အေထြအေထြဗဟုသုတ

မဟာသမယသုတ် တော်ပူဇော်နေတဲ့ အမတစ်ယောက်ရဲ့ထူးဆန်းအားကျဖွယ်ရာ ကိုယ်တွေ့ဖြစ်ရပ်










အရမ်းကိုကောင်းပါတယ် နေရာထိုင်ခင်းသပ်ယပ်သန့်ရှင်းပြီး အရမ်းကိုသားနားပါတယ် လှပပါတယ် အရမ်းကိုယုံကြည်ပြီးတော့လာရောက်အပ်နှံတာပါ ကိုယ်ကလည်းစိုက်ရမယ်ပေါ့နော် စိုက်တဲ့နေရာမှာသုံးစုကို တစ်စုအရင်သွင်းထားပြီး ကျန်တဲ့၂စုကိုဈေးရောင်းရင်းဆပ်ရမယ်ပေါ့ ဟော်တယ်ကတော့အဲဒီမမပိုင်သွားတာပေါ့နော်….👏🏻👏🏻👏🏻

တစ်ခုရှိတာက




မေတ္တာဖြင့်

ရွှေလသာ(မျိုး)✍🏻✍🏻✍🏻💯💯💯

မူရင်းရေးသားသူ ရွှေလသာ(မျိုး)အားလေးစားစွာ credit ပေးပါသည်

=============

Hello အားလုံးပဲ မင်္ဂလာပါ….🙏🙏🙏

အခုမျိုးပြောပြချင်တဲ့ အကြောင်းလေးကတော့မဟာသမယသုတ် တော်ပူဇော်နေတဲ့မမတစ်ယောက်ရဲ့ထူးဆန်းအားကျဖွယ်ရာ ကိုယ်တွေ့ဖြစ်ရပ်လေးပါ…📿📿📿

သူကလေ မနက်ဆိုအချိန်မှန်ပူဇော်ပါတယ် မဟာသမယသုတ်တော် (၃၉)ပိုဒ်နဲ့ပဌာန်းကျမ်းကို အချိန်မှန်ပူဇော်ပါတယ်…

မနက် 3.50မှာအချိန်မှန် ငါးပါးသီလခံယူတယ် မေတ္တာပို့တယ် အမျှဝေတယ် နတ်တွေ ဝိဇ္ဇာတွေကိုမေတ္တာပို့တယ်

မဟာသမယသုတ်နဲ့ပဌာန်းကျမ်းကိုတစ်ဆက်ထဲပူဇော်ပါတယ်တဲ့ အဲဒါက ပထမအချက်ပါ….

ဒုတိယအချက်အနေနဲ့ကိုဗစ်ကာလမှာ ငွေတွေကုန်တယ် အလုပ်တွေအဆင်မပြေဘူး လုပ်လက်စ စီးပွားလုပ်ငန်းတွေအရှူံးပေါ်တယ် လမ်းဘေးရောက်ရမဲ့အခြေအနေထိဖြစ်ခဲ့ရတယ်…လုပ်ငန်းတွေလည်းဆက်မလုပ်နိုင်တော့ဘူး သို့သော်သူသည်စိတ်မညစ်ပဲစိတ်ကို ပစ္စုပ္ပန်တည့်တည့်မှာပဲ ထားခဲ့တယ်….

လုပ်စရာရှိတဲ့အလုပ်မတွေဝေပဲလုပ်ခဲ့တယ် သုဂတောငါးချက်ကို တစ်နေ့ကိုအခေါက်ရေ ၅၀၀ – ၁၀၀၀ ရသလောက်ပူဇော်ခဲ့တယ်… မနက် 3.40 နဲ့ 4နာရီအချိန်တွေမှာ မဟာသမယသုတ်တော် ၃၉ပိုဒ်နဲ့ပဌာန်းငါးကျမ်းကိုအရွက် ၂၀(သို့)၃၀ အမြဲပူဇော်ပြီးတော့ ၄၅ရက်အဓိဌာန်ဝင်ခဲ့တယ်…👏🏻👏🏻👏🏻

အဲဒီအခါမှာဘယ်လိုဖြစ်သွားသလဲဆိုတော့ လုပ်ငန်းကိုင်ငန်း အရမ်းကိုကြီးမားတဲ့ဟော်တယ်ကြီးတစ်ခုကို ပိုင်ရှင်ကမလုပ်နိုင်တော့ဘူး အဆင်မပြေတော့ဘူး သူတို့မှာပိုက်ဆံရှိပေမယ့် လုပ်ငန်းမကျွမ်းဘူး ဦးစီးမယ့်သူမရှိဘူးဆိုပြီး သူ့ရဲ့လုပ်ရည်ကိုင်ရည်အရည်အချင်းပိုင်း သီလပိုင်းကိုယုံကြည်ပြီး(သူတို့ခြင်းလုံးဝမသိဘူး

ကြားလူကမိတ်ဆက်ပေးတာပါတဲ့)…အတူလက်တွဲလုပ်ကိုင် ချင်ပါတယ်ဆို​တော့သူကလက်တွဲမယ်ဆိုတာတော့ဟုတ်ပါပြီ ငွေတွေကလည်းကုန်ပြီ ဒီဟော်တယ်ခလည်းအကုန်မသွင်း နိုင်ဘူးဘယ်လိုလုပ်မလဲဆိုတော့ အကုန်မသွင်းနိုင်လည်း သွင်းစရာမလိုဘူး။သုံးစုတစ်စုပဲသွင်းပါ… ဒီဟော်တယ်ကိုပိုင်ရှင်အဖြစ်နဲ့တစ်ဝက်ယူပြီး​တော့ ဒီတိုက်ပေါ်ကိုမိသားစု​နေပြီးတော့လုပ်ငန်းလုပ်ပါဆိုပြီးတော့ လာပြီးအပ်နှံပါတယ်ရှင်…🌺🌺🌺🌺🌺

အရမ်းကိုကောင်းပါတယ် နေရာထိုင်ခင်းသပ်ယပ်သန့်ရှင်းပြီး အရမ်းကိုသားနားပါတယ် လှပပါတယ် အရမ်းကိုယုံကြည်ပြီးတော့လာရောက်အပ်နှံတာပါ ကိုယ်ကလည်းစိုက်ရမယ်ပေါ့နော် စိုက်တဲ့နေရာမှာသုံးစုကို တစ်စုအရင်သွင်းထားပြီး ကျန်တဲ့၂စုကိုစျေးရောင်းရင်းဆပ်ရမယ်ပေါ့ ဟော်တယ်ကတော့အဲဒီမမပိုင်သွားတာပေါ့နော်….👏🏻👏🏻👏🏻

တစ်ခုရှိတာက

အဲဒီမမကပစ္စုပ္ပန်တည့်တည့်မှာနေပြီးတော့အလုပ်ကြိုးစားတယ်အဓိဌာန်တွေဝင်တယ်မေတ္တာပို့တယ်အမျှဝေတယ်…သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေကိုမေတ္တပို့တယ် တိုင်တည်တယ်…မြို့စောင့်နတ်ကိုမေတ္တာပို့တယ်တိုင်တည်တယ်…

နောက်ပြီးတော့သူ့ရဲ့ကာယကံဝစီကံမနောကံလေးကိုမကောင်းတာတွေမဖြစ်အောင်အမြဲထိန်းသိမ်းစောင့်ရှောက်ပါတယ်တဲ့…စိတ္တာနုပဿနာဖြစ်အောင်အမြဲနေပါတယ်တဲ့

မျိုးတို့လည်း အဲဒီမမလိုမဟာသမယသုတ်တော်ပဌာန်းတရားတော်တို့ကို အဓိဌာန်နဲ့ဖြစ်စေ နေ့စဉ်ပူဇော်ရင်းနဲ့ လောကီ လောကုတ္တရာနှစ်ဖြာအကျိုးတိုးတတ်အောင် ကြိုးစားကြရအောင်ပါနော်….

မေတ္တာဖြင့်

ရွှေလသာ(မျိုး)✍🏻✍🏻✍🏻💯💯💯