အခ်စ္ေရး

အချစ်သစ်စတင်ဖို့ အဆင်သင့်ဖြစ်နေပြီလားဆိုတာ ပြောပြပေးမယ့် စမ်းသပ်ချက်လေး

အချစ်သစ်စတင်ဖို့ အဆင်သင့်ဖြစ်နေပြီလားဆိုတာ ပြောပြပေးမယ့် စမ်းသပ်ချက်လေး

နံပါတ် ၁

ပထမပန်းလေးကို ရွေးချယ်ခဲ့မယ်ဆိုရင် သင်ဟာ ရည်စားထပ်ထားဖို့ အခုချိန်မှာ အဆင်သင့်ဖြစ်ခါနီးပါပြီ။

(အဆင်သင့်တော့ မဖြစ်သေးဘူးပေါ့နော်) အတိတ်ကာလမှာ သင်ဟာ အချစ်ရေးနဲ့ပတ်သက်ပြီး သင်ခန်းစာတွေ တော်တော်များများ ရခဲ့တဲ့အတွက် အခုအချိန်မှာ ရင့်ကျက်လုနီးပါး ဖြစ်နေပါပြီ။

အချစ်ရေးမှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကို သိနေပြီဖြစ်တဲ့အတွက် အတိတ်ကလို ကလေးဆန်ပြီး မိုက်ရူးရဲဆန်တာမျိုးတွေ မရှိတော့ပဲ တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းဖို့ ဆုံးဖြတ်ချက်ချထားပါတယ်။

ဒါပေမယ့် လောလောဆယ် ရည်းစားထပ်မထားခင် နည်းနည်းလောက် အချိန်ယူပြီး တစ်ယောက်ထဲ နေကြည့်ပါဦးနော်…

နံပါတ် ၂

ဒုတိယပန်းလေးကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ ရည်စားထပ်ထားဖို့ အခုချိန်မှာ အဆင်သင့်ဖြစ်နေပါပြီ။

သင့်အနေနဲ့ ဒီတစ်ခေါက်အချစ်ရေးမှာ တည်တည်ငြိမ်ငြိမ်နဲ့ လေးနက်တဲ့အချစ်ရေးဖြစ်အောင် ဖန်တီးတော့မှာပါ။

သင်ဟာ အတိတ်က သင့်နာကျင်မှုတွေကို ကောင်းကောင်းကုစားနိုင်ခဲ့ပြီး မိမိကိုယ်ကို ပျော်ရွှင်အောင် နေတတ်ခဲ့ပါပြီ။

သင့်ကို နာကျင်စေမယ့် အချစ်ရေးဆိုရင် ဘယ်လောက်ချစ်ချစ် စွန့်ပစ်ထားနိုင်စွမ်းတွေ ရှိလာပြီး ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကို ဦးစားပေးလာတတ်ပါတယ်။

ဒါကြောင့် အခုချိန်မှာ သင့်အနေနဲ့ ရည်းစားထပ်ထားမယ်ဆို ထားလို့ရပါပြီ။ ဒါပေမယ့် အကြံပေးချင်တာက ဘယ်တော့မှ သူ့အပေါ်မမှီခိုပါနဲ့နော်…

နံပါတ် ၃

တတိယပန်းလေးကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ အခုချိန်မှာ ရည်စားထပ်ထားဖို့ လုံးဝအဆင်သင့်မဖြစ်သေးပါဘူးနော်။

အတိတ်ကာလမှာ အဆိပ်သင့်စေမယ့် အချစ်ရေးမျိုးတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့သင်ဟာ အခုချိန်မှာ အရင်ဆုံး သင့်ဒဏ်ရာတွေကို ကုစားပေးဖို့နဲ့ သင့်ကိုယ်သင် ပျော်ရွှင်အောင်နေဖို့ လိုအပ်နေပါသေးတယ်။

အထီးကျန်နေလို့ ရည်စားထပ်ထားမှာမျိုး မလုပ်နဲ့နော်။ အထီးကျန်တာက ရည်းစားထားတာနဲ့ မဆိုင်ပါဘူး။

သင့်ပတ်ဝန်းကျင်က လူတွေနဲ့ပဲ တိုက်ရိုက်သက်ဆိုင်ပါတယ်။

ဒီလိုအချိန်မျိုးမှာ မိဘ၊ သူငယ်ချင်းစတဲ့ သင့်ကိုစိတ်ပျော်ရွှင်စေမယ့် လူမျိုးတွေနဲ့ အချိန်ဖြုန်းသင့်ပြီး သင့်ကိုပျော်ရွှင်စေမယ့် အရာတွေကိုပဲ ရွေးပြီးလုပ်ပေးပါ။

credit