အခ်စ္နွင့္ဘဝ

နှလုံးသားချင်း ဝေးနေပြီဆိုရင်

နှလုံးသားချင်း ဝေးနေပြီဆိုရင်

ဦးအောင်ဟာ ဧည့်ခန်းထဲမှာ စာဖတ်နေရင်း မိးဖိုချောင်ထဲမှာ

သူ့သားဟာ သူ့မိန်းမကို အော်ဟစ်ပြောနေသံကို ကြားလိုက်တယ်။

သူလည်း မကြားသလို နေပြီး စာကို ဆက်ဖတ်နေတယ်။

ဒါပေမဲ သူ့သားရဲ့ အော်ဟစ်သံဟာ တိုးမသွားဘဲ ပိုတောင် ကျယ်လာတယ်။

ဒါကြောင့် ဦးအောင်လည်း နားမခံနိုင်တော့လို့ သားကို ဧည့်ခန်းကို လာဖို့ ခေါ်လိုက်တယ်။

အနားရောက်လာတဲ့ သားကို ဦးအောင်က ဘာဖြစ်လို့ မိန်းမကို ဒီလောက် အော်ကြီးဟစ်ကျယ် ပြောနေရတာလဲလို့ မေးလိုက်တယ် …။

သားက ခုလို ပြန်ဖြေတယ်…“ဘာမှ မဟုတ်ပါဘူး အဖေရာ

အဖေ့သမီးက ကျွန်တော်ပြောတာကို နားမလည်လို့ ကျွန်တော်လည်း စိတ်တိုပြီး အော်ပြောနေမိတာပါ…”

“မင်းမိန်းမဟာ မင်းနဲ့ ကပ်လျက်မှာ ရှိနေတာပဲကွာ…ဒီလောက် ၇ အိမ်ကြား ၈ အိမ်ကြား အော်ပြီး ပြောနေဖို့ လိုလို့လားကွာ”

“လိုတယ် အဖေ…အဲဒီလို အသံကျယ်ကြီး အော်ပြောမှ သူ ကြားမှာမို့ပါ”

“ဟင် မင်းမိန်းမ ဘယ်အချိန်က နားလေးသွားလို့လဲ။ ငါလည်း မသိလိုက်ရပါလား”

“ဟာဗျာ…အဖေကလည်း နောက်ပြီ…အဖေ့သမီး နားမလေးပါဘူး

သူ့ကို ကျွန်တော်ပြောတာ နားလည်စေချင်လို့ ကျွန်တော် အော်ပြောနေတာပါ…”

“အနားမှာ ရှိနေတဲ့ မိန်းမကို နားလည်စေချင်လို့ အော်ပြောရတာပါဆိုတဲ့

မင်းရဲ့ အကြောင်းပြချက်ဟာ အဓိပ္ပာယ် မရှိပါဘူးကွာ

မင်း အော်ပြောရတဲ့ အကြောင်းရင်းက တခြားအကြောင်းကြောင့်ပါ” “ဘယ်လို အကြောင်းလဲ အဖေ”

“ဒီလိုကွ…မင်းတို့နှစ်ယောက်ဟာ ခန္ဓာကိုယ်ချင်း နီးနီးကပ်ကပ် ရှိနေကြပေမယ့် နှလုံးသားချင်း ဝေးနေကြလို့ပါ

ဒါကြောင့် မင်းဟာ မိန်းမကို ဝေးနေတယ်ထင်ပြီး အော်ပြောနေတာပါ

အဲဒီလို ဖြစ်ရတာကလည်း မင်းတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အချစ်တွေ လျော့လာကြလို့ပဲ”

“ဒါဆိုရင် ကျွန်တော်တို့ နှစ်ယောက်ဟာ အချစ်တွေ မလျော့ဘဲ အရင်လို သိပ်ချစ်နေကြရင် အော်မပြောတော့ဘူးလား အဖေ”

“ဟုတ်တာပေါ့ကွာ။ လူနှစ်ယောက်ဟာ သိပ်ချစ်နေကြရင် သူတို့နှလုံးသားချင်း နီးကပ်နေကြတယ်

ဒါကြောင့် စကားကို ညင်ညင်သာသာနဲ့ တိုးတိုးလေး ပြောရင်တောင် တစ်ယောက်စကား တစ်ယောက်ကြားတယ်။

ကုန်ကုန်ပြောမယ်ကွာ…မင်းတို့ စကားမပြောဘဲ တိတ်တိတ်လေးနေကြရင်လည်း တစ်ယောက်နဲ့တစ်ယောက် နားလည်နေကြတယ်။

အဲဒီလို တိတ်ဆိတ်နေတာကို အချစ်ဘာသာစကားလို့ ခေါ်တယ်…ငါ ပြောတာ နားလည်ရဲ့လား…?”

“ဟုတ်ကဲ့၊ ကျွန်တော်နားလည်ပါပြီ။ ကျွန်တော့်မိန်းမကို ကျွန်တော်သိပ်ချစ်ပါတယ်

နှလုံးသားချင်း ဝေးမသွားအောင် ကျွန်တော် နောက်ဆိုရင် သူ့ကို ဘယ်တော့မှ စကားကို အော်ပြီး မပြောတော့ပါဘူး အဖေ…”

လင်မယားနှစ်ယောက် သို့မဟုတ် ချစ်သူနှစ်ယောက်တို့ကို သိစေချင်ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် စကားကို အော်ကြီးဟစ်ကျယ် ပြောနေကြပြီဆိုရင် နှလုံးသားချင်း ဝေးနေကြပြီဆိုတာကို သတိပြုမိကြပါ

ဒါဆိုရင် အချစ်ဘာသာစကားနဲ့ နှလုံးသားချင်း နီးစပ်အောင် အမြန်ဆုံး လုပ်လိုက်ပါတော့နော် …။ ။

Credit

Unicode