ဒီလိုေယာက်ၤားမ်ိဳးနဲ႔ေတြ႕ဆုံတဲ့ အခ်ိန္မွသာ အိမ္ေထာင္ျပဳဖို႔ စဥ္းစားပါ…
မိန္းကေလးတိုင္းဟာ အခ်စ္ေရးမွာ ကံေကာင္းခ်င္ၾကပါတယ္။ ကိုယ့္အေပၚ ေပ်ာ္႐ႊင္မႈ၊ ဂ႐ုစိုက္မႈ ေပးႏိုင္ၿပီးသစၥာရွိတဲ့ ေယာက်ာ္းမ်ိဳးနဲ႔ပဲ ဆုံဆည္းခ်င္ၾကပါတယ္ …။
ေအာက္ပါ အခ်က္ေလးေတြနဲ႔ ကိုက္ညီတဲ့ ခ်စ္သူေကာင္ေလးမ်ိဳးကို ရထားၿပီးၿပီဆိုရင္ သင္ဟာပတ္ဝန္းက်င္မွာေရာ သူငယ္ခ်င္း အေပါင္းအသင္းၾကားမွာပါ သင့္ကိုဝိုင္းၿပီး အားက်ရမယ့္ ေပ်ာ္႐ႊင္ဖြယ္ အခ်စ္ေရးကို ပိုင္ဆိုင္ထားၿပီလို႔ သတ္မွတ္လို႔ ရပါျပီေနာ္ …။
၁။ ဦးစားေပးမႈမွာ သင္ကနံပါတ္တစ္ပဲ”
အလုပ္နဲ႔ ပတ္ဝန္းက်င္အသိုင္းအဝိုင္းမွာ ျဖစ္ေစ သူငယ္ခ်င္းအေပါင္းအသင္းၾကားမွာ ျဖစ္ေစသင္နဲ႔ယွဥ္ရမယ့္ ကိစၥမ်ိဳးရွိလာခဲ့ရင္ သင့္ကိုပဲ ပထမဦးစားေပး ေ႐ြးခ်ယ္မယ့္သူမ်ိဳးပါ …။
သင္ရဲ႕ ေပ်ာ္႐ႊင္မႈ၊ က်န္းမာေရးကိုလည္း သူကအၿမဲေစာင့္ေရွာက္တတ္တဲ့ သူမ်ိဳးျဖစ္ပါတယ္ …။
၂။ ရင္ဖြင့္စကားေတြနားေထာင္ေပးၿပီး အၿမဲအားေပးသူမ်ိဳး”
သင္က ရင္ဖြင့္စရာေတာင္ မလိုပါဘူး။ သင့္မ်က္ႏွာမွာ အလိုမက်တာေတြ႕ရင္ သူက ဘာျဖစ္ေနလဲဆိုတာကို သိႏွင့္ၿပီး သင့္ မေက်နပ္ခ်က္ေတြကို ေမးမယ့္ သူမ်ိဳးပါ …။
သင္ရဲ႕အခက္အခဲေတ မေက်မနပ္ဆိုလာတဲ့ ရင္ဖြင့္စကားေတြကို ဂ႐ုတစိုက္နားေထာင္ေပးၿပီး အႀကံဉာဏ္ေပး မယ့္သူမ်ိဳးပါ …။
၃။ ဘဝရဲ႕အခက္အခဲေတြကို ကူညီေျဖရွင္းမယ့္သူမ်ိဳး”
ေန႔စဥ္ အသက္ရွင္ဖို႔လႈပ္ရွားေနရတဲ့ ဘဝဟာတစ္ခါတစ္ရံမွာ တစ္ေယာက္ထဲ ရင္ဆိုင္ဖို႔ ခက္ခဲလြန္းပါတယ္ …။
သင္က စိတ္ဓာတ္ႀကံ့ခိုင္တဲ့ မိန္းကေလးျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ္႔ တစ္ေယာက္ထဲရင္ဆိုင္ေျဖရွင္းဖို႔ မတတ္ႏိုင္တဲ့အခါမ်ိဳးမွာ သူကသင့္ေရွ႕ကမားမားမတ္မတ္ရပ္တည္ၿပီး ရင္ဆိုင္ေျဖရွင္းေပးပါ လိမ္႔မယ္ …။
သင့္ရဲ႕ အခက္အခဲေတြကို အားနည္းခ်က္လို႔ အျပစ္မျမင္ပဲ သူဘက္က ကူညီခြင့္ရတဲ့အတြက္ေတာင္ ဂုဏ္ယူေနဦးမယ့္ သူပါ …။
၄။ သင့္ရဲ႕စိတ္ကို သိေနတဲ့သူမ်ိဳး”
သူက သင့္ကိုအရမ္းခ်စ္တဲ့ အတြက္ေၾကာင့္ သင့္ရဲ႕စိတ္ခံစားခ်က္ေတြ အႀကိဳက္ေတြကို အၿမဲသိခ်င္ေနတဲ့ သူမ်ိဳးပါ။ သိဖို႔အတြက္ အၿမဲလည္း အကဲခတ္ေနပါတယ္ …။
ဒါေၾကာင့္မို႔ သင့္ဘက္က လိုအပ္ခ်က္ရွိလာတဲ့အခါမ်ိဳးမွာ ေတာင္းဆိုစရာမလိုပဲ သူ႕အသိစိတ္နဲ႔ သင့္ရဲ႕ လိုအပ္ခ်က္ကို သိႏွင့္ၿပီးသား၊ လုပ္ေပးႏွင့္ေနၿပီးသား ျဖစ္ေနတတ္ပါတယ္ …။
တစ္ခါတရံ လက္ေဆာင္ေတြအစားအေသာက္ေတြ၊ ဝယ္လာေပးတဲ့ အခါမ်ိဳးက်ရင္ သင့္အႀကိဳက္နဲ႔ထပ္တူညီေနတာမ်ိဳး ရွိေနတတ္တာေတြက တိုက္ဆိုင္တာ မဟုတ္ပါဘူး …။
သင့္ရဲ႕အႀကိဳက္၊သင့္ရဲ႕စိတ္ကိုသိၿပီး အေသးအဖြဲ႕ေလးေတြကအစ ဂ႐ုစိုက္တတ္တာ ေၾကာင္႔ပဲ ျဖစ္ပါတယ္ …။
၅။ သင့္ခႏၶာကိုယ္မွာသင္မလွပဘူးလို႔ထင္တဲ့အရာေတြကိုလည္းသူက ခ်စ္ေပးတဲ့သူမ်ိဳး”
သင္က လွပတဲ့သူတစ္ေယာက္မို႔ သူက ခ်စ္တာ မဟုတ္ပါဘူး။ သင္က ဗိုက္ပူခါးတုတ္ေနေနရင္ေတာင္သူကအဲဒါေလးကို ခ်စ္ဖို႔ေကာင္းတယ္လို႔ ထင္ေနတဲ့သူမ်ိဳးပါ …။
တင္စားျပီး ေျပာရရင္ သင့္မ်က္ႏွာမွာ ဝက္ၿခံေတြမ်ားေနလို႔ မွန္မၾကည့္ခ်င္ဘူးဆိုရင္ေတာင္ သင့္ကိုသူက တစိမ့္စိမ့္ၾကည့္ေနၿပီးဝက္ၿခံေလးေတြကိုေတာင ္မွဲ႔ေလးေတြလို႔ျမင္ေပးမယ့္ သူမ်ိဳးပါပဲ …။
၆။ ဘဝရဲ႕ အေရးပါတဲ့ေန႔ရက္တိုင္းကို အတူျဖတ္သန္းခ်င္သူမ်ိဳး”
အထိမ္းအမွတ္ ေန႔ရက္ေတြ၊ ဥပမာ-ဘြဲ႕ယူတဲ့ေန႔မ်ိဳးမွာ သူကသင့္နဲ႔အတူ ျဖတ္သန္းခ်င္တာပါ …။
သူက စိတ္ညစ္စရာအရာေတြသာသင့္ကို မေျပာျပခ်င္ေနမယ္ေပ်ာ္႐ႊင္စရာကိစၥ ဝမ္းသာစရာကိစၥေတြ ရွိလာတဲ့အခါက်ရင္ သင့္ကို ပထမဆုံးေျပာျပၿပီးအေပ်ာ္ေတြကို အတူတူမွ်ေဝခ်င္တဲ့ သူမ်ိဳးပါ …။
အဲလိုေကာင္ေလးမ်ိဳးကို ပိုင္ဆိုင္ထားၿပီးရင္ သင့္ဘက္ကလည္းအျပည့္အဝနဲ႔ နားလည္မႈ ေပးႏိုင္တဲ့ခ်စ္သူမ်ိဳးျဖစ္ေအာင္ ႀကိဳးစားဖို႔မေမ့ပါနဲ႔ေနာ္ …။ ။
မူရင္းေရးသားသူအားေလးစားစြာျဖင့္ Credit ေပးပါတယ္
Snow Phyu
Unicode ,
ဒီလိုယောင်္ကျားမျိုးနဲ့တွေ့ဆုံတဲ့ အချိန်မှသာ အိမ်ထောင်ပြုဖို့ စဉ်းစားပါ…
မိန်းကလေးတိုင်းဟာ အချစ်ရေးမှာ ကံကောင်းချင်ကြပါတယ်။ ကိုယ့်အပေါ် ပျော်ရွှင်မှု၊ ဂရုစိုက်မှု ပေးနိုင်ပြီးသစ္စာရှိတဲ့ ယောက်ျားမျိုးနဲ့ပဲ ဆုံဆည်းချင်ကြပါတယ် …။
အောက်ပါ အချက်လေးတွေနဲ့ ကိုက်ညီတဲ့ ချစ်သူကောင်လေးမျိုးကို ရထားပြီးပြီဆိုရင် သင်ဟာပတ်ဝန်းကျင်မှာရော သူငယ်ချင်း အပေါင်းအသင်းကြားမှာပါ သင့်ကိုဝိုင်းပြီး အားကျရမယ့် ပျော်ရွှင်ဖွယ် အချစ်ရေးကို ပိုင်ဆိုင်ထားပြီလို့ သတ်မှတ်လို့ ရပါပြီနော် …။
၁။ ဦးစားပေးမှုမှာ သင်ကနံပါတ်တစ်ပဲ”
အလုပ်နဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ဖြစ်စေ သူငယ်ချင်းအပေါင်းအသင်းကြားမှာ ဖြစ်စေသင်နဲ့ယှဉ်ရမယ့် ကိစ္စမျိုးရှိလာခဲ့ရင် သင့်ကိုပဲ ပထမဦးစားပေး ရွေးချယ်မယ့်သူမျိုးပါ …။
သင်ရဲ့ ပျော်ရွှင်မှု၊ ကျန်းမာရေးကိုလည်း သူကအမြဲစောင့်ရှောက်တတ်တဲ့ သူမျိုးဖြစ်ပါတယ် …။
၂။ ရင်ဖွင့်စကားတွေနားထောင်ပေးပြီး အမြဲအားပေးသူမျိုး”
သင်က ရင်ဖွင့်စရာတောင် မလိုပါဘူး။ သင့်မျက်နှာမှာ အလိုမကျတာတွေ့ရင် သူက ဘာဖြစ်နေလဲဆိုတာကို သိနှင့်ပြီး သင့် မကျေနပ်ချက်တွေကို မေးမယ့် သူမျိုးပါ …။
သင်ရဲ့အခက်အခဲတေ မကျေမနပ်ဆိုလာတဲ့ ရင်ဖွင့်စကားတွေကို ဂရုတစိုက်နားထောင်ပေးပြီး အကြံဉာဏ်ပေး မယ့်သူမျိုးပါ …။
၃။ ဘဝရဲ့အခက်အခဲတွေကို ကူညီဖြေရှင်းမယ့်သူမျိုး”
နေ့စဉ် အသက်ရှင်ဖို့လှုပ်ရှားနေရတဲ့ ဘဝဟာတစ်ခါတစ်ရံမှာ တစ်ယောက်ထဲ ရင်ဆိုင်ဖို့ ခက်ခဲလွန်းပါတယ် …။
သင်က စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းကလေးဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တစ်ယောက်ထဲရင်ဆိုင်ဖြေရှင်းဖို့ မတတ်နိုင်တဲ့အခါမျိုးမှာ သူကသင့်ရှေ့ကမားမားမတ်မတ်ရပ်တည်ပြီး ရင်ဆိုင်ဖြေရှင်းပေးပါ လိမ့်မယ် …။
သင့်ရဲ့ အခက်အခဲတွေကို အားနည်းချက်လို့ အပြစ်မမြင်ပဲ သူဘက်က ကူညီခွင့်ရတဲ့အတွက်တောင် ဂုဏ်ယူနေဦးမယ့် သူပါ …။
၄။ သင့်ရဲ့စိတ်ကို သိနေတဲ့သူမျိုး”
သူက သင့်ကိုအရမ်းချစ်တဲ့ အတွက်ကြောင့် သင့်ရဲ့စိတ်ခံစားချက်တွေ အကြိုက်တွေကို အမြဲသိချင်နေတဲ့ သူမျိုးပါ။ သိဖို့အတွက် အမြဲလည်း အကဲခတ်နေပါတယ် …။
ဒါကြောင့်မို့ သင့်ဘက်က လိုအပ်ချက်ရှိလာတဲ့အခါမျိုးမှာ တောင်းဆိုစရာမလိုပဲ သူ့အသိစိတ်နဲ့ သင့်ရဲ့ လိုအပ်ချက်ကို သိနှင့်ပြီးသား၊ လုပ်ပေးနှင့်နေပြီးသား ဖြစ်နေတတ်ပါတယ် …။
တစ်ခါတရံ လက်ဆောင်တွေအစားအသောက်တွေ၊ ဝယ်လာပေးတဲ့ အခါမျိုးကျရင် သင့်အကြိုက်နဲ့ထပ်တူညီနေတာမျိုး ရှိနေတတ်တာတွေက တိုက်ဆိုင်တာ မဟုတ်ပါဘူး …။
သင့်ရဲ့အကြိုက်၊သင့်ရဲ့စိတ်ကိုသိပြီး အသေးအဖွဲ့လေးတွေကအစ ဂရုစိုက်တတ်တာ ကြောင့်ပဲ ဖြစ်ပါတယ် …။
၅။ သင့်ခန္ဓာကိုယ်မှာသင်မလှပဘူးလို့ထင်တဲ့အရာတွေကိုလည်းသူက ချစ်ပေးတဲ့သူမျိုး”
သင်က လှပတဲ့သူတစ်ယောက်မို့ သူက ချစ်တာ မဟုတ်ပါဘူး။ သင်က ဗိုက်ပူခါးတုတ်နေနေရင်တောင်သူကအဲဒါလေးကို ချစ်ဖို့ကောင်းတယ်လို့ ထင်နေတဲ့သူမျိုးပါ …။
တင်စားပြီး ပြောရရင် သင့်မျက်နှာမှာ ဝက်ခြံတွေများနေလို့ မှန်မကြည့်ချင်ဘူးဆိုရင်တောင် သင့်ကိုသူက တစိမ့်စိမ့်ကြည့်နေပြီးဝက်ခြံလေးတွေကိုတောင်မှဲ့လေးတွေလို့မြင်ပေးမယ့် သူမျိုးပါပဲ …။
၆။ ဘဝရဲ့ အရေးပါတဲ့နေ့ရက်တိုင်းကို အတူဖြတ်သန်းချင်သူမျိုး”
အထိမ်းအမှတ် နေ့ရက်တွေ၊ ဥပမာ-ဘွဲ့ယူတဲ့နေ့မျိုးမှာ သူကသင့်နဲ့အတူ ဖြတ်သန်းချင်တာပါ …။
သူက စိတ်ညစ်စရာအရာတွေသာသင့်ကို မပြောပြချင်နေမယ်ပျော်ရွှင်စရာကိစ္စ ဝမ်းသာစရာကိစ္စတွေ ရှိလာတဲ့အခါကျရင် သင့်ကို ပထမဆုံးပြောပြပြီးအပျော်တွေကို အတူတူမျှဝေချင်တဲ့ သူမျိုးပါ …။
အဲလိုကောင်လေးမျိုးကို ပိုင်ဆိုင်ထားပြီးရင် သင့်ဘက်ကလည်းအပြည့်အဝနဲ့ နားလည်မှု ပေးနိုင်တဲ့ချစ်သူမျိုးဖြစ်အောင် ကြိုးစားဖို့မမေ့ပါနဲ့နော် …။ ။
မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit ပေးပါတယ်
Snow Phyu