ဗေဒင်

ကဒ်လေးတစ်ကဒ်က ပြောပြမယ့်သင့်ရဲ့အားနည်းချက်၊အားသာချက်များ

ကဒ်လေးတစ်ကဒ်က ပြောပြမယ့်သင့်ရဲ့အားနည်းချက်၊အားသာချက်များ

Card 1

ကဒ်နံပါတ် ၁ ကို ရွေးလိုက်တဲ့သင်က တော့ ငယ်စဉ်က စည်းကမ်းကြီးတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ပြီး တစ်နေရာရာမှာ အောင်မြင်မှုရဖို့ အဘက်ဘက်က ကြိုးစားဖို့လိုတယ်၊ လွယ်လွယ်နဲ့ဘယ်အရာကိုမှမရနိုင်ဘူးလို့ခံယူထားတဲ့သူမျိုးပါ။

သင့်ကို အမြဲတမ်း စိတ်ဖိစီးမှုဖြစ်စေတဲ့ အ ကြောင်းအရာက တော့ သင်က အမြဲတမ်း အတိတ်ကကိစ္စ တွေအတွက်ကိုယ့်ကိုယ်ကိုအပြစ်တင်နေပြီး တခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး စိတ်တိုင်းမကျဖြစ်နေတဲ့ အကျင့်လေးပါပဲ။

ဒီအကျင့်လေးကို ကြိုးစားပြုပြင်ပြီး လက်တွေ့ကျကျ နေတတ် အောင်၊ လက်ရှိအချိန်မှာ ပျော် ပျော်နေသင့်ပါတယ်။ သင်မှတ်ထားဖို့လိုတာက အခွင့်အ ရေးဆိုတာ နောက်တစ်ခေါက်ထပ်ရောက်လာလေ့ရှိတာမို့ ဆုံးရှုံးသွားပြီးသား အရာတွေအတွက် အချိန်တိုင်းစိုးရိမ်မ နေသင့်ပါဘူး ဆိုတာပါပဲ။

Card 2

ကဒ်နံပါတ် ၂ ကို ရွေးလိုက်တဲ့ သင်က တော့ လွတ်လွတ်လပ်လပ်နေတတ်တဲ့သူတစ်ယောက်ဖြစ်ပြီး စိုးရိမ်စိတ်သိပ်မရှိတဲ့သူ၊ ဘယ်အ ကြောင်းအရာကိုမဆို လေး လေးနက်နက်ကြီး မ တွေးတတ်ဘဲ ပေါ့ပေါ့ပါးပါးပဲ တွေးတတ်တဲ့သူမျိုးဖြစ်ပါတယ်။

သင့်ဘဝမှာ စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်နေတာ၊ မ ပျော်ရွှင်တာတွေမရှိဘဲ ကမ္ဘာလောကကြီးက ပျော်ရွှင်စရာကောင်းတယ်လို့ပဲ မြင်နေပါတယ်။

သင့်အ နေနဲ့ အရာရာကို ပေါပေါ့လေး တွေးပြီး အ ကြောက်အလန့်မရှိ၊ ဇွတ်တရွတ်လုပ်တတ်တဲ့အကျင့်ကိုပြင်ပြီး တချို့ကိစ္စ တွေကို လေးလေးနက်နက်စဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချဖို့လိုပါတယ်။

Card 3

ကဒ်နံပါတ် ၃ ကို ရွေးလိုက်တဲ့ သင်က အေးဆေးနူးညံ့ပြီး က လေးလေးတွေ၊ တိရစ္ဆာန်လေးတွေရဲ့ချစ်ခင်မှုကို ရရှိထားတဲ့သူပါ။

အေးအေးချမ်းချမ်းနေတတ်ပြီး တခြားသူတွေဆီက ဘာမှပြန်မ မျှော်လင့်ဘဲ အကူအညီတောင်းတိုင်း မငြီးမငြူပေးတတ်တာက သင့်ရဲ့ ကောင်းတဲ့အချက်ပါ။

ဒါပေမယ့် ကောင်းလွန်းတဲ့အခါ လူတွေရဲ့ တန်ဖိုးမထား၊ အ လေးမထားတာမျိုးခံရတတ်တာမို့ အတိုင်းအတာလေးတစ်ခုလောက်တော့ထားပြီး သ ဘောကောင်းသင့်ပါတယ်။ ဒါပေမယ့် သင့်အ နေနဲ့ မှတ်ထားသင့်တဲ့အချက်လေးတစ်ခုရှိပါတယ်။

အဲ့ဒါက တော့ သင့်ရဲ့ အေး ဆေးနူးညံ့တဲ့စိတ်ကို ဘာအ ကြောင်း ကြောင့်မှ ပျက်စီးမခံပါနဲ့။ တခြားသူတွေကို အမြဲတမ်း ကြင်ကြင်နာနာဆက်ဆံတာက သင့်ကို ကံကောင်းသထက်ကောင်းစေမှာပါ။


Card 1




Card 2




Card 3



