ကျွန်မတို့လို အသက် ၄၀ နားနီးတဲ့ အိမ်ထောင်ရှင်မတွေ ခုချိန်ကစပြီး Skin care သေချာ လုပ်သင့်ပါတယ် ။
အသားဖြူတာ ညိုတာထက် အသားအရေ ကောင်းပြီး စိုပြေလှပဖို့က အရေးကြီးပါတယ်။ ကျွန်မဆို အသားညိုတဲ့ထဲမှာပါတယ် ။ နောက်ပိုင်းရေများများသောက် အသီးအရွက် များများစားတော့ အသားစို လာတယ်။
Skin care အတွက် Branded တွေကို မသုံးရလို့လဲ ကိစ္စမရှိပါဘူး။ ကျွန်မတို့ အိမ်ရှင်မတွေရဲ့ မီးဖိုချောင်မှာ အဖိုးနည်းပြီး အစွမ်းထက်တဲ့သဘာ၀ပစ္စည်း တွေရှိပါတယ် ။
မသိသူကျော်သွား သိသူဖော်စားလဲ မဟုတ်ပါဘူး။ အားလုံးသိကြပါတယ် ။ မလုပ်ဖြစ်ကြတာပါ။ ဒီတော့ကာ ဟင်းမချက်ခင် မျက်နှာလေးအတွက် ၁၀ မိနစ်လောက် အချိန်ပေးလိုက်ပါ ။
လှတစ်မျက်နှာလေး ဖြစ်ဖို့ အရေး
ဒီနေ့ကတော့ အာလူး + ကြက်ဥ စကွင်းကဲ နေ့ပါ …
အာလူးမှာပါတဲ့အာနိသင်တွေက ဝက်ခြံတွေကိုလဲ ပျောက်စေတယ်။
အသားအရည်အတွက်လဲ အကောင်းဆုံး အာပာာရဓါတ်တွေ ဖြည့်တင်းပေးနိုင်တယ်။
whitening အတွက်ကတော့ အကောင်းဆုံးမို့ အသားဖြူချင်တဲ့ သူတွေ၊ Skin glow ဖြစ်ချင်တဲ့ သူတွေအတွက် အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းကို ဝေမျှပေးလိုက်တယ်နော်။
ကြက်ဥလေးကတော့ အသားအရေကို တင်းရင်းချောမွေ့စေတယ်။ အဆီဖု နဲ့ ဆား၀က်ခြံတွေကို သက်သာစေတယ် ။
ပိုက်ဆံ ၂၀၀ လောက်ပဲ ကုန်ပေမယ့် Result ကတော့ အံ့မခမ်းပါ
အာလူး ၊ ကြက်ဥ ၊ mask အတွက် wet tissue လေး လိုပါတယ်
အာလူးကို ကြိတ်ပြီး အရည် နဲ့ ကြက်ဥ အကာ ခေါက်ထားလေးကို ရောမွှေပါမယ်။
သမအောင် ခေါက်လိုက်ပါတယ်။ (ကြက်ဥ ပါတော့ ခေါက်လိုက်တယ် )
Wet tissue လေးကို မျက်လုံး ၊ နှာခေါင်း ၊ ပါးစပ် နေရာအတွက် ကပ်ကြေးနဲ့ ညှပ်ပါ။ အရည်တွင် နှစ်ပြီး အနည်းငယ် ညှစ်ပါ။ ပြီးရင် နေရာ တကျ ကပ်လိုက်ပါ။
မူရင်းလေးစားစွာဖြင့် ခရက်ဒစ်
Zawgyi