ေရစက္ဆုံျခင္း ဟုတ္မဟုတ္ေတာ့ ဒီလိုေလး စစ္ၾကည့္မယ္
ေရစက္သာပါလာရင္ ႀကံံဖန္ၿပီးဆုံရသလိုပဲ ေရစက္မပါရင္ ႀကံဖန္ၿပီးလြဲတယ္ဆိုတဲ့စကားေလး ၾကားဖူးၾကမွာပါ။
ဒီလိုပဲ ကိုယ္တစ္ႀကိမ္တစ္ခါမွ မဆုံဖူးပါပဲ ျမင္ျမင္ခ်င္းခ်စ္မိတဲ့အခ်စ္ဆိုတာ အတိတ္ဘဝကေရွးေရစက္ေၾကာင့္ျဖစ္လာရတဲ့အခ်စ္လို႔ယုံ ၾကည္ထားၾကပါတယ္။
သူနဲ႔ကိုယ္နဲ႔ေရစက္လားဆိုတာကို သိႏိုင္တဲ့ အခ်က္ေလးေတြရွိပါတယ္ .. ။
၁။ ပထမဆုံးဆုံတဲ့အခါ ရင္းႏွီးေနတဲ့ ခံံစားခ်က္မ်ိဳး
လူတိုင္းကေရစက္ပါလို႔ေတြ႕ဆုံၾကသလိုပဲ ကိုယ့္ရဲ႕ အိမ္ေထာင္ဖက္ဆိုတာ လည္း အတိတ္ဘဝကဆုံဖူး ဆုေတာင္းခဲ့ဖူးတဲ့ဆုေတာင္းေတြေၾကာင့္အခုဘဝမွာလက္တြဲ ေဖာ္အေနနဲ႔ျပန္ဆုံေတြ႕တယ္လို႔ ယုံၾကည္ၾကပါတယ္ … ။
သူနဲ႔ပထမဆုံးစေတြ႕တဲ့အခ်ိန္မွာ အရင္ထဲကေတြ႕ခဲ့ဖူးသလို၊ တစ္ေနရာမွာျမင္ဖူးခဲ့သလို စိတ္ထဲမွာရင္းႏွီးေနတဲ့ခံစားခ်က္မ်ိဳးရလိုက္တာပါ။
ျမင္ျမင္ခ်င္းခ်စ္မိတာမ်ိဳးမဟုတ္ရင္ေတာင္ ခဏေလးအတြင္းမွာ အႏွစ္ႏွစ္အလလကခင္မင္ခဲ့ဖူးသလိုမ်ိဳး သံေယာဇဥ္တြယ္ၿပီး ခ်စ္မိသြားတာမ်ိဳးပါ။
တကယ္ေရွးေရစက္သာဆိုရင္ စိတ္ခ်ပါ သင့္အခ်စ္ကတစ္ဖက္သက္လုံး၀ မဟုတ္ပါဘူး၊ သူဘက္ကလည္း သင့္လိုတစ္ထပ္တည္းခံစားရမွာပါ။
၂ ။အေၾကာင္းအရင္း မတိုက္ဆိုင္ပါပဲ သူနဲ႔ဆုံေတြ႕ရတာမ်ိဳး
အစမွာေျပာခဲ့သလိုပါပဲ ေရစက္ပါလာရင္ ေရွာင္လြဲလို႔မရပါဘူး။ ႀကံဖန္ၿပီးကိုဆုံရမွာပါ။
ပထမဆုံးေတြ႕႐ုံနဲ႔ ရင္းႏွီးတဲ့ခံစားခ်က္မ်ိဳးထက္ သူက ကိုယ့္ေရွ႕ကိုအေၾကာင္းအရင္းမတိုက္ဆိုင္ ပါပဲ ခဏ ခဏေရာက္လာတာမ်ိဳးပါ။
မ်က္လုံးခ်င္းဆုံေတြ႕တဲ့အခါမ်ိဳးမွာလည္း စကားသာမေျပာဖူး ရင္မေျပာဖူးမယ္ တစ္ေယာက္နဲ႔တစ္ေယာက္ရင္းႏွီးၿပီးသားျဖစ္ေနပါၿပီ။
၃။ Telepathy လို႔ေခၚတဲ့ စိတ္ခ်င္းဆက္ႏြယ္ေနမႈမ်ိဳး
ဒီအဆင့္ကေတာ့ ခ်စ္သူေတြျဖစ္ၿပီးမွႀကဳံေတြ႕ရတဲ့အဆင့္ပါ။ မက္ေဆ့ပို႔ေနရင္း တူညီတဲ့စာ ေၾကာင္းေလးေတြပို႔မိတာမ်ိဳး၊ ကိုယ္ကသူ႔ကိုဖုန္းဆက္ဖို႔ဖုန္းဖြင့္လိုက္တဲ့အခ်ိန္ …
သူ႔ဆီကဖုန္းလာတာ မ်ိဳး၊ ကိုယ္စားခ်င္တဲ့အစားအေသာက္ေလးေတြဆို မေတာင္းဆိုပါပဲ သူကဝယ္လာေပးတာမ်ိဳး ႀကဳံရမွာပါ။
တိုက္ဆိုင္မႈမဟုတ္ပါဘူး။ ဒါဟာသူနဲ႔ကိုယ့္ၾကားက ရွင္းျပဖို႔ခက္တဲ့ စိတ္ခ်င္းဆက္ ႏြယ္ေနမႈမ်ိဳးပါ။
၄။ စိတ္ေနသေဘာထားခ်င္း တူေနတာမ်ိဳး
အေၾကာင္းအရာတစ္ခုကို ေဝဖန္တဲ့အခါမ်ိဳး၊ အမွားအမွန္ခြဲျခားတဲ့အခါမ်ိဳးေတြမွာေတာင္ သူနဲ႔ကိုယ္က မတိုင္ပင္ထားပါပဲ အျမင္သေဘာထားတူညီေနတာမ်ိဳးပါ။
အျမင္တစ္ဖက္တည္းမွာ ရွိေနတာမ်ိဳးပါ။
Unicode
ရေစက်ဆုံခြင်း ဟုတ်မဟုတ်တော့ ဒီလိုလေး စစ်ကြည့်မယ်
ရေစက်သာပါလာရင် ကြံံဖန်ပြီးဆုံရသလိုပဲ ရေစက်မပါရင် ကြံဖန်ပြီးလွဲတယ်ဆိုတဲ့စကားလေး ကြားဖူးကြမှာပါ။
ဒီလိုပဲ ကိုယ်တစ်ကြိမ်တစ်ခါမှ မဆုံဖူးပါပဲ မြင်မြင်ချင်းချစ်မိတဲ့အချစ်ဆိုတာ အတိတ်ဘဝကရှေးရေစက်ကြောင့်ဖြစ်လာရတဲ့အချစ်လို့ယုံ ကြည်ထားကြပါတယ်။
သူနဲ့ကိုယ်နဲ့ရေစက်လားဆိုတာကို သိနိုင်တဲ့ အချက်လေးတွေရှိပါတယ် .. ။
၁။ ပထမဆုံးဆုံတဲ့အခါ ရင်းနှီးနေတဲ့ ခံံစားချက်မျိုး
လူတိုင်းကရေစက်ပါလို့တွေ့ဆုံကြသလိုပဲ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ဆိုတာ လည်း အတိတ်ဘဝကဆုံဖူး ဆုတောင်းခဲ့ဖူးတဲ့ဆုတောင်းတွေကြောင့်အခုဘဝမှာလက်တွဲ ဖော်အနေနဲ့ပြန်ဆုံတွေ့တယ်လို့ ယုံကြည်ကြပါတယ် … ။
သူနဲ့ပထမဆုံးစတွေ့တဲ့အချိန်မှာ အရင်ထဲကတွေ့ခဲ့ဖူးသလို၊ တစ်နေရာမှာမြင်ဖူးခဲ့သလို စိတ်ထဲမှာရင်းနှီးနေတဲ့ခံစားချက်မျိုးရလိုက်တာပါ။
မြင်မြင်ချင်းချစ်မိတာမျိုးမဟုတ်ရင်တောင် ခဏလေးအတွင်းမှာ အနှစ်နှစ်အလလကခင်မင်ခဲ့ဖူးသလိုမျိုး သံယောဇဉ်တွယ်ပြီး ချစ်မိသွားတာမျိုးပါ။
တကယ်ရှေးရေစက်သာဆိုရင် စိတ်ချပါ သင့်အချစ်ကတစ်ဖက်သက်လုံးဝ မဟုတ်ပါဘူး၊ သူဘက်ကလည်း သင့်လိုတစ်ထပ်တည်းခံစားရမှာပါ။
၂ ။အကြောင်းအရင်း မတိုက်ဆိုင်ပါပဲ သူနဲ့ဆုံတွေ့ရတာမျိုး
အစမှာပြောခဲ့သလိုပါပဲ ရေစက်ပါလာရင် ရှောင်လွဲလို့မရပါဘူး။ ကြံဖန်ပြီးကိုဆုံရမှာပါ။
ပထမဆုံးတွေ့ရုံနဲ့ ရင်းနှီးတဲ့ခံစားချက်မျိုးထက် သူက ကိုယ့်ရှေ့ကိုအကြောင်းအရင်းမတိုက်ဆိုင် ပါပဲ ခဏ ခဏရောက်လာတာမျိုးပါ။
မျက်လုံးချင်းဆုံတွေ့တဲ့အခါမျိုးမှာလည်း စကားသာမပြောဖူး ရင်မပြောဖူးမယ် တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးပြီးသားဖြစ်နေပါပြီ။
၃။ Telepathy လို့ခေါ်တဲ့ စိတ်ချင်းဆက်နွယ်နေမှုမျိုး
ဒီအဆင့်ကတော့ ချစ်သူတွေဖြစ်ပြီးမှကြုံတွေ့ရတဲ့အဆင့်ပါ။ မက်ဆေ့ပို့နေရင်း တူညီတဲ့စာ ကြောင်းလေးတွေပို့မိတာမျိုး၊ ကိုယ်ကသူ့ကိုဖုန်းဆက်ဖို့ဖုန်းဖွင့်လိုက်တဲ့အချိန် …
သူ့ဆီကဖုန်းလာတာ မျိုး၊ ကိုယ်စားချင်တဲ့အစားအသောက်လေးတွေဆို မတောင်းဆိုပါပဲ သူကဝယ်လာပေးတာမျိုး ကြုံရမှာပါ။
တိုက်ဆိုင်မှုမဟုတ်ပါဘူး။ ဒါဟာသူနဲ့ကိုယ့်ကြားက ရှင်းပြဖို့ခက်တဲ့ စိတ်ချင်းဆက် နွယ်နေမှုမျိုးပါ။
၄။ စိတ်နေသဘောထားချင်း တူနေတာမျိုး
အကြောင်းအရာတစ်ခုကို ဝေဖန်တဲ့အခါမျိုး၊ အမှားအမှန်ခွဲခြားတဲ့အခါမျိုးတွေမှာတောင် သူနဲ့ကိုယ်က မတိုင်ပင်ထားပါပဲ အမြင်သဘောထားတူညီနေတာမျိုးပါ။
အမြင်တစ်ဖက်တည်းမှာ ရှိနေတာမျိုးပါ။