ခ်မ္းသာႂကြယ္ဝခ်င္တဲ့သူတိုင္း သတိျပဳစရာ အမူအက်င့္ (၈) မ်ိဳး
(၁) ခ်မ္းသာမယ့္သူေတြဆိုတာ သူတစ္ပါးကို ေပးကမ္းစြန႔္ႀကဲဖို႔အတြက္ မတြန႔္တိုတတ္တဲ့သူေတြပါ။ ကိုယ့္မွာရွိတာ နည္းသည္ျဖစ္ေစ၊ မ်ားသည္ျဖစ္ေစ သူတစ္ပါးကို မွ်ေဝခ်င္စိတ္အျပည့္ရွိတဲ့သူေတြျဖစ္ပါတယ္
(၂) တစ္ေယာက္ေယာက္က အႀကံေပးစကားေျပာတဲ့အခါေတြ၊ သူတို႔ရဲ႕ ထင္ျမင္ခ်က္ေတြကို ေျပာလာတဲ့အခါမွာ လုံးဝအျငင္းအခုံမလုပ္ပါနဲ႔။ သူတို႔ေျပာတာဟာ သင့္အျမင္နဲ႔ ကြဲခ်င္ကြဲမယ္ဒါေပမယ့္ သူတို႔ၾကည့္တဲ့ရႈေထာင့္ကေန ျမင္တတ္ေအာင္ ၾကည့္ပါ
(၃) အတင္းအဖ်င္းေတြမေျပာပါနဲ႔။ အဲ့ဒီ့အစား အက်ိဳးရွိမယ့္ စာေတြဖတ္တာ၊ အက်ိဳးရွိမယ့္အရာေတြကို ေလ့လာတာမ်ိဳးေတြလုပ္ပါ။ အခ်ိန္ဟာ အရမ္းအေရးႀကီးတဲ့အရာျဖစ္တာေၾကာင့္ပါ
(၄) သင္ဟာ အမွန္တကယ္ႀကီးပြားေအာင္ျမင္ခ်င္တယ္ဆိုရင္ေတာ့ ျဖစ္ခ်င္တဲ့ဆႏၵေတြကိုပဲ အားကိုးေနလို႔မရပါဘူး။ ရည္မွန္းခ်က္ေတြကို ခ်မွတ္ၿပီး အမွန္တကယ္ျဖစ္ေအာင္ လက္ေတြ႕ႀကိဳးစားရမွာပဲျဖစ္ပါတယ္
(၅) သင့္ဘဝမွာ ကံေကာင္းျခင္းေတြက ေန႔ခ်င္းညခ်င္း လာလိမ့္မယ္လို႔ လုံးဝမေမွ်ာ္လင့္ပါနဲ႔။ ဥပမာ ထီေပါက္တာမ်ိဳးေပါ့။ သင္ကိုယ္တိုင္ႀကိဳးစားပါ၊ ႐ုန္းကန္ပါ။ သင္ႀကိဳးစားေနသမွ်ေတာ့ ေအာင္ျမင္မႈေတြ တျဖည္းျဖည္းရလာမွာျဖစ္ပါတယ္
(၆) စာဖတ္ျခင္းဟာလည္း ခ်မ္းသာႂကြယ္ဝျခင္းရဲ႕ အဓိကအရင္းအျမစ္ျဖစ္ပါတယ္။ စာဖတ္တဲ့အခါ၊ တီဗီၾကည့္တဲ့အခါမွာ လူခ်မ္းသာေတြဟာ ပညာရေစမယ့္အရာေတြကို ဦးစားေပးၿပီး ဆင္းရဲတဲ့သူေတြကေတာ့ ေဖ်ာ္ေျဖေရးအပိုင္းကို ပိုၿပီးဦးစားေပးတာကိုေတြ႕ရပါတယ္
(၇) ခ်မ္းသာႂကြယ္ဝတဲ့သူေတြဟာ ဘယ္ေတာ့မွမႂကြားဝါၾကပါဘူး။ အဝတ္အစားေကာင္းေတြ ဝတ္တာ၊ ေဈးႀကီးတဲ့ကားေတြ ဝယ္စီးျပမေနပါဘူး။ ဒါေပမယ့္ သူတို႔ရဲ႕ ဘဏ္အေကာင့္ထဲကိုၾကည့္လိုက္ရင္ ဘီလ်ံနာေတြျဖစ္ေနတတ္ပါတယ္
(၈) ေနာက္ဆုံးတစ္ခုက အေႂကြးမထားတာပါပဲ။ သင့္မွာ မရွိေသးတဲ့ပိုက္ဆံကို ႀကိဳသုံးႏွင့္တာမ်ိဳးကိုဆိုလိုတာပါ။ ပစၥည္းေတြကိုလက္ငင္းပဲဝယ္ပါ၊ အေႂကြးလုံးဝမထားပါနဲ႔။ ေနာက္ၿပီး မရွိရင္မဝယ္ပါနဲ႔။ စုေဆာင္းၿပီး ရွိလာတဲ့အထိ စုပါ
Unicode Version
ချမ်းသာကြွယ်ဝချင်တဲ့သူတိုင်း သတိပြုစရာ အမူအကျင့် (၈) မျိုး
(၁) ချမ်းသာမယ့်သူတွေဆိုတာ သူတစ်ပါးကို ပေးကမ်းစွန့်ကြဲဖို့အတွက် မတွန့်တိုတတ်တဲ့သူတွေပါ။ ကိုယ့်မှာရှိတာ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ သူတစ်ပါးကို မျှဝေချင်စိတ်အပြည့်ရှိတဲ့သူတွေဖြစ်ပါတယ်
(၂) တစ်ယောက်ယောက်က အကြံပေးစကားပြောတဲ့အခါတွေ၊ သူတို့ရဲ့ ထင်မြင်ချက်တွေကို ပြောလာတဲ့အခါမှာ လုံးဝအငြင်းအခုံမလုပ်ပါနဲ့။ သူတို့ပြောတာဟာ သင့်အမြင်နဲ့ ကွဲချင်ကွဲမယ်ဒါပေမယ့် သူတို့ကြည့်တဲ့ရှုထောင့်ကနေ မြင်တတ်အောင် ကြည့်ပါ
(၃) အတင်းအဖျင်းတွေမပြောပါနဲ့။ အဲ့ဒီ့အစား အကျိုးရှိမယ့် စာတွေဖတ်တာ၊ အကျိုးရှိမယ့်အရာတွေကို လေ့လာတာမျိုးတွေလုပ်ပါ။ အချိန်ဟာ အရမ်းအရေးကြီးတဲ့အရာဖြစ်တာကြောင့်ပါ
(၄) သင်ဟာ အမှန်တကယ်ကြီးပွားအောင်မြင်ချင်တယ်ဆိုရင်တော့ ဖြစ်ချင်တဲ့ဆန္ဒတွေကိုပဲ အားကိုးနေလို့မရပါဘူး ရည်မှန်းချက်တွေကို ချမှတ်ပြီး အမှန်တကယ်ဖြစ်အောင် လက်တွေ့ကြိုးစားရမှာပဲဖြစ်ပါတယ်
(၅) သင့်ဘဝမှာ ကံကောင်းခြင်းတွေက နေ့ချင်းညချင်း လာလိမ့်မယ်လို့ လုံးဝမမျှော်လင့်ပါနဲ့။ ဥပမာ ထီပေါက်တာမျိုးပေါ့။ သင်ကိုယ်တိုင်ကြိုးစားပါ၊ ရုန်းကန်ပါ။ သင်ကြိုးစားနေသမျှတော့ အောင်မြင်မှုတွေ တဖြည်းဖြည်းရလာမှာဖြစ်ပါတယ်
(၆) စာဖတ်ခြင်းဟာလည်း ချမ်းသာကြွယ်ဝခြင်းရဲ့ အဓိကအရင်းအမြစ်ဖြစ်ပါတယ်။ စာဖတ်တဲ့အခါ၊ တီဗီကြည့်တဲ့အခါမှာ လူချမ်းသာတွေဟာ ပညာရစေမယ့်အရာတွေကို ဦးစားပေးပြီး ဆင်းရဲတဲ့သူတွေကတော့ ဖျော်ဖြေရေးအပိုင်းကို ပိုပြီးဦးစားပေးတာကိုတွေ့ရပါတယ်
(၇) ချမ်းသာကြွယ်ဝတဲ့သူတွေဟာ ဘယ်တော့မှမကြွားဝါကြပါဘူး။ အဝတ်အစားကောင်းတွေ ဝတ်တာ၊ ဈေးကြီးတဲ့ကားတွေ ဝယ်စီးပြမနေပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ဘဏ်အကောင့်ထဲကိုကြည့်လိုက်ရင် ဘီလျံနာတွေဖြစ်နေတတ်ပါတယ်
(၈) နောက်ဆုံးတစ်ခုက အကြွေးမထားတာပါပဲ။ သင့်မှာ မရှိသေးတဲ့ပိုက်ဆံကို ကြိုသုံးနှင့်တာမျိုးကိုဆိုလိုတာပါ
ပစ္စည်းတွေကိုလက်ငင်းပဲဝယ်ပါ၊ အကြွေးလုံးဝမထားပါနဲ့။ နောက်ပြီး မရှိရင်မဝယ်ပါနဲ့။ စုဆောင်းပြီး ရှိလာတဲ့အထိ စုပါ



