ဇူလိုင် ၈ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
တနင်္ဂနွေ – ဒီနေ့မှာ ဘာသာရေးကိစ္စ၊ အလှူအတန်းကိစ္စတွေ လုပ်ရတတ်တယ်။ ကြည်ညိုဖွယ်ရာ ဘာသာရေး အကြီးအကဲတွေနဲ့ ဆုံရတတ်တယ်။ ကုသိုလ်ရေးတွေ လုပ်ခွင့် ရမယ်။ တစ်နေ့တာ အလုပ်ကိစ္စ၊ စီးပွားရေးကိစ္စ လည်ပတ်ရာမှာတော့ အခက်အခဲ၊ အတားအဆီးတချို့ ကြုံရတတ်တယ်။ အရေးကြီးတဲ့အလုပ်တွေဆို သေချာ စဉ်းစားပြီးမှ လုပ်ရမယ်။ ငွေဝင်ပြီးမှ အဖတ်မတင် ဖြစ်မယ်။ မေတ္တာရေးမှာ စိတ်အနှောင့်အယှက်တွေ များမယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ သီလရှင်တွေကို ကိုယ်တတ်နိုင်တာလှူပြီး ယတြာပြုပါ။
သင့်
တနင်္လာ – စိတ်လွတ်ကိုယ်လွတ် ပေါ့ပေါ့ဆဆ နေမိလို့ ပြဿနာတွေနဲ့ ရင်ဆိုင်ရတတ်တယ်။ ဒီနေ့မှာ ကိုယ့်ရဲ့ စိတ်ကို ထိန်းနိုင်မှ တစ်နေ့တာလုံးကို ချောချောမောမော ဖြတ်သန်းနိုင်မယ်။ အလိုလိုနေရင်း မကောင်းမြင်တာ၊ အဆိုးတွေ တွေးတာကို ရှောင်ရမယ်။ စိတ်လက် မကြည်မသာ ဖြစ်လွယ်နေမယ်။ အလုပ်မှာတော့ အခွင့်အရေး နေရာကောင်းတွေ ရတတ်တယ်။ ငွေဝင်ဖို့လည်း ရှိတယ်။ နှလုံးသားရေးမှာတော့ ဝမ်းသာစရာတွေ ကြုံရမယ်။ ဒီနေ့ ညနေ ၅ နဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ငါးစာကျွေးတာ၊ငါးလွှတ်တာမျိုး လုပ်ပေးပါ။
ညံ့
အင်္ဂါ – ဒီနေ့မှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ အလုပ်တွေ လုပ်နိုင်မယ်။ အရင်က ဖြစ်နေတဲ့ အခက်အခဲနဲ့ အဟန့်အတားတွေကို ဖြတ်ကျော်နိုင်မယ်။ မလုပ်နိုင်ဘူး၊ မဖြစ်ပါဘူး ထင်ထားတဲ့အရာတွေကို အလွယ်တကူပဲ ကိုင်တွယ်ဖြေရှင်းသွားနိုင်မယ်။ စွန့်စားမှုများလေ အောင်မြင်လေ ဖြစ်မယ်။ အလုပ်စီးပွားပိုင်းမှာ အပြိုင်အဆိုင်နဲ့ တိုးတက်ကိန်း ရှိတယ်။ ထိုက်တန်တဲ့နေရာဌာနမျိုး ရတတ်တယ်။ အိုးအိမ်နေရာကိစ္စတွေ စိတ်တိုင်းကျ ရှိမယ်။ ငွေဝင်လမ်းကြောင်း ဖြောင့်တန်းမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အနှောင့်အယှက်ကင်းပြီး ပျော်ရွှင်ရမယ်။ ဒီနေ့ မနက် ၁၁ နဲ့ ၁၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ ဇီးဖျော်ရည် ကပ်လှူပေးပါ။
ကောင်း
ဗုဒ္ဓဟူး – စိတ်ကျေနပ်ပျော်ရွှင်စရာတွေ ကြားရ ကြုံရမယ်။ သတင်းကောင်းလည်း ကြားသိရပြီး ပျော်စရာတွေကို ဖန်တီးနိုင်မယ်။ ထစ်ငေါ့ကြန့်ကြာနေတဲ့ကိစ္စတွေ ဒီနေ့မှာ အဆင်ပြေသွားတတ်တယ်။ အလုပ်၊ နေရာ၊ ဌာန စတဲ့ အပြောင်းအလဲတွေ ပေါ်လာနိုင်တယ်။ အပြောင်းအလဲတစ်ခုခု ရှိလာရင် ကောင်းဖို့ ဖြစ်လာတယ်ပဲ မှတ်ရမယ်။ အလုပ်စီးပွားပိုင်းမှာ ကံကောင်းမှုတွေ ကြုံရတတ်တယ်။ ငွေရေးကြေးရေးမှာလည်း လမ်းကြောင်းသစ် ပေါ်မယ်။ အရင်က မပြေမလည် ဖြစ်နေတဲ့ကိစ္စတွေ လမ်းမှန်ပေါ် ပြန်ရောက်မယ်။ မေတ္တာရေးမှာတော့ သောကများမယ်။ ဒီနေ့ ညနေ ၄ နဲ့ ၄ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ လိမ္မော်သီး ၅ စိတ် ကပ်လှူပြီး ဆုတောင်းပါ။
ကောင်း
ရာဟု – အရင်ရက်တွေက အဆင်မပြေ ဖြစ်နေတာတွေ ဒီနေ့မှာ ပြန်ပြေလည်မှု ရမယ်။ အရင်က ကြိုးစားသမျှ ဒီနေ့မှာ လမ်းစပေါ်ပြီး ဟန်ကျလာမယ်။ ဘယ်ကိစ္စမှာမဆို တစ်ယောက်တည်း ကြံစည်အားထုတ် လုပ်ကိုင်တာ ပိုကောင်းမယ်။ အများနဲ့တွဲလုပ်ရင် အုပ်စုကွဲတာ၊ ပေါင်းစပ်မရတာတွေ ဖြစ်လိမ့်မယ်။ အလုပ်စီးပွားကိစ္စမှာအရင် အဆက်အသွယ်တွေ ပြန်ရမယ်။ ဆုံးပြီထင်တာတွေ ပြန်ရလိမ့်မယ်။ နှလုံးသားရေးမှာ ပုံမှန်အတိုင်းပဲရှိလိမ့်မယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် သံဃာတစ်ပါးကို အချိုရည် ကပ်လှူရမယ်။
ကောင်း
ကြာသပတေး – အကြောင်းအမျိုးမျိုးနဲ့ ရပ်ထားရတဲ့ကိစ္စတွေ ဒီနေ့မှာ ပြန်စရတတ်တယ်။ ရပ်ဝေးမြေခြားကနေ သတင်းကောင်းတွေ ကြားသိရမယ်။ အဆက်အသွယ်ဟောင်းတွေနဲ့ ပြန်ချိတ်မိမယ်။ စိတ်ချမ်းသာစရာကိစ္စတွေ ဖြစ်ပေါ်လာလိမ့်မယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေ ဆောင်ရွက်လို့ ကောင်းမယ်။ အလုပ်အကိုင်၊ စီးပွားကံ အားနည်းနိုင်တယ်။ ဒါပေမယ့် ကိုယ့်ဘက် ဖိဖိစီးစီး လုပ်လိုက်ရင် တော်ရုံ အဆင်မပြေတာကို ဖြေရှင်းနိုင်မယ်။ ငွေကြေးအဝင်အထွက် မြန်နေလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ နားလည်မှုတွေ ပြန်ရမယ့်နေ့ ဖြစ်တယ်။ ဒီနေ့ မနက် ၉ ခွဲနဲ့ ၁၀ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ပေါင်မုန့် ၅ ချပ် ကပ်လှူပြီး ဆုတောင်းပါ။
ကောင်း
သောကြာ – ဒီနေ့မှာ ကိုယ်လုပ်သမျှတွေက တစ်ပိုင်းတစ်စနဲ့ ဖြစ်နေလိမ့်မယ်။ အများနဲ့မတူဘဲ ဆန့်ကျင်ဘက် လုပ်မိလို့ ကန့်လန့်တိုက်သလို ဖြစ်နေမယ်။ လုပ်ချင်တာတွေ စိတ်တိုင်းကျ မလုပ်ရဘဲ ထိန်းချုပ်ခံရသလို ဖြစ်ပြီး မွန်းကြပ်နေလိမ့်မယ်။ အလုပ်မှာ ကောင်းလိုက်ညံ့လိုက်နဲ့ အားမလိုအားမရတွေ ဖြစ်မယ်။ ငွေကြေးပိုင်းမှာလည်း အထစ်အငေ့ါတွေ များနေတတ်တယ်။ မေတ္တာရေးမှာတော့ ခဏတာ အညံ့ရှိပေမယ့် ပြန်ပြေလည်မှု ရလိမ့်မယ်။ ဒီနေ့ နေ့ခင်း ၂ နဲ့ ၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ မသန်စွမ်းသူကို ကူညီဖေးမပေးလိုက်ပါ။
ညံ့
စနေ – လုပ်ချင်တာတွေ ရှိပေမယ့် စိတ်ကူးမှာပဲ ရပ်နေပြီး လက်တွေ့ လုပ်ဖို့က ခဲယဉ်းနေမယ်။ အေးဆေးလေး ထိုင်နေချင်ပြီး ကြိုးစားအားထုတ်ချင်စိတ်တွေ နည်းနေတတ်တယ်။ ဖြစ်သလို အဆင်ပြေသလို နေချင်စိတ်တွေ များနေပြီး ဘာကိုမှ စိတ်မဝင်စားသလို ဖြစ်နေမယ်။ ဒါပေမ့် အလုပ်စီးပွားဘက်မှာ သူ့အလိုလို အဆင်ပြေနိုင်ပြီး ကံကောင်းထောက်မမှုတွေ ကြုံရမယ်။ ငွေဝင်ကိန်းလည်း ရှိမယ်။ မမျှော်လင့်ဘဲ ပျော်ရွှင်စရာကိစ္စတွေ ကိုယ့်ဆီ ရောက်လာတတ်တယ်။ အမျိုးသမီးတွေဆီက အကူအညီ ရမယ်။ နှလုံးသားရေးမှာ စိတ်အခန့်မသင့် ဖြစ်မယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ အုန်းရည် ကပ်လှူ ဆုတောင်းပါ။
သင့်
ဇူလိုင္ ၈ ရက္ေန႔အတြက္ (၇) ရက္သားသမီး ေဗဒင္
တနဂၤေႏြ – ဒီေန႔မွာ ဘာသာေရးကိစၥ၊ အလႉအတန္းကိစၥေတြ လုပ္ရတတ္တယ္။ ၾကည္ညိဳဖြယ္ရာ ဘာသာေရး အႀကီးအကဲေတြနဲ႔ ဆုံရတတ္တယ္။ ကုသိုလ္ေရးေတြ လုပ္ခြင့္ ရမယ္။ တစ္ေန႔တာ အလုပ္ကိစၥ၊ စီးပြားေရးကိစၥ လည္ပတ္ရာမွာေတာ့ အခက္အခဲ၊ အတားအဆီးတခ်ိဳ႕ ႀကဳံရတတ္တယ္။ အေရးႀကီးတဲ့အလုပ္ေတြဆို ေသခ်ာ စဥ္းစားၿပီးမွ လုပ္ရမယ္။ ေငြဝင္ၿပီးမွ အဖတ္မတင္ ျဖစ္မယ္။ ေမတၱာေရးမွာ စိတ္အေႏွာင့္အယွက္ေတြ မ်ားမယ္။ ဒီေန႔ ေန႔လယ္ ၁၂ နဲ႔ ၁ ၾကား ကံေကာင္းခ်ိန္ ျဖစ္တယ္။ သီလရွင္ေတြကို ကိုယ္တတ္ႏိုင္တာလႉၿပီး ယၾတာျပဳပါ။
သင့္
တနလၤာ – စိတ္လြတ္ကိုယ္လြတ္ ေပါ့ေပါ့ဆဆ ေနမိလို႔ ျပႆနာေတြနဲ႔ ရင္ဆိုင္ရတတ္တယ္။ ဒီေန႔မွာ ကိုယ့္ရဲ႕ စိတ္ကို ထိန္းႏိုင္မွ တစ္ေန႔တာလုံးကို ေခ်ာေခ်ာေမာေမာ ျဖတ္သန္းႏိုင္မယ္။ အလိုလိုေနရင္း မေကာင္းျမင္တာ၊ အဆိုးေတြ ေတြးတာကို ေရွာင္ရမယ္။ စိတ္လက္ မၾကည္မသာ ျဖစ္လြယ္ေနမယ္။ အလုပ္မွာေတာ့ အခြင့္အေရး ေနရာေကာင္းေတြ ရတတ္တယ္။ ေငြဝင္ဖို႔လည္း ရွိတယ္။ ႏွလုံးသားေရးမွာေတာ့ ဝမ္းသာစရာေတြ ႀကဳံရမယ္။ ဒီေန႔ ညေန ၅ နဲ႔ ၅ ခြဲၾကား ကံေကာင္းခ်ိန္ ျဖစ္တယ္။ ယၾတာအျဖစ္ ငါးစာေကြၽးတာ၊ငါးလႊတ္တာမ်ိဳး လုပ္ေပးပါ။
ညံ့
အဂၤါ – ဒီေန႔မွာ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈအျပည့္နဲ႔ အလုပ္ေတြ လုပ္ႏိုင္မယ္။ အရင္က ျဖစ္ေနတဲ့ အခက္အခဲနဲ႔ အဟန႔္အတားေတြကို ျဖတ္ေက်ာ္ႏိုင္မယ္။ မလုပ္ႏိုင္ဘူး၊ မျဖစ္ပါဘူး ထင္ထားတဲ့အရာေတြကို အလြယ္တကူပဲ ကိုင္တြယ္ေျဖရွင္းသြားႏိုင္မယ္။ စြန႔္စားမႈမ်ားေလ ေအာင္ျမင္ေလ ျဖစ္မယ္။ အလုပ္စီးပြားပိုင္းမွာ အၿပိဳင္အဆိုင္နဲ႔ တိုးတက္ကိန္း ရွိတယ္။ ထိုက္တန္တဲ့ေနရာဌာနမ်ိဳး ရတတ္တယ္။ အိုးအိမ္ေနရာကိစၥေတြ စိတ္တိုင္းက် ရွိမယ္။ ေငြဝင္လမ္းေၾကာင္း ေျဖာင့္တန္းမယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ အေႏွာင့္အယွက္ကင္းၿပီး ေပ်ာ္႐ႊင္ရမယ္။ ဒီေန႔ မနက္ ၁၁ နဲ႔ ၁၁ ခြဲၾကား ကံေကာင္းခ်ိန္ ျဖစ္တယ္။ ယၾတာအျဖစ္ ဘုရားမွာ ဇီးေဖ်ာ္ရည္ ကပ္လႉေပးပါ။
ေကာင္း
ဗုဒၶဟူး – စိတ္ေက်နပ္ေပ်ာ္႐ႊင္စရာေတြ ၾကားရ ႀကဳံရမယ္။ သတင္းေကာင္းလည္း ၾကားသိရၿပီး ေပ်ာ္စရာေတြကို ဖန္တီးႏိုင္မယ္။ ထစ္ေငါ့ၾကန႔္ၾကာေနတဲ့ကိစၥေတြ ဒီေန႔မွာ အဆင္ေျပသြားတတ္တယ္။ အလုပ္၊ ေနရာ၊ ဌာန စတဲ့ အေျပာင္းအလဲေတြ ေပၚလာႏိုင္တယ္။ အေျပာင္းအလဲတစ္ခုခု ရွိလာရင္ ေကာင္းဖို႔ ျဖစ္လာတယ္ပဲ မွတ္ရမယ္။ အလုပ္စီးပြားပိုင္းမွာ ကံေကာင္းမႈေတြ ႀကဳံရတတ္တယ္။ ေငြေရးေၾကးေရးမွာလည္း လမ္းေၾကာင္းသစ္ ေပၚမယ္။ အရင္က မေျပမလည္ ျဖစ္ေနတဲ့ကိစၥေတြ လမ္းမွန္ေပၚ ျပန္ေရာက္မယ္။ ေမတၱာေရးမွာေတာ့ ေသာကမ်ားမယ္။ ဒီေန႔ ညေန ၄ နဲ႔ ၄ ခြဲၾကား ကံေကာင္းခ်ိန္ ျဖစ္တယ္။ ဘုရားမွာ လိေမၼာ္သီး ၅ စိတ္ ကပ္လႉၿပီး ဆုေတာင္းပါ။
ေကာင္း
ရာဟု – အရင္ရက္ေတြက အဆင္မေျပ ျဖစ္ေနတာေတြ ဒီေန႔မွာ ျပန္ေျပလည္မႈ ရမယ္။ အရင္က ႀကိဳးစားသမွ် ဒီေန႔မွာ လမ္းစေပၚၿပီး ဟန္က်လာမယ္။ ဘယ္ကိစၥမွာမဆို တစ္ေယာက္တည္း ႀကံစည္အားထုတ္ လုပ္ကိုင္တာ ပိုေကာင္းမယ္။ အမ်ားနဲ႔တြဲလုပ္ရင္ အုပ္စုကြဲတာ၊ ေပါင္းစပ္မရတာေတြ ျဖစ္လိမ့္မယ္။ အလုပ္စီးပြားကိစၥမွာအရင္ အဆက္အသြယ္ေတြ ျပန္ရမယ္။ ဆုံးၿပီထင္တာေတြ ျပန္ရလိမ့္မယ္။ ႏွလုံးသားေရးမွာ ပုံမွန္အတိုင္းပဲရွိလိမ့္မယ္။ ဒီေန႔ ညေန ၃ နဲ႔ ၃ ခြဲၾကား ကံေကာင္းခ်ိန္ ျဖစ္တယ္။ ယၾတာအျဖစ္ သံဃာတစ္ပါးကို အခ်ိဳရည္ ကပ္လႉရမယ္။
ေကာင္း
ၾကာသပေတး – အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ရပ္ထားရတဲ့ကိစၥေတြ ဒီေန႔မွာ ျပန္စရတတ္တယ္။ ရပ္ေဝးေျမျခားကေန သတင္းေကာင္းေတြ ၾကားသိရမယ္။ အဆက္အသြယ္ေဟာင္းေတြနဲ႔ ျပန္ခ်ိတ္မိမယ္။ စိတ္ခ်မ္းသာစရာကိစၥေတြ ျဖစ္ေပၚလာလိမ့္မယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြ ေဆာင္႐ြက္လို႔ ေကာင္းမယ္။ အလုပ္အကိုင္၊ စီးပြားကံ အားနည္းႏိုင္တယ္။ ဒါေပမယ့္ ကိုယ့္ဘက္ ဖိဖိစီးစီး လုပ္လိုက္ရင္ ေတာ္႐ုံ အဆင္မေျပတာကို ေျဖရွင္းႏိုင္မယ္။ ေငြေၾကးအဝင္အထြက္ ျမန္ေနလိမ့္မယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ နားလည္မႈေတြ ျပန္ရမယ့္ေန႔ ျဖစ္တယ္။ ဒီေန႔ မနက္ ၉ ခြဲနဲ႔ ၁၀ ခြဲၾကား ကံေကာင္းခ်ိန္ ျဖစ္တယ္။ ဘုရားမွာ ေပါင္မုန႔္ ၅ ခ်ပ္ ကပ္လႉၿပီး ဆုေတာင္းပါ။
ေကာင္း
ေသာၾကာ – ဒီေန႔မွာ ကိုယ္လုပ္သမွ်ေတြက တစ္ပိုင္းတစ္စနဲ႔ ျဖစ္ေနလိမ့္မယ္။ အမ်ားနဲ႔မတူဘဲ ဆန႔္က်င္ဘက္ လုပ္မိလို႔ ကန႔္လန႔္တိုက္သလို ျဖစ္ေနမယ္။ လုပ္ခ်င္တာေတြ စိတ္တိုင္းက် မလုပ္ရဘဲ ထိန္းခ်ဳပ္ခံရသလို ျဖစ္ၿပီး မြန္းၾကပ္ေနလိမ့္မယ္။ အလုပ္မွာ ေကာင္းလိုက္ညံ့လိုက္နဲ႔ အားမလိုအားမရေတြ ျဖစ္မယ္။ ေငြေၾကးပိုင္းမွာလည္း အထစ္အေင့ါေတြ မ်ားေနတတ္တယ္။ ေမတၱာေရးမွာေတာ့ ခဏတာ အညံ့ရွိေပမယ့္ ျပန္ေျပလည္မႈ ရလိမ့္မယ္။ ဒီေန႔ ေန႔ခင္း ၂ နဲ႔ ၂ ခြဲၾကား ကံေကာင္းခ်ိန္ ျဖစ္တယ္။ ယၾတာအေနနဲ႔ မသန္စြမ္းသူကို ကူညီေဖးမေပးလိုက္ပါ။
ညံ့
စေန – လုပ္ခ်င္တာေတြ ရွိေပမယ့္ စိတ္ကူးမွာပဲ ရပ္ေနၿပီး လက္ေတြ႕ လုပ္ဖို႔က ခဲယဥ္းေနမယ္။ ေအးေဆးေလး ထိုင္ေနခ်င္ၿပီး ႀကိဳးစားအားထုတ္ခ်င္စိတ္ေတြ နည္းေနတတ္တယ္။ ျဖစ္သလို အဆင္ေျပသလို ေနခ်င္စိတ္ေတြ မ်ားေနၿပီး ဘာကိုမွ စိတ္မဝင္စားသလို ျဖစ္ေနမယ္။ ဒါေပမ့္ အလုပ္စီးပြားဘက္မွာ သူ႔အလိုလို အဆင္ေျပႏိုင္ၿပီး ကံေကာင္းေထာက္မမႈေတြ ႀကဳံရမယ္။ ေငြဝင္ကိန္းလည္း ရွိမယ္။ မေမွ်ာ္လင့္ဘဲ ေပ်ာ္႐ႊင္စရာကိစၥေတြ ကိုယ့္ဆီ ေရာက္လာတတ္တယ္။ အမ်ိဳးသမီးေတြဆီက အကူအညီ ရမယ္။ ႏွလုံးသားေရးမွာ စိတ္အခန႔္မသင့္ ျဖစ္မယ္။ ဒီေန႔ မနက္ ၈ နဲ႔ ၉ ၾကား ကံေကာင္းခ်ိန္ ျဖစ္တယ္။ ယၾတာအျဖစ္ ဘုရားမွာ အုန္းရည္ ကပ္လႉ ဆုေတာင္းပါ။
သင့္