ခုနစ္ရက္သားသမီးမ်ား၏ စိတ္ေနစိတ္ထားႏွင့္စ႐ိုက္
ခုနစ္ရက္သားသမီးမ်ား၏ စိတ္ေနစိတ္ထားႏွင့္စ႐ိုက္သဘာဝ
တနဂၤေႏြ
တနဂၤေႏြသားသမီးမ်ားသည္ စိတ္ႏွလံုးသားျဖဴစင္၍ သေဘာထား ျပည့္ဝသူမ်ားျဖစ္ၾကမည္။ သူတစ္ပါးအေပၚေပးကမ္းေကြ်းေမြးလိုစိတ္ရွိမည္။ အိမ္မိသားစု၊ ေဆြမ်ိဳးသားခ်င္း၊ သူငယ္ခ်င္းအေပါင္းအသင္းမ်ားအေပၚ အနစ္နာခံၿပီး ေပါင္းသင္းတတ္သည္။
မိမိအေပၚမေကာင္းၾကံတဲ့သူကိုေတာ့ မျဖစ္ျဖစ္တဲ့နည္းနဲ႔ ျပန္လည္လက္စားေခ်တတ္သူမ်ားျဖစ္ၾကသည္။ ခ်စ္ရင္လဲ ႏွစ္ေယာက္မရွိ၊ မုန္းၿပီးဆိုလည္း ဘယ္လိုမွကို မ်က္ႏွာမၾကည့္ခ်င္ေလာက္ေအာင္မုန္းတီးတတ္ၾကသည္။ ဘာမဟုတ္တဲ့ ကိစၥေတြမွာ စိတ္တိုး၊စိတ္ေကာက္၊စိတ္ဆိုးလြယ္သည္။
စိတ္ဆိုးၿပီဆိုလွ်င္လည္း ဘယ္သူဘဲ ေခ်ာ့ေခ်ာ့ ေခ်ာ့လို႔ရမွာမဟုတ္ပါဘူး၊မိမိဘာသာသူ႔အလိုလို အခ်ိန္တန္လွ်င္ စိတ္ေျပသြားတတ္သည္၊ စိတ္ဆိုးလွ်င္ ဘာကိုမွမၾကည့္ဘဲ ဇြတ္လုပ္တတ္ၾကၿပီး လုပ္ၿပီးမွ ေနာင္တေတြရေနတတ္သည္။ အလုပ္လုပ္ရာတြင္ ေအးေအးေဆးေဆး လုပ္ကိုင္တတ္ၾကသည္။
အလုပ္တစ္ခုလုပ္မည္ဆိုလွ်င္ ေသခ်ာအခ်ိန္ယူစဥ္းစားၿပီးမွ လုပ္ကိုင္တတ္ၾကသူမ်ားျဖစ္ၾကသည္။ ထိုေၾကာင့္ ဘဝတြင္ေအာင္ျမင္မႈေတြရရွိတတ္သလို တခါတေလတြင္ အခ်ိန္ယူစဥ္းစားမႈေၾကာင့္ ေအာင္ျမင္ေတြ ေႏွာင့္ေႏွးၾကန္႔ၾကာၿပီးဆံုးရႈံးမႈေတြနဲ႔ၾကံဳေတြ႕ရတတ္ပါသည္။
အလုပ္တစ္ခုခုလုပ္မည္ဆိုပါက ကိုယ္က်ိဳးတစ္ခုတည္းဘယ္ေတာ့မွမၾကည့္တတ္ပါ၊ သူ႔ဘက္ကိုယ္ဘက္မွ်ေအာင္ၾကည့္တတ္ၾကသူမ်ားျဖစ္ၾကသည္။ သူတစ္ပါးအေပၚ အယံုလြယ္၊ သနားလြယ္၊ အားနာတက္ၾကသျဖင့္ လူလိမ္လူေကာက္မ်ားႏွင့္ဆံုေတြ႕ရတတ္သည္။ ဘဝခရီးတြင္ အလွည့္အေျပာင္းအတက္အက်မ်ားစြာ ၾကံဳေတြ႕ရလိမ့္မည္။
တနလၤာ
တနလၤာသားသမီးမ်ားသည္ စိတ္သေဘာထားႏူးညံ့သိမ္ေမြ႕ၾကၿပီး လူအမ်ားစု၏ ယံုၾကည္အားကိုးျခင္းကို ခံၾကရမည္။ မိမိ၏ စိတ္ထားျဖဴစင္မႈကို အခြင့္ေကာင္းယူမဲ့သူမ်ားလိမ့္မည္။ သူတပါးအေပၚ ေကြ်းေမြးလိုစိတ္၊ ေပးကမ္းလိုစိတ္အၿမဲရွိသည္။
အေပါင္းအသင္းေၾကာင့္ ဘဝတြင္အမွားအယြင္းမ်ား မၾကာခဏၾကံဳေတြ႕ရလိမ့္မည္။ တစ္ဖက္သားကို ထိထိေရာက္ေရာက္ကူညီႏိုင္လွ်င္ ေပ်ာ္ရႊင္ခ်မ္းေျမ႕တက္သူတစ္ဦးျဖစ္သည္။ မိမိကစၿပီး သူတစ္ပါးကိုေစာ္ကားခ်င္တဲ့စိတ္မရွိပါ၊ မိမိကိုေစာ္ကားလာလွ်င္ တက္ႏိုင္သေလာက္သည္းခံမည္။
သည္းခံစရာရွိလွ်င္ သူတစ္ပါးထက္ပိုၿပီးသည္းခံမည္။ သည္းမခံႏိုင္ခ်ိန္ေရာက္လွ်င္ သူတစ္ပါးထက္ ပိုၿပီးရက္စက္တတ္သည္။ ဂလက္စားေခ်တဲ့ စိတ္ရွိမည္။ စိတ္ခ်မ္းသာမႈကို မိမိဖာသာရွာေဖြတတ္ၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနထိုင္တတ္သည္။
စိတ္ဓာတ္ထက္ျမက္ျပီး မဟုတ္မခံစိတ္ကေတာ့ အျပည့္အဝရွိမည္။မိမိအေပၚသူတစ္ပါးခ်ယ္လွယ္လႊမ္းမိုးျခင္းကို လံုးဝမႀကိဳက္ပါဘူး။ လူတစ္ဖက္သားကို အယံုမလြယ္တတ္ၾကပါ။အားနည္းခ်က္တစ္ခုကေတာ့ မိမိ၏လ်ိဳ႕ဝွက္ခ်က္မ်ားကိုမဆင္မခ်င္ဖြင့္ေျပာတတ္ၾကျခင္းပင္ျဖစ္သည္။
အလုပ္တစ္ခုလုပ္လွ်င္ သူတပါးႏွင့္တိုင္ပင္လိုစိတ္ရွိတတ္ၾကသည္။သူတစ္ပါး၏ ေခ်ာက္တြန္းျခင္းကိုလည္း မၾကာခဏခံရတတ္ပါသည္။ ထူးျခားတာတစ္ခုကေတာ့ သင္၏စိတ္က ဝမ္းသာစရာရွိလွ်င္ သူမ်ားတကာထက္ပိုမည္၊ ဝမ္းနည္းစရာရွိပါက သူမ်ားတကာထက္ ပိုဆိုးမည္။
အလုပ္တစ္ခုလုပ္စရာရွိလွ်င္ အခ်ိန္အခါကိုမေစာင့္ဘဲ ခ်က္ခ်င္းထလုပ္ရမွ ေက်နပ္တတ္သူမ်ားျဖစ္ၾကသည္။
အဂၤါ
အဂၤါသားသမီးမ်ားသည္ စိတ္ဓာတ္ထက္ျမက္ၾကၿပီး စိတ္သေဘာထားအလြန္ေကာင္းမြန္သည္။ ကူညီလိုစိတ္၊ေပးကမ္းလိုစိတ္အျပည့္အဝရွိၿပီး စိတ္ဓာတ္မာေက်ာသည္။အလုပ္တစ္ခုကိုလုပ္ခ်င္စိတ္ေပၚၿပီဆိုလွ်င္ မွားသည္ျဖစ္ေစမွန္သည္ျဖစ္ေစ လုပ္လိုက္ရမွေက်နပ္ၾကသူမ်ားျဖစ္သည္။
စိတ္ျပတ္သားသည္၊ စိတ္ျမန္လက္ျမန္လည္းရွိၾကသည္။စကားေျပာရာတြင္ ပြင့္လင္းသည္။ အားမနာတမ္းေျပာတက္ဆိုတက္သည္။ ေျပာမယ္ဆိုေျပာရမွ လုပ္မယ္ဆိုလုပ္ရမွေက်နပ္တတ္ၾကသူမ်ားျဖစ္သည္။ ေပ်ာ္ရႊင္စရာျဖစ္ေစ၊ ေနာင္တရစရာျဖစ္ေစ ၾကာရွည္မခံစားတတ္ၾကပါ။
ခံစားခ်က္ျပင္းျပင္းထန္ထန္ မထားဘဲခပ္ေပါ့ေပါ့လုပ္တတ္ျခင္းေၾကာင့္ ဘဝတြင္ အမွားမ်ားစြာကို ေတြ႕ၾကံဳခံစားရမည္။ သင္သည္မည္သည့္အလုပ္ကိုမဆို အေသးစိတ္ေအာက္ေျခသိမ္းလုပ္ကိုင္ႏိုင္စြမ္းရွိသည္။ မေအာင္ျမင္မျခင္း ဇြဲႏွင့္လုပ္ကိုင္တတ္သည္။
သို႔ေသာ္ အစမျပဳမိေသးခင္အထိ ပ်င္းရိေနတတ္သည္။ စိတ္ခ်မ္းသာစရာ၊စိတ္ေပ်ာ္ရႊင္စရာကို ဦးသားေပးလုပ္ကိုင္တတ္ၿပီးဘဝအနာဂတ္အေရးကို အၿမဲတမ္း စဥ္းစားေနတတ္သူမ်ားျဖစ္ၾကသည္။ မည္သည့္အေၾကာင္းအရာကိုမဆို စူးစမ္းေလ့လာလိုစိတ္အၿမဲရွိသည္။
သူမ်ားမလုပ္ရဲေသာအလုပ္၊ စြန္႔ပစ္သြားေသာအလုပ္ကို လုပ္ကိုင္ၿပီး ေအာင္ျမင္တတ္သည္။ သင့္ကို အျပင္ပန္းကၾကည့္လွ်င္ပ်င္းသည္၊ ခပ္ေပါ့ေပါ့ေနတတ္သည္ဟုထင္ျမင္ၾကသည္။ အျပင္ပန္းက ေအးသည္ထင္ရေသာ္လည္း စိတ္ထဲကအၿမဲအလုပ္လုပ္ေနတတ္ၾကသည္။ စိတ္တိုတတ္၊ေဒါသထြက္လြယ္တတ္ေသာ္လည္း စိတ္ေျပလြယ္တတ္ၾကပါသည္။
ဗုဒၶဟူး
ဗုဒၶဟူးသားသမီးမ်ားသည္ စိတ္ထားထက္ျမက္ၿပီး တဇြတ္ထိုး လုပ္ကိုင္တတ္ၾကသူမ်ားျဖစ္သည္။ စိတ္ရင္းေကာင္းၿပီး ေစတနာႏွင့္ျပည့္ဝသည္။ အမ်ား၏ခ်စ္ခင္မႈ အထင္ႀကီးမႈကို ခံၾကရမည္။ ႏႈတ္ထြက္ခ်ိဳသာၾကၿပီး အမ်ားစြဲမက္ေအာင္ ေျပာဆိုႏိုင္ၾကသူမ်ားျဖစ္သည္။
တစ္ဖက္သားကို စိတ္ခ်မ္းသာေအာင္ေျပာဆိုတတ္သည္။ ႏွစ္သိမ့္အားေပးတတ္မည္။ ျဖစ္သမွ်ကိုလက္ခံတင္းတိမ္ႏိုင္ၿပီး ခြင့္လႊတ္ႏိုင္စြမ္းရွိၾကၾကသည္။ မိမိအေၾကာင္းမသိသူမ်ားက မိမိႏွင့္ေပါင္းသင္းႏိုင္မည္မဟုတ္ပါ။
အေပါင္းအသင္းမ်ားအေပၚမိမိကအနစ္နာခံၿပီး ေပါင္းသင္းတတ္ေသာ္လည္း မိမိအေပၚေက်းဇူးကန္းသူမ်ားႏွင့္ ၾကံဳေတြ႕ရမည္။ မ်ားေသာအားျဖင့္ လုပ္ကိုင္သမွ်အလုပ္တိုင္း ထင္သေလာက္အက်ိဳးေပးမည္မဟုတ္။ လူအပင္ပန္းခံႏိုင္ေပမဲ့ စိတ္အပင္ပန္းမခံႏိုင္ၾကပါ။
စိတ္ဆိုးလြယ္ၾကေသာ္လည္း လက္ေတြ႕တြင္ မရင္စက္ႏိုင္ၾကပါ။ ျဖတ္ထိုးဉာဏ္၊ ထိုးထြင္းဉာဏ္ေကာင္းၾကသူမ်ားျဖစ္မည္။ အလုပ္ကိုသူမ်ားထက္ပိုလုပ္ႏိုင္ၾကၿပီး တိုးတက္ေသာအခါ မိမိေလာက္မလုပ္သူမ်ားက တိုးတက္သြားသျဖင့္စိတ္ပင္ပန္းၿပီးက်န္ရစ္ခဲ့တတ္သည္။
မိမိတိုးတက္ၿပီးဆိုလွ်င္လည္း အမ်ားတကာ အံ့ၾသသြားသည္အထိတဟုန္ထိုးတိုးတက္မည္။ တစ္ယူသန္စိတ္ရွိသည့္အတြက္ တစ္ခါတစ္ရံ မထင္ထားတဲ့ျပႆနာမ်ားၾကံဳေတြ႕ရတတ္ပါသည္။သူမ်ားျပႆနာကို ကိုယ့္ျပႆနာျဖစ္ေအာင္ဝင္ၿပီးၾကားဝင္တတ္သည့္အတြက္ အစြပ္အစြဲခံရတတ္သည္ (ေရွာင္ပါ)။
ေရာက္ရွိေနေသာဘဝႏွင့္ မိမိေတြးေခၚမႈဆန္းသစ္မႈမ်ားမွာ အံ့မဝင္သလိုရွိေနတတ္သည္။ မိမိအေတြးအေခၚက ျမင့္မားေနေသာေၾကာင့္ျဖစ္သည္။ 🌼🌼🌼
ၾကာသပေတး
ၾကာသပေတးသားသမီးမ်ားသည္ စိတ္ရင္ေစတနာေကာင္းၿပီး ပြင့္လင္းျဖဴစင္ေသာစိတ္ရွိသည္။ လူတိုင္းကိုခင္မင္တတ္သည္။ အကူအညီေတာင္းခဲလွ်င္လည္း မည္သူ႔ကိုမဆို အကူအညီေပးရန္အသင့္ရွိေနတတ္သူျဖစ္သည္။
လူအမ်ားႏွင့္ စည္းစည္းလံုးလံုး၊ ညီညီၫြတ္ၫြတ္ေနခ်င္စိတ္ရွိသူျဖစ္မည္။ မိသားစုေဆြမ်ိဳးသားခ်င္းမ်ားအေပၚ အလြန္သံေယာဇဥ္ႀကီးတတ္မ်ားျဖစ္ၾကသည္။ တည္တည္ၾကည္ၾကည္ေနတတ္ၿပီး စိတ္သေဘာထားေကာင္းမည္။
ျဖစ္ေလရာဘဝ၊ ေရာက္ရာအေျခအေနတြင္ ေပ်ာ္သလိုေနတတ္မည္။ စိတ္ဓာတ္ထက္ျမက္ၿပီး မတရားမႈကိုဆန္က်င့္သူမ်ားျဖစ္သည္။ ေျပာစရာရွိလွ်င္ေျဗာင္ေျပာလြန္းေသာေၾကာင့္ လူမ်ားစုကတခါတေလ အျမင္ကပ္ၾကသည္။
သင္သည္ခံစားခ်က္မ်ားကိုရင္ဖြင့္တတ္ေသာ္လည္း လုပ္ရမည့္အလုပ္ႏွင့္ပတ္သက္လာလွ်င္အလြန္လ်ိဳ႕ဝွက္တတ္မည္။ သင္ဘာလုပ္မည္ဆိုတာကိုမည္သူမွ် မသိႏိုင္ပါ။အလုပ္ကို အပင္ပန္းခံလုပ္ႏိုင္မည္၊ ႀကိဳးစားသည္။
ႀကိဳးစားသေလာက္ အရာမထင္ျဖစ္တတ္သည့္ ကံမ်ိဳးၾကံဳရတတ္ပါသည္။ လူအမ်ားက ေပါ့သည္ပ်င္းသည္ဟု ထင္ေနၾကသည္။ အလုပ္ကို ျပတ္ျပတ္သားသားမလုပ္ျခင္းေၾကာင့္လည္း ဒုကၡၾကံဳရတတ္ပါသည္။
ဒုကၡၾကံဳလွ်င္ျဖစ္ေစ၊ ေပ်ာ္စရာၾကံဳသည္ျဖစ္ေစ ကံကိုပံုခ်တတ္ေသာစိတ္မ်ိဳးရွိသည္။မနက္ျဖန္အတြက္ကိုေတြးပူေနတက္သူမဟုတ္ပါ။ လက္ထဲေငြေရာက္လွ်င္လည္း ဘာမွမည္မည္ရရမဟုတ္ဘဲ ကုန္ေနတတ္မည္၊
လက္ထဲေငြအနည္းငယ္ရွိေနလွ်င္ အလုပ္လုပ္ခ်င္စိတ္ရွိမည္ မဟုတ္ပါ။ ေငြထက္ပစၥည္းကိုပိုစုေဆာင္းတတ္မည္။ စကားေျပာရာတြင္ ႏူးညံ့သိမ္ေမြ႕မည္။ ၾကည့္လိုက္လွ်င္ မေျပာတတ္သလိုနဲ႔ တကယ္တမ္းေျပာလွ်င္ အကြက္က်က် ေျပာတတ္ဆိုတတ္ၾကသည္။
ေသာၾကာ
ေသာၾကာသားသမီးမ်ားသည္ အရာရာတြင္လိုက္ေလ်ာၿပီးလူအမ်ား၏ေလးစားမႈကိုရေအာင္ဖန္တီး ႏိုင္ၾကသူမ်ားျဖစ္ၾကသည္။ စကားႂကြယ္ၿပီး သူတပါးျဖစ္ခ်င္တဲ့ ဆႏၵအတိုင္လိုက္ေလ်ာေျပာဆိုတတ္သည္။
ဘာသာတရားကိုင္း႐ွိဳင္းတတ္ၾကၿပီး ဘာသာေရးအယူသည္းမည္။ ကိုယ့္ထက္ပညာတတ္သူအဆင့္အတန္းျမင့္မားသူမ်ားကို အၿမဲတမ္းအတုယူတတ္သည္။ မည္မွ်ပင္ဆိုးဝါးေသာအေျခအေနမွာျဖစ္ေစ စိတ္မပ်က္တတ္မ်က္ႏွာမပ်က္တတ္ တည္တည္ၾကည္ၾကည္ေနတက္မည္။
အၿမဲတမ္းလႈပ္ရွားသြက္လက္ေသာအမူအယာရွိေနတတ္သည္။ မိမိစိတ္ဓာတ္က်မိလွ်င္သူမ်ားထက္ပိုဆိုးသည္။ အလုပ္တစ္ခုလုပ္လွ်င္ စိတ္တိုင္းက်စီစဥ္ေဆာင္ရြက္လုပ္ကိုင္ၾကသည္။ မိမိကလည္းသူတစ္ပါးကို မတရားမလုပ္တတ္သလို မိမိကိုမတရားလုပ္လာလွ်င္ အလြန္ေဒါသထြက္မည္။
မိမိ၏အေပါင္းအသင္းဆံမႈေၾကာင့္ စီးပြားေရးအလုပ္မ်ားတြင္ မၾကာခဏအကူအညီရမည္။ လူအမ်ားက သင့္ကိုအၿမဲတမ္း ေပ်ာ္ရႊင္ေနတတ္သူဟုထင္ရေလာက္ေအာင္ပင္ မ်က္ႏွာမွာ အၿမဲျပံဳးခ်ိဳေနတတ္သည္။
ဒုကၡၾကားထဲမွာပင္ ျပံဳးေနႏိုင္စြမ္းရွိသူမ်ားျဖစ္သည္။ဒုကၡမျဖစ္ခင္ကေတြးေၾကာက္ေနတတ္ေသာ္လည္း တကယ့္လက္ေတြ႕တြင္ ရဲရင့္စြာရင္ဆိုင္တတ္သူမ်ားျဖစ္ၾကသည္။
ေစန
စေနသားသမီးမ်ားသည္ ပင္ကိုဗီဇေကာင္းၾကသည္။စိတ္ရင္းေကာင္းၿပီး လူတိုင္းကိုခင္ခင္မင္မင္ေပါင္းသင္းဆက္ဆံတတ္ၾကသည္။ တည္ၾကည္ၿပီးလူႀကီးလူေကာင္းဆန္သည္။ အရာရာကို စိတ္ေအးလက္ေအး စဥ္းစားလုပ္ကိုင္တတ္သည္။
အလုပ္တစ္ခုလုပ္မည္ဆိုလွ်င္ စိတ္ျမန္လက္ျမန္လုပ္သည္။ ဗဟုသုတစံုလင္ၿပီး ဘက္စံုရသူတစ္ဦးျဖစ္ေသာေၾကာင့္ ႀကီးသူကျဖစ္ေစ ငယ္သူကျဖစ္ေစေလးစားတတ္ၾကသည္။ သူတစ္ပါးအေပၚလိုက္ေလ်ာၾကင္နာမႈလြန္ကဲမည္။
လူတိုင္းကိုစိတ္ခ်မ္းသာေအာင္ထားလိုသည့္စိတ္မ်ိဳးရွိသည္။ မိမိအပူကို သူတစ္ပါးဆီမကူးစက္ေစလိုဘဲ တစ္ေယာက္ထဲ ႀကိတ္ခံစားမည္။အလုပ္လုပ္လွ်င္ ခင္မင္ရင္းႏွီးသူမ်ားႏွင့္ တိုင္တိုင္ပင္ပင္လုပ္တတ္သည္။
သူမ်ားလုပ္ၿပီးမျဖစ္ဘူးဆိုသည့္ အလုပ္မ်ိဳးကို ျဖစ္ေအာင္လုပ္ျပလိုစိတ္ရွိသည္။ ဘဝတြင္ထိပ္တန္းသို႔ေရာက္ႏိုင္မည့္ အခြင့္အေရးမ်ိဳးကို မၾကာခဏရရွိတတ္ေသာ္လည္း မိမိကပိုင္ပိုင္ႏိုင္ႏိုင္ အသံုးခ်တတ္မည္မဟုတ္ပါ။
လူအမ်ားစုကို ဆြဲေဆာင္ႏိုင္စြမ္းရွိမည္။ ေစတနာေကာင္းလြန္ေသာေၾကာင့္ မၾကာခဏဒုကၡၾကံဳရတတ္ပါသည္။ အရွက္အေၾကာက္ႀကီးတတ္ၾကသည္။ ဇြဲရွိသည္၊အလုပ္တစ္ခုကို မျဖစ္ျဖစ္ေအာင္ လုပ္တဲ့စိတ္က အျပည့္အဝရွိပါသည္။
ဆရာဘုန္းသူရေက်ာ္ မွ ေမတာၱေစတနာျဖင့္ကုိုယ္တိုင္တြက္ခ်က္ေရးသာသည္။နကၡတၱေဗဒပညာရွင္ ေဗဒင္ႏွင့္လကၡဏာ ဆရာဘုန္းသူရေက်ာ္ Ph:09-2062112
ေဟာခန္းလိပ္စာ ➡ 72×73 လမ္းၾကား 36×37 လမ္းၾကား မဟာႏြယ္လမ္းသြယ္ လမ္းသြယ္ မႏၲေလးၿမိဳ႕ 09:2062112
Unicode
ခုနစ်ရက်သားသမီးများ၏ စိတ်နေစိတ်ထားနှင့်စရိုက်
ခုနစ်ရက်သားသမီးများ၏ စိတ်နေစိတ်ထားနှင့်စရိုက်သဘာဝ
တနင်္ဂနွေ
တနင်္ဂနွေသားသမီးများသည် စိတ်နှလုံးသားဖြူစင်၍ သဘောထား ပြည့်ဝသူများဖြစ်ကြမည်။ သူတစ်ပါးအပေါ်ပေးကမ်းကျွေးမွေးလိုစိတ်ရှိမည်။ အိမ်မိသားစု၊ ဆွေမျိုးသားချင်း၊ သူငယ်ချင်းအပေါင်းအသင်းများအပေါ် အနစ်နာခံပြီး ပေါင်းသင်းတတ်သည်။
မိမိအပေါ်မကောင်းကြံတဲ့သူကိုတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြန်လည်လက်စားချေတတ်သူများဖြစ်ကြသည်။ ချစ်ရင်လဲ နှစ်ယောက်မရှိ၊ မုန်းပြီးဆိုလည်း ဘယ်လိုမှကို မျက်နှာမကြည့်ချင်လောက်အောင်မုန်းတီးတတ်ကြသည်။ ဘာမဟုတ်တဲ့ ကိစ္စတွေမှာ စိတ်တိုး၊စိတ်ကောက်၊စိတ်ဆိုးလွယ်သည်။
စိတ်ဆိုးပြီဆိုလျှင်လည်း ဘယ်သူဘဲ ချော့ချော့ ချော့လို့ရမှာမဟုတ်ပါဘူး၊မိမိဘာသာသူ့အလိုလို အချိန်တန်လျှင် စိတ်ပြေသွားတတ်သည်၊ စိတ်ဆိုးလျှင် ဘာကိုမှမကြည့်ဘဲ ဇွတ်လုပ်တတ်ကြပြီး လုပ်ပြီးမှ နောင်တတွေရနေတတ်သည်။ အလုပ်လုပ်ရာတွင် အေးအေးဆေးဆေး လုပ်ကိုင်တတ်ကြသည်။
အလုပ်တစ်ခုလုပ်မည်ဆိုလျှင် သေချာအချိန်ယူစဉ်းစားပြီးမှ လုပ်ကိုင်တတ်ကြသူများဖြစ်ကြသည်။ ထိုကြောင့် ဘဝတွင်အောင်မြင်မှုတွေရရှိတတ်သလို တခါတလေတွင် အချိန်ယူစဉ်းစားမှုကြောင့် အောင်မြင်တွေ နှောင့်နှေးကြန့်ကြာပြီးဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ရတတ်ပါသည်။
အလုပ်တစ်ခုခုလုပ်မည်ဆိုပါက ကိုယ်ကျိုးတစ်ခုတည်းဘယ်တော့မှမကြည့်တတ်ပါ၊ သူ့ဘက်ကိုယ်ဘက်မျှအောင်ကြည့်တတ်ကြသူများဖြစ်ကြသည်။ သူတစ်ပါးအပေါ် အယုံလွယ်၊ သနားလွယ်၊ အားနာတက်ကြသဖြင့် လူလိမ်လူကောက်များနှင့်ဆုံတွေ့ရတတ်သည်။ ဘဝခရီးတွင် အလှည့်အပြောင်းအတက်အကျများစွာ ကြုံတွေ့ရလိမ့်မည်။
တနင်္လာ
တနင်္လာသားသမီးများသည် စိတ်သဘောထားနူးညံ့သိမ်မွေ့ကြပြီး လူအများစု၏ ယုံကြည်အားကိုးခြင်းကို ခံကြရမည်။ မိမိ၏ စိတ်ထားဖြူစင်မှုကို အခွင့်ကောင်းယူမဲ့သူများလိမ့်မည်။ သူတပါးအပေါ် ကျွေးမွေးလိုစိတ်၊ ပေးကမ်းလိုစိတ်အမြဲရှိသည်။
အပေါင်းအသင်းကြောင့် ဘဝတွင်အမှားအယွင်းများ မကြာခဏကြုံတွေ့ရလိမ့်မည်။ တစ်ဖက်သားကို ထိထိရောက်ရောက်ကူညီနိုင်လျှင် ပျော်ရွှင်ချမ်းမြေ့တက်သူတစ်ဦးဖြစ်သည်။ မိမိကစပြီး သူတစ်ပါးကိုစော်ကားချင်တဲ့စိတ်မရှိပါ၊ မိမိကိုစော်ကားလာလျှင် တက်နိုင်သလောက်သည်းခံမည်။
သည်းခံစရာရှိလျှင် သူတစ်ပါးထက်ပိုပြီးသည်းခံမည်။ သည်းမခံနိုင်ချိန်ရောက်လျှင် သူတစ်ပါးထက် ပိုပြီးရက်စက်တတ်သည်။ ဂလက်စားချေတဲ့ စိတ်ရှိမည်။ စိတ်ချမ်းသာမှုကို မိမိဖာသာရှာဖွေတတ်ပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်သည်။
စိတ်ဓာတ်ထက်မြက်ပြီး မဟုတ်မခံစိတ်ကတော့ အပြည့်အဝရှိမည်။မိမိအပေါ်သူတစ်ပါးချယ်လှယ်လွှမ်းမိုးခြင်းကို လုံးဝမကြိုက်ပါဘူး။ လူတစ်ဖက်သားကို အယုံမလွယ်တတ်ကြပါ။အားနည်းချက်တစ်ခုကတော့ မိမိ၏လျို့ဝှက်ချက်များကိုမဆင်မချင်ဖွင့်ပြောတတ်ကြခြင်းပင်ဖြစ်သည်။
အလုပ်တစ်ခုလုပ်လျှင် သူတပါးနှင့်တိုင်ပင်လိုစိတ်ရှိတတ်ကြသည်။သူတစ်ပါး၏ ချောက်တွန်းခြင်းကိုလည်း မကြာခဏခံရတတ်ပါသည်။ ထူးခြားတာတစ်ခုကတော့ သင်၏စိတ်က ဝမ်းသာစရာရှိလျှင် သူများတကာထက်ပိုမည်၊ ဝမ်းနည်းစရာရှိပါက သူများတကာထက် ပိုဆိုးမည်။
အလုပ်တစ်ခုလုပ်စရာရှိလျှင် အချိန်အခါကိုမစောင့်ဘဲ ချက်ချင်းထလုပ်ရမှ ကျေနပ်တတ်သူများဖြစ်ကြသည်။
အင်္ဂါ
အင်္ဂါသားသမီးများသည် စိတ်ဓာတ်ထက်မြက်ကြပြီး စိတ်သဘောထားအလွန်ကောင်းမွန်သည်။ ကူညီလိုစိတ်၊ပေးကမ်းလိုစိတ်အပြည့်အဝရှိပြီး စိတ်ဓာတ်မာကျောသည်။အလုပ်တစ်ခုကိုလုပ်ချင်စိတ်ပေါ်ပြီဆိုလျှင် မှားသည်ဖြစ်စေမှန်သည်ဖြစ်စေ လုပ်လိုက်ရမှကျေနပ်ကြသူများဖြစ်သည်။
စိတ်ပြတ်သားသည်၊ စိတ်မြန်လက်မြန်လည်းရှိကြသည်။စကားပြောရာတွင် ပွင့်လင်းသည်။ အားမနာတမ်းပြောတက်ဆိုတက်သည်။ ပြောမယ်ဆိုပြောရမှ လုပ်မယ်ဆိုလုပ်ရမှကျေနပ်တတ်ကြသူများဖြစ်သည်။ ပျော်ရွှင်စရာဖြစ်စေ၊ နောင်တရစရာဖြစ်စေ ကြာရှည်မခံစားတတ်ကြပါ။
ခံစားချက်ပြင်းပြင်းထန်ထန် မထားဘဲခပ်ပေါ့ပေါ့လုပ်တတ်ခြင်းကြောင့် ဘဝတွင် အမှားများစွာကို တွေ့ကြုံခံစားရမည်။ သင်သည်မည်သည့်အလုပ်ကိုမဆို အသေးစိတ်အောက်ခြေသိမ်းလုပ်ကိုင်နိုင်စွမ်းရှိသည်။ မအောင်မြင်မခြင်း ဇွဲနှင့်လုပ်ကိုင်တတ်သည်။
သို့သော် အစမပြုမိသေးခင်အထိ ပျင်းရိနေတတ်သည်။ စိတ်ချမ်းသာစရာ၊စိတ်ပျော်ရွှင်စရာကို ဦးသားပေးလုပ်ကိုင်တတ်ပြီးဘဝအနာဂတ်အရေးကို အမြဲတမ်း စဉ်းစားနေတတ်သူများဖြစ်ကြသည်။ မည်သည့်အကြောင်းအရာကိုမဆို စူးစမ်းလေ့လာလိုစိတ်အမြဲရှိသည်။
သူများမလုပ်ရဲသောအလုပ်၊ စွန့်ပစ်သွားသောအလုပ်ကို လုပ်ကိုင်ပြီး အောင်မြင်တတ်သည်။ သင့်ကို အပြင်ပန်းကကြည့်လျှင်ပျင်းသည်၊ ခပ်ပေါ့ပေါ့နေတတ်သည်ဟုထင်မြင်ကြသည်။ အပြင်ပန်းက အေးသည်ထင်ရသော်လည်း စိတ်ထဲကအမြဲအလုပ်လုပ်နေတတ်ကြသည်။ စိတ်တိုတတ်၊ဒေါသထွက်လွယ်တတ်သော်လည်း စိတ်ပြေလွယ်တတ်ကြပါသည်။
ဗုဒ္ဓဟူး
ဗုဒ္ဓဟူးသားသမီးများသည် စိတ်ထားထက်မြက်ပြီး တဇွတ်ထိုး လုပ်ကိုင်တတ်ကြသူများဖြစ်သည်။ စိတ်ရင်းကောင်းပြီး စေတနာနှင့်ပြည့်ဝသည်။ အများ၏ချစ်ခင်မှု အထင်ကြီးမှုကို ခံကြရမည်။ နှုတ်ထွက်ချိုသာကြပြီး အများစွဲမက်အောင် ပြောဆိုနိုင်ကြသူများဖြစ်သည်။
တစ်ဖက်သားကို စိတ်ချမ်းသာအောင်ပြောဆိုတတ်သည်။ နှစ်သိမ့်အားပေးတတ်မည်။ ဖြစ်သမျှကိုလက်ခံတင်းတိမ်နိုင်ပြီး ခွင့်လွှတ်နိုင်စွမ်းရှိကြကြသည်။ မိမိအကြောင်းမသိသူများက မိမိနှင့်ပေါင်းသင်းနိုင်မည်မဟုတ်ပါ။
အပေါင်းအသင်းများအပေါ်မိမိကအနစ်နာခံပြီး ပေါင်းသင်းတတ်သော်လည်း မိမိအပေါ်ကျေးဇူးကန်းသူများနှင့် ကြုံတွေ့ရမည်။ များသောအားဖြင့် လုပ်ကိုင်သမျှအလုပ်တိုင်း ထင်သလောက်အကျိုးပေးမည်မဟုတ်။ လူအပင်ပန်းခံနိုင်ပေမဲ့ စိတ်အပင်ပန်းမခံနိုင်ကြပါ။
စိတ်ဆိုးလွယ်ကြသော်လည်း လက်တွေ့တွင် မရင်စက်နိုင်ကြပါ။ ဖြတ်ထိုးဉာဏ်၊ ထိုးထွင်းဉာဏ်ကောင်းကြသူများဖြစ်မည်။ အလုပ်ကိုသူများထက်ပိုလုပ်နိုင်ကြပြီး တိုးတက်သောအခါ မိမိလောက်မလုပ်သူများက တိုးတက်သွားသဖြင့်စိတ်ပင်ပန်းပြီးကျန်ရစ်ခဲ့တတ်သည်။
မိမိတိုးတက်ပြီးဆိုလျှင်လည်း အများတကာ အံ့သြသွားသည်အထိတဟုန်ထိုးတိုးတက်မည်။ တစ်ယူသန်စိတ်ရှိသည့်အတွက် တစ်ခါတစ်ရံ မထင်ထားတဲ့ပြဿနာများကြုံတွေ့ရတတ်ပါသည်။သူများပြဿနာကို ကိုယ့်ပြဿနာဖြစ်အောင်ဝင်ပြီးကြားဝင်တတ်သည့်အတွက် အစွပ်အစွဲခံရတတ်သည် (ရှောင်ပါ)။
ရောက်ရှိနေသောဘဝနှင့် မိမိတွေးခေါ်မှုဆန်းသစ်မှုများမှာ အံ့မဝင်သလိုရှိနေတတ်သည်။ မိမိအတွေးအခေါ်က မြင့်မားနေသောကြောင့်ဖြစ်သည်။ 🌼🌼🌼
ကြာသပတေး
ကြာသပတေးသားသမီးများသည် စိတ်ရင်စေတနာကောင်းပြီး ပွင့်လင်းဖြူစင်သောစိတ်ရှိသည်။ လူတိုင်းကိုခင်မင်တတ်သည်။ အကူအညီတောင်းခဲလျှင်လည်း မည်သူ့ကိုမဆို အကူအညီပေးရန်အသင့်ရှိနေတတ်သူဖြစ်သည်။
လူအများနှင့် စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နေချင်စိတ်ရှိသူဖြစ်မည်။ မိသားစုဆွေမျိုးသားချင်းများအပေါ် အလွန်သံယောဇဉ်ကြီးတတ်များဖြစ်ကြသည်။ တည်တည်ကြည်ကြည်နေတတ်ပြီး စိတ်သဘောထားကောင်းမည်။
ဖြစ်လေရာဘဝ၊ ရောက်ရာအခြေအနေတွင် ပျော်သလိုနေတတ်မည်။ စိတ်ဓာတ်ထက်မြက်ပြီး မတရားမှုကိုဆန်ကျင့်သူများဖြစ်သည်။ ပြောစရာရှိလျှင်ဗြောင်ပြောလွန်းသောကြောင့် လူများစုကတခါတလေ အမြင်ကပ်ကြသည်။
သင်သည်ခံစားချက်များကိုရင်ဖွင့်တတ်သော်လည်း လုပ်ရမည့်အလုပ်နှင့်ပတ်သက်လာလျှင်အလွန်လျို့ဝှက်တတ်မည်။ သင်ဘာလုပ်မည်ဆိုတာကိုမည်သူမျှ မသိနိုင်ပါ။အလုပ်ကို အပင်ပန်းခံလုပ်နိုင်မည်၊ ကြိုးစားသည်။
ကြိုးစားသလောက် အရာမထင်ဖြစ်တတ်သည့် ကံမျိုးကြုံရတတ်ပါသည်။ လူအများက ပေါ့သည်ပျင်းသည်ဟု ထင်နေကြသည်။ အလုပ်ကို ပြတ်ပြတ်သားသားမလုပ်ခြင်းကြောင့်လည်း ဒုက္ခကြုံရတတ်ပါသည်။
ဒုက္ခကြုံလျှင်ဖြစ်စေ၊ ပျော်စရာကြုံသည်ဖြစ်စေ ကံကိုပုံချတတ်သောစိတ်မျိုးရှိသည်။မနက်ဖြန်အတွက်ကိုတွေးပူနေတက်သူမဟုတ်ပါ။ လက်ထဲငွေရောက်လျှင်လည်း ဘာမှမည်မည်ရရမဟုတ်ဘဲ ကုန်နေတတ်မည်၊
လက်ထဲငွေအနည်းငယ်ရှိနေလျှင် အလုပ်လုပ်ချင်စိတ်ရှိမည် မဟုတ်ပါ။ ငွေထက်ပစ္စည်းကိုပိုစုဆောင်းတတ်မည်။ စကားပြောရာတွင် နူးညံ့သိမ်မွေ့မည်။ ကြည့်လိုက်လျှင် မပြောတတ်သလိုနဲ့ တကယ်တမ်းပြောလျှင် အကွက်ကျကျ ပြောတတ်ဆိုတတ်ကြသည်။
သောကြာ
သောကြာသားသမီးများသည် အရာရာတွင်လိုက်လျောပြီးလူအများ၏လေးစားမှုကိုရအောင်ဖန်တီး နိုင်ကြသူများဖြစ်ကြသည်။ စကားကြွယ်ပြီး သူတပါးဖြစ်ချင်တဲ့ ဆန္ဒအတိုင်လိုက်လျောပြောဆိုတတ်သည်။
ဘာသာတရားကိုင်းရှိုင်းတတ်ကြပြီး ဘာသာရေးအယူသည်းမည်။ ကိုယ့်ထက်ပညာတတ်သူအဆင့်အတန်းမြင့်မားသူများကို အမြဲတမ်းအတုယူတတ်သည်။ မည်မျှပင်ဆိုးဝါးသောအခြေအနေမှာဖြစ်စေ စိတ်မပျက်တတ်မျက်နှာမပျက်တတ် တည်တည်ကြည်ကြည်နေတက်မည်။
အမြဲတမ်းလှုပ်ရှားသွက်လက်သောအမူအယာရှိနေတတ်သည်။ မိမိစိတ်ဓာတ်ကျမိလျှင်သူများထက်ပိုဆိုးသည်။ အလုပ်တစ်ခုလုပ်လျှင် စိတ်တိုင်းကျစီစဉ်ဆောင်ရွက်လုပ်ကိုင်ကြသည်။ မိမိကလည်းသူတစ်ပါးကို မတရားမလုပ်တတ်သလို မိမိကိုမတရားလုပ်လာလျှင် အလွန်ဒေါသထွက်မည်။
မိမိ၏အပေါင်းအသင်းဆံမှုကြောင့် စီးပွားရေးအလုပ်များတွင် မကြာခဏအကူအညီရမည်။ လူအများက သင့်ကိုအမြဲတမ်း ပျော်ရွှင်နေတတ်သူဟုထင်ရလောက်အောင်ပင် မျက်နှာမှာ အမြဲပြုံးချိုနေတတ်သည်။
ဒုက္ခကြားထဲမှာပင် ပြုံးနေနိုင်စွမ်းရှိသူများဖြစ်သည်။ဒုက္ခမဖြစ်ခင်ကတွေးကြောက်နေတတ်သော်လည်း တကယ့်လက်တွေ့တွင် ရဲရင့်စွာရင်ဆိုင်တတ်သူများဖြစ်ကြသည်။
စေန
စနေသားသမီးများသည် ပင်ကိုဗီဇကောင်းကြသည်။စိတ်ရင်းကောင်းပြီး လူတိုင်းကိုခင်ခင်မင်မင်ပေါင်းသင်းဆက်ဆံတတ်ကြသည်။ တည်ကြည်ပြီးလူကြီးလူကောင်းဆန်သည်။ အရာရာကို စိတ်အေးလက်အေး စဉ်းစားလုပ်ကိုင်တတ်သည်။
အလုပ်တစ်ခုလုပ်မည်ဆိုလျှင် စိတ်မြန်လက်မြန်လုပ်သည်။ ဗဟုသုတစုံလင်ပြီး ဘက်စုံရသူတစ်ဦးဖြစ်သောကြောင့် ကြီးသူကဖြစ်စေ ငယ်သူကဖြစ်စေလေးစားတတ်ကြသည်။ သူတစ်ပါးအပေါ်လိုက်လျောကြင်နာမှုလွန်ကဲမည်။
လူတိုင်းကိုစိတ်ချမ်းသာအောင်ထားလိုသည့်စိတ်မျိုးရှိသည်။ မိမိအပူကို သူတစ်ပါးဆီမကူးစက်စေလိုဘဲ တစ်ယောက်ထဲ ကြိတ်ခံစားမည်။အလုပ်လုပ်လျှင် ခင်မင်ရင်းနှီးသူများနှင့် တိုင်တိုင်ပင်ပင်လုပ်တတ်သည်။
သူများလုပ်ပြီးမဖြစ်ဘူးဆိုသည့် အလုပ်မျိုးကို ဖြစ်အောင်လုပ်ပြလိုစိတ်ရှိသည်။ ဘဝတွင်ထိပ်တန်းသို့ရောက်နိုင်မည့် အခွင့်အရေးမျိုးကို မကြာခဏရရှိတတ်သော်လည်း မိမိကပိုင်ပိုင်နိုင်နိုင် အသုံးချတတ်မည်မဟုတ်ပါ။
လူအများစုကို ဆွဲဆောင်နိုင်စွမ်းရှိမည်။ စေတနာကောင်းလွန်သောကြောင့် မကြာခဏဒုက္ခကြုံရတတ်ပါသည်။ အရှက်အကြောက်ကြီးတတ်ကြသည်။ ဇွဲရှိသည်၊အလုပ်တစ်ခုကို မဖြစ်ဖြစ်အောင် လုပ်တဲ့စိတ်က အပြည့်အဝရှိပါသည်။
ဆရာဘုန်းသူရကျော် မှ မေတ္တာစေတနာဖြင့်ကိုယ်တိုင်တွက်ချက်ရေးသာသည်။နက္ခတ္တဗေဒပညာရှင် ဗေဒင်နှင့်လက္ခဏာ ဆရာဘုန်းသူရကျော် Ph:09-2062112
ဟောခန်းလိပ်စာ ➡ 72×73 လမ်းကြား 36×37 လမ်းကြား မဟာနွယ်လမ်းသွယ် လမ်းသွယ် မန္တလေးမြို့ 09:2062112