ဗဟုသုတ
ကျီးပေါင်း ၊အသည်းရောင် အသားဝါ ဘီပိုး စီပိုးပျောက်တဲ့ မဟော်ဂနီသီး
ကျီးပေါင်း ၊အသည်းရောင် အသားဝါ ဘီပိုး စီပိုးပျောက်တဲ့ မဟော်ဂနီသီး
ဒီနည်းကိုအင်းစိန်ကဆေးဆရာကြီးတစ်ဦးထံကရတဲ့နည်းပါ တိုက်ရိုက်ရတာတော့မဟုတ်ပါဘူး ကျွန်တော့မိတ်ဆွေဇနီးမောင်နှံက တဆင့်ရရှိခဲ့တာပါ။
သူ့ဇနီးကိုယ်ဝန်ရှိစဉ်ကဆေးစစ်တော့ဘီပိုးတွေ့ပါတယ် ဘီပိုးလို့သိတာနဲ့ဆေးဆရာကြီးထံသွားရောက်ခဲ့ပါတယ် ရောဂါဖြစ်တိုင်းပဲဆရာကြီးထံသွားနေကျပါပေ
ဆရာကြီးကဆေးနှစ်မျိုးပေးပါတယ်-
1/ဆီးဝမ်းသွေးလေမှန်ဆေး
2/မဟော်ဂနီသီး
မဟော်ဂနီသီးကိုအခွံခွာရင်အထဲမှာအဖတ်အဖတ်လေးတွေရှိပါတယ် အဲဒါကိုမနက်ရေနွေးအဖြူထဲမှာအကြမ်းပန်းကန်တစ်လုံးစာထဲ၃ဖတ်လောက်ထည့်နှပ်ပြီးအပေါ်ကဖုံးထားပေးလိုက်ပါ။
( ၁၅မိနစ်ကြာမှသောက်ပါ) အဲဒီလိုနံနက်ညနေနှစ်ခွက်တစ်လသောက်ခိုင်းပါတယ် ။
ပျောက်ချင်ဇောနဲ့အလွန်အကျွံမသုံးပါနဲ့ကျောက်ကပ်ထိပါတယ်။ဆီးဝမ်းသွေးလေမှန်ဆေးကိုညပိုင်းသောက်ခိုင်းပါတယ်။
သူ့ဇနီးကပြောတဲ့အတိုင်းတစ်လသောက်ပါတယ် ကိုယ်ဝန်နဲ့ဆိုတော့ရင်သွေးအတွက်စိုးရိမ်မိတာပေါ့အဲဒါနဲ့တစ်လပြည့်တော့ဆေးပြန်စစ်တာဘီပိုးမရှိတော့ပါဘူးဝမ်းသာအားရနဲ့ဆရာကြီးထံပြောပြတော့ဆရာကြီးက”ဘီပိုးတင်မကဘူးစီပိုးပါဒီဆေးကနိုင်ပါတယ်”တဲ့။။
ဖြည့်စွက်
မဟော်ဂနီအစေဖတ်အား မနက်တစ်ခု ညနေတစ်ခုစားပေးပါကသွေးတိုးရောဂါသက်သာပျောက်ကင်းပါသည်။
မဟော်ဂနီးသီး အခွံအား ရေနှင့်သွေးလူးပေးပါက အစစ်မြစ်နာ ကျီးပေါင်းရောဂါတို့ကိုသက်သာပျောက်ကင်းစေပါသည်။
(မှတ်ချက်)
မဟော်ဂနီပင်မှာ ရန်ကုန်ကမ္ဘာအေဘုရားအရှေ့ဖက်မုဒ်စောင်းတန်းဘယ်ဘက်အချမ်းကိုက်တစ်ရာခန့်တွင်ရှိသည် ဟုသိရပြီး ယခင်က ကလေးမလေးတစ်ဦးပလတ်စတစ်မြေခင်းပေါ်တင်၍ရောင်းချနေသည်ဟုစာရေးသူမေမေမှပြောပြပါသည်။
(အဆင်မပြေလျင် သိမ်ကြီးစျေးပရဆေးဆိုင်များတွင်လည်းရနိုင်ပါသည် )
မြန်မာ့ဆေးမြီးတိုများစုစည်းမှု့
2/မဟော်ဂနီသီး
ဖြည့်စွက်
(မှတ်ချက်)
(အဆင်မပြေလျင် သိမ်ကြီးဈေးပရဆေးဆိုင်များတွင်လည်းရနိုင်ပါသည် )