ညီလေး ညီမလေးတို့ ဖတ်ဖို့
၁ ။ တည်ငြိမ်ဖို့လိုပါတယ်။
(က) လွယ်လွယ်နဲ့ ကိုယ့်ခံစားချက်ကို မျက်နာမှာ မပြသရဘူး။
(ခ) တွေ့တဲ့လူနဲ့ ကိုယ့်ဒုက္ခတွေ၊ အခက်အခဲတွေ မပြောရဘူး။
(ဂ) သူများရဲ့အကြံအဉာဏ်ကို မတောင်းဆိုခင် ကိုယ်ကိုယ်တိုင်အရင် စဉ်းစားထားပါ။ ဒါပေမဲ့ အရင်မပြောပါနှင့်။
(ဃ) အတတ်နိုင်ဆုံး complain မတက်ပါနှင့်။ မငြီးညူ ပါနှင့်။
(င) အရေးကြီးတဲ့ ကိစ္စများကို အတတ်နိုင်ဆုံး သူများနဲ့ အရင်ဆွးနွေးပါ။ ဖြစ်နိုင်ရင် တစ်ရက်ကျော်ပြီးမှ အပြင်ကို ဖေါ်ထုတ်ပါ။
(စ) စကားပြောတာ၊ အလုပ်လုပ်တာက အစ၊ လမ်းလျှောက်တာက အဆုံး ဘယ်တော့အခါမှ မလောပါနှင့်။
(ဆ) ကိုယ့်ကိုယ်ကို ယုံကြည်မူ ရှိတာ အလွန်ကောင်းပါတယ်။ ဒါပေမဲ့ အခြားသူများရဲ့ အယူအဆကို လည်း လစ်လျူမရူ့ ပါနှင့်။
(ဇ) လူတိုင်းအပေါ် ယဉ်ကျေးဖို့ မင်းမှာ တာဝန်ရှိတယ်။ သိထားရမှာက မင်းဘယ်သူ့ထက်မှ မထူးချွန်ပါဘူး။
၂။ အလေးထားဖို့လိုပါတယ်။
(က) ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်သမျှ အကျိုးအကြောင်းဆက်စပ်မူ တွေးခေါ် စဉ်းစားရပါမယ်။
(ခ) မပြည့်စုံ မပြီးမြောက်လိုက်တဲ့ ကိစ္စများအပေါ် အကြောင်းရင်း ရဲ့ အရင်းအမြစ်ကို ဖေါ်ထုတ်တတ်ရပါမယ်။
(ဂ) ဓမ္မရိုးကျ ပြုလုပ်နေတဲ့ လုပ်ငန်းစဉ်များအပေါ် ထိုးထွင်းမြင်တတ်အောင်ကြိုးစားရပါမယ်။
(ဃ) ဘာပဲလုပ်လုပ် အစီအစဉ် လုပ်ငန်းစဉ်အတိုင်း ပြုလုပ်တဲ့ အကျင့်ရှိရပါမယ်။
၃။ ယုံကြည်မူ ရှိရပါမယ်။
(က) ဘယ်တော့မှ ယုံကြည်မူ ယုတ်လျှော့စေတဲ့ စကားမပြောဆိုပါနှင့်။
(ခ) ကိုယ့်ဆုံးဖြတ်ချက်ကို လွယ်လွယ်နဲ့ မပြုပြင်ပါနှင့်၊ ခဏခဏ နောင်တရတာမျိုး မဖြစ်စေနင့်။
(ဂ) လူအများ အငြင်းအခုန်ဖြစ်ပေါ်နေတဲ့ နေရာများမှာ ကိုယ့်ရပ်တည်ချက် မပျောက်ဆုံးပါစေနှင့်။
(ဃ) လူအများ စိတ်ဓါတ်ကျနေတဲ့ ပတ်ဝန်းကျင်နဲ့ ကြုံခဲ့လို့ရှိရင် ကိုယ်ကအကောင်းမြင်နိုင်အောင်ကြိုးစားရမည်။
(င) ဘာကိုပဲလုပ်လုပ်၊ စိတ်နှစ်ကိုယ်နှစ် လုပ်တတ်တဲ့အကျင့် မွေးမြူထားရပါမယ်။
(စ) တစ်ခုခု အဆင်မပြေရင် ခဏရပ်လိုက်ပါ ။ ဖြေရှင်း ထိုးဖေါက်နိုင်ဖို့နည်းလမ်းရှာပါ။ ချက်ချင်းပြန်စပါ။
၄။ သဘောထားကြီးရပါမယ်။
(က) မိတ်ဆွေဖြစ်နိုင်တဲ့ မည်သူ့ကိုမဆို ပြိုင်ဘက်ဖြစ်အောင် မတွန်းပို့ပါနှင့်။
(ခ) သူများရဲ့ သေးငယ်တဲ့အမှား၊ ပျော့ကွက် ဟာကွက်တွေအပေါ် လုံးဝမတွက်ကပ်ပါနှင့်။
(ဂ) ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် အတတ်နိုင်ဆုံး သဘောထားကြီးပါ။
(ဃ) ဘယ်တော့မှ ဘဝင်မမြင့်အောင်နေထိုင်ပါ။
(င) မည်သည့်အောင်မြင်မူ မဆို သူများနဲ့ မျဝေနိုင်အောင် ကြိုးစားပါ။
၅။ ဂတိတည်ရပါမယ်။
(က) မဖြစ်နိုင်တဲ့အရာ ဘယ်တော့မှ လွယ်လွယ် နဲ့ မပြောမိပါစေနှင့်။
(ခ) မဖြစ်နိုင်တဲ့ ကြွေးကြော်သံတွေ ဘယ်တော့မှ အသုံးမပြုပါနှင့်၊
(ဂ) တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ၊ သူများသိသိမသိသိ တပတ်ရိုက်တဲ့ အလုပ်မျိုး အမြဲရှောင်ရှားပါ။
(ဃ) လူလည်ကျတာမျိုး ဘယ်တော့မှ မပတ်သက်မိပါစေနှင့်၊
၆။ တာဝန်ယူရဲ ရပါမယ်။
(က) အပြစ်အနာအဆာ တစ်ခုခုကို ပြန်လည်သုံးသပ်တော့မယ်ဆိုရင် ကိုယ်ကနေ အရင်စသုံးသပ်ပါ။
(ခ) ဘာစီမံကိန်းပဲဆွဲဆွဲ တစ်ခုလုံး ခြုံငုံသုံးသပ်တတ်တဲ့ အကျင့်မွေးမြူထားပါ။
(ဂ) ကိုယ့်ကြောင့်ဖြစ်ပေါ်လာတဲ့ ဘယ်ပြသနာကိုမဆို တာဝန်ယူရဲပါ။
၇။ တိုးတက်အောင်အမြဲ ကြိုးစားနေပါစေ။
(က) ဗဟုသုတ စုဆောင်းတတ်တဲ့အကျင့်၊ မှတ်စုရေးတဲ့အကျင့် မွေးမြူထားပါ။
(ခ) ကိုယ့်ကိုယ်ကို နားလည်အောင် အမြဲကြိုးစားပါ။ ကိုယ့်ကိုယ်ကိုမှ အဆင်မပြေရင် ဘယ်သူ့နဲ့မှ အဆင်မပြေနိုင်ပါ။
(ဂ) ဘာပဲလုပ်လုပ် ရည်ရွယ်ချက်ထားရှိပါ။
(ဃ) ဘာသာရေးကို ကိုင်းရိူင်းပါ။ ဒါပေမဲ့ ကိုယ်အစွမ်းကုန်မကြိုးစားလို့၊ ကိုယ်ကောင်းကောင်း မစီမံခံ့ခွဲတတ်လို့၊ ဘဝမှာ ဆုံးရူံးမူ (သို့) မအောင်မြင်မူ နဲ့ ကြုံလာခဲ့ရင် ဘဝပေးကုသိုလ်မကောင်းလို့၊ ကံမကောင်းလို့ ဆိုတဲ့ပုံစံမျိုးနဲ့ အကြောင်းပြချက်မရှာပါနှင့်၊ ဆက်ကြိုးစားပါ။
မူရင်းရေးသူအား Credit ပါ
zawgyi
ညီေလး ညီမေလးတို႔ ဖတ္ဖို႔
၁ ။ တည္ၿငိမ္ဖို႔လိုပါတယ္။
(က) လြယ္လြယ္နဲ႔ ကိုယ့္ခံစားခ်က္ကို မ်က္နာမွာ မျပသရဘူး။
(ခ) ေတြ႕တဲ့လူနဲ႔ ကိုယ့္ဒုကၡေတြ၊ အခက္အခဲေတြ မေျပာရဘူး။
(ဂ) သူမ်ားရဲ႕အႀကံအဉာဏ္ကို မေတာင္းဆိုခင္ ကိုယ္ကိုယ္တိုင္အရင္ စဥ္းစားထားပါ။ ဒါေပမဲ့ အရင္မေျပာပါႏွင့္။
(ဃ) အတတ္ႏိုင္ဆုံး complain မတက္ပါႏွင့္။ မၿငီးညဴ ပါႏွင့္။
(င) အေရးႀကီးတဲ့ ကိစၥမ်ားကို အတတ္ႏိုင္ဆုံး သူမ်ားနဲ႔ အရင္ဆြးေႏြးပါ။ ျဖစ္ႏိုင္ရင္ တစ္ရက္ေက်ာ္ၿပီးမွ အျပင္ကို ေဖၚထုတ္ပါ။
(စ) စကားေျပာတာ၊ အလုပ္လုပ္တာက အစ၊ လမ္းေလွ်ာက္တာက အဆုံး ဘယ္ေတာ့အခါမွ မေလာပါႏွင့္။
(ဆ) ကိုယ့္ကိုယ္ကို ယုံၾကည္မူ ရွိတာ အလြန္ေကာင္းပါတယ္။ ဒါေပမဲ့ အျခားသူမ်ားရဲ႕ အယူအဆကို လည္း လစ္လ်ဴမ႐ူ႕ ပါႏွင့္။
(ဇ) လူတိုင္းအေပၚ ယဥ္ေက်းဖို႔ မင္းမွာ တာဝန္ရွိတယ္။ သိထားရမွာက မင္းဘယ္သူ႔ထက္မွ မထူးခြၽန္ပါဘူး။
၂။ အေလးထားဖို႔လိုပါတယ္။
(က) ကိုယ့္ပတ္ဝန္းက်င္မွာ ျဖစ္ေပၚသမွ် အက်ိဳးအေၾကာင္းဆက္စပ္မူ ေတြးေခၚ စဥ္းစားရပါမယ္။
(ခ) မျပည့္စုံ မၿပီးေျမာက္လိုက္တဲ့ ကိစၥမ်ားအေပၚ အေၾကာင္းရင္း ရဲ႕ အရင္းအျမစ္ကို ေဖၚထုတ္တတ္ရပါမယ္။
(ဂ) ဓမၼ႐ိုးက် ျပဳလုပ္ေနတဲ့ လုပ္ငန္းစဥ္မ်ားအေပၚ ထိုးထြင္းျမင္တတ္ေအာင္ႀကိဳးစားရပါမယ္။
(ဃ) ဘာပဲလုပ္လုပ္ အစီအစဥ္ လုပ္ငန္းစဥ္အတိုင္း ျပဳလုပ္တဲ့ အက်င့္ရွိရပါမယ္။
၃။ ယုံၾကည္မူ ရွိရပါမယ္။
(က) ဘယ္ေတာ့မွ ယုံၾကည္မူ ယုတ္ေလွ်ာ့ေစတဲ့ စကားမေျပာဆိုပါႏွင့္။
(ခ) ကိုယ့္ဆုံးျဖတ္ခ်က္ကို လြယ္လြယ္နဲ႔ မျပဳျပင္ပါႏွင့္၊ ခဏခဏ ေနာင္တရတာမ်ိဳး မျဖစ္ေစနင့္။
(ဂ) လူအမ်ား အျငင္းအခုန္ျဖစ္ေပၚေနတဲ့ ေနရာမ်ားမွာ ကိုယ့္ရပ္တည္ခ်က္ မေပ်ာက္ဆုံးပါေစႏွင့္။
(ဃ) လူအမ်ား စိတ္ဓါတ္က်ေနတဲ့ ပတ္ဝန္းက်င္နဲ႔ ႀကဳံခဲ့လို႔ရွိရင္ ကိုယ္ကအေကာင္းျမင္ႏိုင္ေအာင္ႀကိဳးစားရမည္။
(င) ဘာကိုပဲလုပ္လုပ္၊ စိတ္ႏွစ္ကိုယ္ႏွစ္ လုပ္တတ္တဲ့အက်င့္ ေမြးျမဴထားရပါမယ္။
(စ) တစ္ခုခု အဆင္မေျပရင္ ခဏရပ္လိုက္ပါ ။ ေျဖရွင္း ထိုးေဖါက္ႏိုင္ဖို႔နည္းလမ္းရွာပါ။ ခ်က္ခ်င္းျပန္စပါ။
၄။ သေဘာထားႀကီးရပါမယ္။
(က) မိတ္ေဆြျဖစ္ႏိုင္တဲ့ မည္သူ႔ကိုမဆို ၿပိဳင္ဘက္ျဖစ္ေအာင္ မတြန္းပို႔ပါႏွင့္။
(ခ) သူမ်ားရဲ႕ ေသးငယ္တဲ့အမွား၊ ေပ်ာ့ကြက္ ဟာကြက္ေတြအေပၚ လုံးဝမတြက္ကပ္ပါႏွင့္။
(ဂ) ေငြေရးေၾကးေရးနဲ႔ ပတ္သက္လာရင္ အတတ္ႏိုင္ဆုံး သေဘာထားႀကီးပါ။
(ဃ) ဘယ္ေတာ့မွ ဘဝင္မျမင့္ေအာင္ေနထိုင္ပါ။
(င) မည္သည့္ေအာင္ျမင္မူ မဆို သူမ်ားနဲ႔ မ်ေဝႏိုင္ေအာင္ ႀကိဳးစားပါ။
၅။ ဂတိတည္ရပါမယ္။
(က) မျဖစ္ႏိုင္တဲ့အရာ ဘယ္ေတာ့မွ လြယ္လြယ္ နဲ႔ မေျပာမိပါေစႏွင့္။
(ခ) မျဖစ္ႏိုင္တဲ့ ေႂကြးေၾကာ္သံေတြ ဘယ္ေတာ့မွ အသုံးမျပဳပါႏွင့္၊
(ဂ) တိုက္႐ိုက္ျဖစ္ေစ၊ သြယ္ဝိုက္ျဖစ္ေစ၊ သူမ်ားသိသိမသိသိ တပတ္႐ိုက္တဲ့ အလုပ္မ်ိဳး အၿမဲေရွာင္ရွားပါ။
(ဃ) လူလည္က်တာမ်ိဳး ဘယ္ေတာ့မွ မပတ္သက္မိပါေစႏွင့္၊
၆။ တာဝန္ယူရဲ ရပါမယ္။
(က) အျပစ္အနာအဆာ တစ္ခုခုကို ျပန္လည္သုံးသပ္ေတာ့မယ္ဆိုရင္ ကိုယ္ကေန အရင္စသုံးသပ္ပါ။
(ခ) ဘာစီမံကိန္းပဲဆြဲဆြဲ တစ္ခုလုံး ၿခဳံငုံသုံးသပ္တတ္တဲ့ အက်င့္ေမြးျမဴထားပါ။
(ဂ) ကိုယ့္ေၾကာင့္ျဖစ္ေပၚလာတဲ့ ဘယ္ျပသနာကိုမဆို တာဝန္ယူရဲပါ။
၇။ တိုးတက္ေအာင္အၿမဲ ႀကိဳးစားေနပါေစ။
(က) ဗဟုသုတ စုေဆာင္းတတ္တဲ့အက်င့္၊ မွတ္စုေရးတဲ့အက်င့္ ေမြးျမဴထားပါ။
(ခ) ကိုယ့္ကိုယ္ကို နားလည္ေအာင္ အၿမဲႀကိဳးစားပါ။ ကိုယ့္ကိုယ္ကိုမွ အဆင္မေျပရင္ ဘယ္သူ႔နဲ႔မွ အဆင္မေျပႏိုင္ပါ။
(ဂ) ဘာပဲလုပ္လုပ္ ရည္႐ြယ္ခ်က္ထားရွိပါ။
(ဃ) ဘာသာေရးကို ကိုင္း႐ိူင္းပါ။ ဒါေပမဲ့ ကိုယ္အစြမ္းကုန္မႀကိဳးစားလို႔၊ ကိုယ္ေကာင္းေကာင္း မစီမံခံ့ခြဲတတ္လို႔၊ ဘဝမွာ ဆုံး႐ူံးမူ (သို႔) မေအာင္ျမင္မူ နဲ႔ ႀကဳံလာခဲ့ရင္ ဘဝေပးကုသိုလ္မေကာင္းလို႔၊ ကံမေကာင္းလို႔ ဆိုတဲ့ပုံစံမ်ိဳးနဲ႔ အေၾကာင္းျပခ်က္မရွာပါႏွင့္၊ ဆက္ႀကိဳးစားပါ။
မူရင္းေရးသူအား Credit ပါ