဝ(AVA)၊ အင္းကိုးအင္း အလယ္မွာရွိလို႔ အင္းနဝ(Innwa)စသျဖင့္ ေခၚဆိုခဲ့ၾကပါသည္။
၂။ ထိုဟသၤာကို မုဆိုး ေ.လးနဲ႔ခြင္းမည္။ ထိုဟံသာဝတီအင္အားစုကို မုဆိုးဘို (ေ႐ႊဘို)အင္အားစုက အႏိုင္ယူလိမ့္မည္။ ကုန္းေဘာင္မင္းဆက္ကို အခ်ိဳ႕က မုဆိုးမင္းဆက္ဟုလည္း ေခၚၾကသည္။
၃။ မုဆိုးကို ထီး႐ိုး႐ိုက္လိမ့္မည္။ ထိုကုန္းေဘာင္မင္းဆက္ေခၚ မုဆိုးမင္းဆက္ကို စေနနံတိုင္းတပါးမင္းက အႏိုင္ယူ ျဖဳတ္ခ်လိမ့္မည္။
၅။ သံခေမာက္ေဆာင္း ေလးေယာက္ေပၚလိမ့္မည္။ တပ္မေတာ္မွာ အျမင့္ဆုံးေခါင္းေဆာင္ ျဖစ္ခဲ့သူမ်ားထဲမွ ေလးေယာက္မွာ ႏိုင္ငံ၏အျမင့္ဆုံးေခါင္းေဆာင္ျဖစ္မည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၊ဗိုလ္ခ်ဳပ္ႀကီးေနဝင္း၊ဗိုလ္ခ်ဳပ္မႉးႀကီးေစာေမာင္၊ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊ။
၆။ ဧရာဝတီ ခန္းလိမ့္မည္။ ယခုပင္ ေႏြရာသီဆို ဧရာဝတီမွာ ေမာ္ေတာ္၊ သေဘၤာေတြ ဝါးလုံးေထာက္ စမ္းၿပီးသြားေနရၿပီ။ ျမစ္ဆုံစီမံကိန္းသာ အေကာင္အထည္ေဖာ္လို႔ကေတာ့ သြားၿပီ။
၇။ လက္ပံလည္း ရွားလိမ့္မည္။ တိုက္တိုက္ဆိုင္ဆိုင္ပင္ ယခုအေတာအတြင္း တ႐ုတ္နဲ႔ ကမာၻ႔ေဈးကြက္က ကြၽန္းသစ္ထက္ေတာင္ႀကိဳက္လို႔ အမ်ားဆုံးခို.းထုတ္ခံေနရေသာ တမလန္းသစ္မွာ လက္ပံမ်ိဳးႏြယ္ဟု သိရသည္။
၈။ ၾကက္မတြန္လို႔ မိုးလင္းမည္။အမ်ိဳးသမီးေခါင္းေဆာင္တစ္ေယာက္က ျမန္မာျပည္ကို ျပည္သူ႔အာဏာပိုင္စိုးေသာ ဒီမိုကေရစီအလင္းေခတ္သို႔ ေရာက္ေစလိမ့္မည္။
၉။ ဗုဒၶရာဇာကိန္းနဲ႔အညီ နန္းသိမ္းလိမ့္မည္။သို႔ေသာ္ ထိုအမ်ိဳးသမီးေခါင္းေဆာင္ၿပီးေနာက္ အမ်ိဳးဘာသာသာသနာကို ေစာင့္ေရွာက္အေလးထားေသာ မင္းအစိုးရ တက္လာၿပီး သာသနာေတာ္ကို ျပန္လည္ထြန္းလင္းေစလိမ့္မည္။ (ဗုဒၶရာဇာ=ဗုဒၶသာသနာျပဳမင္း)
၁၀။ ဗုဒၶရာဇာသာသနာျပဳ မင္းေကာင္းမင္းျမတ္ ေပၚလာၿပီးေနာက္ပိုင္း တိုင္းျပည္ႀကီး စည္ကားသာယာ ဝေျပာလိမ့္မည္။
မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္