ၾကားသိရသမွ်

တိုင်းရင်းသားဒေသတွေမှာ အမေစုနဲ့ပတ်သက်ပြီး စိတ်ဒဏ်ရာရှိခဲ့ပေမယ့် လာရောက်ခိုလှုံကြတဲ့ PDFတွေကိုသွေးထိုးမဖျက်ဆီးဘူးဆိုတဲ့ ကချင်ပြည်သူတစ်ဦး

မြန်မာနိုင်ငံအတွင်းမှာ စုပေါင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေကတော့ အခုချိန်မှာ စည်းစည်းလုံးလုံးရှိပြီးအပြန်အလှန်ဖေးမနေကြတာပဲဖြစ်ပါတယ်။ပြည်သူတွေဘက်မှာရှိပေးကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအပြင်KIA,KNU စတဲ့အဖွဲ့တွေကိုလည်း ပြည်သူလူထုက ကျေးဇူးတင်နေကြတာဖြစ်ပါတယ်။ကချင်လွတ်မြောက်နယ်မြေမှာ သင်တန်းလာတက်ကြတဲ့ PDF တွေကိုလည်း ကချင်တိုင်းရင်းသားတွေက နွေးနွေးထွေးထွေးကြိုဆိုကြပြီး လိုအပ်တဲ့အကူအညီတွေကို ပေးနေကြတာဖြစ်ပါတယ်။

အခုဆိုရင်တော့ ကချင်ပြည်သူတစ်ဦးက PDF လူငယ်လေးတွေနဲ့ အတွေ့အကြုံဖလှယ်ရင်း အမေစုနဲ့ပတ်သက်ပြီးလူငယ်တစ်ဦးရဲ့စကားသံကို ကြားခဲ့ရတာဖြစ်ပါတယ်။လူငယ်လေးက “အမေရော ဒီအပြင်ကအဖြစ်အပျက်တွေကို သိရောသိနေရဲ့လား၊ကြားရောကြားနေရဲ့လား၊နေရောကောင်းရဲ့လားမသိဘူး”ဆိုပြီး ပြောလိုက်တာကြောင့်နောက်တစ်ယောက်က မပြောဖို့မျက်နှာရိပ်မျက်နှာကဲ ပြလိုက်တာဖြစ်ပါတယ်။အဲ့ဒါကိုတွေ့မြင်သွားတဲ့ ကချင်ပြည်သူကလည်း ဒီနယ်မြေကို လာရောက်ခိုလှုံကြတဲ့ အမေစုသား၊သမီးတွေထဲမှာ သူတို့ရဲ့ခံစားချက်တွေကို မပြောရဲမဆိုရဲဖြစ်နေလို့ စိတ်မကောင်းဖြစ်သွားတာဖြစ်ပါတယ်။

တချို့တိုင်းရင်းသားဒေသတွေမှာ အမေစုနဲ့ပတ်သက်ပြီး အရမ်းမျှော်လင့်ခဲ့လို့စိတ်ဒဏ်ရာရခဲ့ပေမယ့် မမုန်းပါဘူးလို့ ကချင်ပြည်သူက ရင်ဖွင့်လာခဲ့တာဖြစ်ပါတယ်။

ကချင်နယ်မြေကိုရောက်နေကြတဲ့ ပြည်သူတွေလည်း အမေစုကိုလွမ်းကြောင်း၊ချစ်ကြောင်းတွေ ပြောလို့ရပြီး အဲ့ဒီခံစားချက်တွေကို သွေးထိုးဖျက်ဆီးမှာမဟုတ်ဘူးလို့လည်းအားပေးစကားပြောခဲ့တာဖြစ်ပါတယ်။

ခိုဝင်လာသူတွေအားလုံးကို KIA က လုံခြုံနွေးထွေးစွာ လက်ခံစောင့်ရှောက်ထားပြီး အနိုင်ကျင့်ခြယ်လှယ်ခြင်းလည်း မရှိတဲ့အကြောင်းကို ပီတိဖြစ်စွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder