နောက်တစ်ပတ်မှာ သင့်ကံကြမ္မာဘယ်လိုရှိမလဲဆိုတာ တားရော့ကတ်လေးတွေက ခန့်မှန်းပြမယ်
နံပါတ် ၁
ဒီကတ်လေးမှာ ပြောပြထားတာကတော့ နောက်တစ်ပတ်မှာ သင့်ကိုဒုက္ခတွေ၊ အန္တရာယ်တွေ၊ ရှုံးနိမ့်မှုတွေနဲ့ အရှက်တကွဲအကျိုးနည်း ကိစ္စတွေဖြစ်အောင် ဖန်တီးပေးမယ့် လူတွေနဲ့ ဆုံစည်းနိုင်တဲ့အတွက် အထူးသတိထားဖို့ ပြောထားပါတယ်။ ဒါ့အပြင် စိတ်ထိခိုက် ဝမ်းနည်းစရာကိစ္စတွေနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ဒီလိုကျဉ်းထဲကျပ်ထဲရောက်နေပြီး ခက်ခဲတဲ့အခြေအနေမှာ မိမိစိတ်ကိုအတတ်နိုင်ဆုံး ထိန်းချုပ်ဖို့ အထူးသတိပြုပါ။ စိတ်လိုက်မာန်ပြု ဆုံးဖြတ်တာမျိုး၊ ဒေါသအလျောက် ပြုမှုမိတာမျိုးကို ဂရုစိုက်ရှောင်ရှားပါ။ ခြုံငုံပြီးပြောရမယ်ဆိုရင်တော့ နောက်တစ်ပတ်အတွက် သင့်ကံကြမ္မာက အဆိုးဆုံးအခြေအနေမှာ ရှိနေနိုင်ပါတယ်။
နံပါတ် ၂
ဒီကတ်လေးမှာ ပြောပြထားတာကတော့ နောက်တစ်ပါတ်မှာ သင့်အနေနဲ့ မမျှော်လင့်တဲ့ အံ့သြစရာသတင်းကောင်းတွေ ကြားရနိုင်ပါတယ်။ ဖြစ်နိုင်တာကတော့ သင့်အသက်မွေးဝမ်းကြောင်း ဒါမှမဟုတ် ပညာရေးနဲ့ပတ်သက်တဲ့ သတင်းကောင်းမျိုးပါ။ အလုပ်အကိုင်သစ် ရှာဖွေနေတဲ့လူတွေအတွက် ဝမ်းသာစရာသတင်းကောင်းတွေ ကြားရနိုင်ပြီး ရာထူးတိုးတာမျိုး၊ လစာတိုးတာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ပညာရှာနေတဲ့သူတွေအနေနဲ့လည်း ပညာရပ်အသစ်တွေကို စူးစမ်းလေ့လာခွင့် ရနိုင်မှာပါ။ ဒါ့အပြင် မိဘဆွေမျိုး၊ မိတ်ဆွေအပေါင်းအသင်းနဲ့ အကြီးအကဲတွေရဲ့ ကူညီဖေးမခြင်းကို ရရှိတတ်ပါတယ်။
နံပါတ် ၃
ဒီကတ်လေးမှာ ပြောထားတာကတော့ နောက်တစ်ပါတ်မှာ အိမ်ကလူတွေနဲ့ အမွေကိစ္စ၊ စီးပွားရေးကိစ္စ၊ ပိုက်ဆံကိစ္စနဲ့ပတ်သက်ပြီး သဘောထားချင်းမတိုက်ဆိုင်တာတွေ၊ အချင်းပွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အဲဒီအခြေအနေမှာ သင့်ဘက်က ဒေါသထွက်ပြီး စိတ်လိုက်မာန်ပါ ပြောဆိုလုပ်ဆောင်တာကို ရှောင်ရှားပြီး စိတ်အေးအေးထားပြီး ပြောဆိုလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ မဖြစ်သင့်တဲ့ကိစ္စတွေ မဖြစ်ရလေအောင် အမွေကိစ္စ၊ စီးပွားရေးကိစ္စနဲ့ ပိုက်ဆံကိစ္စတွေကို တတ်သိနားလည်တဲ့လူတွေရဲ့ အကူအညီယူပြီး စာချုပ်စာတမ်းနဲ့ ရှင်းရှင်းလင်းလင်းဖြစ်အောင် အခုထဲက ဖြေရှင်းထားသင့်ပါတယ်။ ခြုံငုံပြောရရင် နောက်တစ်ပတ်ကတော့ သင်တို့မိသားစုအတွင်းမှာ စိတ်ဝမ်းကွဲစရာတွေ ဖြစ်လာနိုင်တဲ့အတွက် အထူးသတိထား ပြောဆိုလုပ်ဆောင်သင့်ပါတယ်။
credit to lotaya
ေနာက္တစ္ပတ္မွာ သင့္ကံၾကမၼာဘယ္လိုရွိမလဲဆိုတာ တားေရာ့ကတ္ေလးေတြက ခန႔္မွန္းျပမယ္
နံပါတ္ ၁
ဒီကတ္ေလးမွာ ေျပာျပထားတာကေတာ့ ေနာက္တစ္ပတ္မွာ သင့္ကိုဒုကၡေတြ၊ အႏၲရာယ္ေတြ၊ ရႈံးနိမ့္မႈေတြနဲ႔ အရွက္တကြဲအက်ိဳးနည္း ကိစၥေတြျဖစ္ေအာင္ ဖန္တီးေပးမယ့္ လူေတြနဲ႔ ဆုံစည္းနိုင္တဲ့အတြက္ အထူးသတိထားဖို႔ ေျပာထားပါတယ္။ ဒါ့အျပင္ စိတ္ထိခိုက္ ဝမ္းနည္းစရာကိစၥေတြနဲ႔လည္း ၾကဳံေတြ႕ရနိုင္ပါတယ္။ ဒါေၾကာင့္ ဒီလိုက်ဥ္းထဲက်ပ္ထဲေရာက္ေနၿပီး ခက္ခဲတဲ့အေျခအေနမွာ မိမိစိတ္ကိုအတတ္နိုင္ဆုံး ထိန္းခ်ဳပ္ဖို႔ အထူးသတိျပဳပါ။ စိတ္လိုက္မာန္ျပဳ ဆုံးျဖတ္တာမ်ိဳး၊ ေဒါသအေလ်ာက္ ျပဳမႈမိတာမ်ိဳးကို ဂ႐ုစိုက္ေရွာင္ရွားပါ။ ျခဳံငုံၿပီးေျပာရမယ္ဆိုရင္ေတာ့ ေနာက္တစ္ပတ္အတြက္ သင့္ကံၾကမၼာက အဆိုးဆုံးအေျခအေနမွာ ရွိေနနိုင္ပါတယ္။
နံပါတ္ ၂
ဒီကတ္ေလးမွာ ေျပာျပထားတာကေတာ့ ေနာက္တစ္ပါတ္မွာ သင့္အေနနဲ႔ မေမၽွာ္လင့္တဲ့ အံ့ၾသစရာသတင္းေကာင္းေတြ ၾကားရနိုင္ပါတယ္။ ျဖစ္နိုင္တာကေတာ့ သင့္အသက္ေမြးဝမ္းေၾကာင္း ဒါမွမဟုတ္ ပညာေရးနဲ႔ပတ္သက္တဲ့ သတင္းေကာင္းမ်ိဳးပါ။ အလုပ္အကိုင္သစ္ ရွာေဖြေနတဲ့လူေတြအတြက္ ဝမ္းသာစရာသတင္းေကာင္းေတြ ၾကားရနိုင္ၿပီး ရာထူးတိုးတာမ်ိဳး၊ လစာတိုးတာမ်ိဳးေတြ ၾကဳံေတြ႕ရနိုင္ပါတယ္။ ပညာရွာေနတဲ့သူေတြအေနနဲ႔လည္း ပညာရပ္အသစ္ေတြကို စူးစမ္းေလ့လာခြင့္ ရနိုင္မွာပါ။ ဒါ့အျပင္ မိဘေဆြမ်ိဳး၊ မိတ္ေဆြအေပါင္းအသင္းနဲ႔ အႀကီးအကဲေတြရဲ့ ကူညီေဖးမျခင္းကို ရရွိတတ္ပါတယ္။
နံပါတ္ ၃
ဒီကတ္ေလးမွာ ေျပာထားတာကေတာ့ ေနာက္တစ္ပါတ္မွာ အိမ္ကလူေတြနဲ႔ အေမြကိစၥ၊ စီးပြားေရးကိစၥ၊ ပိုက္ဆံကိစၥနဲ႔ပတ္သက္ၿပီး သေဘာထားခ်င္းမတိုက္ဆိုင္တာေတြ၊ အခ်င္းပြားတာေတြ ျဖစ္နိုင္ပါတယ္။ ဒါေၾကာင့္ အဲဒီအေျခအေနမွာ သင့္ဘက္က ေဒါသထြက္ၿပီး စိတ္လိုက္မာန္ပါ ေျပာဆိုလုပ္ေဆာင္တာကို ေရွာင္ရွားၿပီး စိတ္ေအးေအးထားၿပီး ေျပာဆိုလုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္။ မျဖစ္သင့္တဲ့ကိစၥေတြ မျဖစ္ရေလေအာင္ အေမြကိစၥ၊ စီးပြားေရးကိစၥနဲ႔ ပိုက္ဆံကိစၥေတြကို တတ္သိနားလည္တဲ့လူေတြရဲ့ အကူအညီယူၿပီး စာခ်ဳပ္စာတမ္းနဲ႔ ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ အခုထဲက ေျဖရွင္းထားသင့္ပါတယ္။ ျခဳံငုံေျပာရရင္ ေနာက္တစ္ပတ္ကေတာ့ သင္တို႔မိသားစုအတြင္းမွာ စိတ္ဝမ္းကြဲစရာေတြ ျဖစ္လာနိုင္တဲ့အတြက္ အထူးသတိထား ေျပာဆိုလုပ္ေဆာင္သင့္ပါတယ္။
credit to lotaya