ဗေဒင်

ကြာသပတေး သားသမီးများအတွက် ( ၁၀ )လပိုင်း တစ်လစာ ဟောစာတမ်း

ကြာသပတေး သားသမီးများအတွက် ( ၁၀ )လပိုင်း တစ်လစာ ဟောစာတမ်း

ကြာသပတေးသားသမီးများအတွက် ရုတ်တရက်ထိခိုက်ဒဏ်ရာရတတ်သည်။သွေးထွက်သံယိုဖြစ်တတ်သည် မီးလျှပ်စစ်နှင့် ပေါက်ကွဲစေနိုင်သောပစ္စည်းများ ကိုင်တွယ်ရာတွင်သတိထားပါ

လူစုလူဝေးနှင့် ရုတ်ရုတ်သဲသဲဖြစ်မှုများတွင် ဝေးဝေးမှရှောင်ကွင်းသွားပါလေ မိတ်တုဆွေတုအတုအယောင်များနှင့်ကြုံတတ်ပြီး ဒုက္ခပေးမှုခံရတတ်သည် ဘာသာရေးနှင့် ပတ်သက်ပြီးအတင်းအကြပ်စေခိုင်းခံရမှု သို့မိမိစိတ်မပါဘဲလုပ်ဆောင်ရမှုများ ကြုံတွေ့နိုင်သည်။

အထက်လူကြီးနှင့် အဆင်မပြေဖြစ်တတ်သည် အထင်အမြင်လွဲမှားမှုများခံရတတ်သည် စီးပွားရေးသမားများ လုပ်ငန်းတိုးတက်ချဲ့ထွင်မှုများ ယခုလတွင်မလုပ်သင့်အမှားကြီးကြီးမားမားကြုံရတတ်သည် သို့သော်လည်း ယခုလတွင်အလုပ်သစ်အကိုင်သစ် ပေါ်ပေါက်နိုင်သော အခွင့်အရေးကလည်း ရှိနေပြန်သည်

ထို့ကြောင့်မလုပ်ခင် စဉ်းစဉ်းစားစားချင့်ချင့်ချိန်ချိန်ပြုလုပ်ရန်ဖြစ်သည် စိတ်ရောလူပါပင်ပန်းနွမ်းလျမည့်လ,တစ်လဖြစ်နိုင်သည် အိုးအိမ်ခြံမြေကိစ္စနှင့်ပတ်သက်ပြီး ကံမကောင်းရမှု ကြုံနိုင်သည်

ခြုံ၍ပြောရလျှင်ယခုလသည် ကြာသပတေးသားသမီးအတော်များများအတွက် ကံဇာတာညံ့ဖျင်းမည့် လတစ်လဖြစ်ဖွယ်ရှိလေသည် တစ်လတာယတြာ မိမိ၏မွေးနေ့၌ ကြာသပတေးဂြိုလ်ဒေါင့် ဘုရားတွင် အောင်သပြေ(၁၉)ညွန့် ဖယောင်းတိုင်(၁၉)တိုင်အမွှေးတိုင် ၁၉တိုင်ချိုချင်(၁၉)လုံးကိုကပ်လှူပေးပါ။

credit

Zawgyi






credit