ဗဟုသုတ

သခင်အောင်ဆန်းနှင့် သူ့ကဗျာ သူ့နိမိတ်

သခင်အောင်ဆန်းနှင့် သူ့ကဗျာ သူ့နိမိတ်

၁၉၈၀ ပြည့်နှစ် ဇူလိုင်လထုတ် စစ်ပြန်မဂ္ဂဇင်းတွင် သခင်အောင်ဆန်းနဲ့ ကဗျာတပုဒ်ဟူသော ဆောင်းပါးကို သုတေသီတဦးဖြစ်သူ မောင်သော်ကက ရေးသားတင်ပြခဲ့ပါသည်။ သခင်အောင်ဆန်း၏ ကဗျာမှ

William Ernest Henley ရေးသားသည့် အင်္ဂလိပ်ကဗျာ Invictus ကို မှီငြမ်းပြု၍ ရေးသားကြောင်းကိုလည်း တင်ပြထားပါသည်။ ဤကဗျာကို သခင်အောင်ဆန်းသည် ၁၉၃၆ ခုနှစ် အိုးဝေမဂ္ဂဇင်း အတွဲ ၆၊

အမှတ် ၁၊ ခေါင်းကြီးပိုင်းတွင် ရေးသားထည့်သွင်းခဲ့ပါသည်။ကဗျာ၏အမည်မှာ “အနိုင်မခံ” ဖြစ်ပါသည်။ ထိုအခါက သခင်အောင်ဆန်းသည် အိုးဝေမဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာ ဖြစ်သဖြင့် ခေါင်းကြီးပိုင်းကို

သခင်အောင်ဆန်းပင် ရေးမည် ထင်ကြောင်း၊ သို့သော် ထိုခေတ်အခါက မသိနားမလည်သူများကမူ ယင်းကဗျာကို သခင်အောင်ဆန်း မရေး၊ အစကနဦး ရေးသားသူမှာ ကဗျာဆရာ ပါမောက္ခကြီး

တဦးဖြစ်သည်ဟူ၍ လည်းကောင်း၊ နာမည်ကြီး သတင်းစာဆရာကြီး တဦးဖြစ်သည်ဟူ၍ လည်းကောင်း ယုံမှားသံသယ ရှိနေကြကြောင်း၊ မောင်သော်ကက သူ၏ အထင်မှာမူ ယင်းကဗျာကို

သခင် ဆောင်ဆန်းပင် ရေးမည်ဟူ၍ တထစ်ချယုံကြည်ပါကြောင်းနဲ့ သူ၏ ဆောင်းပါးတွင် တင်ပြထားပါသည်။ငါ့အတွက် ကျဉ်းမြောင်းလှသည့် သုဂတိဘုံကို သွားရသည်ပင်ဖြစ်စေ၊ ကျယ်ဝန်းလှသည့်

ဒုဂတိဘုံသို့ သွားရသည်ပင်ဖြစ်စေ ငါသည် ဂရုမစိုက်။ ငါ့အပေါ် အပြစ်အနာအဆာ ပုဒ်ထီး ပုဒ်မတွေလည်း ငါမမှု။ ဤကမ္ဘာကြီး၌ နယ်ချဲ့တို့သည် လောဘဒေါသမောဟတို့ဖြင့် မင်းမူနေ၏။

ဤလောဘဒေါသတို့ကင်းရာ ကုန်ရာဖြစ်သော အခြားမဲ့၌ကား ငါ့အား နားနေစရာသေခြင်းတရားသည့် ငံ့လင့်လျက်ရှိနေ၏။ယင်းကဗျာကို သခင်အောင်ဆန်းကိုယ်တိုင်ပင်လျှင် ရေးသားကြောင်းကို

ကျနော် ရဲရဲကြီးထောက်ခံ တင်ပြလိုပါသည်။ဤသို့တင်ပြရာ၌ သခင်အောင်ဆန်းနှင့် ကျနော်တို့ ထိုအချိန်အခါက ရင်းနှီးစွာ တွေ့ဆုံကြရလျက် စာပေဆွေးနွေးမှုများ ပြုလုပ်ကြသည်ကိုလည်း တင်ပြလိုပါသည်။

ကျနော်သည် ၁၉၃၀/၃၁ ခုနှစ်က ရန်ကုန်တက္ကသိုလ်ကောလိပ်သို့ ရောက်လာခဲ့ပါသည်။ သခင်အောင်ဆန်းမှာမူ ၁၉၃၃ ခုနှစ်တွင် တက္ကသိုလ်သို့ ရောက်လာခဲ့ပါသည်။ သူသည် ဝိဇ္ဇာဘွဲ့ကို ၁၉၃၇ ခုနှစ်တွင်

ဆွတ်ခူးပါသည်။ ကျနော်က ၁၉၃၇ တွင် မဟာဝိဇ္ဇာဘွဲ့ကို ဆွတ်ခူးပါသည်။ သခင်အောင်ဆန်းနဲ့ ကျနော်တို့ စာမေးပွဲ အောင်ကြစဉ်အခါက မြန်မာ့အလင်း သတင်းစာတွင် ဝိဇ္ဇာတန်းအောင်စာရင်း

ထွက်ပေါ်လာပါသည်။ယင်းအောင်စာရင်းလည်း ယခုတိုင် ကျနော်ထံတွင် ရှိနေပါသေးသည်။ ကျနော်သည် ကျောင်းသားသမဂ္ဂ အသင်းတွင် တာဝန်ထမ်းဆောင်ဖူးသည့်အားလျော်စွာ ၁၉၃၃-၃၄ ခုနှစ်တွင်

ကျောင်းသားများသမဂ္ဂအသင်း၏ အမှုဆောင်တဦးဖြစ်လာခဲ့ပါသည်။ ထိုနှစ်က ကျနော် တာဝန်ထမ်းဆောင်ရသော တာဝန်မှာ ကျောင်းသားများသမဂ္ဂအသင်းမဂ္ဂဇင်းဟူ၍ပင် ရိုးရိုးခေါ်နေပါသေးသည်။

၁၉၃၅-၃၆ ခုနှစ် သခင်အောင်ဆန်း သမဂ္ဂမဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာဖြစ်လာသည့်အခါမှသာ ယင်းမဂ္ဂဇင်းကို “အိုးဝေမဂ္ဂဇင်း” ဟူ၍ အမည်ပြောင်းလာပါသည်။ သမဂ္ဂအသင်း မဂ္ဂဇင်း စတင်ထုတ်ဝေသည့်နှစ်မှာ ၁၉၃၀-၃၁ ခုနှစ် ဖြစ်ပြီး သခင်အောင်ဆန်း အယ်ဒီတာအဖြစ် တာဝန်ယူစဉ် မဂ္ဂဇင်းမှာ အတွဲ ၆၊ အမှတ် ၁ သို့ ရောက်လာပါသည်။

သမဂ္ဂအသင်း၏ အမှုဆောင်များကို နှစ်စဉ်ဓာတ်ပုံရိုက်၍ အသင်းအဆောက်အအုံနံရံတွင် ချိတ်ဆွဲထားရာ၌ ကျနော် မဂ္ဂဇင်းအယ်ဒီတာအဖြစ် တာဝန်ယူစဉ်အခါက ဓာတ်ပုံတခုလည်း ထိုအခါက ရှိနေပါသည်။

ထိုအခါက သမဂ္ဂအသင်း၏ ဥက္ကဋ္ဌမှာ ဦးသိန်းမောင် ဖြစ်ပါသည်။ ဥပဒေတန်းတက်နေသူဖြစ်ပြီး သူ့ကို “ကုလားမသိန်းမောင်”ဟူ၍ ခေါ်ကြပါသည်။ ထိုဓာတ်ပုံတခုကို ကျနော်ထံ သိမ်းဆည်းထားခဲ့ဖူးရာ

ကျနော်၏ပုံမှာ နောက်ဆုံးတန်းညာဘက်က လက်နောက်ပစ်လျှက် ရှိနေပြီး အောက်ခြေတွင် “ကိုချမ်းမြ (မဂ္ဂဇင်းတာဝန်ခံ)” ဟူ၍ စာတန်းထိုးထားပါသည်။ ထိုအခါက ကိုညိုမြလည်း အမှုဆောင်တဦး ဖြစ်ခဲ့ပါသည်။

ယခုအခါ ယင်းဓာတ်ပုံတစ်ခုသည် ရန်ကုန်တက္ကသိုလ်များ စာကြည့်တိုက်တွင် ရှိနေလိမ့်ဦးမည် ထင်ပါသည်။ ၁၉၃၅-၃၆ ခုနှစ်တွင် သခင်အောင်ဆန်းသည် မဂ္ဂဇင်းတာဝန်ခံအယ်ဒီတာဖြစ်လာပြီး

၁၉၃၆-၃၇ ခုနှစ်တွင် ကိုညိုမြက မဂ္ဂဇင်းတာဝန်ခံအဖြစ် ဆက်လက်ထမ်းဆောင်ပါသည်။ သခင်အောင်ဆန်းသည် ၁၉၃၅-၃၆ ခုနှစ် အိုးဝေမဂ္ဂဇင်း တာဝန်ခံဖြစ်လာစဉ် ယင်းမဂ္ဂဇင်း၏ ခေါင်းကြီးပိုင်းတွင်

“အနိုင်မခံ” ကဗျာကို ရေးသား ထည့်သွင်းပါသည်။ ဤဘာသာပြန်ကဗျာကို သူကိုယ်တိုင် ဘာသာပြန်ရေးသားကြောင်းကိုလည်း ကျနော် ကိုယ်တိုင်သိပါသည်။ ကျနော်သည် သမဂ္ဂအသင်းသို့

အားလပ်သည့်အချိန်တိုင်း သွားရောက်လည်ပတ်ပါသည်။ ထိုအချိန်အခါက ၁၉၃၆ ခု ဇွန်လတွင် ကျနော် မြန်မာစာဌာနတွင် အချိန်ဝက်နည်းပြ ဆရာအဖြစ် ခန့်ထားခြင်းခံရပြီး မဟာဝိဇ္ဇာတန်းကို

တက်ရောက်သင်ကြားနေသည့်အခါ ဖြစ်ပါသည်။ သမဂ္ဂသို့ ရောက်လာသည့်အခါတိုင်း သခင်အောင်ဆန်းနဲ့ တွေ့ကြပါသည်။တနေ့သော် သခင်အောင်ဆန်းက ကိုချမ်းမြ၊ ကပ္ပတိန်အောက်ဖ်သည်

ဆိုးလ် (Captation of the Soul) ကို ခင်ဗျား ဘယ်လိုပြန်မလဲဟု မေးပါသည်။ ကျနော်က ပေါရာဏစကားမှာတော့ ကပ္ပတိန်ဆိုတဲ့ ဝေါဟာရမျိုးကို ထမုန်သူကြီးဟူ၍ ဆိုပါတယ်။ ဒါပေမယ့် မာလိန်မှူးဆိုရင်

ပိုကောင်းပါလိမ့်မည် ထင်တယ်ဟူ၍ ပြန်ဖြေလိုက်ပါသည်။ ဤဝေါဟာရကိုလည်း သခင်အောင်ဆန်းက သဘောမကျသူပါ။ မကြိုက်သေးဘူးဗျာ၊ လူတိုင်းနားလည်နိုင်မှ ကောင်းမှာ ဟူ၍ပြောပြီး

သူ၏မှတ်စုအကြမ်းစာအုပ်ထဲတွင် ယင်းကဗျာဘာသာပြန်ကို ရေးခြစ်လိုက်၊ ဖျက်လိုက်လုပ်နေသည်ကိုပင် တွေ့ရပါသည်။ကိုအောင်ဆန်းသည် သွားလေရာ၌ စာအုပ်တအုပ် သူ၏လက်ထဲတွင် ပါလာတတ်ပါသည်။

ထိုအခါက သူ၏လက်ထဲတွင် လက်ရွေးစင် အင်္ဂလိပ်ကဗျာကောက်နုတ်ချက် (Selected Poems) တအုပ် ရှိနေပါသည်။ အနိုင်မခံကဗျာ ကိုအောင်ဆန်းရေးသားရာ၌ အိုးဝေမဂ္ဂဇင်းခေါင်းကြီးပိုင်းတွင်

သူ၏ နာမည်မပါ ကြောင်းမှာ အဆန်းမဟုတ်ပါ။ ခေါင်းကြီးပိုင်းကို ရေးသားသူ၏အမည်မှာ မဂ္ဂဇင်းတို့၏ ထုံးတမ်းစဉ်လာအရ ပါလေ့ပါထ မရှိကြပါ။ ခေါင်းကြီးပိုင်းကို တာဝန်ခံအယ်ဒီတာများကသာလျှင်

ရေးသားကြရစမြဲ ဖြစ်ပါသည်။ အခြားကဗျာတပုဒ်စ ၂ ပုဒ်စကိုလည်း သခင်အောင်ဆန်း ရေးဖူးသည်ကို သိပါသည်။ သို့သော် သူ၏အမည်ကို မတွေ့ရပါ။

“ကျုပ်တို့က ရေးမည့်ရေးရင်လည်း နာမည်ရင်းသာ ထည့်မယ်၊ ကလောင်အမည်ကိုတော့ ဘယ်တော့မှ မသုံးဘူးဗျ” ဟူ၍ သူပြောတတ်သည်ကိုလည်း ကြားသိရဖူးပါသည်။ တချို့စာပေသုတေသီများက

ဆိုကြသည်။ “ကိုအောင်ဆန်း ကဗျာတွေဟာ အလွန်တက်ကြွတဲ့ တိုက်ပွဲဝင်ကဗျာတွေ ဖြစ်လို့ သူ့နာမည်ကို မထည့်ဘူး၊ လွတ်လပ်ရေးတိုက်ပွဲဝင်နေစဉ် ဆုံးခန်းတိုင်မရောက်မီ အဖမ်းအဆီး မခံသင့်သေးဘူးလို့

သူ ယူဆတယ် ထင်တယ်တဲ့။”ကဗျာဟူသည် တပုဒ်တလေသာ ရေးဖွဲ့စေကာမူ ပြောင်မြောက်သော ကဗျာဖြစ်ပါက တပုဒ်တည်းနဲ့လည်း ကျော်ကြားခဲ့ရဖူးပါသည်။ ရှေးအခါက ရကန်ဆရာဦးတိုး၊ ဧချင်းဆရာ

ဦးဖျော်တို့သည် ဤအတိုင်းပင် ဖြစ်ကြသည်။ ဤကဗျာကို သခင်အောင်ဆန်းသည် W.E.Henley ၏ Invictus ကဗျာမှတဆင့် ဘာသာပြန်၍ ရေးဖွဲ့ထားသည်ဖြစ်သောကြောင့် သူ၏ကိုယ်ပိုင်ဉာဏ်မဟုတ်ဟူ၍

တချို့ဆိုချင်ဆို ကြလိမ့်မည်။ ကဗျာဆရာကို ဤသို့ အပြစ် မတင်ထိုက်၊ ရှေးအခါက ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ တို့သည်လည်း ဘုရားဟော ၅၅၀ ဇာတ်တော်လာ ဝတ္ထု၊ အဌကထာဋီကာများမှ

ဘာသာပြန်ဆိုပြီး ပျို့ကဗျာ တီထွင်ရေးသားကြသည်ပင် ဖြစ်ကြပါသည်။ယခု ကျနော်တို့သည် သခင်အောင်ဆန်း၏ကဗျာကို ဖတ်ရှုပါလျှင် အလွန််လေးနက်ပြောင်မြောက် သော အဖွဲ့အနွဲ့၊ ရဲသွေးရဲမာန်စိတ်ဓာတ်ကို

သွေးသွင်းသေးသော စကားလုံးများကို တွေ့ကြရပါသည်။ ထို့အပြင် အင်္ဂလိပ်ဘာသာမှ မြန်မာပြန်ဆိုပုံများသည်လည်း အလွန်လေးနက်ပေါ်လွင်လှသည်။ မြန်မာဆန်သော ဝေါဟာရများကို ရွေးချယ်ပြီး

အကွက်ကျကျ သူ့နေရာနဲ့ သူ ထားသိုသုံးစွဲတတ်သည်မှာ များစွာ ချီးမွမ်းဖွယ် ဖြစ်ပါသည်။ရှေးအခါ လူကြီးများ ပြောဆိုကြရာ၌ ကလေး၊ သူရူး၊ သဘင်သည်၊ ကဗျာဆရာတို့ မည်သည် သူတို့ပြောဆိုဖွဲ့နွဲ့သော

စကားများ၌ အတိတ်တဘောင်များ ပါလာတတ်သည်။ နမိတ်လက္ခဏာများလည်း ပါလာတတ်သည်ဟု ဆိုကြပါသည်။ အလောင်းမင်းတရားကြီး လက်ထက်တော်အခါက စိန္တကျော်သူဟူသော ကဗျာဆရာကြီး

တဦးသည် သူရေးလေသမျှ ကဗျာရတုများ၌ အတိတ်နိမိတ်လက္ခဏာများ ပါလာတတ်သည်ကို တွေ့ကြရသည်ဟု ဆိုသည်။ ထို့အတူ ယခု သခင်အောင်ဆန်း၏ကဗျာ၌လည်း သူကိုယ်တိုင် ဖတ်ထားေ

နိမိတ်ရှေ့ပြေးများကို မျက်ဝါးထင်ထင် တွေ့ကြရပါသည်။ထို့ကြောင့် သခင်အောင်ဆန်း၏ကဗျာကို ကျနော်တို့ ဖတ်ကြည့်ကြပါစို့။

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်၊ ဤမှောင်မိုက်တွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏ စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။

Out of the Night that covers me, black as the pit from pole to pole. I think what ever Gods may be for My unconquerable soul.

လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့ ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ်၊ မငိုကြွေး၊ ကံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့် ငါ၏ဦးခေါင်းသည် သွေးသံတို့ ဖြင့် ရဲရဲနီ၏။ ညွှတ်ကား မညွှတ်။

In the fell clutch of circumatance I have not winced nor cried aloud. Under the bludgeoniñG of chance My head is bloody, but unbowed. Beyond the place of wrath and tears,

Loom but the horror of the shade.

ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ကြောက်မယ်ဖွယ်ရာ ငံ့လင့် လျက် ရှိ၏။ သို့သော် ငါ့အား မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။

And yet the menace of the years finds and shall find me unafraid.

သုဂတိသို့ သွားရာတံခါးဝသည် မည်မျှကျဉ်းမြောင်းသည် ဖြစ်စေ၊ ယမမင်း၏ ခွေးရေပရပိုက်၌ ငါ့အပြစ် တို့ကို မည်မျှပင်များစွာ မှတ်သားထားသည်ဖြစ်စေ၊ ငါကား ဂရုမပြု။

It matters not how strait the gate, how charged with punishments in the scroll.

ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏အကြီးအကဲ ဖြစ်သတည်း။

I am the moster of my fate. I am the captain of my soul.

အထက်ပါ ကဗျာ၌ သခင်အောင်ဆန်းသည် မြောက်ဝင်ရိုးစွန်းမှသည် တောင်ဝင်ရိုးစွန်းတိုင်အောင် တူးထားသော တွင်းကျဉ်းတခုကို သူ့အမြင်၌ ခံစားမိသည်။ ကမ္ဘာလုံးကြီးတခုကို ရှေ့၌ထားကြည့်ပါလျှင်

အပေါ်မြောက်ဝင်ရိုးစွန်းမှ အောက်တောင်ဝင်ရိုးစွန်းအထိ တူးဖော်ထားသော ကျင်းတစ်ခုကို သူမြင်သည်။ အချိန်ကာလမူ မိုက်မှောင်နေသော လကွယ်သန်းခေါင်အခါဖြစ်သည်။ သို့ငြားသော်လည်း

သူသည် မကြောက်၊ ဤမကြောက်စိတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားများကို သူကျေးဇူးဆိုမိသည်။

ဤနေရာ၌ (Great men think alike) ဟူသော အင်္ဂလိပ်စကားပုံတခုကို ကျနော်သတိရမိသည်။ ပညာရှိကြီးများ၏ တွေးဆပုံသည် တဦးနဲ့ တဦးတူကြသည်။ ဦးပုည၏ “လှေခံ အလှူခံမေတ္တာစာတွင်

ဥမင်တွင်း၌ ကျင်းခုနစ်တောင် နက်အောင်တူး၍ လကွယ်နေ့တွင် မိုက်ငွေ့လူလူ၊ ဖွားတော်မူသည်။ ငကြူ”ဟူ၍ ရေးသားထားဖူးပါသည်။

ကဗျာ၏ဒုတိယအပိုဒ် “In this fell clutch” ကို ဘာသာပြန်၍ ဖွဲ့နွဲ့ပုံမှာ ဗုဒ္ဓဘာသာတရားတော်များနဲ့ များစွာ ညီညွတ်တိကျလှသည်။ ကြမ်းကြုတ်သော လက်ဆုပ်တွင်းဟူ၍ ဘာသာပြန်ပုံမှာ များစွာဆီလျော်သည်။ Circumstance ကို သူသည် တွေ့ကြုံနေရသော ဘုံဘဝကို ဆိုလိုပေသည်။ ဤစကားလုံးကိုပင် “လောကဓံတရား၏” ဟူ၍ ပြန်ဆိုလိုက်ပုံမှာ မြန်မာတို့၏ လက်သုံးစကား “ရှင်၊ သေ၊ ဖြစ်၊ ပျက်၊ ရ၊ ကန်၊ ဆံ၊ ကဲ၊ ပူဆင်းရဲ” ၏ သဘောကို လေးနက်စွာ သူတင်ပြထားခြင်းပင် ဖြစ်သည်။

“Bludgeoning of chance”ကို သူပြန်ဆိုလိုက်ပုံက ကံတရား၏ ရိုက်ပုတ်ခြင်းအနက်ကို သူတိုတိုတုတ် တုတ်ဖြင့် တင်ပြခြင်းဖြစ်သည်။ အမှန်စင်စစ် Bludgeoning ဟူသည်မှာ ပုလိပ်တို့ ကိုင်စွဲသော

နံပါတ်တုတ်ဖြင့် ရိုက်ခြင်းကို ကဗျာက ဆိုလိုခြင်းဖြစ်ပါသည်။ Chance ဟူသည်မှာ အခွင့်အရေးတိုက်ဆိုင်ခြင်းကို သူ ဆိုလိုပေသည်။ အကြောင်းတခု၏ တိုက်ဆိုင်မှုကြောင့် ငါ့အား နံပါတ်တုတ်ဖြင့်

ရိုက်ခြင်းခံရသည် ဖြစ်၍ ငါ၏ခေါင်းသည် သွေးချင်းချင်း နီရဲနေ၏။ ငါ့ကား ဦးခေါင်းကို မညွှတ်၊ မငုံ့ဟူ၍ သူဆိုလိုပေသည်။

ဤစကားကိုထောက်လျှင် သူသည် နောက်များမကြာမီ ဖြစ်ပေါ်လာမည့်အကြောင်း နိမိတ်များကို သူ မြင်ထားလေသလော မသိ။ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလတွင် ရေနံမြေ၌ ကျောင်းသားခေါင်းဆောင်

ကိုဘဟိန်း၊ ကိုဘဆွေတို့အား အင်္ဂလိပ်အစိုးရက ဖမ်းဆီးထားလေမှုကြောင့် ကျောင်းသားများ အတွင်းဝန်ရုံးကို ဝိုင်း၍ ဆန္ဒပြကြရာတွင် ကျောင်းသား ၃၀ ခန့် သွေးမြေကျရသည်။ ပုလိပ်တို့၏

နံပါတ်တုတ်ဒဏ်ကြောင့် သွေးချင်းချင်းနီကာ ဗိုလ်အောင်ကျော် သေဆုံးခဲ့ရသည်။သို့သော် သူတို့သည် ဦးခေါင်းမှ သွေးချင်းချင်းနီအောင် ကျခဲ့ရသော်လည်း ဦးခေါင်းကို မညွှတ် ဟူသော အဖြစ်ကို

သူသည် ၂ နှစ်ကျော်ကာလကပင် ကြိုတင်၍ နိမိတ်ရှေ့ပြေး မြင်ထားလေသလောဟူ၍ ထင်မြင်ရသည်။ ဤအနိုင်မခံကဗျာကို ၁၉၃၆ ခုနှစ်၊ ဇန်နဝါရီလတွင် သူရေး၍ထည့်ခဲ့သည်။ ၁၉၃၈ ခုနှစ်၊

ဒီဇင်ဘာလတွင် ဗိုလ်အောင်ကျော် သေဆုံးရသည်။ ကဗျာဟူသည် အတိတ်နိမိတ်ကိုဆောင်လျက် ထွက်ပေါ်လာစမြဲတည်း။

ထိုကဗျာ၏တတိယအပိုဒ်တွင်ကား (Beyond the place of wrath and tears, Loom But the Horror of the Shade) ဟူသော စကားကို သခင်အောင်ဆန်းသည် ဘာသာပြန်ဆိုလိုက်ပုံကား

စိတ်ထိခိုက်ခြင်း ဖြစ်ရလေသည်။ ဤအပိုဒ်ကား အတိတ်နိမိတ်ဆန်လှသည်။သူပြန်ဆိုလိုက်ပုံ၌ လောဘ၊ ဒေါသတို့၏ ကြီးစိုးရာဟု ဆိုခဲ့သော်လည်း ဤကမ္ဘာကြီး၌ နယ်ချဲ့သည် လောဘ၊ ဒေါသ၊ မောဟတို့ဖြင့်

မင်းမူနေ၏။ မင်းမူခြင်းကြောင့် ခံစားတွေ့ကြုံနေရသော ဒုက္ခ၊ ကျဆင်းခဲ့ရသော မျက်ရည်တို့သည် အိုင်ထွန်းလျက်ရှိ၏။ ဤလောဘ၊ ဒေါသတို့ကင်းရာ ကုန်ရာဖြစ်သော အခြားမဲ့၌ကား ငါ့အား နားနေစရာ၊

ကြောက်မက်ဖွယ်ရာ သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏ဟူ၍ သူ ဆိုလိုက်ပေသည်။ဤကား သူ့အတိတ်၊ ဤကား သူ့နမိတ်ပင်တည်း။ နယ်ချဲ့၏ အာဃာတ၊ ရန်ငြိုး၊ လောဘ၊ ဒေါသ၊ မော ဟတို့၏

မင်းမူခြင်းအောက်မှ မလွတ်ကင်းသေးသမျှ သူ့နိုင်ငံအတွက် သူ ငိုခဲ့ရ၏။ သူ ပူဆွေးခဲ့ရ၏။ ဤ ပူဆွေး ငိုကြွေးခြင်း၏ ကင်းရာ ကုနရာ အခြားမဲ့၌ သူ့အား နားနေရာ (Rest in peace) အရိပ်အာဝါသကြီးသည်

သူ့အား ငံ့လင့်လျက်ရှိသည်ဟူ၍ သူရေးသားခဲ့၏။ ၁၉၃၆ ခုနှစ်တွင် ဤကဗျာတွင် သူရေးသားခဲ့ပြီးနောက် ၁၁ နှစ်မြောက်ကြာသော ၁၉၄၇ ခုနှစ်တွင် သူသည် ငံ့လင့်လျက်ရှိသော အရိပ်အာဝါသကြီးအောက်သို့

သူ ရောက်ရလေတော့သည်။ဤကား သူသည် ၁၁ နှစ်မတိုင်မီကာလပင် မြင်ထားသောနိမိတ်ဟူ၍ ဆိုရပေမည်လောမသိ။

ကဗျာစပ်ဆိုပြီး၍ ၁၁ နှစ်ကျော်ကာလသို့ ရောက်လေသော ၁၉၄၇ ခုနှစ်တွင် တိုင်းပြည်အတွက် သူ့အသက်ကို စတေးခြင်းခံရတော့မည်ကို သူမသိ၍ကား မဟုတ်၊ သူ သိပါသည်။

“ဗိုလ်ချုပ် သတိထားပါ၊ ယခုတလော လက်နက်တွေ ပျောက်ရှနေတယ်တဲ့၊ ဦးစောကလည်း သူ့မျက်စိက ဒဏ်ရာဟာ ဗိုလ်ချုပ်ဘက်တော်သားတွေရဲ့ လက်ချက်လို့ စွပ်စွဲနေတယ်တဲ့”ဟူသော

သတိပေးစကားကိုပင် သူ ဂရုမစိုက်။“ဟေ့ လွတ်လပ်ရေးကြိုးပမ်းနေတဲ့ နိုင်ငံချစ်ပုဂ္ဂိုလ်ဆိုတာ တနေ့နေ့ ဒီလမ်းကိုပဲ သွားကြရတာပဲ၊ ဒါ ဟာ အဆန်းလား”ဟူ၍ ဗိုလ်ချုပ်က ဆိုခဲ့သေး၏။

သခင်အောင်ဆန်း၏ ဘာသာပြန်ဆိုပုံတွင် လက်ဖျားခါရလောက်အောင် ချီးမွမ်းဖွယ် သူသုံးစွဲထားသည့် အပိုဒ်မှာ စတုတ္ထအပိုဒ် ဖြစ်ပါသည်။

၎င်းကား (It matters not how strait the gate, How charged with punishments in the scroll) ဟူသော အပိုဒ်ဖြစ်ပါသည်။ ဤအပိုဒ်၌ သူဆိုလိုသည်မှာကား။

သုဂတိသို့သွားရာလမ်းသည် အလွန်ပင် ခက်ခဲကျဉ်းမြောင်းလှသည်။ လူတိုင်းမရောက်နိုင်၊ ခက်ခက်ခဲခဲ ကျော်လွန်ပြီးမှ ရောက်ရသည်။ ဒုဂတိဘုံ၏တံခါးမှာကား ကျယ်လွန်းလှသည်။ ငရဲဘုံသို့ အသွားများသဖြင့်

တံခါးဝကဖြင့် ကျယ်လွန်းလှသည်။ ဤသည်ကိုလည်း သူသည် တရားသဘောဖြင့် မြင်ခြင်းဖြစ် သည်။ ထို့ကြောင့် သူ ဆိုလိုက်သည်။

“ငါ့အတွက် ကျဉ်းမြောင်းလှသည့် သုဂတိဘုံသို့ သွားရသည်ပင်ဖြစ်စေ၊ ကျယ်ဝန်းလှသည့် ဒုဂတိဘုံသို့ သွားရသည်ပင်ဖြစ်စေ၊ ငါသည် ဂရုမစိုက် ငါ့အပေါ် အပြစ်အနာအဆာတွေကို ဘယ်လိုပင်

ကုတ်ကပ်ရှာ ဖွေပြီး ဥပဒေ ပုဒ်ထီးပုဒ်မတွေနှင့် ဘယ်လိုပင် စွဲချက်တင်သည်ပင်ဖြစ်စေ၊ ငါ၏မကောင်းမှုဟူသမျှတွေကို ယမမင်း၏ ခွေးရေပုရပိုက်၌ မည်မျှပင် ရေးမှတ်ထားပြီး ပေးမည့်အပြစ်ဒဏ်ကိုလည်း

ရေးမှတ်စာရင်း ပြထားသည့် တိုင်အောင် ငါသည် ဂရုမစိုက်” ဟူ၍ သူဆိုလိုက်ခြင်းဖြစ်ပေသည်။ဤကဗျာကို ထိုခေတ်က လူငယ်ကလေးများအား နိမ့်ကျသောစိတ်ဓာတ်၊ သူရဲဘောကြောင်နေသော

စိတ်ပျော့စိတ်ညံ့တို့ကို ချေမှုန်းလျက်၊ သတ္တိပြောင်မြောက်ရလေအောင် သူရသတ္တိနဲ့ ရဲရဲတောက် လူငယ်များ ပေါ်ပေါက်လာရလေအောင် ရဲဆေးတင်ပေးလိုက်သော ကဗျာဖြစ်ပေသည်။

ထို့ကြောင့် ထိုခေတ် ထိုအခါက လူငယ်ဟူသမျှ စိတ်ဓာတ်ကြံ့ခိုင်လှပြီး နယ်ချဲ့ကို ခံတိုက်လိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာလျက် မြင်းခွာတချက်ပေါက်က မီးတချက်တောက်ခဲ့သည်ဟု ဆိုချင်ပါ သည်။

ကမ္ဘာစစ်ကြီးဖြစ်လုနီး၍ သခင်အောင်ဆန်းသည် ဂျပန်ပြည်သို့ ရဲဘော်သုံးကျိပ်ဝင်အဖြစ် သွားရောက်ရမည့်အချိန်ပိုင်းတွင် ခေတ္တပုန်းအောင်းနေရရာ ထိုအချိန်မှာ ပုလိပ်မင်းကြီးက သခင်အောင်ဆန်းအား

ဆုငွေ ၅ ကျပ်ထုတ်၍ပင် ကြေညာထားသောအခါ ဖြစ်ပါသည်။ ထိုအချိန်က ကျနော်သည် သထုံကျောင်းဆောင်၌ အဆောင်မှူးအဖြစ်ဖြင့် အမှုထမ်းနေချိန်ဖြစ်ပါသည်။ ကျောင်းများလည်း ပိတ်ထားချိန် ဖြစ်၍

မည်သူမျှမရှိကြပါ။ ထိုသထုံကျောင်းဆောင်အလယ်ထပ် အမှောင်ခန်းတခုအတွင်း၌ သခင်အောင်ဆန်းသည် လာရောက် ပုန်းအောင်းနေသည်ကို ကျနော် အမှတ်မထင် တွေ့ရပါသည်။ သူသည်

အလွန်အဖျားတက်နေဟန်တူပါသည်။ အစောင့်ဒရဝမ်က လူသံကြားသည်ဟူ၍ လာပြောသည့်အခါ ကျနော်က တံခါးဖွင့်ကြည့်သည်တွင် ပက်ပင်းပါ သူ့ကို တွေ့ရသည်။

သူ့အား တတ်နိုင်သလောက် အကူအညီပေးပြီးနောက် တနေ့တွင် သူ ထိုနေရာမှ ပျောက်သွားပြန်ပါသည်။ ဤအကြောင်းကို လွတ်လပ်ရေးရပြီးခါစအချိန်က မြဝတီမဂ္ဂဇင်းတွင် “အိမ့်နိမ့်စံ” ကိုအောင်ဆန်း ဟူသော

ခေါင်းစဉ်ဖြင့် ကျွန်တော် ဆောင်းပါးတစောင် ရေးခဲ့ပါသည်။မြန်မာပြည်ကို ဂျပန်များ သိမ်းပိုက်စဉ်အခါက တောင်ငူမြို့၌ ကျနော်သည် ၁၉၄၂ မှ ၁၉၄၅ ခုနှစ် တိုင်အောင် အရှေ့အာရှလူငယ်များအသင်း၏

ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထိုအခါကလည်း တပ်မတော်အတွက် ရန်ကုန်မှ ဗိုလ်ထွန်းလှတို့ တောင်ငူခရိုင်အတွင်း စစ်သားစုဆောင်းရန်လာကြရာ၊ ကျနော်တို့ အာရှလူငယ်အဖွဲ့ကပင်လျှင်

စစ်သားလောင်း ၁၀၀ ခန့်ကို တောရွာများသို့ ဆင်း၍ စုဆောင်းပေးကြရပါသည်။ကမ္ဘာစစ်ကြီး ပြီးမြောက်သည့်အခါ ဗိုလ်ချုင်အောင်ဆန်းသည် ရွှေတိဂုံခြေရင်း၌ ပထမဆုံးအကြိမ်

ဖဆပလ ပြည်လုံးကျွတ်ညီလာခံကြီးကို ခေါ်ယူစဉ်အခါကလည်း တောင်ငူမြို့မှ ကိုယ်စားလှယ်အဖြစ် ကျနော် တက်ရောက်လာခဲ့ပါသည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွေ့ရပြီး သူနဲ့တကွ ရန်ကုန်သို့ လာ၍

နိုင်ငံရေးလုပ်ပါ ဟူ၍ တိုက်တွန်းပါသော်လည်း ကျနော်က ဝါသနာမပါကြောင်းကို တင်ပြ တောင်းပန်ခဲ့ပါသည်။ထိုအခါက မှတ်မှတ်ရရပင် သူက တောင်ငူမြို့သို့ လွတ်လပ်ရေးတရားဟောရန် လာခဲ့မည့်အကြောင်း

လာလျှင် ကျနော်ထံသို့ ဝင်လာမည့်အကြောင်း မှာကြားပါသည်။ တချိန်တွင် သူသည် တောင်ငူမြို့သို့ ရောက်လာစဉ် သူ မှတ်မိလေသလောမသိ ကျနော်အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရှေးဦးစွာ ဝင်လာလျက်

မျက်နှာသစ်၊ လက်ဖက်ရည်သောက်ပြီးမှ တရားပွဲကို သွားပါသည်။တရားပွဲမှာ ကျနော်၏ ရုပ်ရှင်ရုံ “ရင်စီနီမာ”၌ ကျနော် ပြင်ဆင်ထားရာ ထိုနေရာသို့ ကျနော်နဲ့အတူ ရောက်လာကြပါသည်။

ထိုအခါသည် သူနဲ့ ကျနော် နောက်ဆုံးတွေ့ကြရသည့် အချိန်ဖြစ်ပါသည်။ ထို့နောက် ဗိုလ်ချုပ်သည် ကြာကြာ မနေလိုက်ရတော့ပါ။ လောဘ၊ ဒေါသတို့၏ ကြီးစိုးရာ ဤကမ္ဘာ၏အခြားမဲ့၌ သေခြင်းတရားသည်

ငံ့လင့်လျက်ရှိ၏ဟူသော အတိတ်နမိတ်အတိုင်း မြန်မာ့လွတ်လပ်ရေးကြီးကို လက်လှမ်းယူနေဆဲအခါ၌ပင် တိုင်းပြည်အတွက် သူ့အသက်ကို စတေးခံ၍ သွားရပါလေတော့သတည်း။

မြကေတု – DVB(စစ်ပြန်မဂ္ဂဇင်း၊ ဖေဖော်ဝါရီလ၊ ၁၉၈၁)

သခင္ေအာင္ဆန္းႏွင့္ သူ႔ကဗ်ာ သူ႔နိမိတ္

၁၉၈၀ ျပည့္ႏွစ္ ဇူလိုင္လထုတ္ စစ္ျပန္မဂၢဇင္းတြင္ သခင္ေအာင္ဆန္းနဲ႔ ကဗ်ာတပုဒ္ဟူေသာ ေဆာင္းပါးကို သုေတသီတဦးျဖစ္သူ ေမာင္ေသာ္ကက ေရးသားတင္ျပခဲ့ပါသည္။ သခင္ေအာင္ဆန္း၏ ကဗ်ာမွ

William Ernest Henley ေရးသားသည့္ အဂၤလိပ္ကဗ်ာ Invictus ကို မွီျငမ္းျပဳ၍ ေရးသားေၾကာင္းကိုလည္း တင္ျပထားပါသည္။ ဤကဗ်ာကို သခင္ေအာင္ဆန္းသည္ ၁၉၃၆ ခုႏွစ္ အုိးေဝမဂၢဇင္း အတြဲ ၆၊

အမွတ္ ၁၊ ေခါင္းႀကီးပိုင္းတြင္ ေရးသားထည့္သြင္းခဲ့ပါသည္။ကဗ်ာ၏အမည္မွာ “အႏုိင္မခံ” ျဖစ္ပါသည္။ ထိုအခါက သခင္ေအာင္ဆန္းသည္ အိုးေဝမဂၢဇင္းတာဝန္ခံ အယ္ဒီတာ ျဖစ္သျဖင့္ ေခါင္းႀကီးပိုင္းကို

သခင္ေအာင္ဆန္းပင္ ေရးမည္ ထင္ေၾကာင္း၊ သို႔ေသာ္ ထိုေခတ္အခါက မသိနားမလည္သူမ်ားကမူ ယင္းကဗ်ာကို သခင္ေအာင္ဆန္း မေရး၊ အစကနဦး ေရးသားသူမွာ ကဗ်ာဆရာ ပါေမာကၡႀကီး

တဦးျဖစ္သည္ဟူ၍ လည္းေကာင္း၊ နာမည္ႀကီး သတင္းစာဆရာႀကီး တဦးျဖစ္သည္ဟူ၍ လည္းေကာင္း ယံုမွားသံသယ ရွိေနၾကေၾကာင္း၊ ေမာင္ေသာ္ကက သူ၏ အထင္မွာမူ ယင္းကဗ်ာကို

သခင္ ေဆာင္ဆန္းပင္ ေရးမည္ဟူ၍ တထစ္ခ်ယံုၾကည္ပါေၾကာင္းနဲ႔ သူ၏ ေဆာင္းပါးတြင္ တင္ျပထားပါသည္။ငါ့အတြက္ က်ဥ္းေျမာင္းလွသည့္ သုဂတိဘံုကို သြားရသည္ပင္ျဖစ္ေစ၊ က်ယ္ဝန္းလွသည့္

ဒုဂတိဘံုသုိ႔ သြားရသည္ပင္ျဖစ္ေစ ငါသည္ ဂ႐ုမစုိက္။ ငါ့အေပၚ အျပစ္အနာအဆာ ပုဒ္ထီး ပုဒ္မေတြလည္း ငါမမႈ။ ဤကမာၻႀကီး၌ နယ္ခ်ဲ႔တုိ႔သည္ ေလာဘေဒါသေမာဟတုိ႔ျဖင့္ မင္းမူေန၏။

ဤေလာဘေဒါသတို႔ကင္းရာ ကုန္ရာျဖစ္ေသာ အျခားမဲ့၌ကား ငါ့အား နားေနစရာေသျခင္းတရားသည့္ ငံ့လင့္လ်က္ရွိေန၏။ယင္းကဗ်ာကို သခင္ေအာင္ဆန္းကိုယ္တုိင္ပင္လွ်င္ ေရးသားေၾကာင္းကို

က်ေနာ္ ရဲရဲႀကီးေထာက္ခံ တင္ျပလိုပါသည္။ဤသို႔တင္ျပရာ၌ သခင္ေအာင္ဆန္းႏွင့္ က်ေနာ္တုိ႔ ထိုအခ်ိန္အခါက ရင္းႏွီးစြာ ေတြ႔ဆံုၾကရလ်က္ စာေပေဆြးေႏြးမႈမ်ား ျပဳလုပ္ၾကသည္ကိုလည္း တင္ျပလိုပါသည္။

က်ေနာ္သည္ ၁၉၃၀/၃၁ ခုႏွစ္က ရန္ကုန္တကၠသုိလ္ေကာလိပ္သို႔ ေရာက္လာခဲ့ပါသည္။ သခင္ေအာင္ဆန္းမွာမူ ၁၉၃၃ ခုႏွစ္တြင္ တကၠသုိလ္သုိ႔ ေရာက္လာခဲ့ပါသည္။ သူသည္ ဝိဇၨာဘြဲ႔ကို ၁၉၃၇ ခုႏွစ္တြင္

ဆြတ္ခူးပါသည္။ က်ေနာ္က ၁၉၃၇ တြင္ မဟာဝိဇၨာဘြဲ႔ကို ဆြတ္ခူးပါသည္။ သခင္ေအာင္ဆန္းနဲ႔ က်ေနာ္တုိ႔ စာေမးပြဲ ေအာင္ၾကစဥ္အခါက ျမန္မာ့အလင္း သတင္းစာတြင္ ဝိဇၨာတန္းေအာင္စာရင္း

ထြက္ေပၚလာပါသည္။ယင္းေအာင္စာရင္းလည္း ယခုတုိင္ က်ေနာ္ထံတြင္ ရွိေနပါေသးသည္။ က်ေနာ္သည္ ေက်ာင္းသားသမဂၢ အသင္းတြင္ တာဝန္ထမ္းေဆာင္ဖူးသည့္အားေလ်ာ္စြာ ၁၉၃၃-၃၄ ခုႏွစ္တြင္

ေက်ာင္းသားမ်ားသမဂၢအသင္း၏ အမႈေဆာင္တဦးျဖစ္လာခဲ့ပါသည္။ ထိုႏွစ္က က်ေနာ္ တာဝန္ထမ္းေဆာင္ရေသာ တာဝန္မွာ ေက်ာင္းသားမ်ားသမဂၢအသင္းမဂၢဇင္းဟူ၍ပင္ ႐ုိး႐ိုးေခၚေနပါေသးသည္။

၁၉၃၅-၃၆ ခုႏွစ္ သခင္ေအာင္ဆန္း သမဂၢမဂၢဇင္းရဲ႕ တာဝန္ခံအယ္ဒီတာျဖစ္လာသည့္အခါမွသာ ယင္းမဂၢဇင္းကို “အိုးေဝမဂၢဇင္း” ဟူ၍ အမည္ေျပာင္းလာပါသည္။ သမဂၢအသင္း မဂၢဇင္း စတင္ထုတ္ေဝသည့္ႏွစ္မွာ ၁၉၃၀-၃၁ ခုႏွစ္ ျဖစ္ၿပီး သခင္ေအာင္ဆန္း အယ္ဒီတာအျဖစ္ တာဝန္ယူစဥ္ မဂၢဇင္းမွာ အတြဲ ၆၊ အမွတ္ ၁ သို႔ ေရာက္လာပါသည္။

သမဂၢအသင္း၏ အမႈေဆာင္မ်ားကို ႏွစ္စဥ္ဓာတ္ပံု႐ုိက္၍ အသင္းအေဆာက္အအံုနံရံတြင္ ခ်ိတ္ဆြဲထားရာ၌ က်ေနာ္ မဂၢဇင္းအယ္ဒီတာအျဖစ္ တာဝန္ယူစဥ္အခါက ဓာတ္ပံုတခုလည္း ထိုအခါက ရွိေနပါသည္။

ထိုအခါက သမဂၢအသင္း၏ ဥကၠ႒မွာ ဦးသိန္းေမာင္ ျဖစ္ပါသည္။ ဥပေဒတန္းတက္ေနသူျဖစ္ၿပီး သူ႔ကို “ကုလားမသိန္းေမာင္”ဟူ၍ ေခၚၾကပါသည္။ ထိုဓာတ္ပံုတခုကို က်ေနာ္ထံ သိမ္းဆည္းထားခဲ့ဖူးရာ

က်ေနာ္၏ပံုမွာ ေနာက္ဆံုးတန္းညာဘက္က လက္ေနာက္ပစ္လွ်က္ ရွိေနၿပီး ေအာက္ေျခတြင္ “ကိုခ်မ္းျမ (မဂၢဇင္းတာဝန္ခံ)” ဟူ၍ စာတန္းထိုးထားပါသည္။ ထိုအခါက ကိုညဳိျမလည္း အမႈေဆာင္တဦး ျဖစ္ခဲ့ပါသည္။

ယခုအခါ ယင္းဓာတ္ပံုတစ္ခုသည္ ရန္ကုန္တကၠသုိလ္မ်ား စာၾကည့္တိုက္တြင္ ရွိေနလိမ့္ဦးမည္ ထင္ပါသည္။ ၁၉၃၅-၃၆ ခုႏွစ္တြင္ သခင္ေအာင္ဆန္းသည္ မဂၢဇင္းတာဝန္ခံအယ္ဒီတာျဖစ္လာၿပီး

၁၉၃၆-၃၇ ခုႏွစ္တြင္ ကိုညဳိျမက မဂၢဇင္းတာဝန္ခံအျဖစ္ ဆက္လက္ထမ္းေဆာင္ပါသည္။ သခင္ေအာင္ဆန္းသည္ ၁၉၃၅-၃၆ ခုႏွစ္ အိုးေဝမဂၢဇင္း တာဝန္ခံျဖစ္လာစဥ္ ယင္းမဂၢဇင္း၏ ေခါင္းႀကီးပုိင္းတြင္

“အႏိုင္မခံ” ကဗ်ာကို ေရးသား ထည့္သြင္းပါသည္။ ဤဘာသာျပန္ကဗ်ာကို သူကိုယ္တိုင္ ဘာသာျပန္ေရးသားေၾကာင္းကိုလည္း က်ေနာ္ ကိုယ္တိုင္သိပါသည္။ က်ေနာ္သည္ သမဂၢအသင္းသုိ႔

အားလပ္သည့္အခ်ိန္တိုင္း သြားေရာက္လည္ပတ္ပါသည္။ ထိုအခ်ိန္အခါက ၁၉၃၆ ခု ဇြန္လတြင္ က်ေနာ္ ျမန္မာစာဌာနတြင္ အခ်ိန္ဝက္နည္းျပ ဆရာအျဖစ္ ခန္႔ထားျခင္းခံရၿပီး မဟာဝိဇၨာတန္းကို

တက္ေရာက္သင္ၾကားေနသည့္အခါ ျဖစ္ပါသည္။ သမဂၢသုိ႔ ေရာက္လာသည့္အခါတုိင္း သခင္ေအာင္ဆန္းနဲ႔ ေတြ႔ၾကပါသည္။တေန႔ေသာ္ သခင္ေအာင္ဆန္းက ကိုခ်မ္းျမ၊ ကပၸတိန္ေအာက္ဖ္သည္

ဆိုးလ္ (Captation of the Soul) ကို ခင္ဗ်ား ဘယ္လိုျပန္မလဲဟု ေမးပါသည္။ က်ေနာ္က ေပါရာဏစကားမွာေတာ့ ကပၸတိန္ဆိုတဲ့ ေဝါဟာရမ်ဳိးကို ထမုန္သူႀကီးဟူ၍ ဆိုပါတယ္။ ဒါေပမယ့္ မာလိန္မွဴးဆိုရင္

ပိုေကာင္းပါလိမ့္မည္ ထင္တယ္ဟူ၍ ျပန္ေျဖလုိက္ပါသည္။ ဤေဝါဟာရကိုလည္း သခင္ေအာင္ဆန္းက သေဘာမက်သူပါ။ မႀကဳိက္ေသးဘူးဗ်ာ၊ လူတုိင္းနားလည္ႏိုင္မွ ေကာင္းမွာ ဟူ၍ေျပာၿပီး

သူ၏မွတ္စုအၾကမ္းစာအုပ္ထဲတြင္ ယင္းကဗ်ာဘာသာျပန္ကို ေရးျခစ္လုိက္၊ ဖ်က္လိုက္လုပ္ေနသည္ကိုပင္ ေတြ႔ရပါသည္။ကိုေအာင္ဆန္းသည္ သြားေလရာ၌ စာအုပ္တအုပ္ သူ၏လက္ထဲတြင္ ပါလာတတ္ပါသည္။

ထုိအခါက သူ၏လက္ထဲတြင္ လက္ေရြးစင္ အဂၤလိပ္ကဗ်ာေကာက္ႏုတ္ခ်က္ (Selected Poems) တအုပ္ ရွိေနပါသည္။ အႏိုင္မခံကဗ်ာ ကိုေအာင္ဆန္းေရးသားရာ၌ အုိးေဝမဂၢဇင္းေခါင္းႀကီးပိုင္းတြင္

သူ၏ နာမည္မပါ ေၾကာင္းမွာ အဆန္းမဟုတ္ပါ။ ေခါင္းႀကီးပိုင္းကို ေရးသားသူ၏အမည္မွာ မဂၢဇင္းတုိ႔၏ ထံုးတမ္းစဥ္လာအရ ပါေလ့ပါထ မရွိၾကပါ။ ေခါင္းႀကီးပိုင္းကို တာဝန္ခံအယ္ဒီတာမ်ားကသာလွ်င္

ေရးသားၾကရစၿမဲ ျဖစ္ပါသည္။ အျခားကဗ်ာတပုဒ္စ ၂ ပုဒ္စကိုလည္း သခင္ေအာင္ဆန္း ေရးဖူးသည္ကို သိပါသည္။ သို႔ေသာ္ သူ၏အမည္ကို မေတြ႔ရပါ။

“က်ဳပ္တို႔က ေရးမည့္ေရးရင္လည္း နာမည္ရင္းသာ ထည့္မယ္၊ ကေလာင္အမည္ကိုေတာ့ ဘယ္ေတာ့မွ မသံုးဘူးဗ်” ဟူ၍ သူေျပာတတ္သည္ကိုလည္း ၾကားသိရဖူးပါသည္။ တခ်ဳိ႕စာေပသုေတသီမ်ားက

ဆိုၾကသည္။ “ကိုေအာင္ဆန္း ကဗ်ာေတြဟာ အလြန္တက္ႂကြတဲ့ တုိက္ပြဲဝင္ကဗ်ာေတြ ျဖစ္လုိ႔ သူ႔နာမည္ကို မထည့္ဘူး၊ လြတ္လပ္ေရးတိုက္ပြဲဝင္ေနစဥ္ ဆံုးခန္းတိုင္မေရာက္မီ အဖမ္းအဆီး မခံသင့္ေသးဘူးလုိ႔

သူ ယူဆတယ္ ထင္တယ္တဲ့။”ကဗ်ာဟူသည္ တပုဒ္တေလသာ ေရးဖြဲ႔ေစကာမူ ေျပာင္ေျမာက္ေသာ ကဗ်ာျဖစ္ပါက တပုဒ္တည္းနဲ႔လည္း ေက်ာ္ၾကားခဲ့ရဖူးပါသည္။ ေရွးအခါက ရကန္ဆရာဦးတိုး၊ ဧခ်င္းဆရာ

ဦးေဖ်ာ္တုိ႔သည္ ဤအတုိင္းပင္ ျဖစ္ၾကသည္။ ဤကဗ်ာကို သခင္ေအာင္ဆန္းသည္ W.E.Henley ၏ Invictus ကဗ်ာမွတဆင့္ ဘာသာျပန္၍ ေရးဖြဲ႔ထားသည္ျဖစ္ေသာေၾကာင့္ သူ၏ကိုယ္ပိုင္ဉာဏ္မဟုတ္ဟူ၍

တခ်ဳိ႕ဆိုခ်င္ဆို ၾကလိမ့္မည္။ ကဗ်ာဆရာကို ဤသို႔ အျပစ္ မတင္ထုိက္၊ ေရွးအခါက ရွင္မဟာသီလဝံသ၊ ရွင္မဟာရ႒သာရ တို႔သည္လည္း ဘုရားေဟာ ၅၅၀ ဇာတ္ေတာ္လာ ဝတၳဳ၊ အဌကထာဋီကာမ်ားမွ

ဘာသာျပန္ဆိုၿပီး ပ်ဳိ႕ကဗ်ာ တီထြင္ေရးသားၾကသည္ပင္ ျဖစ္ၾကပါသည္။ယခု က်ေနာ္တို႔သည္ သခင္ေအာင္ဆန္း၏ကဗ်ာကို ဖတ္႐ႈပါလွ်င္ အလြန္္ေလးနက္ေျပာင္ေျမာက္ ေသာ အဖြဲ႔အႏဲြ႔၊ ရဲေသြးရဲမာန္စိတ္ဓာတ္ကို

ေသြးသြင္းေသးေသာ စကားလံုးမ်ားကို ေတြ႔ၾကရပါသည္။ ထို႔အျပင္ အဂၤလိပ္ဘာသာမွ ျမန္မာျပန္ဆိုပံုမ်ားသည္လည္း အလြန္ေလးနက္ေပၚလြင္လွသည္။ ျမန္မာဆန္ေသာ ေဝါဟာရမ်ားကို ေရြးခ်ယ္ၿပီး

အကြက္က်က် သူ႔ေနရာနဲ႔ သူ ထားသိုသံုးစြဲတတ္သည္မွာ မ်ားစြာ ခ်ီးမြမ္းဖြယ္ ျဖစ္ပါသည္။ေရွးအခါ လူႀကီးမ်ား ေျပာဆိုၾကရာ၌ ကေလး၊ သူ႐ူး၊ သဘင္သည္၊ ကဗ်ာဆရာတုိ႔ မည္သည္ သူတု႔ိေျပာဆိုဖြဲ႔ႏြဲ႔ေသာ

စကားမ်ား၌ အတိတ္တေဘာင္မ်ား ပါလာတတ္သည္။ နမိတ္လကၡဏာမ်ားလည္း ပါလာတတ္သည္ဟု ဆိုၾကပါသည္။ အေလာင္းမင္းတရားႀကီး လက္ထက္ေတာ္အခါက စိႏၱေက်ာ္သူဟူေသာ ကဗ်ာဆရာႀကီး

တဦးသည္ သူေရးေလသမွ် ကဗ်ာရတုမ်ား၌ အတိတ္နိမိတ္လကၡဏာမ်ား ပါလာတတ္သည္ကို ေတြ႔ၾကရသည္ဟု ဆိုသည္။ ထို႔အတူ ယခု သခင္ေအာင္ဆန္း၏ကဗ်ာ၌လည္း သူကိုယ္တုိင္ ဖတ္ထားေ

နိမိတ္ေရွ႕ေျပးမ်ားကို မ်က္ဝါးထင္ထင္ ေတြ႔ၾကရပါသည္။ထို႔ေၾကာင့္ သခင္ေအာင္ဆန္း၏ကဗ်ာကို က်ေနာ္တို႔ ဖတ္ၾကည့္ၾကပါစုိ႔။

ငါ့အား ဖံုးလႊမ္းထားေသာ လကြယ္သန္းေခါင္၊ ဤေမွာင္မုိက္တြင္းမွေန၍ အႏုိင္မခံ အ႐ႈံးမေပးတတ္ေသာ ငါ၏ စိတ္ဓာတ္ကို ဖန္ဆင္းေပးသည့္ နတ္သိၾကားတို႔အား ငါေက်းဇူးတင္၏။

Out of the Night that covers me, black as the pit from pole to pole. I think what ever Gods may be for My unconquerable soul.

ေလာကဓံတရားတုိ႔၏ ရက္စက္ၾကမ္းၾကဳတ္ေသာ လက္ဆုပ္တြင္းသို႔ က်ေရာက္ေနရျငားေသာ္လည္း ငါကား မတုန္လႈပ္၊ မငိုေႂကြး၊ ကံတရား၏ ႐ုိက္ပုတ္ျခင္းဒဏ္ခ်က္တုိ႔ေၾကာင့္ ငါ၏ဦးေခါင္းသည္ ေသြးသံတို႔ ျဖင့္ ရဲရဲနီ၏။ ညႊတ္ကား မညႊတ္။

In the fell clutch of circumatance I have not winced nor cried aloud. Under the bludgeoniñG of chance My head is bloody, but unbowed. Beyond the place of wrath and tears,

Loom but the horror of the shade.

ဤေလာဘေဒါသတုိ႔ ႀကီးစိုးရာဌာန၏ အျခားမဲ့၌ကား ေသျခင္းတရားသည္ ေၾကာက္မယ္ဖြယ္ရာ ငံ့လင့္ လ်က္ ရွိ၏။ သုိ႔ေသာ္ ငါ့အား မတုန္လႈပ္သည္ကိုသာ ေတြ႔ရအံ့။ ေနာင္ကိုလည္း ဘယ္ေတာ့မွ မေၾကာက္သည္ကုိသာ ေတြ႔ရအံ့။

And yet the menace of the years finds and shall find me unafraid.

သုဂတိသုိ႔ သြားရာတံခါးဝသည္ မည္မွ်က်ဥ္းေျမာင္းသည္ ျဖစ္ေစ၊ ယမမင္း၏ ေခြးေရပရပုိက္၌ ငါ့အျပစ္ တုိ႔ကို မည္မွ်ပင္မ်ားစြာ မွတ္သားထားသည္ျဖစ္ေစ၊ ငါကား ဂ႐ုမျပဳ။

It matters not how strait the gate, how charged with punishments in the scroll.

ငါသာလွ်င္ ငါ့ကံ၏ အရွင္သခင္ျဖစ္၍ ငါသာလွ်င္ ငါ့စိတ္၏အႀကီးအကဲ ျဖစ္သတည္း။

I am the moster of my fate. I am the captain of my soul.

အထက္ပါ ကဗ်ာ၌ သခင္ေအာင္ဆန္းသည္ ေျမာက္ဝင္႐ိုးစြန္းမွသည္ ေတာင္ဝင္႐ိုးစြန္းတုိင္ေအာင္ တူးထားေသာ တြင္းက်ဥ္းတခုကို သူ႔အျမင္၌ ခံစားမိသည္။ ကမာၻလံုးႀကီးတခုကို ေရွ႕၌ထားၾကည့္ပါလွ်င္

အေပၚေျမာက္ဝင္႐ုိးစြန္းမွ ေအာက္ေတာင္ဝင္႐ိုးစြန္းအထိ တူးေဖာ္ထားေသာ က်င္းတစ္ခုကို သူျမင္သည္။ အခ်ိန္ကာလမူ မုိက္ေမွာင္ေနေသာ လကြယ္သန္းေခါင္အခါျဖစ္သည္။ သို႔ျငားေသာ္လည္း

သူသည္ မေၾကာက္၊ ဤမေၾကာက္စိတ္ကို ဖန္ဆင္းေပးသည့္ နတ္သိၾကားမ်ားကို သူေက်းဇူးဆိုမိသည္။

ဤေနရာ၌ (Great men think alike) ဟူေသာ အဂၤလိပ္စကားပံုတခုကို က်ေနာ္သတိရမိသည္။ ပညာရွိႀကီးမ်ား၏ ေတြးဆပံုသည္ တဦးနဲ႔ တဦးတူၾကသည္။ ဦးပုည၏ “ေလွခံ အလွဴခံေမတၱာစာတြင္

ဥမင္တြင္း၌ က်င္းခုနစ္ေတာင္ နက္ေအာင္တူး၍ လကြယ္ေန႔တြင္ မုိက္ေငြ႔လူလူ၊ ဖြားေတာ္မူသည္။ ငၾကဴ”ဟူ၍ ေရးသားထားဖူးပါသည္။

ကဗ်ာ၏ဒုတိယအပုိဒ္ “In this fell clutch” ကို ဘာသာျပန္၍ ဖြဲ႔ႏြဲ႔ပံုမွာ ဗုဒၶဘာသာတရားေတာ္မ်ားနဲ႔ မ်ားစြာ ညီညြတ္တိက်လွသည္။ ၾကမ္းၾကဳတ္ေသာ လက္ဆုပ္တြင္းဟူ၍ ဘာသာျပန္ပံုမွာ မ်ားစြာဆီေလ်ာ္သည္။ Circumstance ကို သူသည္ ေတြ႔ႀကံဳေနရေသာ ဘံုဘဝကို ဆိုလိုေပသည္။ ဤစကားလံုးကိုပင္ “ေလာကဓံတရား၏” ဟူ၍ ျပန္ဆိုလုိက္ပံုမွာ ျမန္မာတို႔၏ လက္သံုးစကား “ရွင္၊ ေသ၊ ျဖစ္၊ ပ်က္၊ ရ၊ ကန္၊ ဆံ၊ ကဲ၊ ပူဆင္းရဲ” ၏ သေဘာကို ေလးနက္စြာ သူတင္ျပထားျခင္းပင္ ျဖစ္သည္။

“Bludgeoning of chance”ကို သူျပန္ဆိုလိုက္ပံုက ကံတရား၏ ႐ုိက္ပုတ္ျခင္းအနက္ကို သူတိုတိုတုတ္ တုတ္ျဖင့္ တင္ျပျခင္းျဖစ္သည္။ အမွန္စင္စစ္ Bludgeoning ဟူသည္မွာ ပုလိပ္တုိ႔ ကိုင္စြဲေသာ

နံပါတ္တုတ္ျဖင့္ ႐ုိက္ျခင္းကို ကဗ်ာက ဆိုလုိျခင္းျဖစ္ပါသည္။ Chance ဟူသည္မွာ အခြင့္အေရးတုိက္ဆုိင္ျခင္းကို သူ ဆိုလိုေပသည္။ အေၾကာင္းတခု၏ တုိက္ဆုိင္မႈေၾကာင့္ ငါ့အား နံပါတ္တုတ္ျဖင့္

႐ိုက္ျခင္းခံရသည္ ျဖစ္၍ ငါ၏ေခါင္းသည္ ေသြးခ်င္းခ်င္း နီရဲေန၏။ ငါ့ကား ဦးေခါင္းကို မညႊတ္၊ မငံု႔ဟူ၍ သူဆိုလိုေပသည္။

ဤစကားကိုေထာက္လွ်င္ သူသည္ ေနာက္မ်ားမၾကာမီ ျဖစ္ေပၚလာမည့္အေၾကာင္း နိမိတ္မ်ားကို သူ ျမင္ထားေလသေလာ မသိ။ ၁၉၃၈ ခုႏွစ္ ဒီဇင္ဘာလတြင္ ေရနံေျမ၌ ေက်ာင္းသားေခါင္းေဆာင္

ကိုဘဟိန္း၊ ကိုဘေဆြတုိ႔အား အဂၤလိပ္အစိုးရက ဖမ္းဆီးထားေလမႈေၾကာင့္ ေက်ာင္းသားမ်ား အတြင္းဝန္႐ံုးကို ဝိုင္း၍ ဆႏၵျပၾကရာတြင္ ေက်ာင္းသား ၃၀ ခန္႔ ေသြးေျမက်ရသည္။ ပုလိပ္တို႔၏

နံပါတ္တုတ္ဒဏ္ေၾကာင့္ ေသြးခ်င္းခ်င္းနီကာ ဗိုလ္ေအာင္ေက်ာ္ ေသဆံုးခဲ့ရသည္။သို႔ေသာ္ သူတုိ႔သည္ ဦးေခါင္းမွ ေသြးခ်င္းခ်င္းနီေအာင္ က်ခဲ့ရေသာ္လည္း ဦးေခါင္းကို မညႊတ္ ဟူေသာ အျဖစ္ကို

သူသည္ ၂ ႏွစ္ေက်ာ္ကာလကပင္ ႀကဳိတင္၍ နိမိတ္ေရွ႕ေျပး ျမင္ထားေလသေလာဟူ၍ ထင္ျမင္ရသည္။ ဤအႏုိင္မခံကဗ်ာကို ၁၉၃၆ ခုႏွစ္၊ ဇန္နဝါရီလတြင္ သူေရး၍ထည့္ခဲ့သည္။ ၁၉၃၈ ခုႏွစ္၊

ဒီဇင္ဘာလတြင္ ဗိုလ္ေအာင္ေက်ာ္ ေသဆံုးရသည္။ ကဗ်ာဟူသည္ အတိတ္နိမိတ္ကိုေဆာင္လ်က္ ထြက္ေပၚလာစၿမဲတည္း။

ထိုကဗ်ာ၏တတိယအပုိဒ္တြင္ကား (Beyond the place of wrath and tears, Loom But the Horror of the Shade) ဟူေသာ စကားကို သခင္ေအာင္ဆန္းသည္ ဘာသာျပန္ဆုိလုိက္ပံုကား

စိတ္ထိခုိက္ျခင္း ျဖစ္ရေလသည္။ ဤအပိုဒ္ကား အတိတ္နိမိတ္ဆန္လွသည္။သူျပန္ဆိုလုိက္ပံု၌ ေလာဘ၊ ေဒါသတုိ႔၏ ႀကီးစိုးရာဟု ဆိုခဲ့ေသာ္လည္း ဤကမာၻႀကီး၌ နယ္ခ်ဲ႔သည္ ေလာဘ၊ ေဒါသ၊ ေမာဟတုိ႔ျဖင့္

မင္းမူေန၏။ မင္းမူျခင္းေၾကာင့္ ခံစားေတြ႕ႀကံဳေနရေသာ ဒုကၡ၊ က်ဆင္းခဲ့ရေသာ မ်က္ရည္တို႔သည္ အုိင္ထြန္းလ်က္ရွိ၏။ ဤေလာဘ၊ ေဒါသတုိ႔ကင္းရာ ကုန္ရာျဖစ္ေသာ အျခားမဲ့၌ကား ငါ့အား နားေနစရာ၊

ေၾကာက္မက္ဖြယ္ရာ ေသျခင္းတရားသည္ ငံ့လင့္လ်က္ရွိ၏ဟူ၍ သူ ဆုိလုိက္ေပသည္။ဤကား သူ႔အတိတ္၊ ဤကား သူ႔နမိတ္ပင္တည္း။ နယ္ခ်ဲ႕၏ အာဃာတ၊ ရန္ၿငဳိး၊ ေလာဘ၊ ေဒါသ၊ ေမာ ဟတုိ႔၏

မင္းမူျခင္းေအာက္မွ မလြတ္ကင္းေသးသမွ် သူ႔ႏုိင္ငံအတြက္ သူ ငိုခဲ့ရ၏။ သူ ပူေဆြးခဲ့ရ၏။ ဤ ပူေဆြး ငိုေႂကြးျခင္း၏ ကင္းရာ ကုနရာ အျခားမဲ့၌ သူ႔အား နားေနရာ (Rest in peace) အရိပ္အာဝါသႀကီးသည္

သူ႔အား ငံ့လင့္လ်က္ရွိသည္ဟူ၍ သူေရးသားခဲ့၏။ ၁၉၃၆ ခုႏွစ္တြင္ ဤကဗ်ာတြင္ သူေရးသားခဲ့ၿပီးေနာက္ ၁၁ ႏွစ္ေျမာက္ၾကာေသာ ၁၉၄၇ ခုႏွစ္တြင္ သူသည္ ငံ့လင့္လ်က္ရွိေသာ အရိပ္အာဝါသႀကီးေအာက္သို႔

သူ ေရာက္ရေလေတာ့သည္။ဤကား သူသည္ ၁၁ ႏွစ္မတုိင္မီကာလပင္ ျမင္ထားေသာနိမိတ္ဟူ၍ ဆိုရေပမည္ေလာမသိ။

ကဗ်ာစပ္ဆိုၿပီး၍ ၁၁ ႏွစ္ေက်ာ္ကာလသုိ႔ ေရာက္ေလေသာ ၁၉၄၇ ခုႏွစ္တြင္ တုိင္းျပည္အတြက္ သူ႔အသက္ကို စေတးျခင္းခံရေတာ့မည္ကို သူမသိ၍ကား မဟုတ္၊ သူ သိပါသည္။

“ဗိုလ္ခ်ဳပ္ သတိထားပါ၊ ယခုတေလာ လက္နက္ေတြ ေပ်ာက္ရွေနတယ္တဲ့၊ ဦးေစာကလည္း သူ႔မ်က္စိက ဒဏ္ရာဟာ ဗိုလ္ခ်ဳပ္ဘက္ေတာ္သားေတြရဲ႕ လက္ခ်က္လုိ႔ စြပ္စြဲေနတယ္တဲ့”ဟူေသာ

သတိေပးစကားကုိပင္ သူ ဂ႐ုမစုိက္။“ေဟ့ လြတ္လပ္ေရးႀကဳိးပမ္းေနတဲ့ ႏိုင္ငံခ်စ္ပုဂၢဳိလ္ဆိုတာ တေန႔ေန႔ ဒီလမ္းကိုပဲ သြားၾကရတာပဲ၊ ဒါ ဟာ အဆန္းလား”ဟူ၍ ဗိုလ္ခ်ဳပ္က ဆိုခဲ့ေသး၏။

သခင္ေအာင္ဆန္း၏ ဘာသာျပန္ဆိုပံုတြင္ လက္ဖ်ားခါရေလာက္ေအာင္ ခ်ီးမြမ္းဖြယ္ သူသံုးစြဲထားသည့္ အပိုဒ္မွာ စတုတၳအပုိဒ္ ျဖစ္ပါသည္။

၎ကား (It matters not how strait the gate, How charged with punishments in the scroll) ဟူေသာ အပိုဒ္ျဖစ္ပါသည္။ ဤအပိုဒ္၌ သူဆိုလိုသည္မွာကား။

သုဂတိသို႔သြားရာလမ္းသည္ အလြန္ပင္ ခက္ခဲက်ဥ္းေျမာင္းလွသည္။ လူတုိင္းမေရာက္ႏုိင္၊ ခက္ခက္ခဲခဲ ေက်ာ္လြန္ၿပီးမွ ေရာက္ရသည္။ ဒုဂတိဘံု၏တံခါးမွာကား က်ယ္လြန္းလွသည္။ ငရဲဘံုသုိ႔ အသြားမ်ားသျဖင့္

တံခါးဝကျဖင့္ က်ယ္လြန္းလွသည္။ ဤသည္ကိုလည္း သူသည္ တရားသေဘာျဖင့္ ျမင္ျခင္းျဖစ္ သည္။ ထုိ႔ေၾကာင့္ သူ ဆိုလုိက္သည္။

“ငါ့အတြက္ က်ဥ္းေျမာင္းလွသည့္ သုဂတိဘံုသုိ႔ သြားရသည္ပင္ျဖစ္ေစ၊ က်ယ္ဝန္းလွသည့္ ဒုဂတိဘံုသုိ႔ သြားရသည္ပင္ျဖစ္ေစ၊ ငါသည္ ဂ႐ုမစုိက္ ငါ့အေပၚ အျပစ္အနာအဆာေတြကို ဘယ္လိုပင္

ကုတ္ကပ္ရွာ ေဖြၿပီး ဥပေဒ ပုဒ္ထီးပုဒ္မေတြႏွင့္ ဘယ္လိုပင္ စြဲခ်က္တင္သည္ပင္ျဖစ္ေစ၊ ငါ၏မေကာင္းမႈဟူသမွ်ေတြကို ယမမင္း၏ ေခြးေရပုရပုိက္၌ မည္မွ်ပင္ ေရးမွတ္ထားၿပီး ေပးမည့္အျပစ္ဒဏ္ကိုလည္း

ေရးမွတ္စာရင္း ျပထားသည့္ တိုင္ေအာင္ ငါသည္ ဂ႐ုမစုိက္” ဟူ၍ သူဆိုလိုက္ျခင္းျဖစ္ေပသည္။ဤကဗ်ာကို ထိုေခတ္က လူငယ္ကေလးမ်ားအား နိမ့္က်ေသာစိတ္ဓာတ္၊ သူရဲေဘာေၾကာင္ေနေသာ

စိတ္ေပ်ာ့စိတ္ညံ့တို႔ကို ေခ်မႈန္းလ်က္၊ သတိၱေျပာင္ေျမာက္ရေလေအာင္ သူရသတၱိနဲ႔ ရဲရဲေတာက္ လူငယ္မ်ား ေပၚေပါက္လာရေလေအာင္ ရဲေဆးတင္ေပးလုိက္ေသာ ကဗ်ာျဖစ္ေပသည္။

ထို႔ေၾကာင့္ ထိုေခတ္ ထုိအခါက လူငယ္ဟူသမွ် စိတ္ဓာတ္ႀကံ႕ခုိင္လွၿပီး နယ္ခ်ဲ႕ကို ခံတုိက္လိုစိတ္မ်ား တဖြားဖြား ေပၚေပါက္လာလ်က္ ျမင္းခြာတခ်က္ေပါက္က မီးတခ်က္ေတာက္ခဲ့သည္ဟု ဆိုခ်င္ပါ သည္။

ကမာၻစစ္ႀကီးျဖစ္လုနီး၍ သခင္ေအာင္ဆန္းသည္ ဂ်ပန္ျပည္သို႔ ရဲေဘာ္သံုးက်ိပ္ဝင္အျဖစ္ သြားေရာက္ရမည့္အခ်ိန္ပိုင္းတြင္ ေခတၱပုန္းေအာင္းေနရရာ ထိုအခ်ိန္မွာ ပုလိပ္မင္းႀကီးက သခင္ေအာင္ဆန္းအား

ဆုေငြ ၅ က်ပ္ထုတ္၍ပင္ ေၾကညာထားေသာအခါ ျဖစ္ပါသည္။ ထိုအခ်ိန္က က်ေနာ္သည္ သထံုေက်ာင္းေဆာင္၌ အေဆာင္မွဴးအျဖစ္ျဖင့္ အမႈထမ္းေနခ်ိန္ျဖစ္ပါသည္။ ေက်ာင္းမ်ားလည္း ပိတ္ထားခ်ိန္ ျဖစ္၍

မည္သူမွ်မရွိၾကပါ။ ထိုသထံုေက်ာင္းေဆာင္အလယ္ထပ္ အေမွာင္ခန္းတခုအတြင္း၌ သခင္ေအာင္ဆန္းသည္ လာေရာက္ ပုန္းေအာင္းေနသည္ကို က်ေနာ္ အမွတ္မထင္ ေတြ႔ရပါသည္။ သူသည္

အလြန္အဖ်ားတက္ေနဟန္တူပါသည္။ အေစာင့္ဒရဝမ္က လူသံၾကားသည္ဟူ၍ လာေျပာသည့္အခါ က်ေနာ္က တံခါးဖြင့္ၾကည့္သည္တြင္ ပက္ပင္းပါ သူ႔ကို ေတြ႔ရသည္။

သူ႔အား တတ္ႏုိင္သေလာက္ အကူအညီေပးၿပီးေနာက္ တေန႔တြင္ သူ ထုိေနရာမွ ေပ်ာက္သြားျပန္ပါသည္။ ဤအေၾကာင္းကို လြတ္လပ္ေရးရၿပီးခါစအခ်ိန္က ျမဝတီမဂၢဇင္းတြင္ “အိမ့္နိမ့္စံ” ကိုေအာင္ဆန္း ဟူေသာ

ေခါင္းစဥ္ျဖင့္ ကၽြန္ေတာ္ ေဆာင္းပါးတေစာင္ ေရးခဲ့ပါသည္။ျမန္မာျပည္ကို ဂ်ပန္မ်ား သိမ္းပုိက္စဥ္အခါက ေတာင္ငူၿမဳိ႕၌ က်ေနာ္သည္ ၁၉၄၂ မွ ၁၉၄၅ ခုႏွစ္ တုိင္ေအာင္ အေရွ႕အာရွလူငယ္မ်ားအသင္း၏

ဥကၠ႒အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ပါသည္။ ထိုအခါကလည္း တပ္မေတာ္အတြက္ ရန္ကုန္မွ ဗိုလ္ထြန္းလွတုိ႔ ေတာင္ငူခ႐ုိင္အတြင္း စစ္သားစုေဆာင္းရန္လာၾကရာ၊ က်ေနာ္တုိ႔ အာရွလူငယ္အဖြဲ႔ကပင္လွ်င္

စစ္သားေလာင္း ၁၀၀ ခန္႔ကို ေတာရြာမ်ားသုိ႔ ဆင္း၍ စုေဆာင္းေပးၾကရပါသည္။ကမာၻစစ္ႀကီး ၿပီးေျမာက္သည့္အခါ ဗိုလ္ခ်ဳင္ေအာင္ဆန္းသည္ ေရႊတိဂံုေျခရင္း၌ ပထမဆံုးအႀကိမ္

ဖဆပလ ျပည္လံုးကၽြတ္ညီလာခံႀကီးကို ေခၚယူစဥ္အခါကလည္း ေတာင္ငူၿမဳိ႕မွ ကိုယ္စားလွယ္အျဖစ္ က်ေနာ္ တက္ေရာက္လာခဲ့ပါသည္။ ထုိအခါ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ ေတြ႔ရၿပီး သူနဲ႔တကြ ရန္ကုန္သုိ႔ လာ၍

ႏုိင္ငံေရးလုပ္ပါ ဟူ၍ တုိက္တြန္းပါေသာ္လည္း က်ေနာ္က ဝါသနာမပါေၾကာင္းကို တင္ျပ ေတာင္းပန္ခဲ့ပါသည္။ထုိအခါက မွတ္မွတ္ရရပင္ သူက ေတာင္ငူၿမဳိ႕သို႔ လြတ္လပ္ေရးတရားေဟာရန္ လာခဲ့မည့္အေၾကာင္း

လာလွ်င္ က်ေနာ္ထံသို႔ ဝင္လာမည့္အေၾကာင္း မွာၾကားပါသည္။ တခ်ိန္တြင္ သူသည္ ေတာင္ငူၿမဳိ႕သုိ႔ ေရာက္လာစဥ္ သူ မွတ္မိေလသေလာမသိ က်ေနာ္အိမ္သုိ႔ ဆုိက္ဆုိက္ၿမဳိက္ၿမဳိက္ ေရွးဦးစြာ ဝင္လာလ်က္

မ်က္ႏွာသစ္၊ လက္ဖက္ရည္ေသာက္ၿပီးမွ တရားပြဲကို သြားပါသည္။တရားပြဲမွာ က်ေနာ္၏ ႐ုပ္ရွင္႐ံု “ရင္စီနီမာ”၌ က်ေနာ္ ျပင္ဆင္ထားရာ ထိုေနရာသို႔ က်ေနာ္နဲ႔အတူ ေရာက္လာၾကပါသည္။

ထုိအခါသည္ သူနဲ႔ က်ေနာ္ ေနာက္ဆံုးေတြ႔ၾကရသည့္ အခ်ိန္ျဖစ္ပါသည္။ ထုိ႔ေနာက္ ဗိုလ္ခ်ဳပ္သည္ ၾကာၾကာ မေနလုိက္ရေတာ့ပါ။ ေလာဘ၊ ေဒါသတုိ႔၏ ႀကီးစိုးရာ ဤကမာၻ၏အျခားမဲ့၌ ေသျခင္းတရားသည္

ငံ့လင့္လ်က္ရွိ၏ဟူေသာ အတိတ္နမိတ္အတိုင္း ျမန္မာ့လြတ္လပ္ေရးႀကီးကို လက္လွမ္းယူေနဆဲအခါ၌ပင္ တုိင္းျပည္အတြက္ သူ႔အသက္ကို စေတးခံ၍ သြားရပါေလေတာ့သတည္း။

ျမေကတု – DVB(စစ္ျပန္မဂၢဇင္း၊ ေဖေဖာ္ဝါရီလ၊ ၁၉၈၁)