ကိုယ့်ချစ်သူ ပျော်မယ်ဆိုရင် စွန့်လွှတ်ပေးဆပ်ရဲတာ မိန်းမသားတွေရဲ့ အချစ်မို့ပါ
တဖက်သတ်အချစ်ဟာ စိတ်မထားတတ်ရင် ပူလောင်လွန်းလှပါတယ်။ တနည်းအားဖြင့် ကိုယ့်လူဖြစ်နိုင်မဖြစ်နိုင်မသေချာသေးဘဲ ကိုယ်တစ်ယောက်တည်းကြိတ်ချစ်နေတာမျိုးက ပြုတ်ကျမလား၊ မပြုတ်ကျဘူးလားလို့ ဝေခွဲမရတဲ့ ကြိုးတန်းပေါ်လမ်းလျှောက်နေရသလိုပါပဲ။ ရင်တထိတ်ထိတ်နဲ့ပေါ့။
တဖက်လူက ကိုယ့်ကို မချစ်ဘူးဆိုတာသိတဲ့အခါမှာတော့ လှပ်ခနဲ နှလုံးသားတစ်ခုလုံး အသိမ်းခံလိုက်ရသလို ကိုယ်က ကြိုးတန်းပေါ်ကနေ ပြုတ်ကျတော့တာပါပဲ။ အဲဒါကြောင့်တဖက်သတ်ချစ်မိတဲ့အခါ ကိုယ့်ကို တဖက်လူကပြန်မချစ်နိုင်ဘူးလို့သိသော်လည်း စိတ်ဘယ်လိုထားမလဲ။ ကိုယ့်တဖက်သတ်အချစ်ကို ဘယ်လိုမျိုးထိန်းသိမ်းနိုင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

(၁) သူပျော်ပါစေ။
ကိုယ့်ကိုချစ်မှ သူပျော်မယ်ဆိုရင် ပိုကောင်းတာပေါ့နော်။ ကိုယ့်ကိုမချစ်ဘူးဆိုမှတော့ သူဘယ်ပျော်ပါ့မလဲ၊ သူပျော်တဲ့နေရာမှာနေပါစေ၊ သူပျော်တဲ့သူနဲ့နေပါစေလို့တွေးကြည့်လိုက်တာ ကိုယ့်အတွက်ပိုစိတ်ချမ်းသာပါတယ်။ ချစ်တယ်ဆိုတာနဲ့ လူတစ်ယောက်ကို ပိုင်ဆိုင်ရမှမဟုတ်ပါဘူးနော်။ ကိုယ့်စိတ်ထဲသူ့ကိုချစ်နေတဲ့စိတ်လေးပါပဲ။ အဲဒါကြောင့် တဖက်သတ်ချစ်တဲ့စိတ်ကို စိတ်ထဲမှာပဲထားပါ။ သူပျော်ပါစေ။
သူပျော်နေတာကို ကိုယ်ကလိုက်ပျော်ကြည့်လိုက်ပါ။ စိတ်သက်သာရာရပါလိမ့်မယ်။ ကိုယ်နဲ့နေလိုသူမပျော်ရင် သူပျော်ဖို့သာ ထိပ်ဆုံးကထားတွေးပေးလိုက်ပါ။ သူပျော်သလို ကိုယ်ပါပျော်သွားပါလိမ့်မယ်။ ကိုယ်နဲ့နေလို့သူမပျော်တာကို ကိုယ်ကအတင်းကိုယ့်အနားရှိနေစေချင်တယ်ဆိုတာက ကိုယ့်အတ္တနဲ့လှောင်ပိတ်ထားတာပါပဲ။ အတူနေပြီး တစ်ယောက်ကမပျော်ရင် ဘာအဓိပ္ပါယ်ရှိပါ့မလဲ။ အဲဒါကြောင့် သူပျော်ပါစေ။
(၂) အရှိအတိုင်းလက်သင့်ခံပါ။
သူက ကိုယ့်ကိုချစ်ရင် ကိုယ်တို့နှစ်ဦးလုံးရဲ့အချစ်မှန်တာပေါ့။ သူက ကိုယ့်ကိုပြန်မချစ်ခဲ့ရင်လည်း အရှိကိုအရှိအတိုင်းလက်ခံလိုက်ပါ။ ပထမအချက်ကိုပြန်တွေးကြည့်ပါ။ သူပျော်ဖို့အလေးထားပေးလိုက်ပါ။ အရှိအတိုင်းလက်ခံတတ်သွားရင် စိတ်ချမ်းသာသွားပါလိမ့်မယ်။ ပြန်တွေးကြည့်ပါ၊ သူ့ကို ငါပိုင်ဆိုင်မှ စိတ်ချမ်းသာပေမယ့် သူမှမပျော်တာလို့တွေးကြည့်လိုက်ပါနော်။ တစ်ယောက်ပျော်ရွှင်ဖို့ တစ်ယောက်က စိတ်ညစ်ပေးရတယ်ဆိုတာ အချစ်စစ်မဟုတ်ပါဘူး။ အဲဒါကြောင့် အရှိကိုအရှိအတိုင်းလက်ခံတတ်ပါစေ။
(၃) အာရုံစိုက်ခံရဖို့မကြိုးစားပါနဲ့။
တဖက်သတ်ချစ်တဲ့သူတွေလုပ်တတ်တဲ့အကျင့်တစ်ခုက အာရုံစိုက်ခံရဖို့ကြိုးစားတာပါပဲ။ တဖက်သူက ကိုယ့်ကိုယ်များပြန်ပြီးစိတ်ဝင်စားလာမလားရယ်လို့ အာရုံစိုက်ခံရဖို့ကြိုးစားတာမျိုးက တကယ်တော့ အချစ်စစ်မဖြစ်နိုင်ပါဘူး။ သင့်ကိုချစ်လာဖို့ကို သင်ကလုပ်ယူနေရတယ်ဆိုကတည်းက တကယ်မချစ်လို့ပေါ့။

အဲဒီလို လုပ်ယူခြင်းကလည်း သင်တချိန်မှာ ထားရစ်ခံရဖို့ ဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် သင်တစ်ဖက်သတ်ချစ်နေတဲ့လူရဲ့အာရုံစိုက်ခံရဖို့ကြိုးစားခြင်းက ဖြစ်မလာခဲ့ရင် သင်ပဲစိတ်ညစ်ရမှာမို့ မကြိုးစားပါနဲ့လို့သာပြောချင်ပါတယ်။
(၄) ဆွဲဆောင်ဖို့လည်း မကြိုးစားပါနဲ့။
နောက်တစ်ခုက ကိုယ့်ကိုပြန်ချစ်လာအောင် ဆွဲဆောင်တာပါပဲ။ အဲဒါမျိုးလည်း ဘယ်တော့မှမလုပ်မိပါစေနဲ့။ ကိုယ့်ကိုပြန်ချစ်လာဖို့အတွက် ဆွဲဆောင်ခြင်းဟာ ဆွဲဆောင်နေတုန်းပဲအဆင်ပြေပြီး သင့်နောက်ကွယ်ရောက်တာနဲ့သင့်ကို မေ့သွားနိုင်ပါတယ်။ ဖန်တီးယူရခြင်းဟာ အချစ်စစ်မဟုတ်နိုင်တာကြောင့် သင့်ကို ရေရှည်မှာ စိတ်ပါဝင်စားမှုလျော့နည်းသွားစေနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ်တဖက်သတ်ချစ်နေတဲ့လူကို ဆွဲဆောင်ဖို့လည်း မကြိုးစားပါနဲ့။ ကြိုးစားမိရင် ကိုယ်ပဲ ပိုစိတ်ပင်ပန်းရတတ်ပါတယ်။
လေထဲဝဲနေတဲ့စွန်လေး ပြန်ကျလာမလားရယ်နဲ့ မျှော်တလင့်လင့်နဲ့နေရတဲ့ဘဝက ပိုဆိုးစေပါတယ်။ တခြားသောကိုယ့်ဘဝတိုးတက်မယ့်အရာတွေကိုလည်း မလုပ်ဆောင်နိုင်တော့ပါဘူး။ အဲဒါကြောင့် ကိုယ်ကချစ်ပေမယ့် တဖက်လူက ကိုယ့်ကိုပြန်မချစ်ဘူးဆိုတာကို ကိုယ်က လိုလားစွာလက်ခံလိုက်ပါ။ အထက်ရှဆုံးဓားက နာကျင်ပေမယ့် ကိုယ့်အတွက်စောစောအနာကျက်မြန်စေနိုင်တယ်ဆိုတာမမေ့ပါနဲ့နော်။
(၅) ကိုယ့်အပေါ်မေတ္တာစစ်နဲ့ချစ်တဲ့သူ တွေ့လာအုံးမှာပါ။
ကိုယ့်အပေါ်မေတ္တာစစ်နဲ့ချစ်တဲ့လူဆိုတာ ကိုယ့်အတွက်နဲ့ အားလုံးကို ပေးဆပ်ပြီး ကိုယ့်အတွက်သီးသန့်ကိုဖြစ်လာတာမျိုးပါ။ အဲဒီ့အတွက် အချိန်တစ်ခုကို ထိုင်စောင့်နေစရာမလိုပါဘူး။ ကိုယ့်ဘဝအတွက် ကိုယ်လုပ်စရာရှိတာတွေလုပ်နေရုံပါပဲ။ ကိုယ်ဘယ်လောက်ရုပ်ဆိုးဆိုး၊ ကိုယ်ဘယ်လောက်အားနည်းချက်ရှိရှိ၊ ကိုယ်ဘယ်လောက်နိမ့်ကျနေပါစေ ကိုယ့်အပေါ်မေတ္တာစစ်နဲ့ချစ်တဲ့သူမှန်ရင် ကိုယ့်အတွက်ကိုဖြစ်လာပါလိမ့်မယ်။

အဲဒါကြောင့် အခုကိုယ်က တဖက်သတ်ချစ်နေရတယ်ဆိုကတည်းက ကိုယ့်အတွက်မဟုတ်ဘဲ ကိုယ့်စိတ်ထဲက ဖြစ်ပေါ်လာတဲ့အချစ်ကို ဒီတိုင်းလေးသာ လွှတ်ထားပေးလိုက်ပါ။ ထိန်းချုပ်ဖို့လည်းမကြိုးစားပါနဲ့၊ ဖန်တီးလုပ်ယူဖို့လည်းမတွေးပါနဲ့။ ဘေးကနေ ကိုယ်ချစ်တဲ့လူပျော်နေတာလေးကိုပဲ ကြည့်ပြီး ပီတိဖြစ်နေကြည့်လိုက်ပါ။
(၆) ကိုယ့်အပေါ်မချစ်မနှစ်သက်တဲ့လူဟာ ကိုယ့်အတွက်မဟုတ်လို့ပါ။
တဖက်သက်ချစ်တဲ့သူတော်တော်များများဟာ တဖက်လူကို ကိုယ့်ဘက်ပါလာအောင်တော့ ဖန်တီးယူဖို့ ၊ ဆွဲဆောင်ဖို့ကြိုးစားတတ်ကြပါတယ်၊ အဲဒါနဲ့တင် အချိန်တွေကုန်၊ ပူဆွေး၊ မျှော်လင့်ချက်တွေနဲ့ တငင့်ငင့်ဖြစ်နေရပြီး မျှော်လင့်သလိုဖြစ်မလာတဲ့အခါ ဝမ်းနည်းရပြန်ပါတယ်။ အဲဒီ့အခါမှာ အခုလိုလေးတွေးကြည့်လိုက်ပါ၊ ကိုယ့်ဘယ်လောက်ကြိုးစားကြိုးစား ကိုယ့်အပေါ်ပြန်မချစ်နိုင်တဲ့လူဟာ ကိုယ့်အတွက်မဟုတ်လို့ပါလို့တွေးကြည့်လိုက်ပါ။ FA ဘ၀ ဘယ်လောက်ကြာကြာ ဝမ်းနည်းစရာမလိုပါဘူး။ ပေါ့ပါးလွတ်လပ်ပါတယ်။ အချစ်စစ်မှန်ရင် အချိန်တန် ကိုယ်နဲ့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတတ်တာမျိုးပါ။

အတင်းလုပ်ယူနေရတာက အချိန်ကုန်၊ စိတ်ပင်ပန်း၊ လူပင်ပန်းပြီး အခြားသော အကျိုးရှိတဲ့အရာတွေဘာမှမလုပ်နိုင်တော့ပါဘူး။ အဲဒါကြောင့် တဖက်သတ်ချစ်နေတဲ့အခါ ကိုယ့်အတွက်မဟုတ်လို့ အတင်းလုပ်ယူဖို့မကြိုးစားဘူး၊ ကိုယ့်ရင်ထဲအချစ်ကို ဒီတိုင်းလေးပဲ မွေးထားပေးလိုက်ပါ။ အချိန်တန် စိတ်ကုန်ချင်လည်းဖြစ်တယ်၊ စိတ်မကုန်ချင်လည်းဖြစ်တယ်၊ လုပ်စရာရှိတာတွေကို အာရုံပြောင်းပြီးလုပ်ပါ။ ဘဝအတွက်ကြိုးစားစရာရှိတာတွေကို ကြိုးစားပါ။ အဲဒါက မျှော်လင့်ရင်းနဲ့တော့ အချိန်ကုန်၊ စိတ်မဆင်းရဲရတော့ဘူးပေါ့။
ဘဝအတွက် အကောင်းဆုံးအကျိုးရှိရှိ ရှင်သန်ရင်း ကိုယ့်ဘဝအတွက် အစစ်မှန်ကို တွေ့လာပါလိ့မ်မယ်။ အဲဒါက အချိန်လည်းမကုန်၊ ဘဝအတွက်လည်းအကျိုးရှိ၊ အခြားသော စိတ်ဖိစီးမှုတွေလည်းမဖြစ်တော့ပါဘူးလို့ အားပေးလိုက်ရပါတယ်။ ခရက်ဒစ်
Zawgyi
ကိုယ့္ခ်စ္သူ ေပ်ာ္မယ္ဆိုရင္ စြန္႔လႊတ္ေပးဆပ္ရဲတာ မိန္းမသားေတြရဲ႕ အခ်စ္မို႔ပါ
တဖက္သတ္အခ်စ္ဟာ စိတ္မထားတတ္ရင္ ပူေလာင္လြန္းလွပါတယ္။ တနည္းအားျဖင့္ ကိုယ့္လူျဖစ္ႏိုင္မျဖစ္ႏိုင္မေသခ်ာေသးဘဲ ကိုယ္တစ္ေယာက္တည္းႀကိတ္ခ်စ္ေနတာမ်ိဳးက ျပဳတ္က်မလား၊ မျပဳတ္က်ဘူးလားလို႔ ေဝခြဲမရတဲ့ ႀကိဳးတန္းေပၚလမ္းေလွ်ာက္ေနရသလိုပါပဲ။ ရင္တထိတ္ထိတ္နဲ႔ေပါ့။
တဖက္လူက ကိုယ့္ကို မခ်စ္ဘူးဆိုတာသိတဲ့အခါမွာေတာ့ လွပ္ခနဲ ႏွလုံးသားတစ္ခုလုံး အသိမ္းခံလိုက္ရသလို ကိုယ္က ႀကိဳးတန္းေပၚကေန ျပဳတ္က်ေတာ့တာပါပဲ။ အဲဒါေၾကာင့္တဖက္သတ္ခ်စ္မိတဲ့အခါ ကိုယ့္ကို တဖက္လူကျပန္မခ်စ္ႏိုင္ဘူးလို႔သိေသာ္လည္း စိတ္ဘယ္လိုထားမလဲ။ ကိုယ့္တဖက္သတ္အခ်စ္ကို ဘယ္လိုမ်ိဳးထိန္းသိမ္းႏိုင္မလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) သူေပ်ာ္ပါေစ။
ကိုယ့္ကိုခ်စ္မွ သူေပ်ာ္မယ္ဆိုရင္ ပိုေကာင္းတာေပါ့ေနာ္။ ကိုယ့္ကိုမခ်စ္ဘူးဆိုမွေတာ့ သူဘယ္ေပ်ာ္ပါ့မလဲ၊ သူေပ်ာ္တဲ့ေနရာမွာေနပါေစ၊ သူေပ်ာ္တဲ့သူနဲ႔ေနပါေစလို႔ေတြးၾကည့္လိုက္တာ ကိုယ့္အတြက္ပိုစိတ္ခ်မ္းသာပါတယ္။ ခ်စ္တယ္ဆိုတာနဲ႔ လူတစ္ေယာက္ကို ပိုင္ဆိုင္ရမွမဟုတ္ပါဘူးေနာ္။ ကိုယ့္စိတ္ထဲသူ႔ကိုခ်စ္ေနတဲ့စိတ္ေလးပါပဲ။ အဲဒါေၾကာင့္ တဖက္သတ္ခ်စ္တဲ့စိတ္ကို စိတ္ထဲမွာပဲထားပါ။ သူေပ်ာ္ပါေစ။
သူေပ်ာ္ေနတာကို ကိုယ္ကလိုက္ေပ်ာ္ၾကည့္လိုက္ပါ။ စိတ္သက္သာရာရပါလိမ့္မယ္။ ကိုယ္နဲ႔ေနလိုသူမေပ်ာ္ရင္ သူေပ်ာ္ဖို႔သာ ထိပ္ဆုံးကထားေတြးေပးလိုက္ပါ။ သူေပ်ာ္သလို ကိုယ္ပါေပ်ာ္သြားပါလိမ့္မယ္။ ကိုယ္နဲ႔ေနလို႔သူမေပ်ာ္တာကို ကိုယ္ကအတင္းကိုယ့္အနားရွိေနေစခ်င္တယ္ဆိုတာက ကိုယ့္အတၱနဲ႔ေလွာင္ပိတ္ထားတာပါပဲ။ အတူေနၿပီး တစ္ေယာက္ကမေပ်ာ္ရင္ ဘာအဓိပၸါယ္ရွိပါ့မလဲ။ အဲဒါေၾကာင့္ သူေပ်ာ္ပါေစ။
(၂) အရွိအတိုင္းလက္သင့္ခံပါ။
သူက ကိုယ့္ကိုခ်စ္ရင္ ကိုယ္တို႔ႏွစ္ဦးလုံးရဲ႕အခ်စ္မွန္တာေပါ့။ သူက ကိုယ့္ကိုျပန္မခ်စ္ခဲ့ရင္လည္း အရွိကိုအရွိအတိုင္းလက္ခံလိုက္ပါ။ ပထမအခ်က္ကိုျပန္ေတြးၾကည့္ပါ။ သူေပ်ာ္ဖို႔အေလးထားေပးလိုက္ပါ။ အရွိအတိုင္းလက္ခံတတ္သြားရင္ စိတ္ခ်မ္းသာသြားပါလိမ့္မယ္။ ျပန္ေတြးၾကည့္ပါ၊ သူ႔ကို ငါပိုင္ဆိုင္မွ စိတ္ခ်မ္းသာေပမယ့္ သူမွမေပ်ာ္တာလို႔ေတြးၾကည့္လိုက္ပါေနာ္။ တစ္ေယာက္ေပ်ာ္႐ႊင္ဖို႔ တစ္ေယာက္က စိတ္ညစ္ေပးရတယ္ဆိုတာ အခ်စ္စစ္မဟုတ္ပါဘူး။ အဲဒါေၾကာင့္ အရွိကိုအရွိအတိုင္းလက္ခံတတ္ပါေစ။
(၃) အာ႐ုံစိုက္ခံရဖို႔မႀကိဳးစားပါနဲ႔။
တဖက္သတ္ခ်စ္တဲ့သူေတြလုပ္တတ္တဲ့အက်င့္တစ္ခုက အာ႐ုံစိုက္ခံရဖို႔ႀကိဳးစားတာပါပဲ။ တဖက္သူက ကိုယ့္ကိုယ္မ်ားျပန္ၿပီးစိတ္ဝင္စားလာမလားရယ္လို႔ အာ႐ုံစိုက္ခံရဖို႔ႀကိဳးစားတာမ်ိဳးက တကယ္ေတာ့ အခ်စ္စစ္မျဖစ္ႏိုင္ပါဘူး။ သင့္ကိုခ်စ္လာဖို႔ကို သင္ကလုပ္ယူေနရတယ္ဆိုကတည္းက တကယ္မခ်စ္လို႔ေပါ့။
အဲဒီလို လုပ္ယူျခင္းကလည္း သင္တခ်ိန္မွာ ထားရစ္ခံရဖို႔ ျဖစ္လာႏိုင္ပါတယ္။ အဲဒါေၾကာင့္ သင္တစ္ဖက္သတ္ခ်စ္ေနတဲ့လူရဲ႕အာ႐ုံစိုက္ခံရဖို႔ႀကိဳးစားျခင္းက ျဖစ္မလာခဲ့ရင္ သင္ပဲစိတ္ညစ္ရမွာမို႔ မႀကိဳးစားပါနဲ႔လို႔သာေျပာခ်င္ပါတယ္။

(၄) ဆြဲေဆာင္ဖို႔လည္း မႀကိဳးစားပါနဲ႔။
ေနာက္တစ္ခုက ကိုယ့္ကိုျပန္ခ်စ္လာေအာင္ ဆြဲေဆာင္တာပါပဲ။ အဲဒါမ်ိဳးလည္း ဘယ္ေတာ့မွမလုပ္မိပါေစနဲ႔။ ကိုယ့္ကိုျပန္ခ်စ္လာဖို႔အတြက္ ဆြဲေဆာင္ျခင္းဟာ ဆြဲေဆာင္ေနတုန္းပဲအဆင္ေျပၿပီး သင့္ေနာက္ကြယ္ေရာက္တာနဲ႔သင့္ကို ေမ့သြားႏိုင္ပါတယ္။ ဖန္တီးယူရျခင္းဟာ အခ်စ္စစ္မဟုတ္ႏိုင္တာေၾကာင့္ သင့္ကို ေရရွည္မွာ စိတ္ပါဝင္စားမႈေလ်ာ့နည္းသြားေစႏိုင္ပါတယ္။ အဲဒါေၾကာင့္ ကိုယ္တဖက္သတ္ခ်စ္ေနတဲ့လူကို ဆြဲေဆာင္ဖို႔လည္း မႀကိဳးစားပါနဲ႔။ ႀကိဳးစားမိရင္ ကိုယ္ပဲ ပိုစိတ္ပင္ပန္းရတတ္ပါတယ္။
ေလထဲဝဲေနတဲ့စြန္ေလး ျပန္က်လာမလားရယ္နဲ႔ ေမွ်ာ္တလင့္လင့္နဲ႔ေနရတဲ့ဘဝက ပိုဆိုးေစပါတယ္။ တျခားေသာကိုယ့္ဘဝတိုးတက္မယ့္အရာေတြကိုလည္း မလုပ္ေဆာင္ႏိုင္ေတာ့ပါဘူး။ အဲဒါေၾကာင့္ ကိုယ္ကခ်စ္ေပမယ့္ တဖက္လူက ကိုယ့္ကိုျပန္မခ်စ္ဘူးဆိုတာကို ကိုယ္က လိုလားစြာလက္ခံလိုက္ပါ။ အထက္ရွဆုံးဓားက နာက်င္ေပမယ့္ ကိုယ့္အတြက္ေစာေစာအနာက်က္ျမန္ေစႏိုင္တယ္ဆိုတာမေမ့ပါနဲ႔ေနာ္။
(၅) ကိုယ့္အေပၚေမတၱာစစ္နဲ႔ခ်စ္တဲ့သူ ေတြ႕လာအုံးမွာပါ။
ကိုယ့္အေပၚေမတၱာစစ္နဲ႔ခ်စ္တဲ့လူဆိုတာ ကိုယ့္အတြက္နဲ႔ အားလုံးကို ေပးဆပ္ၿပီး ကိုယ့္အတြက္သီးသန႔္ကိုျဖစ္လာတာမ်ိဳးပါ။ အဲဒီ့အတြက္ အခ်ိန္တစ္ခုကို ထိုင္ေစာင့္ေနစရာမလိုပါဘူး။ ကိုယ့္ဘဝအတြက္ ကိုယ္လုပ္စရာရွိတာေတြလုပ္ေန႐ုံပါပဲ။ ကိုယ္ဘယ္ေလာက္႐ုပ္ဆိုးဆိုး၊ ကိုယ္ဘယ္ေလာက္အားနည္းခ်က္ရွိရွိ၊ ကိုယ္ဘယ္ေလာက္နိမ့္က်ေနပါေစ ကိုယ့္အေပၚေမတၱာစစ္နဲ႔ခ်စ္တဲ့သူမွန္ရင္ ကိုယ့္အတြက္ကိုျဖစ္လာပါလိမ့္မယ္။
အဲဒါေၾကာင့္ အခုကိုယ္က တဖက္သတ္ခ်စ္ေနရတယ္ဆိုကတည္းက ကိုယ့္အတြက္မဟုတ္ဘဲ ကိုယ့္စိတ္ထဲက ျဖစ္ေပၚလာတဲ့အခ်စ္ကို ဒီတိုင္းေလးသာ လႊတ္ထားေပးလိုက္ပါ။ ထိန္းခ်ဳပ္ဖို႔လည္းမႀကိဳးစားပါနဲ႔၊ ဖန္တီးလုပ္ယူဖို႔လည္းမေတြးပါနဲ႔။ ေဘးကေန ကိုယ္ခ်စ္တဲ့လူေပ်ာ္ေနတာေလးကိုပဲ ၾကည့္ၿပီး ပီတိျဖစ္ေနၾကည့္လိုက္ပါ။
(၆) ကိုယ့္အေပၚမခ်စ္မႏွစ္သက္တဲ့လူဟာ ကိုယ့္အတြက္မဟုတ္လို႔ပါ။
တဖက္သက္ခ်စ္တဲ့သူေတာ္ေတာ္မ်ားမ်ားဟာ တဖက္လူကို ကိုယ့္ဘက္ပါလာေအာင္ေတာ့ ဖန္တီးယူဖို႔ ၊ ဆြဲေဆာင္ဖို႔ႀကိဳးစားတတ္ၾကပါတယ္၊ အဲဒါနဲ႔တင္ အခ်ိန္ေတြကုန္၊ ပူေဆြး၊ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ တငင့္ငင့္ျဖစ္ေနရၿပီး ေမွ်ာ္လင့္သလိုျဖစ္မလာတဲ့အခါ ဝမ္းနည္းရျပန္ပါတယ္။ အဲဒီ့အခါမွာ အခုလိုေလးေတြးၾကည့္လိုက္ပါ၊ ကိုယ့္ဘယ္ေလာက္ႀကိဳးစားႀကိဳးစား ကိုယ့္အေပၚျပန္မခ်စ္ႏိုင္တဲ့လူဟာ ကိုယ့္အတြက္မဟုတ္လို႔ပါလို႔ေတြးၾကည့္လိုက္ပါ။ FA ဘ၀ ဘယ္ေလာက္ၾကာၾကာ ဝမ္းနည္းစရာမလိုပါဘူး။ ေပါ့ပါးလြတ္လပ္ပါတယ္။ အခ်စ္စစ္မွန္ရင္ အခ်ိန္တန္ ကိုယ္နဲ႔ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာတတ္တာမ်ိဳးပါ။

အတင္းလုပ္ယူေနရတာက အခ်ိန္ကုန္၊ စိတ္ပင္ပန္း၊ လူပင္ပန္းၿပီး အျခားေသာ အက်ိဳးရွိတဲ့အရာေတြဘာမွမလုပ္ႏိုင္ေတာ့ပါဘူး။ အဲဒါေၾကာင့္ တဖက္သတ္ခ်စ္ေနတဲ့အခါ ကိုယ့္အတြက္မဟုတ္လို႔ အတင္းလုပ္ယူဖို႔မႀကိဳးစားဘူး၊ ကိုယ့္ရင္ထဲအခ်စ္ကို ဒီတိုင္းေလးပဲ ေမြးထားေပးလိုက္ပါ။ အခ်ိန္တန္ စိတ္ကုန္ခ်င္လည္းျဖစ္တယ္၊ စိတ္မကုန္ခ်င္လည္းျဖစ္တယ္၊ လုပ္စရာရွိတာေတြကို အာ႐ုံေျပာင္းၿပီးလုပ္ပါ။ ဘဝအတြက္ႀကိဳးစားစရာရွိတာေတြကို ႀကိဳးစားပါ။ အဲဒါက ေမွ်ာ္လင့္ရင္းနဲ႔ေတာ့ အခ်ိန္ကုန္၊ စိတ္မဆင္းရဲရေတာ့ဘူးေပါ့။
ဘဝအတြက္ အေကာင္းဆုံးအက်ိဳးရွိရွိ ရွင္သန္ရင္း ကိုယ့္ဘဝအတြက္ အစစ္မွန္ကို ေတြ႕လာပါလိ့မ္မယ္။ အဲဒါက အခ်ိန္လည္းမကုန္၊ ဘဝအတြက္လည္းအက်ိဳးရွိ၊ အျခားေသာ စိတ္ဖိစီးမႈေတြလည္းမျဖစ္ေတာ့ပါဘူးလို႔ အားေပးလိုက္ရပါတယ္။ ခရက္ဒစ္



